နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နမေနမန္တဿဘဇေ ဘဇန္တံ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပုဋဘတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ထိုမင်း၏သည်းခံခြင်းကိုသိ၍၊ အမိ၊ ထိုသို့တပြီးကား၊မင်းသည်မချစ်မလေးမြတ်သောကာလမှစ၍ အသျှင်တို့အား ဤအရပ်၌နေသဖြင့်အဘယ်အကျိုးရှိအံ့နည်း။ လောက၌မချစ်သောသူတို့နှင့်ပေါင်းရခြင်းသည်လည်း ဆင်းရဲ၏။ သင်တို့သည်ဤအရပ်၌နေသည်ရှိသော်မင်းအားလည်း မချစ်သောသူနှင့် ပေါင်းဖော်ရခြင်းသည်ဖြစ်၏။ ဆင်းရဲခြင်းသည် ဖြစ်လတ္တံ့။ ဤသတ္တဝါတို့ မည်သည်ကား မိမိကိုမပေါင်းဖော်သည်၏အဖြစ်ကိုသိကုန်၍ တစ်ပါးသောအရပ်သို့ သွားကုန်၏။လူတို့နေရာသည်ကျယ်၏ဟုဆို၍။ ။
(၃၀၁)နမေ နမန္တဿ ဘဇေ ဘဇန္တံ၊ကိစ္စာ-နုကုဗ္ဗဿ ကရေယျ ကိစ္စံ။
နာ-နတ္ထ-ကာမဿ ကရေယျ အတ္ထံ၊အ-သမ္ဘဇန္တံ ပိ န သမ္ဘဇေယျ။
(၃၀၂)စဇေ စဇန္တံ ဝနထံ န ကယိရာ၊အပေတ-စိတ္တေန န သမ္ဘဇေယျ။
ဒိဇော ဒုမံ ခီဏ-ဖလ န္တိ ဉတွာ၊အညံ သမေက္ခေယျ မဟာ ဟိ လောကော။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၃ဝ၁-၃ဝ၂)အမ္မ၊ အမိ။ နမန္တဿ၊ မိမိသို့ညွှတ်သောသူအားသာလျှင်။ နမေ၊ ညွှတ်တုံ့ညွှတ်ရာ၏။ ဘဇန္တံဝ၊ မိမိသို့ဆည်းကပ်သောသူကိုသာလျှင်။ ဘဇေ၊ ဆည်းကပ်တုံ့ဆည်းကပ်ရာ၏။ ကိစ္စာ-နု-ကြုဗ္ဗဿ၊ မိမိကိစ္စအမှုကိုဆောင်ရွက်သောသူ၏သာလျှင်။ ကိစ္စံ၊ ကိစ္စကို။ ကရေယျ၊ ဆောင်ရွက်ရာ၏။ အနတ္ထ-ကာမဿ၊ မိမိအကျိုးစီးပွားကို အလိုမရှိသောသူ၏။ အတ္ထံ၊ အမှုကိစ္စကို။ နကရေယျ၊ မဆောင်ရွက်ရာ။ အသမ္ဘဇန္တံပိ၊ အတူတကွ မဆည်းကပ်သောသူကိုလည်း။ နသမ္ဘဇေယျ၊ အတူတကွမဆည်းကပ်ရာ။ စဇန္တံ၊ မိမိကိုစွန့်သောသူကို။ စဇေ၊ စွန့်ရာ၏။ ဝနတံ၊ မိမိကိုစွန့်သောသူ၌တပ်စွန်းခြင်းကို။ နကယိရာ၊ မပြုရာ။ အပေတ-စိတ္တေန၊ ချစ်ခြင်းကင်းသောစိတ်ရှိသောသူနှင့်။ နသမ္ဘဇေယျ၊ မပေါင်းဖော်ရာ။ ဒိဇော၊ ငှက်သည်။ ဒုမံ၊ သစ်ပင်ကို။ ခီဏဖလန္တိ၊ အသီးကုန်လေပြီဟု။ ဉတွာ၊ သိ၍။ အညံ၊ တစ်ပါးသောသစ်ပင်ကို။ သမေက္ခတိယထာ၊ ရှာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ အညံ၊ တစ်ပါးသောအရပ်ကို။ သမေက္ခေယျ၊ ရှာရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧသလောကော၊ ဤလူတို့နေရာအရပ်သည်။ မဟာ၊ ကျယ်၏။ ။ (သင်တို့သည် အလွန်ချစ်ခင်သောတစ်ယောက်သော ယောက်ျားကို ရကုန်လတ္တံ့ဟုဆိုသည်ရှိသော်၊ ထိုစကားကိုကြား၍ ဗာရာဏသီမင်းသည်အလုံးစုံသောစည်းစိမ်ကိုပေး၏။ ထိုအခါမှစ၍ အညီအညွတ်ဝမ်း မြောက်ဝမ်းသာနေကြကုန်၏)။ ။
ပုဋဘတ္တဇာတကံတတိယံ။၂၂၃။