နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သိင်္ဂါလောမာနထဒ္ဓေါ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသဗ္ဗဒါဌိဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မြတ်စွာဘုရားသည်ဤအတိတ်ဖြစ်သောဓမ္မဒေသနာတော်ကိုဆောင်တော်မူပြီး၍။ ။
(၃၃၈)သိင်္ဂါလော မာန-ထဒ္ဓေါ စ၊ပရိဝါရေန အတ္ထိကော။
ပါပုဏိ မဟတိံ ဘူမိံ၊ရာဇာသိ သဗ္ဗ-ဒါဌိနံ။ ။
(၃၃၉)ဧဝမေဝ မနုဿေသု၊ယော ဟောတိ ပရိဝါရဝါ။
သော ဟိ တတ္ထ မဟာ ဟောတိ၊သိင်္ဂါလော ဝိယ ဒါဌိနံ။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓနှစ်ဂါထာတို့ကိုဟောတော်မူ၏။ ။
(၃၃၈-၃၃၉)ဘိက္ခဝေ၊ ရဟန်းတို့။ သိင်္ဂါလော၊ မြေခွေးသည်။ မဟတိံဘူမိံမဟန္တံသမ္ပတ္တိ၊ ကြီးစွာသောစည်းစိမ်ကို။ လဒ္ဓါ၊ ရ၍။ သဗ္ဗဒါဌီနံ၊ အလုံးစုံအစွယ်ရှိသောသတ္တဝါတို့၏။ ရာဇာ၊ မင်းသည်။ အာသိ၊ ဖြစ်ပြီ။ သောသိင်္ဂါလော၊ ထိုမြေခွေးသည်။ မာန-ထဒ္ဓေါစ၊ အခြံအရံကိုမှီ၍ဖြစ်သောမာနဖြင့်ခိုင်မာသည်ဖြစ်၍။ ပရိဝါရေန၊ ရပြီးသောအခြံအရံထက်လည်း လွန်၍ဖြစ်သောအခြံအရံဖြင့်။ အတ္ထိကော၊ အလိုရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝိနာသံ၊ ကိုယ်အသက်ပျက်စီးခြင်းသို့။ ပါပုဏိ၊ ရောက်ပြီ။ ။
ဘိက္ခဝေ၊ ရဟန်းတို့။ သိင်္ဂါလော၊ မြေခွေးသည်။ ဒါဌီနံ၊ အစွယ်ရှိသော သတ္တဝါတို့ထက်။ မဟာ၊ မြတ်သည်။ ဟောတိဝိယ၊ ဖြစ်၏သို့။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ ပရိဝါရဝါ၊ အခြံအရံနှင့်ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ သောဟိ၊ ထိုအခြံအရံနှင့်ပြည့်စုံသောသူသည်လျှင်။ တတ္ထ၊ ထိုလူအပေါင်းတို့၌။ မဟာ၊ မြတ်သည်။ ဟောတိ၊ ဖြစ်၏။ အထပစ္ဆာ၊ ထိုနောက်မှ။ သော၊ ထိုစည်းစိမ်ခိုင်ဖြီးကြီးမားသောသူသည်။ သိင်္ဂါလောဝိယ၊ မြေခွေးကဲ့သို့။ ပမာဒံ၊ စည်းစိမ်ရစ်၍မေ့လျော့ခြင်းသို့။ အာပဇ္ဇိတွာ၊ ရောက်၍။ တံပရိဝါရံ၊ ထိုအခြံအရံကို။ နိဿာယ၊ မှီ၍။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပုဏာတိ၊ ရောက်တတ်၏။ ။ (ပါပုဏိ,ဟူသော ကြိယာသည်ကံကို ငဲ့ရကား မာနထဒ္ဓေါပရိဝါရေန အတ္ထိကော,ဟူသောရှေးဝါကျနှင့်လျော်စွာဝိနာသံ,ဟူသောကံကိုထည့်ရာသည်။ ထို့ကြောင့်အဆုံး၌။ တံပရိဝါရံနိဿာယဝိနာသံပါပုဏိ, ဟု၊ ဗုဒ္ဓမတညူအဋ္ဌကထာဆရာဖွင့်တော်မူသည်)။ ။
သဗ္ဗဒါဌိဇာတကံပဌမံ။၂၄၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဗာလောဝတာယံသုနခေါ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုနခဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ နေရာဇရပ်ဝယ်ခွေးစားခွက်၌ ထမင်းကိုစားသောခွေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ ဘုရားလောင်းသည် တစ်စုံတစ်ခုသော ပြုဘွယ်ကိစ္စကြောင့် တောသို့ရောက်သည်ရှိသော်၊လွန်ဖြင့်ချည်၍ထားသောခွေးကိုမြင်၍။ ။
(၃၄၀)ဗာလော ဝတာ-ယံ သုနခေါ၊ယော စ ယောတ္တံ န ခါဒတိ။
ဗန္ဓနာ စ ပမုဉ္စေယျ၊အသိတော စ ဃရံ ဝဇေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ခွေးသည်။ ။
(၃၄၁)အဋ္ဌိတံ မေ မနသ္မိံ မေ၊အထော မေ ဟဒယေ ကတံ။
ကာလဉ္စ ပဋိကင်္ခါမိ၊ယာဝ ပသုပတု-ဇ္ဇနော။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၄၁)သာမိ၊ အသျှင်။ တုမှေ၊ အသျှင်တို့သည်။ ယံဝစနံ၊ အကြင်စကားကို။ ကထေထ၊ ဆိုကြကုန်၏။ တံဝစနံ၊ ထိုစကားကို။ မေ၊ ငါ၏။ မနသ္မိံ၊ စိတ်၌သာလျှင်။ မေ၊ ငါသည်။ အဋ္ဌိတံ အဓိဋ္ဌိတံ၊ ဆောက်တည်အပ်၏။ အထောအထစပန၊ စင်စစ်သော်ကား။ တုမှာကံ၊ သင်တို့၏။ ဝစနံ၊ စကားကို။ မေ၊ ငါ၏ငါသည်။ ဟဒယေ၊ နှလုံး၌။ ကတံဌပိတံ၊ ထားအပ်ပြီ။ ယာဝ၊ အကြင်ရွေ့လောက်။ ဇနော၊ ဤလူအပေါင်းသည်။ ပသုပတု၊ အိပ်စေဦး။ တာဝ၊ ထိုရွေ့လောက်။ အဟံ၊ ငါသည်။ ကာလဉ္စကာလံဧဝ၊ အခါကိုသာလျှင်။ ပဋိကင်္ခါမိ၊ ဆိုင်းငံ့လင့်၏။ ။
ထိုခွေးသည်ဤသို့ဆို၍လူများသည် အိပ်ပျော်ခြင်းသို့ရောက်သည်ရှိသော်၊လွန်ကိုစား၍ ဝသည်ဖြစ်၍ပြေးလေ၍မိမိ၏အရှင်၏အိမ်သို့လျှင်သွား၏။ ။
သုနခဇာတကံ ဒုတိယံ။၂၄၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သတ္တတန္တိံ သုမဓုရံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂုတ္တိလဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုခဏ၌သိကြားမင်း၏နေရာကျောက်ဖျာသည် ပူသောအခြင်းအရာကိုပြ၏။ သိကြားမင်းသည်ဆင်ခြင်လတ်သည်ရှိသော်၊ ထိုအကြောင်းကိုသိ၍ ဂုတ္တိလစောင်းသမားသည် တပည့်မှ ကြောက်ခြင်းကြောင့် တော၌ကြီးစွာသောဆင်းရဲကိုခံရ၏။ ငါသည်ထိုဂုတ္တိလစောင်းသမား၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟုကြံ၍ လျင်စွာလာလတ်၍ ဘုရား လောင်း၏ရှေ့မှရပ်၍၊ ဆရာ၊ဆရာသည် အဘယ့်ကြောင့် တောသို့ဝင်သနည်းဟုမေး၏။ သင်သည် အဘယ်သူနည်းဟုမေးလတ်သည်ရှိသော်၊ ငါသည်သိကြားဖြစ်၏ဟုဆို၏။ ထိုအခါထိုသိကြားမင်းကိုဘုရားလောင်းသည်၊ သိကြားမင်း၊ ငါသည်လျှင်တပည့်မှရှုံးအံ့သည်မှကြောက်သော ကြောင့်တောသို့ဝင်၏ဟုဆိုလို၍။ ။
(၃၄၂)သတ္တ-တန္တိံ သုမဓုရံ၊ရာမဏေယျံ အဝါစယိံ။
သော မံ ရင်္ဂမှိ အဝှေတိ၊သရဏံ မေ ဟောဟိ ကောသိယ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
သိကြားမင်းသည်ဂုတ္တိလ၏ စကားကိုကြား၍၊ ဆရာ၊ဆရာသည်မကြောက်လင့်၊ ငါသည်ဆရာ၏ကိုးကွယ်ရာမှီခိုရာဖြစ်အံ့ဟုဆို၍။ ။
(၃၄၃)အဟံ တံ သရဏံ သမ္မ၊အဟ-မာစရိယ-ပူဇကော။
န တံ ဇယိဿတိ သိဿော၊သိဿ-မာစရိယ ဇေဿတိ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၄၃)သမ္မအာစရိယ၊ ကောင်းမြတ်သောဆရာ။ အဟံ၊ ငါသည်။ တဝ၊ ဆရာ၏။ သရဏံ၊ ကိုးကွယ်မှီခိုရာသည်။ ဟုတွာ၊ ဖြစ်၍။ တံ၊ ဆရာကို။ တာယိဿာမိ၊ မ,စအံ့။ အဟံ၊ ငါသည်။ အာစရိယပူဇကော၊ မူသိလကဲ့သို့ကျေးဇူးမဲ့မမူ,ဆရာကို ပူဇော်တတ်သောတပည့်ကောင်းတည်း။ တံ၊ သင့်ကို။ သိဿော၊ ကျေးဇူးမဲ့ထွေ, သန္ဓေဆိုးသောမူသိလတပည့်သည်။ နဇယိဿတိ၊ မအောင်လတ္တံ့။ အာစရိယ၊ ဆရာ။ တွံ၊ ဆရာသည်။ သိဿံ၊ ဘက်မဟုတ်ဘဲ ပွဲလယ်ဝယ်ပြိုင်အံ့ပြုသော မူသိလတပည့်ဆိုးကို။ ဇေဿတိ၊ ပွဲကြီးအတွင်းအောင်ခြင်းကြီးအောင်လတ္တံ့။ ။
(အဝှေတိ,၌၊အာရှေးရှိသောဝှေဓာတ်။ ဝှေ အဝှါယနေ ဗဒ္ဓါယံသဒ္ဒေစ။ ဗဒ္ဓါအဟင်္ကာရော၊ ဃဋ္ဋနံဝါ၊ သာရဗ္ဘကရဏံဝါ။ သဒ္ဒေါရဝေါ။ ။ ဝှေ၊ဝှေဓာတ်သည်။ အဝှါယနေ၊ ခေါ်ခြင်း၌၎င်း။ ဗဒ္ဓါယံ၊ ငါတကားဟုမာန်ပြုခြင်း၌၎င်း။ သဒ္ဒေစ၊ အသံ၌၎င်း။ ဝတ္တတိ၊ ဖြစ်၏။ အဟင်္ကာရောဝါ၊ ငါတကားဟုမာန်ပြုခြင်းသည်၎င်း။ ဃဋ္ဋနံဝါ၊ ထိခိုက်ခြင်းသည်၎င်း။ သာရဗ္ဘကရဏံဝါ၊ ချုပ်ချယ်နှိပ်စက်ခြင်းကိုပြုခြင်းသည်၎င်း။ ဗဒ္ဓါ၊ ဗဒ္ဓါမည်၏။ ရဝေါ၊ အသံသည်။ သဒ္ဒေါ၊ သဒ္ဒမည်၏။ ။ သဒ္ဒနီတိ)။ ။
ဂုတ္တိလဇာတကံ တတိယံ။၂၄၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယံပဿတိတံနဣစ္ဆတိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိဂတိစ္ဆဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောပြေးသောပရိဗိုဇ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါထိုပရိဗိုဇ်ကိုဘုရားလောင်းသည်။ အဆင်းအနံ့နှင့် ပြည့်စုံသောပန်းတို့ဖြင့်ထုံအပ်သောဂင်္ဂါရေကိုသောက်လတ္တံ့လောဟုမေး၏။ ပရိဗိုဇ်သည်ဝါဒဖြင့်လွှမ်းမိုး၍ ဂင်္ဂါသဲသည်ကား အဘယ်နည်း၊ဂင်္ဂါရေသည်ကားအဘယ်နည်း၊ ဂင်္ဂါ၏ဤမှာဘက်ကမ်းကားအဘယ်နည်း၊ ဂင်္ဂါ၏ ထိုမှာဘက်ကမ်းကား အဘယ်နည်းဟုမေး၏။ ဘုရားလောင်းသည်ကား၊ ထိုပရိဗိုဇ်ကိုရေကို၎င်း၊ သဲကို၎င်း၊ ဤမှာဘက်ကမ်းကို၎င်း၊ ထိုမှာဘက်ကမ်းကို၎င်းထား၍ ဂင်္ဂါရေကိုအဘယ်မှာရလတ္တံ့နည်းဟုဆို၏။ ပရိဗိုဇ်သည်ဆိုဖွယ်မဲ့လျှင်း ပညာကင်းသည်ဖြစ်၍ထ၍ပြေး၏။ ထိုပရိဗိုဇ် ပြေးသည်ရှိသော်၊ ဘုရားလောင်းသည် စည်းဝေးသောပရိသတ်အားတရားဟောလိုသည်ဖြစ်၍။ ။
(၃၄၄)ယံ ပဿတိ န တံ ဣစ္ဆတိ၊ယဉ္စ န ပဿတိ တံ ကိရိ-စ္ဆတိ။
မညာမိ စိရံ စရိဿတိ၊န ဟိ တံ လစ္ဆတိ ယံ သ ဣစ္ဆတိ။
(၃၄၅)ယံ လဘတိ န တေန တုဿတိ၊ယဉ္စ ပတ္ထေတိ လဒ္ဓံ ဟီဠတိ။
ဣစ္ဆာ ဟိ အနန္တ-ဂေါစရာ၊ဝိဂတိစ္ဆာန နမော ကရောမသေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၃၄၄-၃၄၅)ဘဝန္တော၊ အချင်းတို့။ ယောပရိဗ္ဗာဇကော၊ အကြင်ပရိဗိုဇ်သည်။ ယံ၊ အကြင်ရေအစရှိသည်ကို။ ပဿတိ၊ မြင်၏။ တံ၊ ထိုရေအစရှိသည်ကို။ နဣစ္ဆတိ၊ ဂင်္ဂါဟူ၍အလိုမရှိ။ ယဉ္စ၊ အကြင်ရေအစရှိသည်မှ လွတ်သောဂင်္ဂါကိုလည်း။ နပဿတိ၊ မမြင်။ တံ၊ ထိုရေအစရှိသည်မှလွတ်သောဂင်္ဂါကို။ ဣစ္ဆတိကိရ၊ ဂင်္ဂါဟူ၍ အလိုရှိသတတ်။ အယံပရိဗ္ဗာဇကော၊ ဤပရိဗိုဇ်သည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသန္တော၊ ရှာလျက်။ စိရံ၊ အခါလေးမြင့်။ စရိဿတိမညာမိ၊ သွားရလတ္တံ့ဟုငါထင်မိ၏။ အယံပရိဗ္ဗာဇကော၊ ဤပရိဗိုဇ်သည်။ ဥဒကာဒိဝိနိမုတ္တံ၊ ရေအစရှိသည်မှလွတ်သော။ ဂင်္ဂံ၊ ဂင်္ဂါကို။ ပရိယေသတိယထာ၊ ရှာသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ရူပါဒိဝိနိမုတ္တံ၊ ရုပ်ဝေဒနာသညာ သင်္ခါရဝိညာဉ်မှလွတ်သော။ အတ္တာနံပိ၊ ကိုယ်ကိုလည်း။ ပရိယေသန္တော၊ ရှာလျက်။ သံသာရေ၊ အစမထင်သံသရာ၌။ စိရံ၊ ကြာမြင့်စွာ။ စရိဿတိမညာမိ၊ ကျင်လည်ရလတ္တံ့ဟုငါထင်မိ၏။ စိရံ၊ ကြာမြင့်စွာ။ စရန္တော၊ လှည့်ပတ်ကျင်လည်သော်လည်း။ သသော၊ ထိုပရိဗိုဇ်သည်။ ယံ၊ အကြင်သို့သဘောရှိသော။ ဂင်္ဂံဝါ၊ ဂင်္ဂါကို၎င်း။ အတ္တာနံဝါ၊ အတ္တဘောကို၎င်း။ ဣစ္ဆတိ၊ အလိုရှိ၏။ တံ၊ ထိုသို့သဘောရှိသောဂင်္ဂါကို၎င်း အတ္တဘောကို၎င်း။ နဟိလစ္ဆတိ၊ မရလတ္တံ့သလျှင်ကတည်း။ ။
ယံ၊ အကြင်သို့သဘောရှိသောရေအစရှိသောဝတ္ထုရူပါရုံအစရှိသည်ကို။ လဘတိ၊ ရ၏။ တေန၊ ထိုရအပ်သောရေအစရှိသောဝတ္ထုရူပါရုံအစရှိသည်ဖြင့်။ နတုဿတိ၊ မရောင့်ရဲ။ လဒ္ဓေန၊ ရအပ်သောဝတ္ထုဖြင့်။ အတုဿန္တော၊ မရောင့်ရဲသောသူသည်။ ယဉ္စယံယံသမ္ပတ္တိံ၊ အကြင်အကြင်စည်းစိမ်ကို။ ပတ္ထေတိ၊ တောင့်တ၏။ တံတံ၊ ထိုသို့တောင့်တသောစည်းစိမ်ကို။ လဒ္ဓလဒ္ဓါ၊ ရ၍။ ဧတာယ၊ ဤစည်းစိမ်ဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဣတိ၊ ဤသို့။ ဟီဠတိအဝမညတိ၊ မထေမဲ့မြင်အောက်မေ့၏။ ဣစ္ဆာ၊ လူတို့တဏှာမည်သည်။ အနန္တ-ဂေါစရာ၊ ကမ်းအဆုံးမရှိသောအာရုံရှိသည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့လူတို့တဏှာမည်သည် အဆုံးမရှိသည်၏အဖြစ်ကြောင့်။ ဝိဂတိစ္ဆာနံ၊ အလိုဣစ္ဆာတဏှာရန်မက်ကင်းတော်မူကုန်ပြီးသော ဘုရား, ပစ္စေကဗုဒ္ဓါ,သာဝကအသျှင်မြတ်တို့အား။ မယံ၊ ငါတို့သည်။ နမောနမက္ကာရံ၊ အကြိမ်ကြိမ်ရှိခိုးခြင်းကို။ ကရောမသေ၊ ပြုပါကုန်၏။ ။ (ဤနှစ်ဂါထာဝေတာလီဂါထာ။ လဒ္ဓ,ကားဆန်းကြောင့်ရဿ။ ဟီ,၌ဒီဃ။ ဝိဂတိစ္ဆာန,၌နိဂ္ဂဟိတ်ကျေ။ ဟီဠအနာဒရေ။ ဟီဠတိ။ ဘူဝါဒိဂိုဏ်း ဖြစ်ရကား၊ ဟီဠေတိ,မလို)။ ။
ဝိဂတိစ္ဆ ဇာတကံ စတုတ္ထံ။၂၄၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာလောဃသတိဘူတာနိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမူလပရိယာယဇာတ်ကို၊ ဥက္ကဋ္ဌတိုင်းကိုအမှီပြု၍မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော တော၌ သီတင်းသုံးနေတော်မူစဉ်၊ ဟောတော်မူအပ်သော မူလပရိယာယသုတ္တန်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
လွန်လေပြီးသောအခါ၊ ဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော်၊ ဘုရားလောင်းသည်ပုဏ္ဏားအမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော်၊ ဗေဒင်တို့၏ကမ်းတဖက်သို့ရောက်သောဒိသာပါမောက္ခဆရာဖြစ်၍ လုလင်ငါးရာတို့ကိုဗေဒင်သင်၏။ ထိုငါးရာကုန်သော လူတို့သည်အပြီးသို့ ရောက်သောအတတ်ရှိကုန်သည်ဖြစ်၍ အတတ်၌မေးစိစစ်၍၊ အကြင်မျှလောက်သောအတတ်ကိုငါတို့တတ်ကုန်၏။ ဆရာသည်လည်း ထိုမျှလောက်သော အတတ်ကိုသာလျှင်တတ်၏။ အထူးမရှိပြီဟု မာန်ဖြင့်ခိုင်မာကုန်သည်ဖြစ်၍ ဆရာ့အထံသို့မသွားကုန်။ ဝတ်ကြီးဝတ်ငယ်ကိုမပြုကုန်။ ထိုငါးရာကုန်သောလုလင်တို့သည် တစ်နေ့သ၌ ဆရာသည် ဆီးပင်ရင်း၌နေသည်ရှိသော်၊ ဆရာကိုကဲ့ရဲ့လိုကုန်သည်ဖြစ်၍ ဆီးပင်ကိုလက်သည်းဖြင့် ခေါက်ကုန်၍ ဤသစ်ပင်သည်အနှစ်မရှိကုန်သလျှင် ကတည်းဟုဆိုကုန်၏။ ဘုရားလောင်းသည်မိမိအားကဲ့ရဲ့သည့်အဖြစ်ကိုသိ၍၊ တပည့်တို့၊ သင်တို့အား ငါသည်တစ်ခုသောပြဿနာကို မေးအံ့ဟုဆို၏။ တပည့်တို့သည်နှစ်သက် ရွှင်လန်းကုန်၍မေးကုန်လော့၊ ဖြေကုန်အံ့ဟုဆိုကြကုန်၏။ ဆရာသည်ပြဿနာကိုမေးလိုသည်ဖြစ်၍။ ။
(၃၄၆)ကာလော ဃသတိ ဘူတာနိ၊သဗ္ဗာနေ-ဝ သဟ-တ္တနာ။
ယော စ ကာလ-ဃသော ဘူတော၊သ ဘူတ-ပစနိံ ပစိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤပြဿနာကိုကြား၍လုလင်တို့တွင်တစ်ယောက်မျှလည်းသိအံ့သောငှါစွမ်းနိုင်သောသူမည်သည်မရှိ။ ထိုအခါ ထိုလုလင်တို့ကို ဘုရားလောင်းသည်၊ လုလင်တို့၊ သင်တို့သည် ဗေဒင်သုံးပုံတို့၌ရှိ၏ဟူသောအမှတ်ကိုမပြုကြကုန်လင့်။ သင်တို့သည်အကြင်အတတ်ကိုဆရာသည်သိ၏။ ထိုအလုံးစုံကိုငါတို့သိကုန်၏ဟူ၍ အောက်မေ့ကုန်သည်ဖြစ်၍ ငါ့ကိုဆီးပင်နှင့်တူသည်ကိုပြုကြကုန်၏။ သင်တို့ထက်တစ်ယောက်သောငါ၏များသော အနက်ကိုသိသည်၏အဖြစ်ကိုသိရကုန်အံ့၊ သွားကြလေကုန်။ ခုနစ်ရက်မြောက်သောကာလတိုင်အောင် နေ့ကိုပေး၏။ ဤမျှသောကာလဖြင့် ဤပြဿနာကိုကြံလေကုန်ဟု ဆိုသည်ရှိသော်၊ ထိုလုလင်တို့သည် ဘုရားလောင်းကိုရှိခိုးကုန်၍ မိမိတို့၏နေရာအရပ်သို့သွားကုန်၍ ခုနှစ်ရက်ပတ်လုံးကြံကုန်သော်လည်း ပြဿနာ၏ အဆုံးအစကို မမြင်ကုန်သလျှင်ကတည်း။ ခုနှစ်ရက်မြောက်သောနေ့၌ ဆရာ့အထံသို့သွားကုန်၍ ရှိခိုးကုန်လျက်နေကုန်၍၊ ကောင်းသောမျက်နှာရှိကုန်သောလုလင်တို့၊ ပြဿနာကိုမြင်ကြကုန်၏လောဟုမေးသည်ရှိသော်၊ မသိမမြင်နိုင်ကုန်ဟုဆိုကြကုန်၏။ ထိုအခါဘုရားလောင်းသည်ထိုလုလင်တို့ကိုကဲ့ရဲ့လိုသည်ဖြစ်၍။ ။
(၃၄၇)ဗဟူနိ နရ-သီသာနိ၊လောမသာနိ ဗြဟာနိ စ။
ဂီဝါသု ပဋိမုက္ကာနိ၊ကောစိဒေဝေတ္ထ ကဏ္ဏဝါတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၃၄၇)ဗဟူနိ၊ များစွာကုန်သော။ နရသီသာနိ၊ လူတို့၏ဦးခေါင်းတို့သည်။ ဒိဿန္တိ၊ ထင်ကုန်၏။ သဗ္ဗာနိစ၊ အလုံးစုံလည်းဖြစ်ကုန်သော။ တာနိ၊ ထိုလုလင်တို့၏ဦးခေါင်းတို့သည်။ လောမသာနိ၊ အမွေးကိုယ်စီရှိကြကုန်၏။ ဗြဟာနိစ၊ ကြီးလည်းကြီးကုန်၏။ ဂီဝါသု၊ လည်တို့၌။ ပဋိမုက္ကာနိ၊ စွပ်အပ်ကုန်၏။ တာလဖလံဝိယ၊ ထန်းသီးကဲ့သို့။ ဟတ္ထေန၊ လက်ဖြင့်။ နဂဟိတာနိ၊ မကိုင်မယူအပ်ကုန်။ တေသံ၊ ထိုလူဦးခေါင်းတို့၏။ ဣမေဟိဓမ္မေဟိ၊ ဤအမွေးရှိကြချင်းစသော သဘောတို့ဖြင့်။ နာနာကရဏံ၊ အထူးသည်။ နတ္ထိ၊ မရှိ။ ပန၊ ထူးသည်ကိုဆိုအံ့။ ဧတ္ထ၊ ဤဦးခေါင်းအများတို့တွင်။ ကောစိဒေဝ၊ တစ်စုံတစ်ခုသောဦးခေါင်းသည်သာလျှင်။ ကဏ္ဏဝါ၊ သိတတ်သောပညာနားရှိ၏။ ။
(ကဏ္ဏဝါဖြင့်ပညာနားကိုရည်၍ဆိုသတည်း။ ပကတိနားပေါက်မူကား တစ်စုံတစ်ယောက်သော သူအားမရှိသောသူ မည်သည်မဖြစ်။ ဤသို့လျှင် ထိုလုလင်တို့ကို သင်တို့အား ပကတိနားပေါက်သာလျှင်ရှိ၏။ ပညာနားကားမရှိဟု ပြဿနာကိုဖြေလိုသတည်း။ ။ ကာလောဃသတိဘူတာနိ, စသောဂါထာဝယ် ဆရာ့အဓိပ္ပါယ်ကား။ ပုရေဘတ္တ ပစ္ဆာဘတ္တ, စသောကာလကိုကာလဟူလိုသည်။ ထိုကာလသည်သတ္တဝါ တို့ကိုစား၏ဟူလိုသည်။ သတ္တဝါတို့၏အရေအသားစသည်တို့ကိုနှုတ်၍စားသည်မဟုတ်။ အဟုတ်သော်ကား ထိုသတ္တဝါတို့၏အသက်အဆင်း ခွန်အားတို့ကို ကုန်စေလျက် အရွယ်၏ ကောင်းခြင်းကို နပ်းနှိပ်လျက် အနာ၏ကင်းခြင်းကိုဖျက်ဆီးလျက် သွားတတ်သောကြောင့် သတ္တဝါ တို့ကိုစား၏ဟုဆိုလိုသတည်း။ ထိုသို့စားသော်လည်း၊ မျက်နှာကြီးငယ် မရွယ်မထောက်တစ်စုံတစ်ယောက် သတ္တဝါကိုမျှမကြဉ်မရှောင် ကုန်အောင်စုံကိုစားတတ်သောကြောင့် သဗ္ဗာနေဝ,ဟုဆိုပြန်သတည်း။ သတ္တဝါတို့ကို သာသက်သက်စားသည်မဟုတ်၊ မိမိကိုလည်းစားသောကြောင့် သဟတ္တနာဆိုပြန်သတည်း။ အသို့မိမိကိုစားသနည်းဟူမူ။ ပုရေဘတ္တကာလသည် ပစ္ဆာဘတ္တကာလ မရောက်မီ ကုန်လေ၏။ ပစ္ဆာဘတ္တကာလသည်လည်း သာယနှသို့မရောက်မီကုန်လေ၏။ ဤသို့စသည်ဖြင့် မိမိကိုလည်းစားလျက် သွားသည်ဆိုလိုသည်။ ယောစကာလဃသောဘူတော, ဟူသောပါဌ်၌၊ ရဟန္တာပုဂ္ဂိုလ်ကိုကာလကိုစားသောဘူတ, ဟုဆရာဆိုလိုသည်။ ထိုရဟန္တာပုဂ္ဂိုလ်သည်၊ အရိယမဂ်ဖြင့် နောင်အခါ ပဋိသန္ဓေနေရာကာလကိုကုန်စေလျက်စား၍တည်သောကြောင့်၊ ကာလကိုစားသောဘူတ,ဆိုလိုသည်။ သဘူတပစနိံပစိ, ဟူသောပါဌ်၌၊ အကြင်တဏှာသည်အပါယ်လေးဘုံ,ဝဋ္ဋဒုက္ခတို့၌သတ္တဝါတို့ကိုချက်တတ်ကျက်စေတတ်၏။ ထိုသမုဒယဖြစ်သော တဏှာကို ရဟန္တာ ပုဂ္ဂိုလ်သည် အရိယမဂ် တည်းဟူသောမီးဖြင့်ဖုတ်မြိုက်လောင်ကျွမ်းစေတတ်၍ရဟန္တာပုဂ္ဂိုလ်ကို၊ ဘူတပစနိံပစိ, ဟုဆိုသတည်း။ ဤအနက်အဓိပ္ပါယ်ကိုတပည့်ငါးရာမသိ၍ ခုနှစ်ရက်တိုင်တိုင်ကြံသော်လည်းအစအဆုံးကို မမြင်လျက်ချသောကာလမှ၊ ဗဟူနိနရသီသာနိ, စသောဂါထာဖြင့်ဆရာသည် နိဂ္ဂဟပြု၍မာနတန်းခွန်ကိုလည်စေသတည်း)။ ။
မူလပရိယာယဇာတကံပဉ္စမံ။၂၄၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဟန္တွာဆေတွာနဝဓိတွာစ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဗာလောဝါဒဇာတ်ကို၊ ဝေသာလီပြည်ကိုအမှီပြု၍စုလစ်မွန်းချွန်တပ်သောဇရပ်၌ သီတင်းသုံးနေတော်မူစဉ်၊ သီဟစစ်သူကြီးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ၊ တစ်ယောက်သော သူကြွယ်သည်ရသေ့ကို ညှဉ်းဆဲအံ့ဟူ၍အိမ်တွင်းသို့ပင့်၍ ခင်းအပ်သောနေရာ၌နေစေ၍ ငါးအမဲဖြင့်လုပ်ကျွေး၍ ဆွမ်းဘုန်းပေးသော ကိစ္စအဆုံး၌ လျောက်ပတ်သော အရပ်၌ နေ၍၊ သျှင်ရသေ့၊ သင်တို့ကိုသာလျှင်ရည်၍သတ္တဝါတို့ကိုသတ်၍ ဤအမဲကိုပြုအပ်၏။ ဤအကုသိုလ်သည်ငါတို့အားသာလျှင်မဖြစ်စေလင့်၊ သင်တို့အားလည်းဖြစ်စေသတည်းဟုဆို၍။ ။
(၃၄၈)ဟန္တွာဆေတွာ ဝဓိတွာ စ၊ ဒေတိ ဒါနံ အ-သညတော။
ဧဒိသံ ဘတ္တံ ဘုဉ္ဇမာနော၊သ ပါပ-မုပလိမ္ပတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်ထိုစကားကိုကြား၍။ ။
(၃၄၉)ပုတ္တ-ဒါရံ ပိ စေ ဟန္တွာ၊ဒေတိ ဒါနံ အ-သညတော။
ဘုဉ္ဇမာနောပိ သ-ပ္ပညော၊န ပါပ-မုပလိမ္ပတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၃၄၉)ဥပါသက၊ ဒါယကာ။ အ-သညတော၊ သီလမရှိသောသူသည်။ ပုတ္တ-ဒါရံပိ၊ သားမယားကိုသော်လည်း။ ဟန္တွာ၊ သတ်၍။ ဒါနံ၊ အလှူကို။ စေဒေတိ၊ အကယ်၍လှူစေကာမူ။ သ-ပ္ပညော၊ ပညာရှိသောပုဂ္ဂိုလ်သည်။ တံ၊ ထိုဆွမ်းကို။ ဘုဉ္ဇမာနောပိ၊ စားသော်လည်း။ ပါပံပါပေန၊ မကောင်းမှုဖြင့်။ နဥပလိမ္ပတိ၊ မလိမ်းကျံ။
ဗာလောဝါဒဇာတကံဆဋ္ဌံ။၂၄၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒ္ဓါပါဒဉ္ဇလီသဗ္ဗေ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤပါဒဉ္ဇလိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လာဠုဒါယီမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
အမတ်တို့သည်အဆုံးအဖြတ်ကိုစီရင်ကုန်၍ မင်းသားကိုအနီး၌နေစေကုန်၍တရားကို ဆုံးဖြတ်ကုန်သည် ရှိသော်၊ ကောင်းစွာ မဆုံးဖြတ်ကုန်။ ထိုအမတ်တို့သည် အရှင်မဟုတ်သောသူကို အရှင်ပြုကုန်၍၊ မင်းသား၊ အသို့သဘောရှိသနည်း။ အကျွန်ုပ်တို့သည် ကောင်းစွာ ဆုံးဖြတ်ကုန်၏လောဟုမင်းသားကိုမေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် နှုတ်ခမ်းကိုခွေလိပ်တွ့န်ရှုပ်လှုပ်၏။ ဘုရားလောင်းသည် ပညာရှိယောင်တကား၊ ထိုမင်းသားသည်ကောင်းစွာမဆုံးဖြတ်သည်၏အဖြစ်ကိုသိသည် ဖြစ်လတ္တံ့ဟုအောက်မေ့သည်ဖြစ်၍။ ။
(၃၅၀)အဒ္ဓါ ပါဒဉ္ဇလီ သဗ္ဗေ၊ပညာယ အတိရောစတိ။
တထာ ဟိ ဩဋ္ဌံ ဘဉ္ဇတိ၊ဥတ္တရိံ နူန ပဿတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
တစ်ပါးသော နေ့၌လည်း အဆုံးအဖြတ်ကို စီရင်ကုန်၍ တရားကို ကောင်းစွာဆုံးဖြတ်ကုန်၍၊ မြတ်သောမင်းကြီး၊ အဆုံးအဖြတ်သည်အဘယ်သို့သဘောရှိသနည်းဟုမေးကုန်၏။ ထိုပါဒဉ္ဇလိမင်းသားသည် တဖန်လည်းနှုတ်ခမ်းကိုခွေလိပ်တွန့်ရှုပ်လှုပ်ပြန်၏။ ထိုအခါထိုပါဒဉ္ဇလိမင်းသား၏ အလွန်မိုက်သည်၏ အဖြစ်ကိုသိ၍ဘုရားလောင်းသည်။ ။
(၃၅၁)နာ-ယံ ဓမ္မံ အ-ဓမ္မံ ဝါ၊အတ္ထာ-နတ္ထံ န ဗုဇ္ဈတိ။
အညတြ ဩဋ္ဌ-နိဗ္ဘောဂါ၊နာ-ယံ ဇာနာတိ ကိဉ္စနံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၃၅၁)ဘောန္တော၊ အချင်းတို့။ အယံ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဓမ္မံဝါ၊ သင့်သောအကြောင်းကို၎င်း။ အ-ဓမ္မံဝါ၊ မသင့်သောအကြောင်းကို၎င်း။ အတ္ထာနတ္ထံဝါ၊ အကျိုးရှိသည်မရှိသည်ကို၎င်း။ နဗုဇ္ဈတိ၊ မသိ။ အယံ၊ ဤပါဒဉ္ဇလိမင်းသားသည်။ ဩဋ္ဌနိဗ္ဘောဂါ၊ နှုတ်ခမ်းကိုခွေလိပ်တွန့်ရှုပ်လှုပ်ခြင်းကို။ အညတြ၊ ကြဉ်၍။ ကိဉ္စနံ၊ တစ်စုံတစ်ခုကို။ နဇာနာတိ၊ မသိ။ ။
အမတ်တို့သည်ပါဒဉ္ဇလိမင်းသား၏မိုက်သည်၏အဖြစ်ကိုသိ၍ ဘုရားလောင်းကိုမင်းအဖြစ်၌ အဘိသိက်သွန်းကုန်၏။ ။
ပါဒဉ္ဇလိဇာတကံသတ္တမံ။၂၄၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗေဟိကိံ သုကော ဒိဋ္ဌော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော၊ ဤကိံသုကောပမဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကိံသုကောပမသုတ္တန်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုဗြဟ္မဒတ်မင်း၏သားတော်လေးယောက်တို့သည်ရထားထိန်းကိုခေါ်၍၊ အချင်းရထားထိန်း၊ ငါတို့သည်ပေါက်ပင်ကိုမြင်လိုကုန်၏။ ငါတို့အား ပေါက်ပင်ကိုပြလော့ဟုဆိုကုန်၏။ ရထားထိန်းသည် ကောင်းပြီပြအံ့ဟု ဆို၍လေးယောက်ကုန်သောမင်းသားတို့အားလည်း တစ်ပေါင်းထည်းမပြမူ၍ မင်းသားကြီးကို ရှေးဦးစွာရထား၌စီးစေ၍ တောသို့ဆောင်၍ ဤသည်ကားပေါက်ပင်တည်းဟု မည်းသောကာလ၌ပေါက်ပင်ကိုပြ၏။ တစ်ယောက်သောမင်းသားအား ထူသောအရွက် ရှိသောအခါ၌ပြ၏။ တစ်ယောက်သောမင်းသားအား ပွင့်သောကာလ၌ပြ၏။ တစ်ယောက်သော မင်းသားအားသီးသောကာလ၌ပြ၏။ နောက်အဖို့၌ လေးယောက်ကုန်သောညီနောင်တို့သည်လည်း တစ်ပေါင်းထည်းနေကြကုန်လျက် ပေါက်ပင်မည်သည်ကား အဘယ်သို့ သဘောရှိသနည်းဟု စကားကိုဖြစ်စေကုန်၏။ ထို့နောင်မှတစ်ယောက်သောမင်းသားသည် မီးလောင်ငုတ်ကဲ့သို့ရှိ၏ဟုဆို၏။ နှစ်ယောက်မြောက်ဖြစ်သောမင်းသားသည် ပြည်ညောင်ပင်ကဲ့သို့ရှိ၏ဟုဆို၏။ သုံးယောက်မြောက်သောမင်းသားသည် သားတစ်ကဲ့သို့ရှိ၏ဟုဆို၏။ လေးယောက်မြောက်သောမင်းသားသည် ကုပ်ကိုပင်ကဲ့သို့ရှိ၏ဟုဆို၏။ ဤသို့ထိုမင်းသားတို့သည် အချင်းချင်းစကားဖြင့်မနှစ်သက်ကုန်သည်ဖြစ်၍အဘ၏အထံသို့သွားကုန်၍ ခမည်းတော်မင်းမြတ်၊ ပေါက်ပင်မည်သည်ကား အဘယ်သို့သဘောရှိသနည်းဟုမေးကုန်၍၊ သင်တို့သည်အသို့ဆိုအပ်ကုန်သနည်းဟုဆိုသည်ရှိသော်၊ ဆိုအပ်သောအမှတ်ကို မင်းအားလျှောက်ကုန်၏။ မင်းသည်လေးယောက်ကုန်သောသင်တို့သည်လည်း ပေါက်ပင်ကိုမြင်ဖူးကြကုန်၏။ စင်စစ်သင်တို့သည်ပေါက်ပင်ကိုပြလတ်သည်ရှိသော်၊ ရထားထိန်းကို ဤမည်သောကာလ၌ပေါက်ပင်သည် အသို့သဘောရှိသနည်း။ ဤမည်သော ကာလ၌ကားအသို့သဘောရှိသနည်းဟု ခွဲခြမ်းဝေဖန်၍မမေးအပ်။ ထို့ကြောင့်သင်တို့အားယုံမှားခြင်းသည်ဖြစ်၏ဟုဆို၍။ ။
(၃၅၂)သဗ္ဗေဟိ ကိံသုကော ဒိဋ္ဌော၊ကိံ နွေ-တ္ထ ဝိစိကိစ္ဆထ။
န ဟိ သဗ္ဗေသု ဌာနေသု၊သာရထိ ပရိပုစ္ဆိတော။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မြတ်စွာဘုရားသည် ဤအကြောင်းကိုပြတော်မူ၍၊ ရဟန်းတို့၊ ထိုမင်းသားညီနောင် လေးယောက်တို့သည် ခွဲခြမ်းဝေဖန်ခြင်းကိုပြုကုန်၍ မမေးအပ်သည်၏အဖြစ်ကြောင့်ပေါက်ပင်၌ယုံမှားခြင်းကိုဖြစ်စေကုန်သ ကဲ့သို့၊ ထို့အတူသင်တို့သည်လည်း၊ ဤတရား၌ယုံမှားခြင်းကိုဖြစ်စေကုန်၏ဟုမိန့်တော်မူ၍ဘုရားဖြစ်တော်မူပြီး၍။ ။
(၃၅၃)ဧဝံ သဗ္ဗေဟိ ဉာဏေဟိ၊ယေသံ ဓမ္မာ အ-ဇာနိတာ။
တေ ဝေ ဓမ္မေသု ကင်္ခန္တိ၊ကိံ သုကသ္မိံ-ဝ ဘာတရော။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၅၃)ဘိက္ခဝေ၊ ရဟန်းတို့။ ဘာတရော၊ လေးယောက်ကုန်သောမင်းသား ညီနောင်တို့သည်။ ကိံ သုကသ္မိံ၊ ပေါက်ပင်၌။ ကင်္ခန္တိဣဝ၊ ယုံမှားကုန်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယေသံ၊ အကြင်သူတို့သည်။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာဏေဟိ၊ ဝိပဿနာဉာဏ်တို့ဖြင့်။ ဓမ္မာ၊ ခြောက်ပါးသောဖဿာယတနပဉ္စက္ခန္ဓာစတုမဟာဘူတအဋ္ဌာရသဓာတုအပြားရှိသောတရားတို့ကို။ အဇာနိတာ၊ မသိအပ်ကုန်။ တေ၊ ထိုသူတို့သည်။ ဝေ၊ စင်စစ်။ ဓမ္မေသု၊ ခြောက်ပါးသောဖဿာယတနပဉ္စက္ခန္ဓာစတုမဟာဘူတအဋ္ဌာရသဓာတု အပြားရှိသောတရားတို့၌။ ကင်္ခန္တိ၊ ယုံမှားကုန်၏။ ။
ကိံသုကောပမဇာတကံ အဋ္ဌမံ။၂၄၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဧကပုတ္တကောဘဝိဿတိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသာလကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောမထေရ်ကြီးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
တစ်ယောက်သော အလမ္ပာယ်သည် မျောက်တစ်ခုကိုသင်၍ ဆေးကိုကိုင်စေ၍ ထိုမျောက်ကိုမြွေကိုကစေ၍ အသက်မွေးခြင်းကိုပြု၏။ ထိုအလမ္ပာယ်သည် ဗာရာဏသီပြည်၌ ပွဲလမ်းသဘင် ကြွေးကြော်သည်ရှိသော်၊ ပွဲလမ်းသဘင်ကစားလိုသည်ဖြစ်၍ ဤမျောက်ကို မမေ့မလျော့ပါလင့်ဟုဆို၍ ထိုမျောက်ကိုထိုစပါးကုန်သည်လက်၌ထား၍ ပွဲသဘင်ကစား၍ ခုနှစ်ရက်မြောက်သောနေ့၌ထိုစပါးကုန်သည်၏ အထံသို့သွား၍ မျောက်သည်အဘယ်မှာနည်းဟုမေး၏။ မျောက်သည်အရှင်၏အသံကို ကြား၍လျှင်စပါးဈေးမှလျင်မြန်စွာထွက်လာ၏။ ထိုအခါထိုမျောက်ကို အလမ္ပာယ်သည် ဝါးခြမ်းဖျားဖြင့်ကျောက်၌ရိုက်၍ယူပြီးလျှင် ဥယျာဉ်သို့သွား၍လျောက်ပတ်သောအရပ်၌ချည်၍အိပ်ပျော်လေ၏။ မျောက်သည် ထိုအလမ္ပာယ်အိပ်ပျော်သည်၏အဖြစ်ကိုသိ၍ မိမိ၏အနှောင်အဖွဲ့ကိုဖြေ၍ သရက်ပင်သို့တက်၍ သရက်သီးမှည့်ကိုစားပြီးလျှင် အစေ့တို့ကို အလမ္ပာယ်၏ ကိုယ်ပေါ်သို့ချ၏။ အလမ္ပာယ်သည်နိုး၍ ကြည့်လတ်သည်ရှိသော်မျောက်ကိုမြင်၍ ချိုသာနာဖွယ်သောစကားဖြင့်လှည့်ပတ်၍ သရက်ပင်မှသက်စေ၍ဖမ်းအံ့ဟုကြံလျက်ထိုမျောက်ကိုဖြားယောင်းလိုရကား။ ။
(၃၅၄)ဧက-ပုတ္တကော ဘဝိဿသိ၊တွဉ္စ နော ဟေဿသိ ဣဿရော ကုလေ။
ဩရောဟ ဒုမသ္မာ သာလက၊ဧဟိ ဒါနိ ဃရကံ ဝဇေမသေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မျောက်သည်ထိုစကားကိုကြား၍။
(၃၅၅)နနု မံ သုဟဒယော-တိ မညသိ၊ယဉ္စ ဟနသိ မံ ဝေဠု-ယဋ္ဌိယာ။
ပက္ကမ္ဗ-ဝနေ ရမာမသေ၊ဂစ္ဆ တွံ ဃရကံ ယထာ-သုခံ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၅၅)ဘောအဟိကုဏ္ဍိက၊ အိုအလမ္ပာယ်သမား။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ သုဟဒယောတိမညသိနနူ၊ လိမ်မာသောစိတ်ရှိ၏ဟူ၍အောက်မေ့သည်မဟုတ်တုံလော။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဝေဠုယဋ္ဌိယာ၊ ဝါးခြမ်းဖျားဖြင့်။ ယဉ္စဟနသိ၊ အကြင်ကြောင့်ရိုက်၏။ တေန၊ ထို့ကြောင့်။ မယံ၊ ငါတို့သည်။ ပက္က-မ္ဗဝနေ၊ သရက်သီး မှည့်သောတော၌။ ရမာမသေ၊ မွေ့လျော်ကုန်အံ့။ တွံ၊ သင်သည်။ ဃရကံ၊ အိမ်သို့။ ယထာ-သုခံ၊ အလိုအတိုင်း။ ဂစ္ဆ၊ သွားလေလော့။ ။
သာလကဇာတကံ နဝမံ။၂၄၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အယံဣသိဥပသမသံယမေရတော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကပိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအံ့ဖွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
လွန်လေပြီးသောအခါဗာရာဏသီပြည်၌ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော်ဘုရားလောင်းသည် ကာသိကတိုင်းဝယ်ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော်သားသည်ရှေးရှူထက်ဝန်းကျင်ပြေး၍ သွားနိုင်သောကာလ၌ ပုဏ္ဏေးမသည်သေလတ်သော် သားကိုရင်ခွင်ဖြင့်ချီ၍ဟိမဝန္တာသို့ဝင်၍ရသေ့ရဟန်းအဖြစ်အားဖြင့် ရဟန်းပြု၍ထိုသားငယ်ကိုလည်း ရသေ့ငယ်ပြု၍သစ်ရွက်မိုးသောသင်္ခမ်း၌နေခြင်းကိုပြု၏။ မိုဃ်းလအခါ အရည်မပြတ်သောမိုဃ်းသည် စွေလတ်သည်ရှိသော် မျောက်သည် အချမ်းနှိပ်စက်သည်ဖြစ်၍သွားဖြင့် သွားတို့ကိုခဲလျက် တုန်လှုပ်လျက်သွား၏။ ဘုရားလောင်းသည် ကြီးစွာကုန်သော ထင်းတုန်းတို့ကို ဆောင်၍မီးညှိ၍ညောင်စောင်း၌ လျောင်း၏။ ထိုဘုရားလောင်း၏သားငယ်သည်လည်း ထိုဘုရားလောင်း၏ခြေတို့ကို ဆုပ်နယ်လျက်နေ၏။ ထိုမျောက်သည် တစ်ပါးသောသေလေသောရသေ့၏ဥစ္စာဖြစ်ကုန်သောလျှော်တေသင်္ကန်းတို့ကိုဝတ်ရုံ၍ သစ်နက်ရေကိုပခုံးတင်၍ ထမ်းပိုးကရားကိုယူ၍ ရသေ့အသွင်ဖြင့် လာလတ်၍ သစ်ရွက်မိုးသော သင်္ခမ်းတံခါး၌ မီးဟူသောအကြောင်းကြောင့် အံ့ဘွယ်သရဲသောအမှုကိုပြု၍ရပ်၏။ ရသေ့ငယ်သည်လည်းမြင်၍၊ ဘခင်၊ ရသေ့တစ်ယောက်သည် အချမ်းနှိပ်စက်အပ်သည်ဖြစ်၍ တုန်လှုပ်လျက်ရပ်၏။ ဤမီးဖိုသို့ထိုရသေ့ကိုခေါ်ကုန်လော့၊ မီးလှုံလတ္တံ့ဟုအဘကိုတောင်းပန်လိုသည်ဖြစ်၍။ ။
(၃၅၆)အယံ ဣသိဥပသမ-သံယမေ ရတော၊သန္တိဋ္ဌတိ သိသိရ-ဘယေန အဋ္ဋိတော။
ဟန္ဒ အယံ ပဝိသတုမံ အဂါရကံ၊ဝိနေတု သီတံ ဒရထဉ္စ ကေဝလံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် သား၏စကားကို ကြား၍ ထ၍ ကြည့်သည်ရှိသော်မျောက်၏အဖြစ်ကိုသိ၍။ ။
(၃၅၇)နာ-ယံ ဣသိ ဥပသမ-သံယမေ ရတော၊ကပိ အယံ ဒုမ-ဝရ-သာခ-ဂေါစရော။
သော ဒူသကော ရောသကော စာပိ ဇမ္မော၊သစေ ဝဇေ-မံပိ ဒူသေယျ-ဂါရံ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၃၅၇)တာတ၊ ချစ်သား။ အယံ၊ ဤသတ္တဝါသည်။ ဥပသမသံယမေ၊ ရာဂအစရှိသည်တို့ကို ငြိမ်းစေခြင်း သီလကိုထိန်းခြင်း၌။ ရတော၊ မွေ့လျော်သော။ ဣသိ၊ ရသေ့သည်။ န၊ မဟုတ်။ အယံ၊ ဤသတ္တဝါသည်။ ဒုမဝရသာခဂေါစရော၊ မြတ်သော သစ်ပင်တို့၏ အခက်၌ ကျက်စားတတ်သော။ ကပိ၊ မျောက်တည်း။ သော၊ ထိုမျောက်သည်။ ဒူသကောစ၊ ဖျက်လည်းဖျက်ဆီးတတ်၏။ ရောသကောစာပိ၊ ချုပ်လည်းချုပ်ချယ်တတ်၏။ ဇမ္မောစ၊ ယုတ်လည်းယုတ်မာ၏။ ဣမံပိ၊ ဤကျောင်းသို့လည်း။ သစေဝဇေ၊ အကယ်၍ဝင်ငြားအံ့။ အဂါရံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ။
ဤသို့ဆို၍လျှင်ဘုရားလောင်းသည် မီးစကိုကိုင်၍ ထိုမျောက်ကိုခြောက်လိုက်၍ပြေးစေ၏။ ထိုမျောက်သည်ခုန်လွှားကာ တောသို့ဝင်၍ ပြေး၏။ တစ်ဖန်ထိုအရပ်သို့မလာပြီ။ ဘုရားလောင်းသည် အဘိညာဉ်တို့ကို၎င်း၊ သမာပတ်တို့ကို၎င်းဖြစ်စေ၍၊ ရသေ့ငယ်အား ကသိုဏ်းပရိကံ ကိုကြား၏။ ထိုရသေ့ငယ်သည်လည်း အဘိညာဉ်သမာပတ်တို့ကိုဖြစ်စေ၏။ ထိုနှစ်ဦးသောရသေ့တို့သည်လည်းမယုတ်သောဈာန်ရှိကုန်သည် ဖြစ်၍ဗြဟ္မာ့ပြည်သို့လားကုန်၏။ မြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤရဟန်းသည်ယခုအခါ၌သာလျှင် အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်၊ ရှေးကာလမှစ၍လည်း ဤရဟန်းသည် အံ့ဘွယ်သရဲကို ဖြစ်စေတတ်သလျှင်ကတည်းဟု ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကိုပြသည်၏အဆုံး၌ အချို့ကုန်သောရဟန်းတို့သည်သောတာပန်ဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် သကဒါဂံဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည် အနာဂံဖြစ်ကုန်၏။ အချို့ကုန်သောရဟန်းတို့သည်ရဟန္တာဖြစ်ကုန်၏။ အဘယ်သို့ဇာတ်ကိုပေါင်းတော်မူသနည်းဟူမူကား။ ရဟန်းတို့၊ ယခုအခါအံ့ဘွယ်သရဲကိုဖြစ်စေတတ်သောရဟန်းသည် ထိုအခါမျောက်ဖြစ်ပြီ။ ယခုအခါရာဟုလာသည် ထိုအခါသားဖြစ်ပြီ။ ယခုအခါ ငါဘုရားသည်လျှင်ထိုအခါအဘရသေ့ဖြစ်ပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။
ကပိဇာတကံ ဒသမံ။၂၅၀။ သိင်္ဂါလဝဂ္ဂေါ ဒသမော။ တဿုဒ္ဒါနံ။ ။
သဗ္ဗဒါဌီစ,သုနခေါ,၊ဂုတ္တိလော,ဝိဂတိစ္ဆာစ,။
မူလပရိယာယံ,ဗာလောဝါဒံ,၊ပါဒဉ္ဇလိ,ကိံ သုကောပမံ,။
သာလကံ,ကဝိ,တေဒသ။ ။
အထဝဂ္ဂု-ဒ္ဒါနံ။ ။
ဒဠှဝဂ္ဂေါစ,သန္ဓဝေါ,၊ကလျာဏဓမ္မာ,သဒိသော,။
ဂူဟကော,ဒဠှဝဂ္ဂေါစ,၊ဗီရဏတ္ထမ္ဘ,ကာသာဝေါ,။
ဥပါဟနော,သိင်္ဂါလောစ,၊ဒသဝဂ္ဂါဒုကေသိယုံ။ ။
**ဒုကနိပါတောနိဋ္ဌိတော။ ။**