Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

289. Nānāchandajātakaṃ (3-4-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နာနာဆန္ဒာမဟာရာဇ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤနာနာဆန္ဒဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်၏ဆုရှစ်ပါးရခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းသည်၊ပုဏ္ဏား၊သင့်အား ငါကြည်ညို၏၊ဆုကိုယူလော့ဟုဆို၏။ မြတ်သောမင်းကြီး၊သားမယားတို့နှင့်တိုင်ပင်၍ယူပါအံ့ဟုဆို၏။ သွားချေ တိုင်ပင်၍လာလော့ဟုမင်းဆို၏။ ပုဏ္ဏားသည်သွား၍ပုဏ္ဏေးမ,သား,ချွေးမ,ကျွန်မတို့ကိုခေါ်၍မင်းသည်ငါ့အားဆုကိုပေး၏။ အဘယ်ဆုကိုယူအံ့နည်းဟုမေး၏။ ပုဏ္ဏေးမသည် ငါ့တို့နွားမတစ်ရာကို ဆောင်ခဲ့လော့ဟုဆို၏။ ဆတ္တမာဏဝမည်သောသားသည် ငါ့တို့ကုမုဒြာကြာအဆင်းနှင့်တူသောအဆင်းရှိသောသိန္ဓောမြင်းလေးစီးတို့ဖြင့်ကအပ်သော ရထားကိုဆောင်ခဲ့လော့ဟုဆို၏။ ချွေးမသည် ပတ္တမြားနားဍောင်းကိုအစပြု၍ အလုံးစုံသောတန်းဆာကိုဆောင်ခဲ့လော့ဟုဆို၏။ ပုဏ္ဏာမည်သောကျွန်မသည်ငါ့တို့ဆုံ,ကျည်ပွေ့, မန်း,အိုး, တို့ကိုဆောင်ခဲ့လော့ဟုဆို၏။ ပုဏ္ဏားသည်မင်း၏အထံသို့သွား၍၊ ပုဏ္ဏား၊ သင်သည် သားမယားကိုမေးခဲ့ပြီလောဟုဆို၏။ မြတ်သောမင်းကြီးမေးခဲ့ပါပြီ။ ထိုသူတို့သည် အထူးထူးသောအလိုရှိကုန်၏ဟုဆို၍။ ။

(၄၇၂)နာနာ-ဆန္ဒါ မဟာ-ရာဇ၊ဧကာ-ဂါရေ ဝသာမသေ။

အဟံ ဂါမ-ဝရံ ဣစ္ဆေ၊ဗြာဟ္မဏီ စ ဂဝံ သတံ။ ။

(၄၇၃)ပုတ္တော စ အာဇည-ရထံ၊ကညာ စ မဏိ-ကုဏ္ဍလံ။

ယာ စေ-သာ ပုဏ္ဏိကာ ဇမ္မီ၊ဥဒုက္ခလံ-ဘိကင်္ခတိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၄၇၂-၄၇၃)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ နာနာ-ဆန္ဒာ၊ အထူးထူးသောအလိုရှိကုန်သော။ မယံ၊ အကျွန်ုပ်တို့သည်။ ဧကာ-ဂါရေ၊ တစ်အိမ်ထည်း၌။ ဝသာမသေ၊ နေကုန်၏။ မယံ၊ အကျွန်ုပ်သည်။ ဂါမဝရံ၊ ရွာမြတ်ကို။ ဣစ္ဆေ၊ အလိုရှိ၏။ ဗြာဟ္မဏီစ၊ ပုဏ္ဏေးမသည်ကား။ ဂဝံသတံ၊ နွားမတစ်ရာကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ။

ပုတ္တောစ၊ သားသည်ကား။ အာဇညရထံ၊ အာဇာနည်မြင်းကသောရထားကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ကညာစ၊ ချွေးမသည်ကား။ မဏိ-ကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ အမှာကံ၊ အကျွန်ုပ်တို့၏။ ဃရေ၊ အိမ်၌။ ပုဏ္ဏိကာ၊ ပုဏ္ဏာအမည်ရှိသော။ ယာဧသာဒါသိ၊ အကြင်ကျွန်မသည်။ အတ္ထိ၊ ရှိ၏။ သာစ၊ ထိုကျွန်မသည်ကား။ ဇမ္မီ၊ မိမိယုတ်သောကျွန်မဖြစ်၍။ ဥဒုက္ခလံ၊ ဆုံကျည်ပွေ့ကို။ အဘိကင်္ခတိ၊ အလိုရှိ၏။ ။

မင်းသည်ခပ်သိမ်းသောသူတို့အား အလိုရှိတိုင်းကို ပေးကြကုန်ဟုစေလိုရကား။ ။

(၄၇၄)ဗြာဟ္မဏဿ ဂါမ-ဝရံ၊ဗြာဟ္မဏိယာ ဂဝံ သတံ။

ပုတ္တဿ အာဇည-ရထံ၊ကညာယ မဏိ-ကုဏ္ဍလံ။

ယ-ဉ္စေ-တံ ပုဏ္ဏိကံ ဇမ္မိံ၊ပဋိပါဒေထု-ဒုက္ခလံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၇၄)ဗြာဟ္မဏဿ၊ ပုဏ္ဏားအား။ ဂါမဝရံ၊ ရွာမြတ်ကို။ ဗြာဟ္မဏိယာ၊ ပုဏ္ဏေးမအား။ ဂဝံသတံ၊ နွားမတစ်ရာကို။ ပုတ္တဿ၊ သားအား။ အာဇညရထံ၊ အာဇာနည်မြင်းကသော ရထားကို။ ကညာယ၊ ချွေးမအား။ မဏိ-ကုဏ္ဍလံ၊ ပတ္တမြားနားဍောင်းကို။ ယံဧတံဒါသိံ၊ အကြင်ကျွန်မကို။ ဇမ္မိံ၊ ထိုအိမ်တွင်အယုတ်ဆုံးဖြတ်သော။ ပုဏ္ဏိကံ၊ ပုဏ္ဏားဟူ၍။ ဝဒတိ၊ ပုဏ္ဏားဆို၏။ တဿာစ၊ ထိုပုဏ္ဏားမည်သော ကျွန်မအားလည်း။ ဥဒုက္ခလံ၊ ဆုံကျည်ပွေ့ကစသည်တသွန်ကျွန်အသုံးအဆောင်ကို။ ပဋိပါဒေထ၊ အလိုရှိတိုင်းမဆိုင်းမနှေးပြည့်စုံအောင် ပေးကြကုန်လော့။ ။

နာနာဆန္ဒဇာတကံ နဝမံ။၂၈၉။