နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပုဏ္ဏံနဒိံ ယေနစ ပေယျမာဟု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပုဏ္ဏနဒီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
မင်းသည်ထိုဘုရားလောင်း၏ကျေးဇူးကို အောက်မေ့၍ တစ်စုံတစ်ယောက်သောသူကိုစေ၍ ဆရာကိုခေါ်အံ့သောငှါ ငါ့အားမလျောက်ပတ်။ စင်စစ်သော်ကား တစ်ခုသောဂါထာကိုဖွဲ့၍ ထန်းရွက်၌ရေး၍ ကျီးသားကိုချက်စေ၍စာခွေကို၎င်း၊ ကျီးသားကို၎င်း၊ ပဝါဖြူဖြင့်ထုတ်၍ မင်း၏တံဆိပ်ဖြင့်ခတ်၍ပို့စေအံ့၊ ထိုဆရာလည်းပညာရှိဖြစ်အံ့။ မှာစာကိုဖတ်၍ ကျီးသား၏အဖြစ်ကိုသိ၍ လာလတ္တံ့။ ပညာမရှိသည်ဖြစ်အံ့ မလာလတ္တံ့ဟုကြံ၍ထိုမင်းသည်။ ။
(၂၈၂)ပုဏ္ဏံ နဒိံ ယေနစ ပေယျမာဟု၊ဇေတံ ယဝံ ယေန စ ဂုယှ-မာဟု။
ဒူရံ ဂတံ ယေန စ အဝှယန္တိ၊သော တျာ-ဘတောဟန္ဒ စ ဘုဉ္ဇ ဗြာဟ္မဏ။ ။
ဟူသောဤပဌမဂါထာကိုထန်းရွက်၌ရေး၍စေ၏။ ။
မင်းသည် ဤဂါထာကို ထန်းရွက်၌ ရေးစေ၍ ဘုရားလောင်းအား ပို့စေ၏။ ဘုရားလောင်းသည် မှာစာကိုဖတ်၍ မင်းသည် ငါ့ကိုမြင်လိုပြီဟုဆို၍။ ။
(၂၈၄)ယတော မံ သရတိ ရာဇာ၊ဝါယသံပိ ပဟေတဝေ။
ဟံသ-ကောဉ္စ-မယူရာနံ၊အ-သတိယေ-ဝ ပါပိယော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၈၄)ရာဇာ၊ ထမင်းသခင်ပြည့်ရှင်မင်းသည်။ ယတောယဒါကာလေ၊ အကြင်ကာလ၌။ ဝါယသ-မံသံ၊ ကျီးသားကို။ လဘိတွာ၊ ရ၍။ ဝါယသံပိ၊ ကျီးသားကိုစဉ်လျက်။ ပဟေတဝေ၊ ပို့လာခြင်းငှါ။ မံ၊ ငါ့ကို။ သရတိ၊ အောက်မေ့တော် မူပေသေး၏။ ဟံသာစ၊ ဟင်္သာတို့ကို၎င်း။ ကောဉ္စာစ၊ ကြိုးကြာတို့ကို၎င်း။ မယူရာစ၊ ဥဒေါင်းတို့ကို၎င်း။ ဥပနီတာ၊ ဆက်လာကုန်သည်ရှိသော်။ တာနိ၊ ထိုဟင်္သာ, ကြိုးကြာ,ဥဒေါင်း,တို့ကို။ ပဟေတဝေ၊ ပို့လာခြင်းငှါ။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ နသရိဿတိ၊ မအောက်မေ့လေအံ့နည်း။ သရိဿတိဧဝ၊ အောက်မေ့လအံ့သည်လျှင်ကတည်း။ လောကသ္မိံ၊ လူ့ရွာ၌။ အ-သတိယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ သတိ၊ အောက်မေ့တော်မူခြင်းသည်။ သေဋ္ဌော၊ မြတ်၏။
တနည်းကား။ ဟံသကောဉ္စမယူရာနံ၊ ဟင်္သာ ကြိုးကြာ ဥဒေါင်းတို့၏။ မံသံ၊ အသားကို။ လဘိတွာ၊ ရ၍။ မံ၊ ငါ့ကို။ ကသ္မာ၊ အဘယ့်ကြောင့်။ နသရိသာတိ၊ မအောက်မေ့လအံ့နည်း။ သရိဿတိဧဝ၊ အောက်မေ့လအံ့သည်သာလျှင်တည်း။ လောကသ္မိံ၊ လူ့ရွာ၌။ ယံဝါသံဝါ၊ ဟုတ်ဟုတ် ငြားငြား စားကောင်း သောက်ဖွယ်ကို။ လဘိတွာ၊ ရ၍။ သရဏံနာမ၊ အောက်မေ့ခြင်းမည်သည်။ သုန္ဒရံ၊ ကောင်း၏။ အ-သတိယေဝ၊ မအောက်မေ့ခြင်းသည်သာလျှင်။ ပါပိယော၊ ယုတ်မာ၏။ ။ (ထိုသို့စားကောင်း သောက်ဖွယ်ရလျက် စားဖော်သောက်ဖက် ဖြစ်သောငါ့ကို မအောက်မေ့ မေ့လျော့ ခြင်းသည် ငါတို့မင်းအား မရှိပေ၊ ငါ့ကိုအသျှင်မင်းသည် ကျီးသားကို ရလျှင်ပင် ငါ့ကိုအောက်မေ့ ပေသည်၊ ငါ၏လာခြင်းကို တောင့်တတော်မူပေသည်။ ထို့ကြောင့် ငါသည်သွားအံ့ဟု လှည်းကစေ၍ မင်းကို ဖူးလေ၏။ မင်းသည်နှစ်သက်၍ ပုရောဟိတ်အရာ၌တည်စေ၏။ ပုဏ္ဏံဒိယေနစပေယျမာဟု၊ ဟူသောပါဌ်၌ အဓိပ္ပါယ်ကား၊ ကာကပေယျနဒီဟူသော စကားကို ဆိုကုန်သော သူတို့သည် အကြင် ငှက်ကြောင့် ရေပြည့်သောမြစ်ကို ကာကပေယျဟုဆိုကုန်၏။ ထိုစကားဟုတ်စွ၊ ရေမပြည့်သောမြစ်ကို ကာကပေယျ,ဟု၊ လောက၌ မဆိုအပ်။ အကြင်အခါ၌ကား မြစ်ကမ်း၌တည်၍ လည်ကိုဆန့်ကာကျီးသည် ရေသောက်ခြင်းငှါတတ်ကောင်း၏။ ထိုအခါ၌ ရေပြည့်သော မြစ်ကို ကာကပေယျ, ဟုဆိုကြကုန်၏။
ဇာတံယဝံယေနဂုယှမာဟု, ဟူသောပါဌ်၌ အဓိပ္ပါယ်ကား၊ ယဝံသည်ဒေသနာမတ္တဖြစ်၍ဤ၌အလုံးစုံသောကောက်ကိုယူအပ်၏။ ထိုပေါက်သစ်သော ကောက်နုသည် အကြင်ရောအခါ မိမိအတွင်းသို့ဝင်သောကျီးကို ဖုံးလွှမ်းခြင်းငှါ တက်နိုင်၏။ ထိုအခါ၊ ဂုယှတိ၊ ဖုံးလွှမ်းနိုင်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဂုယှံ၊ ဂုယှမည်၏။ ကိံ၊ အဘယ်ကို။ ဂုယှတိ၊ ဖုံးလွှမ်းနိုင်သနည်း။ ကာကံ၊ ကျီးကို။ ဂုယှတိ၊ ဖုံးလွှမ်းနိုင်၏။ ဣတိ၊ ဤသို့။ ကာကဿ၊ ကျီးကို။ ဂုယှံ၊ ဖုံးလွှမ်းနိုင်သည်တည်း။ ကာကဂုယှံ၊ ကျီးကို ဖုံးလွှမ်းနိုင်သည်။ ဤသို့ကာကဂုယှ,ဟူ၍ကောက်ကိုဆိုကုန်သောသူတို့သည် ဂုယှ,သဒ္ဒါ၏ အကြောင်းဖြစ်သော ကျီးကြောင့်ကောက်ကို ကာကဂုယှ, ဟုဆိုကုန်၏။ ထို့ကြောင့်၊ ယေနစဂုယှမာဟု, ဟူသောစကားကိုဆိုသတည်း။ ဒူရံဂတံ ယေနစအဝှယန္တိ, ပါဌ်ဝယ် အဓိပ္ပါယ်ကား ဝေးသော အရပ်သို့သွား၍ ကွေကွင်းသော ချစ်မြတ် နိုးအပ်သော ပုဂ္ဂိုလ်ကို တောင့်တကုန်သော သူတို့သည်လာ၍ နားလာသော အကြင်ကျီးကိုမြင်၍၊ ဤမည်သောငါ့အချစ်သည် အကယ်၍ လာလတ်အံ့၊ ရွှေကျီးသည် သာလိုက်ပါ၊အာလိုက်ပါဟူ၍ ဆိုကြကုန်၏။ မဆိုဘဲပင် သူ့သဘာဝ အာသောကျီးသံကိုကြား၍၊ ရွှေကျီးသာလေပြီ အာလေပြီ။ ဤမည်သော ငါ့အဆွေသည် လာပေလတ္တံ့ဟု ဆိုကြကုန်၏။ ထို့ကြောင့်၊ ဒူရံဂတံ ယေနစ အဝှယန္တိ, ဆိုသ တည်း။ ။ ဟန္ဒ, ကိုဂဏှ, ဖွင့်သောကြောင့်၊ ယော့သူလော့, ဟူသောအနက်ကို မှတ်အပ်သတည်း။ ။ ဟံသာ,စသောပါဌ်၌ ပဌမအ္နံကား အဋ္ဌကထာသစ်အ္နံတည်း။ ။ နောက်အနက်ကား။ ။ အဋ္ဌကထာယံပနဟံသ္န ကောဉ္စမယူရာနန္တိ ပါဌော၊ သောသုန္ဒရ တရော, ဟူရကား ပေါရာဏ အဋ္ဌကထာအနက်တည်း။ ။ အသတိယေဝပါပိယောသိ ယံဝါထံဝါသဘိတွာသရဏံနာမသုန္ဒရံ၊ လောကသ္မိံ ပနအသတိယေဝပါပိယော၊ အသတိ ကရဏံယေဝတီနံလာမတံ, ဟူရကား၊ အသတီတိ ဝိဇ္ဇမာနေ၊ဋီကာဖွင့် သည်ကိုဆင်ခြင်)။ ။
ပုဏ္ဏနဒီဇာတကံ စတုတ္ထံ။၂၁၄။