နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အင်္ဂါရဇာတာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂင်္ဂမာလဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ ဥပုသ်သုံးသောအမှုကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါထိုရေထမ်းယောက်ျားကိုမင်းသည်မေးလိုရကား။ ။
(၁၁၈၅)အင်္ဂါရဇာတာ ပထဝီ၊ကုက္ကုဠာနုဂတာ မဟီ။
အထ ဂါယသိ ဝတ္ထာနိ၊န တံ တပတိ အာတပေါ။ ။
(၁၁၈၆)ဥဒ္ဓံ တပတိ အာဒိစ္စော၊အဓေါ တပတိ ဝါလုကာ။
အထ ဂါယသိ ဝတ္တာနိ၊န တံ တပတိ အာတပေါ။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၁၁၈၅-၁၁၈၆)အမ္ဘောပုရိသ၊ အိုယောက်ျား။ ပထဝီ၊ မြေကြီးသည်။ အင်္ဂါရဇာတာ၊ အတောက်အလျှံကင်းသောမီးကြီးကဲ့သို့ ပူသည်ဖြစ်၏။ မဟီ၊ ဤမြေကြီးသည်။ ကုက္ကုဠာနုဂတာ၊ ပြာပူသဖွယ်ဖြစ်သော သဲပူနှင့်တကွဖြစ်၏။ အထ၊ ထိုသို့ဖြစ်လျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ်ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂီတံ၊ သီချင်းကို။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ နတပတိ၊ မပူလောင်သလော။ ။
ဥဒ္ဓံ၊ အထက်၌။ အာဒိစ္စော၊ နေသည်။ တပတိ၊ ပူ၏။ အဓော၊ အောက်၌။ ဝါလုကာ၊ သဲသည်။ တပတိ၊ ပူ၏။ အထ၊ ထိုသို့ပူလျက်။ တွံ၊ သင်သည်။ ဝတ္ထာနိ၊ အာယောဂပတ်ပုဆိုးတို့ကို။ အာရောပေတွာ၊ တင်၍။ ဂီတံ၊ သီချင်းကို။ ဂါယသိ၊ သီ၏။ တံ၊ သင့်ကို။ အာတပေါ၊ အပူသည်။ နတပတိ၊ မပူလောင် သလော။ ။
ထိုရေထမ်းယောက်ျားသည်မင်း၏စကားကိုကြား၍။ ။
(၁၁၈၇)န မံ တပတိ အာတပေါ၊အာတပါ တပယန္တိ မံ။
အတ္ထာ ဟိ ဝိဝိဓါ ရာဇ၊တေ တပန္တိ န အာတပေါ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထို့နောင်မှစိတ်သည်အဘန်တလဲလဲဖြစ်လတ်သော်၊ ငါ့ကိုမကောင်းမှု၌ယှဉ်စေရာ၏ဟုကြံ၏။ ကြံပြီး၍ ထိုအဍ္ဎမာသကမင်းသည်သန်လျက်ကို မြေ၌ချ၍ ဥဒယမင်းကို ထစေ၍၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးသည် သည်းခံလော့ဟု မြေ၌ဝပ်၏။ ယခုငါ၏အတွင်း၌ သင်အားအပြစ်မရှိသည် မဟုတ်လောဟုဥဒယမင်းသည်ဆို၏။ မြတ်သောမင်းကြီး၊ ရှိ၏။ အကျွန်ုပ်သည် ဤမည်သောအမှုကိုပြု၏ဟု အဍ္ဎမာသကမင်းသည်ဆို၏။ အဆွေ၊ ထိုသို့တပြီးကား၊ သင့်အား ငါသည်းခံ၏။ သင်အလိုရှိသော် မင်းပြုလော့။ ငါသည်အိမ်ရှေ့မင်းဖြစ်၍ သင့်ကိုခစားအံ့ဟုဆို၏။ အဍ္ဎမာသကမင်းသည်၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်အား မင်းအဖြစ်ဖြင့် အလိုမရှိ။ ဤတဏှာသည် အကျွန်ုပ်ကိုအပါယ်တို့၌ဖြစ်စေလတ္တံ့။ သင်မင်းကြီး၏ မင်းအဖြစ်ကို သင်မင်းကြီးသာလျှင်ယူလော့။ အကျွန်ုပ်သည် ရဟန်းပြုအံ့။ ကာမ၏အပြစ်ကိုအကျွန်ုပ်သည်မြင်အပ်ပြီ။ ဤကာမသည်ကြံသော သူအား အကြံအားဖြင့်ပွါး၏။ ယခုအခါမှစ၍ ထိုကာမကို မကြံအံ့ဟု ဥဒါန်းကျူးလို၍။ ။
(၁၁၈၈)အဒ္ဒသံ ကာမ တေ မူလံ၊သင်္ကပ္ပါ ကာမ ဇာယသိ။
န တံ သင်္ကပ္ပယိဿာမိ၊ဧဝံ ကာမ န ဟေဟိသိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ဤသို့ဆို၍ တဘန်ကာမတို့၌ လုံ့လပြုသောလူများအား တရားဟောလိုရကား။ ။
(၁၁၈၉)အပ္ပါပိ ကာမာ န အလံ၊ဗဟူဟိပိ န တပ္ပတိ။
အဟဟာ ဗာလလပနာ၊ပရိဝဇ္ဇေထ ဇဂ္ဂတော။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ဤသို့ ထိုအဍ္ဎမာသကမင်းသည် လူများအားတရားဟော၍၊ ဥဒယမင်းအား မင်းအဖြစ်ကိုအပ်နှင်း၍ မျက်ရည်စွတ်သော မျက်နှာရှိလျက် ငိုသောလူများကိုစွန့်၍ဟိမဝန္တာသို့ဝင်၍ရဟန်းပြု၍ဈာန်အဘိညာဉ်ကိုဖြစ်စေ၍ နေ၏။ အဍ္ဎမာသကမင်း၏ ရဟန်းပြုသောကာလ၌ ဥဒယမင်းသည် ထိုဥဒါန်းကိုအပြည့်အစုံပြု၍ကျူးရင့်လိုရကား။ ။
(၁၁၉၀)အပ္ပဿ ကမ္မဿ ဖလံ မမေဒံ၊ဥဒယော အဇ္ဈာဂမာ မဟတ္တပတ္တံ။
သုလဒ္ဓလာဘော ဝတ မာဏဝဿ၊ယော ပဗ္ဗဇီ ကာမရာဂံ ပဟာယ။ ။
ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။
ဤဂါထာ၏ အနက်ကိုတစ်စုံတစ်ယောက်သောသူသည်မသိ။ ထိုအခါ ထိုဥဒယမင်းကိုမိဖုရားကြီးသည် တစ်နေ့သ၌ ဂါထာ၏အနက်ကိုမေး၏။ မင်းသည်မပြောဆို။ ဥဒယမင်းအား ဂင်္ဂမာလအမည်ရှိသော မင်္ဂလာဆေတ္တာသည်သည်ရှိ၏။ ထိုဆေတ္တာသည်သည် မင်း၏ဆံမုတ်ဆိတ်ကို ပြုပြင်သည်ရှိသော် ရှေးဦးစွာဆံရိတ်ခြင်းအမှုကိုပြု၍နောက်မှညှပ်ဖြင့် မုတ်ဆိတ်တို့ကို နှုတ်၏။ ဆံရိတ်ခြင်းအမှုကို ပြုသောကာလ၌ မင်းအားချမ်းသာရခြင်းသည်ဖြစ်၏။ မုတ်ဆိတ်ကိုနုတ်သောကာလ၌ဆင်းရဲခြင်းဖြစ်၏။ ဥဒယမင်းသည် ဆေတ္တာသည်အားရှေးဦးစွာဆုပေးလို၏။ နောက်မှ ဆံရိတ်ခြင်းကိုအလိုရှိ၏။ ထိုအခါတစ်နေ့သ၌ မင်းသည် မိဖုရားအား၊ ရှင်မ၊ ဂင်္ဂမာလဆေတ္တာသည်သည် မိုက်၏ဟုပြောဆို၍၊ မြတ်သောမင်းကြီး၊ အဘယ်သို့ပြုခြင်းငှါသင့်သနည်းဟု ဆိုသည်ရှိသော်၊ ရှေးဦးစွာညှပ်ဖြင့်မုတ်ဆိတ်တို့ကိုနုတ်၍ နောက်မှဆံရိတ်သောအမှုကို ပြုသင့်၏ဟုဆို၏။ မိဖုရားသည် ဆေတ္တာသည်ကိုခေါ်၍၊ အမောင်၊ ယခုမင်း၏ဆံမုတ်ဆိတ်တို့ကိုပြုပြင်သောနေ့၌ရှေးဦးစွာမုတ်ဆိတ်တို့ကိုနုတ်၍ နောက်မှ ဆံရိတ်သောအမှုကိုပြုလော့။ မင်းသည် ဆုယူလော့ဟုဆိုသည်ရှိသော်၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်အား တစ်ပါးသောဆုဖြင့်အလိုမရှိ။ ရှင်မင်းကြီးတို့၏ ဥဒါန်းဂါထာ၏အနက်ကိုကြားကုန်လော့ဟုဆိုလော့။ ငါသည်သင့်အားများစွာသောဥစ္စာကို ပေးအံ့ဟုဆို၏။ ထိုဆေတ္တာသည်သည် ကောင်းပြီဟုဝန်ခံ၍ ဆံမုတ်ဆိတ်တို့ကိုပြုပြင်သောနေ့၌ ရှေးဦးစွာညှပ်ကိုကိုင်၏။ အချင်းဂင်္ဂမာလ၊အဘယ့်ကြောင့်သင်သည်မပြုဖူးသောအသစ်ဖြစ်သော အမှုကိုပြုသနည်းဟု မေးသည်ရှိသော်၊ မြတ်သောမင်းကြီး၊ ဆေတ္တာသည်တို့မည်သည်ကား မပြုဖူးသောအသစ်ဖြစ်သော အမှုကို လည်းပြုကုန်၏ဟုဆို၍ ရှေးဦးစွာ မုတ်ဆိတ်တို့ကိုနုတ်၍ နောက်မှဆံရိတ်သော အမှုကိုပြု၏။ သင်သည် ဆုကိုယူလော့ဟုဆို၏။ မြတ်သောမင်းကြီး၊ အကျွန်ုပ်အားတစ်ပါးသောဆုဖြင့်အလိုမရှိ၊ ရှင်မင်းကြီးတို့၏ဥဒါန်းဂါထာ၏အနက်ကို ဟောပါကုန်လော့ဟု ဆို၏။ မင်းသည် မိမိဆင်းရဲသောကာလ၌စကားကို ဆိုအံ့သောငှါရှက်ရကား။ အမောင်၊ သင့်အားဤဆုဖြင့် အဘယ်အကျိုးရှိအံ့နည်း။ တစ်ပါးသောဆုကိုယူလော့ဟုဆို၏။ မြတ်သောမင်းကြီး၊ ထိုဆုကိုပေးတော်မူလော့ဟု ဆေတ္တာသည်သည်ဆို၏။ ဥဒယမင်းသည် မုသာဝါဒမှကြောက်သောကြောင့် ကောင်းပြီဟုဝန်ခံ၍ ကုမ္မာသပိဏ္ဍိဇာတ်၌ဆိုအပ်သောနည်းဖြင့် အလုံးစုံကိုလည်းမယုတ်စေမူ၍ရတနာပလ္လင်၌နေ၍၊ ဂင်္ဂမာလ၊ ငါသည်ရှေးဘဝ၌ဤဗာရာဏသီပြည်၌လျှင်ဖြစ်၏။ ဤသို့အစရှိသော အလုံးစုံသောစကားကို ရှေးနည်းဖြင့်ကြား၍ ဤအကြောင်းဖြင့် ထက်ဝက်သောဂါထာကိုဆို၍ ငါ၏အဆွေခင်ပွန်းသည်ကားရဟန်းပြု၏။ ငါသည်မေ့လျော့၍မင်းအဖြစ်ကိုလျှင်ပြု၏ ဤအကြောင်းကြောင့်နောက်ထက်ဝက်သောဂါထာကိုဆို၏ဟု ဥဒါန်းဂါထာ၏အနက်ကိုဟော၏။ ထိုစကားကိုကြား၍ ဆေတ္တာသည်သည် ထက်ဝက်သောကာလ၌ စောင့်ရှောက်အပ်သောဥပုသ်ဟုဆိုအပ်သော ကုသိုလ်ကံဖြင့် မင်းသည်ဤစည်းစိမ်ကိုရ၏။ ကုသိုလ်မည်သည်ကို ပြုအပ်သည်သာလျှင်ဖြစ်၏။ ငါသည်ရဟန်းပြု၍မိမိ၏ တည်ရာကိုပြုရမူကားကောင်း၏ဟုကြံ၍ဆွေမျိုးစဉ်ဆက်စည်းစိမ်ဥစ္စာကိုစွန့်၍ မင်းကို ရဟန်းပြုခြင်းကိုခွင့်ပြုစေ၍ ဟိမဝန္တာသို့သွား၍ ရသေ့ရဟန်းပြု၍ လက္ခဏာရေးသုံးပါးကိုတင်၍ ဝိပဿနာကိုပွါးစေ၍ ပစ္စေကဗုဒ္ဓါအဖြစ်သို့ရောက်၍ တန်းခိုးဖြင့်ဖြစ်သောသပိတ်သင်္ကန်းရှိသည်ဖြစ်၍ ဂန္ဓမာဒနတောင်၌ ငါးနှစ်ခြောက်နှစ်နေ၍ ဗာရာဏသီမင်းကိုကြည့်အံ့ဟု ကောင်းကင်ဖြင့်လာ၍ ဥယျာဉ်ဝယ်မင်္ဂလါ ကျောက်ဖျာ၌နေ၏။ ဥယျာဉ်စောင့်သည်သိ၍ မင်းအိမ်သို့သွား၍၊ မြတ်သောမင်းကြီး၊ ဂင်္ဂမာလသည် ပစ္စေကဗုဒ္ဓါဖြစ်၍ ကောင်းကင်ဖြင့်လာ၍ ဥယျာဉ်၌နေ၏ဟုမင်းအားကြား၏။ မင်းသည် ထိုစကားကိုကြား၍ ပစ္စေကဗုဒ္ဓါကိုရှိခိုးအံ့ဟု လျင်မြန်စွာထွက်၏။ မင်း၏ မယ်တော်သည်လည်းသားနှင့်တကွလျှင်ထွက်၏။ မင်းသည်ဥယျာဉ်သို့ဝင်၍ပစ္စေကဗုဒ္ဓါကို ရှိခိုး၍ ပရိသတ်နှင့်တကွတင့်အပ်လျောက်ပတ်စွာနေ၏။ ပစ္စေကဗုဒ္ဓါသည်မင်းနှင့်တကွပဋိသန္ဓာရကိုပြုသည်ရှိသော်၊ ဗြဟ္မဒတ်၊ သင်သည်မေ့လျော့သလော။ တရားသဖြင့်မင်းပြု၏လော၊ ဒါနအစရှိသော ကောင်းမှုတို့ကို ပြု၏လောဟု မင်းကိုအမျိုးအမည်အားဖြင့် ခေါ်၍ ပဋိသန္ဓာရကိုပြု၏။ ထိုစကားကိုကြား၍ မင်း၏မယ်တော်သည် ဤအမျိုးယုတ်သောအညစ်အကြေးကိုသုတ်သင်သော ဆေတ္တာသည်သားသည် ကိုယ်ရမ်းကိုမသိ။ ရေမြေရှင်ဖြစ်သော ငါ့သားကိုဗြဟ္မဒတ်ဟု အမည်အားဖြင့်ခေါ်၏ဟုအမျက်ထွက်၍။ ။
(၁၁၉၁)တပသာ ပဇဟန္တိ ပါပကမ္မံ၊တပသာ နှာပိတကုမ္ဘကာရဘာဝံ။
တပသာ အဘိဘုယျ ဂင်္ဂမာလ၊နာမေနာလပသဇ္ဇ ဗြဟ္မဒတ္တံ။ ။
ဟူသောဤသတ္တမဂါထာကိုဆို၏။ ။
မင်းသည်မယ်တော်ကိုမြစ်၍၊ ပစ္စေကဗုဒ္ဓါ၏ဂုဏ်ကိုပြလိုရကား။ ။
(၁၁၉၂)သန္ဒိဋ္ဌိကမေဝ အမ္မပဿ၊ခန္တီ-သောရစ္စဿ ယော ဝိပါကော။
သော သဗ္ဗဇနဿ ဝန္ဒိတောဟု၊တံ ဝန္ဒါမ သရာဇိကာ သမစ္စာ။ ။
ဟူသောဤအဋ္ဌမဂါထာကိုဆို၏။ ။
မင်းသည်မယ်တော်ကိုမြစ်သည်ရှိသော်၊ ကြွင်းသော လူများသည်ထ၍၊ ရှင်မင်းကြီး၊ ရှင်မင်းကြီးအား ဤသို့သဘောရှိသော အမျိုးယုတ်သောသူသည်အမည်အားဖြင့် ခေါ်ခြင်းသည်မသင့်ဟုဆို၏။ မင်းသည်လူများကိုလည်းမြစ်၍ ပစ္စေကဗုဒ္ဓါ၏ကျေးဇူးစကားကိုဆိုအံ့သောငှါ။ ။
(၁၁၉၃)မာ ကိဉ္စိ အဝစုတ္ထ ဂင်္ဂမာလံ၊မုနိနံ မောနပထေသု သိက္ခမာနံ။
ဧသော ဟိ အတရိ အဏ္ဏဝံ၊ယံ တရိတွာ စရန္တိ ဝီတသောကာ။ ။
ဟူသောဤဩသာနဂါထာကိုဆို၏။ ။
(၁၁၉၃)အမ္ဘော၊ အချင်းတို့။ တုမှေ၊ သင်တို့သည်။ မုနိနံ၊ အဂါရိက,အနဂါရိက,သေက္ခ,အသေက္ခ,ပစ္စေကဗုဒ္ဓါတို့၏။ မောနပထေသု၊ သုံးပါးသောသိက္ခာ,သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယ တရားဟုဆိုအပ်ကုန်သော ရဟန်းတို့၏အကျင့်တို့၌။ သိက္ခမာနံ၊ ကျင့်သော။ ဂင်္ဂမာလံ၊ ဂင်္ဂမာလကို။ ကိဉ္စိ၊ တစ်စုံတစ်ခုသောစကားကိုမျှ။ မာအဝစုတ္ထ၊ မဆိုကြကုန်လင့်။ ဝီတသောကာ၊ စိုးရိမ်ခြင်းကင်းကုန်သော အရိယာတို့သည်။ ယံ၊ အကြင်သံသရာတည်းဟူသောသမုဒ္ဒရာကို။ တရိတွာ၊ ကူး၍။ စရန္တိ၊ သွားကုန်၏။ ဧသော၊ ဤဂင်္ဂမာလသည်။ တံအဏ္ဏဝံ၊ ထိုသံသရာတည်းဟူသော သမုဒ္ဒရာကို။ အတာရိဟိ၊ ကူးပြီးသလျှင်ကတည်း။ ။ (အဒ္ဒသံကာမတေမူလံ၌၊ ကာမကား ဓမ္မအာလုပ်တည်း။ ။ ပရိဝဇ္ဇေထဇဂ္ဂန္တောဆိုအပ်လျက် ဂိုဏ်းကြောင့် နသံယုဂ်ကိုချေ၍ ဇဂ္ဂတောနေသည်။ ။ ထို့ကြောင့်၊ ဇဂ္ဂတောတိဇဂ္ဂန္တော,ဟု-အဋ္ဌကထာဖွင့်သည်)။ ။
ဂင်္ဂမာလဇာတကံပဉ္စမံ။၄၂၁။