ဘောပုရိသ၊ အိုယောက်ျား။ တွံ၊ သင်သည်။ သစေမုစ္စေ၊ အကယ်၍ဝန်ခံခြင်းမှလွတ်လိုငြားအံ့။ ပေစွ၊ တမလွန်ဘဝ၌။ မုစ္စေ၊ လွတ်အောင်ပြုရာ၏။ ဟိယသ္မာ၊ အကြင်ကြောင့်။ မုစ္စမာနော၊ ပါဏာတိပါတကိုပြု၍ဝန်ခံခြင်းမှ လွတ်စေသောသူသည်။ ဗဇ္ဈတိ၊ မကောင်းမှုမိ၏။ တသ္မာ၊ ထို့ကြောင့်။ ဓီရာ၊ ပညာရှိတို့သည်။ ဧဝံ၊ ဤသို့ပါဏာတိပါတကိုပြု၍ဝန်ခံခြင်းမှလွတ်စေခြင်းဖြင့်။ နမုစ္စန္တိ၊ ဝန်ခံခြင်းမှလွတ်သည်ကိုမပြုကုန်။ ဗာလဿ၊ သူမိုက်၏။ မုတ္တိ၊ ပါဏာတိပါတကိုပြု၍ဝန်ခံခြင်းမှလွတ်စေခြင်းသည်ကား။ ဗန္ဓနံ၊ မကောင်းမှုမိကြောင်းနှောင်ဖွဲ့ကြောင်းသည်။ ဟောတိ၊ ဖြစ်၏။ ။
(ဘုရားလောင်းရုက္ခစိုးနတ်သည်ဤသို့တရားဟော၏။ ထိုအခါမှစ၍ လူတို့သည်ပါဏာတိပါတမှကြဉ်ကုန်လျက်တရားကိုကျင့်ကုန်၍နတ်ပြည်ကိုပြည့်စေကုန်၏)။ ။
အာယာစိတဘတ္တဇာတကံနဝမံ။၁၉။