(၁၂ဝ) နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဗန္ဓာတတ္ထဗဇ္ဈန္တိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗန္ဓနမောက္ခဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ စိဉ္စမာနဝိကာကိုအကြောင်းပြု၍ ဟောတော်မူ၏။
မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ယတ္ထ၊ အကြင်အမှု၌။ ဗာလာ၊ သူမိုက်တို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုသူမိုက်တို့ဆိုသောအမှု၌။ အဗန္ဓာဝိ၊ နှောင်ဖွဲ့ခြင်းငှါ မသင့်သောသူတို့ကိုလည်း။ ဗဇ္ဈန္တိ၊ နှောင်ဖွဲ့အပ်ကုန်၏။ ယတ္ထ၊ အကြင်အမှု၌။ ဓိရာ၊ ပညာရှိတို့သည်။ ပဘာသရေ၊ ဆိုကုန်၏။ တတ္ထ၊ ထိုပညာရှိတို့ဆိုသောအမှု၌။ ဗန္ဓာပိ၊ အနှောင်အဖွဲ့ခံရကုန်သောသူတို့သည်လည်း။ မုစ္စန္တိ၊ အနှောင်အဖွဲ့မှလွတ်ကုန်၏။
ဗန္ဓနမောက္ခဇာတကံ ဒသမံ။၁၂၀။ ဟံစိဝဂ္ဂေါဒွါဒသမော။ တဿုဒါနံ။ ။
ဂဒြဘပဉှာ အမရာ၊သိင်္ဂါလံ မိတစိန္တိစ။
အနုသာသိက-ဒုဗ္ဗစံ၊တိတ္တိရံ ဝဋ္ဋကံပုန၊အကာလရဝိ-ဗန္ဓနံ။ ။