နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဧဝမေဝနုရာဇာနံ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝိနီလကဇာတ်ကို၊ဝေဠုဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်၏ ဘုရားအတုကိုပြုခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဝိနီလကသည် ဝိဒေဟမင်းကိုမြင်၍ ငါ့အားဝိဒေဟမင်းနှင့်အဘယ်မှာထူးအံ့နည်း။ ဤဝိဒေဟရာဇ်မင်းသည်သိန္ဓောမြင်းလေးစီးကသောရထား၌စီး၍မြို့ကိုလှည့်၏။ ငါသည်တမူကားဟင်္သာကသောရထား၌ စီး၍သွားရ၏ဟုကြံ၍ကောင်းကင်ဖြင့်သွားလျက်။ ။
(၁၇၁) ဧဝ-မေဝ နူရာဇာနံ၊ဝေဒေဟံ မိထိလဂ္ဂဟံ။
အဿာ ဝဟန္တိ အာဇညာ၊ယထာ ဟံသာ ဝိနီလကံ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုဝိနီလကကိုအဘသည်အမျက်ထွက်၍ သင်သည် ငါ၏သားတို့ထက်လွန်မြတ်သလော။ ငါ၏သားတို့ကိုနှိပ်စက်၍ ရထား၌ကကုန်သော သိန္ဓောမြင်းတို့ကိုကဲ့သို့ ပြုဘိ၏။ မိမိ၏ပမာဏကိုမသိ။ ဤအရပ်သည် ကျက်စားရာအရပ်မဟုတ်။ သင်အမိ၏နေရာအရပ်သို့သာလျှင် သွားလေလော့ဟုခြိမ်းခြောက်၍။ ။
(၁၇၂)ဝိနီလ ဒုဂ္ဂံ ဘဇသိ၊အ-ဘူမိံ တာတ သေဝသိ။
ဂါမ-န္တကာနိ သေဝဿု၊ဧတံ မာတာလယံ တဝ။
(၁၇၂) တာတဝိနီလ၊ အချင်းဝိနီလ။ ဣမေသံ၊ ဤဟင်္သာပျိုညီနောင်တို့၏။ ဝသေန၊ အစွမ်းအားဖြင့်။ တွံ၊ သင်သည်။ ဒုဂ္ဂံ၊ ရောက်နိုင်ခဲသောတောင်မြောင်းချောက်ကြားအရပ်သို့။ ဘဇသိ၊ ရောက်လာ၏။ အ-ဘူမိံ၊ သင်၏အရာမဟုတ်သောမြေအရပ်ကို။ တွံ၊ သင်သည်။ သေဝသိ၊ မှီဝဲလာ၏။ တွံ၊ သင်သည်။ ဂါမ-န္တရာနိ၊ ရွာစွန်းရွာနားအရပ်တို့ကို။ သေဝဿု၊ မှီဝဲလေလော့။ ဧတံဂါမ-န္တရံ၊ ဤမစင်တောအကောင်ပုပ်စွန့်ရာဖြစ်သောရွာစွန်းရွာနားအရပ်သည်။ တဝ၊ သင်၏။ မာတာ-လယံ၊ အမိကျီးမနေရာအရပ်တည်း။ တွံ၊ သင်သည်။ တတ္ထ၊ ထိုအမိကျီးမနေရာအရပ်သို့။ ဂစ္ဆ၊ သွားလေလော့။ (နုတိပရိဝိတက္ကေနိပါတော၊ဧကံသေဝိဝတ္တတိယေဝ။ ဝိမိဿံနီလံယဿာတိဝိနီလော၊ အဘဟင်္သာဖြစ်၍အညိုသက်သက်မဟုတ်၊ ရွှေရွှေဝါဝါရောလျက်ညိုသောအဆင်းရှိရကားဝီနိလမည်သည်။အမိမှရသောအမည်လည်းမဟုတ်၊အဘမှရသောအမည်လည်းမဟုတ်၊သူ့ဂုဏ်ပုဒ်တည်း)။ ။
ဝိနီလဇာတကံဒသမံ။ ။ ဒဠှဝဂ္ဂေါပဌမော။ တဿုဒ္ဒါနံ။ ။
ရာဇောဝါဒဉ္စ,သိင်္ဂါလံ၊သူကရံ,ဥရဂံ,ဘဂ္ဂံ။
အလီနစိတ္တ,ဂုဏဉ္စ၊ဟနု,မောရ,ဝိနီလကံ။