နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဓမ္မောဟဝေဟတောဟန္တိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစေတိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်အားမြေမျိုခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။
ထိုအခါ ငါ့အားကြားလော့ဟု ကပိလရသေ့သည်ဆို၏။ ခုနှစ်ရက် မြောက်ဖြစ်သောနေ့၌ လူတို့သည်မုသာဝါဒကိုကြည့်ကုန်အံ့ဟု မင်းရင်ပြင်၌စည်းဝေး၍ ညောင်စောင်းအဆင့်ဆင့်တို့ကိုဘွဲ့၍တည်ကုန်၏။ ပုရောဟိတ်သားအဖအားကြား၏။ မင်းသည် တန်းဆာဆင်လျက်ထွက်၍ လူများအလယ်၌မင်းရင်ပြင်ကောင်းကင်၌ရပ်၏။ ရသေ့သည် ကောင်းကင်ဖြင့်လာ၍မင်း၏ရှေ့မှနိသိဒိုန်သားရေကိုခင်း၍ ကောင်းကင်၌ထက်ဝယ်ဖွဲ့သဖြင့်နေ၍၊ မြတ်သောမင်းကြီး၊ မုသာဝါဒမည်သည်ကားအပြစ်လေး၏။ ဂုဏ်ကျေးဇူးကိုဖျက်ဆီးတတ်၏။ အပါယ်လေးပါးတို့၌ဖြစ်စေတတ်၏။ မင်းမည်သည်ကား မုသာဝါဒဆိုသည်ရှိသော်တရားကိုသတ်၏။ တရားကိုသတ်သော်မိမိသည်လျှင် မိမိကိုယ်ကို သတ်သည်ဖြစ်၏ဟုဆုံးမလိုရကား။ ။
(၁၁၉၄)ဓမ္မော ဟဝေ ဟတော ဟန္တိ၊နာဟတော ဟန္တိ ကိဉ္စနံ။
တသ္မာ ဟိ ဓမ္မံ န ဟနေ၊မာ တွံ ဓမ္မော ဟတော ဟနိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုနောင်ထိုမင်းကို၊ မြတ်သောမင်းကြီး၊ သင်မင်းကြီးသည် မုသားဆိုခြင်းကို အကယ်၍ပြုလတ္တံ့။ သင်မင်းကြီး၏လေးပါးကုန်သော တန်ခိုးတို့သည်ကွယ်ကုန်လတ္တံ့ဟုဆို၍အလွန်လည်းဆုံးမလိုရကား။ ။
(၁၁၉၅)အလိကံ ဘာသမာနဿ၊အပက္ကမန္တိ ဒေဝတာ။
ပူတိကဉ္စ မုခံ ဝါတိ၊သကဋ္ဌာနာ စ ဓံသတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ မင်းသည်ကြောက်ရကား။ ကောရကလမ္ဗကကိုကြည့်၏။ ထိုမင်းကိုကောရကလမ္ဗကသည်၊ မြတ်သောမင်းကြီး၊ မကြောက်လင့်။ အကျွန်ုပ်သည် ရှေးမဆွကလျှင်ရှင်မင်းကြီးတို့အား ထိုစကားကို ဆိုအပ်ပြီးမဟုတ်လောဟုဆို၏။ မင်းသည် ကပိလရသေ့စကားကို ကြားသော်လည်းမယူမူ၍မိမိသည်ဆိုအပ်သောစကားကိုသာလျှင် ရှေးရှုပြု၍ ဆိုလိုရကား၊ အရှင်ဘုရား၊ သင်သည်ညီတည်း။ ကောရကလမ္ဗကသည် အစ်ကိုယ်တည်းဟုဆို၏။ ထိုမုသာဝါဒကိုဆိုခြင်းကြောင့် လေးယောက်ကုန်သောနတ်သားတို့သည်။ ထိုသို့သဘောရှိသော မုသာဝါဒကိုဆိုသောမင်းအားစောင့်ရှောက်ခြင်းကိုမပြုကုန်အံ့ဟု သန်လျက်တို့ကိုထိုမင်း၏ခြေရင်း၌ စွန့်ပစ်၍ကွယ်ကုန်၏။ ခံတွင်းသည်ကွဲသောကြက်ဥပုပ်ကဲ့သို့၊ ကိုယ်သည်ဖွင့်အပ်သောဝစ္စကုဋီကဲ့သို့မကောင်းသောအနံ့သည်လှိုင်၏။ ကောင်းကင်မှလည်းလျှောကျ၍မြေ၌တည်၏။ လေးပါးသောတန်းခိုးသည် ကွယ်ကုန်၏။ ထိုအခါထိုမင်းကိုမဟာပုရောဟိတ်သည်၊ မြတ်သောမင်းကြီး၊ မကြောက်လင့်။ မှန်သောစကားကိုအကယ်၍ဆိုအံ့၊ သင်မင်းကြီး၏ ထိုအလုံးစုံသောတန်ခိုးတို့ကိုပကတိပြုအံ့ဟုဆိုလို၍။ ။
(၁၁၉၆)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘူမိယံ တိဋ္ဌ စေတိယ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုမင်းသည်။ မြတ်သောမင်းကြီး၊ သင်သည်ရှုလော့၊ ရှေးဦးစွာမုသားဆိုခြင်းကြောင့်လျှင် သင်မင်းကြီး၏ တန်းခိုးလေးပါးတို့သည် ကွယ်ကုန်၏မှတ်လော့။ ယခုလည်းပကတိပြုအံ့သော် တတ်ကောင်း၏ဟု ရှင်ရသေ့ဆိုငြားသော်လည်းဆိုတိုင်းမပြုမူ၍သင်တို့သည် ငါ့ကိုလှည့်စားလိုကုန်၏ဟုနှစ်ကြိမ်မြောက်လည်း မုသာဝါဒကိုဆို၍ဘမျက်တိုင်အောင်မြေသို့ဝင်၏။ ထိုအခါထိုမင်းကိုတဘန်လည်းပုဏ္ဏားကြီးသည်၊ မြတ်သောမင်းကြီး၊ မှတ်လော့၊ ယခုလည်း ပကတိပြုအံ့သောငှါတတ်ကောင်း၏ဟုပြလို၍။ ။
(၁၁၉၇)အကာလေ ဝဿတီ တဿ၊ကာလေ တဿ န ဝဿတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ထိုအခါထိုမင်းကို တဘန်လည်း မုသာဝါဒ၏အစွမ်းအားဖြင့်ဘမျက်တိုင်အောင်မြေမျို၏။ ပုရောဟိတ်ကြီးသည်၊ မြတ်သောမင်းကြီး၊ မှတ်လော့ဟုဆိုလို၍။ ။
(၁၁၉၈)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘူမိံ ပဝိသ စေတိယ။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ထိုမင်းသည်သုံးကြိမ်မြောက်လည်း၊ အရှင်ဘုရား၊ သင်ကားညီတည်း၊ ကောရကလမ္ဗကကားအစ်ကိုယ်တည်းဟုမုသာဝါဒကိုလျှင်ဆို၍ ပုဆစ်တိုင်အောင်မြေသို့ဝင်၏။ ထိုအခါ ထိုမင်းကို တဘန်လည်း ပုရောဟိတ်ကြီးသည်၊ မြတ်သောမင်းကြီး၊ မှတ်လော့ဟုဆိုလို၍။ ။
(၁၁၉၉)ဇိဝှာ တဿ ဒွိဓါ ဟောတိ၊ဥရဂဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
(၁၂၀၀)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘိယျော ပဝိသ စေတိယ။ ။
ဟူသော ဤနှစ်ဂါထာတို့ကိုဆို၍ ယခုပကတိ ပြုအံ့သောငှါတတ်ကောင်း၏ဟုဆို၏။
(၁၁၉၉-၁၂၀၀)ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသောအပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ ဒိသမ္ပတိ၊ အရပ်မျက်နှာ၏အရှင်ဖြစ်သောမင်းကြီး။ ဥရဂဿ၊ မြွေ၏။ ဇိဝှါဣဝ၊ လျှာကဲ့သို့။ တဿ၊ ထိုမုသားဆိုသောမင်း၏။ ဇိဝှါ၊ လျှာသည်။ ဒွိဓာ၊ နှစ်ခွ။ ဟောတိ၊ ဖြစ်၏။ ။
စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေဟိဘဏသိ၊ အကယ်၍ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေဘာသသေ၊ အကယ်၍ဆိုအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။ ။
မင်းသည် ထိုပုရောဟိတ်ကြီး၏ စကားကိုကြားလျက်လည်း မယူမူ၍၊ အရှင်ဘုရား၊ သင်ကားညီတည်း။ ကောရကလမ္ဗကကားအစ်ကိုယ်တည်းဟုလေးကြိမ်မြောက်လည်းမုသာဝါဒဆို၍ ခါးတိုင်အောင်မြေသို့ဝင်၏။ ထိုအခါထိုမင်းကို ပုရောဟိတ်ကြီးသည်၊ မြတ်သောမင်းကြီး၊ သင်သည်မှတ်လော့ဟုဆိုလို၍။ ။
(၁၂၀၁)ဇိဝှာ တဿ န ဘဝတိ၊မစ္ဆဿေဝ ဒိသမ္ပတိ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
(၁၂၀၂)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘိယျော ပဝိသ စေတိယ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
ထိုမင်းသည်ငါးကြိမ်မြောက်၊ အရှင်ဘုရား၊ သင်ကားညီတည်း။ ကောရကလမ္ဗကကားအစ်ကိုယ်တည်းဟု မုသားဆို၍ ချက်တိုင်အောင် မြေသို့ဝင်၏။ ထိုအခါ ထိုမင်းကို၊ ပုရောဟိတ်ပုဏ္ဏားသည်တဘန်လည်း၊ မြတ်သောမင်းကြီး၊ မှတ်လော့ဟုဆိုလို၍။ ။
(၁၂ဝ၃)ထိယောဝ တဿ ဇာယန္တိ၊န ပုမာ ဇာယရေ ကုလေ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
(၁၂၀၄)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘိယျော ပဝိသ စေတိယ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၁၂၀၃-၁၂၀၄)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသောအပြားအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုသားဆိုသောမင်း၏။ ကုလေ၊ အမျိုး၌။ ထိယော၊ သားမိန်းမတို့သည်သာ။ ပဇာယန္တိ၊ ဖွားကုန်၏။ ပုမာ၊ သားယောက်ျားတို့သည်။ နဇာယရေ၊ မဖွားကုန်။ ။
စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေဟိဘဏသိ၊ အကယ်၍ဆိုအံ့။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းကြီး။ မုသာ၊ မမှန်သောစကားကို။ စေဘာသသေ၊ အကယ်၍ဆိုအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။ ။
မင်းသည် ထိုပုရောဟိတ်၏စကားကို မယူမူ၍ ခြောက်ကြိမ်မြောက် ရှေးအတူလျှင်မုသားဆို၍အသားမြတ်တိုင်အောင် မြေသို့ဝင်၏။ ထိုအခါ ထိုမင်းကိုတဘန်လည်း ပုရောဟိတ်ကြီးသည်၊ မြတ်သောမင်းကြီး၊ မှတ်လော့ဟုဆိုလို၍။ ။
(၁၂ဝ၅)ပုတ္တာ တဿ န ဘဝန္တိ၊ပက္ကမန္တိ ဒိသောဒိသံ။
ယော ဇာနံ ပုစ္ဆိတော ပဉှံ၊အညထာ နံ ဝိယာကရေ။ ။
(၁၂၀၆)သစေ ဟိ သစ္စံ ဘဏသိ၊ဟောဟိ ရာဇ ယထာ ပုရေ။
မုသာ စေ ဘာသသေ ရာဇ၊ဘိယျော ပဝိသ စေတိယ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၁၂၀၅-၁၂၀၆)မဟာရာဇ၊ မြတ်သောမင်းကြီး။ ယော၊ အကြင်မင်းသည်။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိတော၊ မေးအပ်သည်ရှိသော်။ ဇာနံ၊ သိလျက်။ နံ၊ ထိုပြဿနာကို။ အညထာ၊ တစ်ပါးသောအားဖြင့်။ ဝိယာကရေ၊ ဖြေ၏။ တဿ၊ ထိုမုသားဆိုသောမင်းအား။ ပုတ္တာ၊ သားတို့သည်။ နဘဝန္တိ၊ မဖြစ်ကုန်။ ဘဝန္တာပိ၊ ဖြစ်ကုန်ငြားသော်လည်း။ မာတာပိတူနံ၊ မိဘတို့အား။ အနုပကာရကာ၊ ကျေးဇူးမပြုကုန်သည်ဖြစ်၍။ ဒိသောဒိသံ၊ ထိုထိုအရပ်မျက်နှာသို့။ ပက္ကမန္တိ၊ ပြေးကုန်၏။ ။
စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ သစ္စံ၊ မှန်သောစကားကို။ သစေဟိဘဏသိ၊ အကယ်၍ဆိုငြားအံ့။ ပုရေယထာ၊ ရှေး၌ကဲ့သို့။ ဟောဟိ၊ ဖြစ်လော့။ စေတိယ၊ စေတိယအမည်ရှိသော။ ရာဇ၊ မင်းမြတ်။ မုသာ၊ မမှန်သောစကားကို။ စေဘာသသေ၊ အကယ်၍ဆိုငြားအံ့။ ဘိယျော၊ အလွန်။ ပဝိသ၊ မြေသို့ဝင်လော့။ ။
ထိုမင်းသည် ယုတ်မာသော အဆွေခင်ပွန်းနှင့် ပေါင်းဖက်ခြင်းဟူသောအပြစ်ကြောင့် ပုရောဟိတ်၏ စကားကိုမယူမူ၍ ခုနှစ်ကြိမ်လည်း ရှေးအတူလျှင်မုသားဆို၏။ ထိုအခါထိုမင်းအား မြေသည် ဟင်းလင်းသောအပြစ်ကိုပေး၏။ အဝီစိမှမီးလျှံသည်တက်၍ယူ၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မှု၍ ဘုရားဖြစ်တော်မူပြီး၍။ ။
(၁၂၀၇)သ ရာဇာ ဣသိနာ သတ္တော၊အန္တလိက္ခစရော ပုရေ။
ပါဝေက္ခိ ပထဝိံ စေစ္စော၊ဟီနတ္တော ပတွ ပရိယာယံ။ ။
(၁၂၀၈)တသ္မာ ဟိ ဆန္ဒါဂမနံ၊နပ္ပသံသန္တိ ပဏ္ဍိတာ။
အဒုဋ္ဌစိတ္တော ဘာသေယျ၊ဂိရံ သစ္စူပသံဟိတံ။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၁၂၀၇-၁၂၀၈)ဘိက္ခဝေ၊ ရဟန်းတို့။ ဇစ္စော၊ အမျိုးမြတ်သော။ သောရာဇာ၊ ထိုစေတိယမင်းသည်။ ပုရေ၊ ရှေး၌။ အန္တလိက္ခစရော၊ ကောင်းကင်၌သွားသည်ဖြစ်လျက်။ ပစ္ဆာ၊ နောက်မှ။ ဣမိနာ၊ ဤအဆွေခင်ပွန်းယုတ်နှင့်။ ပတ္တော၊ ကြုံလတ်၍။ ဟီနတ္တော၊ ယုတ်မာသောသဘောရှိသည်ဖြစ်၍။ ပတ္တပရိယာယံ၊ မိမိသေလှည့်ရောက်၍။ ပထဝိံ၊ မြေသို့။ ပါဝေက္ခိ၊ ဝင်ဖူးပြီ။ ။
တသ္မာဟိ၊ ထိုကြောင့်လျှင်။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဆန္ဒာဂမနံ၊ ဆန္ဒာဂတိသို့လားခြင်းကို။ နပ္ပသံသန္တိ၊ မချီးမွမ်းကုန်။ အဒုဋ္ဌစိတ္တော၊ ဆန္ဒာဂတိအစရှိသည်တို့သည် မဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍။ သစ္စူပသံဟိတံ၊ သစ္စာနှင့်စပ်သော။ ဂိရံ၊ စကားကို။ ဘာသေယျ၊ ဆိုရာ၏။ ။
(ဟန္တိ၌ဟနဓာတ်၊ တိဝိဘတ်၊ အပစ္စည်း။ ။ လောပဉ္စေတ္တမကာရော,ဖြင့်အကျေ၍ဟန္တိနေသည်။ ။ ကိဉ္စနံလိုသည်၊ ကိဉ္စိနံမလို။ ။ မာတွံ၌တွံကားဒုတိယန္တ။ မာတံဟူ၍လည်းရှိသင့်၏။ ။ သကဋ္ဌာနာလိုသည်။ သဂ္ဂဋ္ဌာနာမလို။ ။ ဇိဝှါတဿနဘဝတိ၌။ စကားဆိုခြင်းငှါစွမ်းနိုင်သောလျှာမရှိသည်ကိုယူ။ ။ ဇိဝှါပသာဒကင်းသည်ကိုမယူလင့်။ ။ ပတ္တပရိယာယန္တိ အတ္တနောကာလပရိယာယံ ပတွာပထဝိံ ပါဝိသီတိအတ္ထော။ ။ (အဋ္ဌကထာ)။ ။ ဤဇာတ်သည် ဂါထာများသော်လည်းတူသည်ကို ပေါင်းသောအားဖြင့် အဋ္ဌနိပါတ်၌သင်္ဂါယနာတင်သည်)။ ။
စေတိယဇာတကံ ဆဋ္ဌံ။၄၂၂။