Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

238. Ekapadajātakaṃ (2-9-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣင်္ဃဧကံပဒံ တာတ, အစရှိသောဂါထာပုဒ်တို့ဖြင့် တန်းဆာဆင်အပ်သော ဤဧကပဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောသူကြွယ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါထိုသူဋ္ဌေး၏ငယ်သောနုပျိုသောသားသည်ရင်ခွင်၌နေ၍၊ ဘခင်၊ အကျွန်ုပ်အားတစ်ခုသောပုဒ်ရှိသော များသောအကျိုးကို မှီသောအကြောင်းကိုဆိုပါကုန်လော့ဟုမေးလိုသည်ဖြစ်၍။ ။

(၃၃၁)ဣင်္ဃ ဧက-ပဒံ တာတ၊အနေက-တ္ထ-ပဒဿိတံ။

ကိဉ္စိ သင်္ဂါဟိကံ ဗြူသိ၊ယေန-တ္ထေ သာဓယေမသေ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၃၁)တာတ၊ ဘခင်။ ဣင်္ဃ၊ တောင်းပန်ပါ၏။ ယေန၊ အကြင်များစွာသောအကြောင်းကိုမှီသောတစ်ခုသောအကြောင်းအဖို့ဖြင့်။ အတ္ထေ၊ အကျိုးစီးပွါးတို့ကို။ မယံ၊ အကျွန်ုပ်တို့သည်။ သာဓယေမသေ၊ ပြီးစေကုန်အံ့။ အနေကတ္ထပဒဿိတံ၊ များစွာသောအကြောင်းအစုတို့ကိုမှီထသော။ သင်္ဂါဟိကံ၊ များစွာသောအကြောင်းကိုပြတတ်သောပုဒ်ကိုသင်္ဂြိုဟ်တတ်သော။ ကိဉ္စိဧကံပဒံ၊ တစ်စုံတစ်ရာဖြစ်သောတစ်ခုသောပုဒ်ကို။ ဝါ၊ တစ်ခုသော အကြောင်းအဖို့အစုကို။ ဗြူသိ၊ ဘခင်ဟောပါလော့။ ။

ထိုအခါထိုသူငယ်ကိုအဘသည်ဖြေလိုသည်ဖြစ်၍။ ။

(၃၃၂)ဒက္ခေယျေ-က-ပဒံ တာတ၊အနေကတ္ထ-ပဒဿိတံ။

တဉ္စ သီလေန သညုတ္တံ၊ခန္တိယာ ဥပပါဒိတံ။

အလံ မိတ္တေ သုခါပေတုံ၊အမိတ္တာနံ ဒုခါယ စ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၃၂)တာတ၊ ချစ်သား။ ဒက္ခေယျံ၊ လာဘ်ကိုဖြစ်စေခြင်း၌ လိမ်မာသောသူ၏အဖြစ်ဟုဆိုအပ်သော ဉာဏ်နှင့်ယှဉ်သောဝီရိယဟူသော။ ဧက-ပဒံ၊ တစ်ခုသောတရားအဖို့သည်။ အနေကတ္ထ-ပဒဿိကံ၊ တစ်ပါးမကများစွာသောအကြောင်းဟူသောအဖို့အစုကိုမှီ၏။ တဉ္စ၊ ထိုဉာဏ်နှင့်ယှဉ်သောဝီရိယသည်လည်း။ သီလေန၊ အာစာရသီလနှင့်။ သညုတ္တံ၊ ယှဉ်စပ်အပ်လတ်သည်ရှိသော်။ ခန္တိယာ၊ သည်းခံခြင်းနှင့်။ ဥပပါဒိတံ၊ ပြည့်စုံလတ်သည်ရှိသော်။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ သုခါပေတုဉ္စ၊ ချမ်းသာစိမ့်သောငှါ၎င်း။ အမိတ္တာနံ၊ ရန်သူတို့ကို။ ဒုခါယစ၊ ဆင်းရဲစိမ့်သောငှါ၎င်း။ အလံ၊ စွမ်းနိုင်၏။ ။

ဧကပဒဇာတကံ အဋ္ဌမံ။၂၃၈။