နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ကလျာဏဓမ္မော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကလျာဏဓမ္မဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီ တင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောနားပင်းသော ယောက္ခမကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ဖြစ်သောကောင်းသော အသံမည်သည်ကို ကွယ်စေခြင်းငှါမသင့်ဟု ထိုအရပ်မှပြန်၍ မင်း၏အထံသို့သွား၍။ သူဋ္ဌေးကြီး၊ယခုပင်လျှင်သွား၍ အဘယ့်ကြောင့်တဖန်လာပြန်သနည်းဟုဆိုသည်ရှိသော်၊မြတ်သောမင်းကြီး၊အကျွန်ုပ်တို့၏ အိမ်သူအပေါင်းသည်အကျွန်ုပ်ကို ရဟန်းပြုသတတ်ဟုဆို၍ငိုကြွေး၏။ စင်စစ်သဖြင့်လျှင်ဖြစ်သောကောင်းသောအသံကိုမကွယ်စေအပ်။ ထို့ကြောင့်အကျွန်ုပ်သည် ရဟန်းပြုအံ့။ ရဟန်းအဖြစ်ကိုခွင့်ပြုတော်မူပါလောဟု ထိုအကြောင်းကိုပြအံ့သောငှါ။ ။
(၁၉၃)ကလျာဏ-ဓမ္မော-တိ ယဒါ ဇနိန္ဒ၊လောကေ သမညံ အနုပါပုဏာတိ။
တသ္မာ န ဟိယျေထနရော သ-ပညော၊ဟိရိယာပိ သန္တော ဓုရ-မာဒိယန္တိ။
(၁၉၄)သာ-ယံ သမညာ ဣဓ-မဇ္ဇပတ္တာ၊ကလျာဏ-ဓမ္မော-တိ ဇနိ-န္ဒ လောကေ။
တာဟံ သမေက္ခံ ဣဓ ပဗ္ဗဇိဿံ၊နဟိမ-တ္ထိ ဆန္ဒေါ ဣဓ ကာမ-ဘောဂေ။
ဟူသောနှစ်ဂါထာကိုလျှောက်၏။ ။
(၁၉၃-၁၉၄)ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်းမြတ်။ လောကေ၊ လူ့ရွာ၌။ နရော၊ လူသည်။ ယဒါ၊ အကြင်အခါ၌။ ကလျာဏ-ဓမ္မောတိ၊ ကောင်းသောအကျင့်သီလရှိပေသသူဟူ၍။ သမညံ၊ အမည်ပညတ်ဝေါဟာရသို့။ အနုပါပုဏာတိ၊ ရောက်၏။ သ-ပညော၊ ပညာရှိသော။ သောနရော၊ ထိုလူသည်။ တသ္မာတတောသမညတော၊ ထိုသီလရှိသသူ ကောင်းသောအကျင့်တရားရှိသသူ ရဟန်းဟူသောအမည် ပညတ်မှ။ န ဟိယျေထ၊ မယုတ်စေရာ။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သန္တော၊ သူတော်ကောင်းတို့မည်သည်ကား။ ဟိရိဟာပိ၊ အဇ္ဈတ္တသမုဋ္ဌိတဖြစ်သောဟိရိဖြင့်၎င်း။ ဩတ္တပ္ပေနပိ၊ ဗဟိဒ္ဓသမုဋ္ဌိတဖြစ်သောဩတ္တပ္ပဖြင့်၎င်း။ ဓုရံ၊ ရဟန်းအဖြစ်တည်း ဟူသောဤဝန်ကြီးကို။ အာဒိယန္တိ၊ ထမ်းယူကုန်၏။ ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်းမြတ်။ ဣဓလောကေ၊ ဤလူ့ရွာ၍။ ကလျာဏ-ဓမ္မော-တိ၊ ကောင်းသောသီလအကျင့်ရှိပေသသူဟူ၍။ ပဝတ္တာ၊ ကျော်စောကြေညာသော။ သာအယံသမညာ၊ ထိုရဟန်းဟူသောအမည် နာမပညတ်သို့။ မေမယာ၊ အကျွန်ုပ်သည်။ အဇ္ဈပတ္တာ၊ ဘုန်းကံအလျောက်ရှေးရှုရောက်အပ်ပြီ။
(တတိယက္ခရာနှင့်ရှိမူ။ အဇ္ဇ၊ ယနေ့။ ပတ္တာ၊ ရောက်အပ်ပြီ။ပေး)။ အဟံ၊ အကျွန်ုပ်သည်။ တံ၊ ထိုဂုဏ်၏အစွမ်းအားဖြင့်ရအပ်သောကောင်းသောအကျင့်တရားရှိသသူရဟန်းဟူသော အမည်နာမပညတ်ကို။ သမေက္ခံ၊ ကောင်းစွာရှုလျက်။ ဣဓ၊ ဤလူ့ ပြည်၌။ ပဗ္ဗဇ္ဇိဿံ၊ ရဟန်းပြုအံ့။ ဣဓ၊ ဤလူ့ပြည်၌။ ကာမဘောဂေ၊ ကိလေသာကာမဖြင့် ဝတ္ထုကာမကိုသုံးဆောင်ခံစားခြင်း၌။ မေ၊ အကျွန်ုပ်၏။ ဆန္ဒော၊ အလိုဆန္ဒသည်။ နဟိအတ္ထိ၊ အလျှင်းပင်မရှိပြီ။
ကလျာဏဓမ္မဇာတကံပဌမံ။၁၇၁။
နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကောနုသဒ္ဒေန မဟတာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒဒ္ဒရဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ ဟောတော်မူ၏။
ထိုခြင်္သေ့ တို့၏ဆိတ်ဆိတ်နေသောကာလ၌ ဘုရားလောင်း၏သား ဖြစ်သောခြင်္သေ့ငယ်သည် ဤခြင်္သေ့တို့သည်ရောက်ကုန်၍ခြင်္သေ့ တို့၏ကစားမြူးတူးခြင်းကိုကစားမြူးတူးကုန်စဉ်၊ထိုသတ္တဝါ၏အသံကိုကြားကုန်၍ရှက်ခြင်းကြောင့်ဆိတ်ဆိတ်နေသည်ဖြစ်ကုန်၏။ သားမျိုးကိုအစိုးရသောခြင်္သေ့မင်း၊အကြင်သတ္တဝါသည်မိမိ၏အသံဖြင့်မိမိကိုယ်ကိုသိစေ၏။ဤသတ္တဝါသည်အဘယ်မည်သောသတ္တဝါနည်းဟုအဘခြင်္သေ့မင်းကိုမေးလိုရကား။
(၁၉၅)ကောနုသဒ္ဒေန မဟတာ၊အဘိနာဒေတိ ဒဒ္ဒရံ။
နသီဟာ ပဋိနာဒန္တိ၊ကော နာမေ-သော မိဂါ-ဓိဘူ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။
ခြင်္သေ့ငယ်စကားကိုကြား၍ အဘခြင်္သေ့မင်းသည်။ ။
(၁၉၆)အဓမောမိဂ-ဇာတာနံ၊သိင်္ဂါလော တာတဝဿတိ။
ဇာတိ-မဿ ဇိဂုစ္ဆန္တာ၊တုဏှီ သီဟာ သမစ္ဆရေ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၁၉၆)တာတ၊ ချစ်သား။ မိဂ-ဇာတာနံ၊ သားမျိုးတို့တွင်။ အဓမော၊ ယုတ်သော။ သိင်္ဂါလော၊ မြေခွေးသည်။ ဝဿတိ၊ ဟောင်၏။ အဿ၊ ထိုမြေခွေး၏။ ဇာတိံ၊ အမျိုးကို။ ဇိဂုစ္ဆန္တာ၊ ရွံရှာကုန်သည်ဖြစ်၍။ သီဟာ၊ ခြင်္သေ့တို့သည်။ တုဏှီ၊ ဆိတ်ဆိတ်ဖြစ်ကုန်၍။ သမစ္ဆရေအစ္ဆန္တိ၊ နေကုန်၏။ ။ (သန္တိဥပသဂ္ဂမတ္တံ။ ။ ဂရုပုဗ္ဗာရဿာရေန္တေန္တိနံ,ဟူသောသုတ်ဖြင့်အန္တိဝိဘတ်ကိုရေ,ပြုသည်။ သပစ္စရေ,ဟူ၍လည်းပါဠိရှိ၏။ သမစ္ဆရေရှိမှနိသီဒန္တိ,ဟူသောအနက်ထင်ရှားသည်။ အဓောအမတိဂစ္ဆတီတိအဓမော,ပြု၍အဓမိဏေသု,တို့၌ကဲ့သို့မသံယုဂ်မရှိစေရာ။ တုဏှေါမောနံ အဿ အတ္ထီတိတုဏှီ,ဟု၊ဒီဃနှင့်လိုသည်)။ ။
ဒဒ္ဒရဇာတကံဒုတိယံ။၁၇၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ တာတမာဏဝကောဧသော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမက္ကဋဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သော အံ့ဖွယ်သရဲကိုဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
ဘုရားလောင်း၏သားဖြစ်သောရသေ့ငယ်သည်မျောက်ကိုမြင်၍ မျောက်၏အဖြစ်ကိုမသိသည်ဖြစ်၍ တစ်ပါးသောရသေ့အိုသည် အချမ်းနှိပ်စက်သည်ဖြစ်၍မီးလှုံအံ့သောငှါလာသည်ဖြစ်လတ္တံ့ဟုအောက်မေ့၍ အဘဖြစ်သောရသေ့အားဆို၍ ထိုရသေ့အိုကိုသစ်ရွက်ဖြင့် မိုးသောကျောင်းကိုဝင်စေ၍ မီးလှုံစေအံ့ဟုကြံ၍အဘကိုခေါ်လိုရကား။ ။
(၁၉၇)တာတ မာဏဝကော ဧသော၊တာလမူလံ အပဿိတော။
အဂါရကဉ္စိ-ဒံ အတ္ထိ၊ဟန္ဒ ဒေမ-ဿ-ဂါရကံ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။
(၁၉၇)တာတ၊ ဘခင်။ ဧသောမာဏဝကော၊ ဤသတ္တဝါသည်။ ဝါ၊ ရသေ့သည်။ တာလမူလံတာလက္ခန္ဓံ၊ ထန်းပင်စဉ်ကို။ အပဿိတော၊ မှီ၍နေ၏။ အမှာကံ၊ ငါတို့အား။ ဣဒံအဂါရကံ၊ ဤရသေ့ကျောင်းသည်။ အတ္ထိ၊ ရှိ၏။ ဟန္ဒ၊ ယခု။ အဿ၊ ထိုရသေ့အား။ အဂါရကံ၊ ကျောင်းကို။ ဒေမ၊ ပေးကုန်အံ့။ ။
“
ဘုရားလောင်းသည်သား၏စကားကိုကြားလျှင်ထ၍ သစ်ရွက်ဖြင့်မိုးအပ်သောကျောင်းတံခါး၌ရပ်၍ ကြည့်သည်ရှိသော် ထိုသတ္တဝါမျောက်၏အဖြစ်ကိုသိ၍၊အမောင်၊လူတို့၏မျက်နှာမည်သည်ကား ဤသို့သဘောရှိသည်မဖြစ်။ ဤသတ္တဝါသည်မျောက်တည်း၊ကျောင်းတွင်းသို့မခေါ်အပ်ဟုဆိုလိုရကား။ ။
(၁၉၈)မာ ခေါ တွံ တာတ ပက္ကောသိ၊ဒူသေယျ နော အဂါရကံ။
နေ-တာဒိသံ မုခံ ဟောတိ၊ဗြာဟ္မဏဿ သုသီလိနော။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၁၉၈)တာတ၊ ချစ်သား။ သုသီလိနော၊ ကောင်းသောသီလရှိသော။ ဗြာဟ္မဏဿ၊ ရသေ့၏။ မုခံ၊ မျက်နှာသည်။ ဧတာဒိသံ၊ ဤသို့သဘောရှိသည်။ နဟောတိ၊ မဖြစ်။ ဧသော၊ ဤသတ္တဝါသည်။ မက္ကဋော၊ မျောက်တည်း။ အယံ၊ ဤမျောက်သည်။ ဣဓ၊ ဤကျောင်းတွင်းသို့။ ပဝိဋ္ဌော၊ ဝင်လာသည်ရှိသော်။ နော၊ ငါတို့၏။ အဂါရကံ၊ ကျောင်းကို။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ တွံ၊ သင်သည်။ မာခေါပက္ကောသိ၊ မခေါ်လင့်။
**မက္ကဋဇာတကံတတိယံ။**၁၇၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အဒမှတေဝါရိပဟူတရူပံ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒုဗ္ဘိယမက္ကဋဇာတ်ကို၊ ဝေဠုဝန်ကျောင်း၌သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်၊ ထိုမျောက်၏အမူအရာကိုမြင်၍၊ ဟယ်ပျက်ချော်သောမျောက်၊ငါသည်ရေငတ်သည်ဖြစ်၍ ပင်ပန်းသောသင်အားများစွာသောရေကိုပေး၏။ သင်သည် ယခုအခါ၌ ငါ့အားနှုတ်သီးဖြင့်ဖောက်ပြန်သော ရှုဖွယ်ရှိသည်ကိုပြုဘိ၏။ ယုတ်မာသောသူအား ပြုအပ်သောကျေးဇူးပြုခြင်းမည်သည်ကားအကျိုးမဲ့တကားဟုဆိုလို၍။ ။
(၁၉၉)အဒမှ တေဝါရိ ပဟူတ-ရူပံ၊ဃမ္မာ-ဘိတတ္တဿ ပိပါသိတဿ။
သောဒါနိပိတွာန ကိရိံ ကရောသိ၊အ-သင်္ဂမော ပါပ-ဇနေန သေယျော။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအဆွေခင်ပွန်းပြစ်မှားတတ်သောမျောက်သည် ထိုစကားကိုကြား၍၊သင်သည်ဤမျှဖြင့်သာလျှင် ပြစ်မှားသောအမှုပြီးပြီဟူသော အမှတ်ကိုပြု၏။ ယခုအခါ၌သင်၏ ဦးခေါင်းပေါ်၌မစင်ကိုချ၍သွားအံ့ဟုဆိုလိုရကား။
(၂ဝဝ)ကောတေ သုတော ဝါ ဒိဋ္ဌောဝါ၊သီလဝါနာမ မက္ကဋော။
ဣဒါနိခေါ တံ ဥဟဇ္ဇံ၊ဧသာ အသ္မာက ဓမ္မတာ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၀၀)ဘောဗြာဟ္မဏ၊ အိုပုဏ္ဏား။ သီလဝါ၊ သူပြုဖူးသောကျေးဇူးကိုသိတတ်သည်ဖြစ်၍သီလရှိသော။ မက္ကဋောနာမ၊ မျောက်မည်သည်ကား။ အတ္ထီတိ၊ လောကဓာတ်၌ရှိ၏ဟူ၍။ တေ၊ သင်သည်။ ကော၊ အဘယ်၌၊အဘယ်မှာ။ သုတောဝါ၊ ကြားမူလည်းကြားဖူးပါသနည်း။ ဒိဋ္ဌောဝါ၊ မြင်မူလည်းမြင်ဘူးပါသနည်း။ ဣဒါနိခေါ၊ ယခု၌လျှင်။ အဟံ၊ ငါသည်။ တံ၊ သင့်ခေါင်းပေါ်သို့။ ဥပဇ္ဇံ၊ ကျင်ကြီး စွန့်လိုက်ဦးအံ့။ ဧသာ၊ ဤသို့ကျေးဇူးပြုသောသူ၏ခေါင်းပေါ်သို့ကျင်ကြီးစွန့်ခြင်းသည်။ အသ္မာကံ၊ မျောက်ဖြစ်သောငါတို့၏။ ဓမ္မတာ၊ အမျိုးသဘောတည်း။ (ကောတေ,၌ကော,ကားကွ,၏အနက်။ ဥဟဒန္တိ ပိဥမိဟန္တိပိ,၌ကဲ့သို့ ဥဟဇ္ဇံ၌ဟဒဓာတ်ကရီသုဿဂ္ဂအနက်ကိုဟောသည်။ အံဝိဘတ်။ အမှာကံ၏မှ,ကိုသ္မ,ပြု၍အသ္မာကံ,ပြီးသည်။ ဆန်းအလို့ငှာနိဂ္ဂဟိတ်ချေ၍အသ္မာက,နေစေ။ ။ အမှာကမမှေသုနံမှောသ္မတ္တံ။ ။ အသ္မာကံ၊အမှာကံ။ ဝုတ္တိရက္ခဏဋ္ဌာနေ ပနအသ္မိံ သုဣတိဒိဿတိ ဧကာရဿဣကာရာဒေသဝသေန။ ဣဓဟေ မန္တံဂိမှိသူတိပဒေဝိယ။ သဒ္ဒနီတိ။ အမှာကအမှေသုနံ၊အမှာကံအမှေသုပုဒ်တို့၏။ မှော၊ မှသည်။ သ္မတ္တံ၊ သ္မဖြစ်၏။ အသ္မာကံအမှာကံ၊ ငါတို့အား၊ငါတို့၏။ အသ္မေသု အမှေသု၊ ငါတို့၌။ ဝုတ္တိရက္ခဏဋ္ဌာနေပန၊ လဟုကိုစောင့်သင့်ရာ၌ကား။ ဣဓဟေမန္တ ဂိမှိသူတိပဒေ၊ ၌။ ဧကာရဿ၊ ၏။ ဣကာရာဒေသဝသေန၊ ဖြင့်။ ဒိဿတိဝိယ၊ သို့။ ဧကာရဿ၊ ၏။ ဣကာရာဒေသဝသေန၊ ဖြင့်။ အသ္မိသုဣတိ၊ ဟူ၍။ ဒိဿတိ၊ ၏။ ဧကာရဿဣကာရာဒေသဝသေနကိုပုံပြင်နှစ်ပါး၌ယှဉ်။၎င်းအ္နံ)။ ။
**ဒုဗ္ဘိယမက္ကဋဇာတကံစတုတ္ထံ။**၁၇၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊သဗ္ဗေသုကိရဘူတေသု,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအာဒိစ္စုပဋ္ဌာနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအံ့ဖွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။
မျောက်သည်ခဲဘွယ်ဘောဇဉ်ကိုမြင်၍ ငါသည်အံ့ဖွယ်ပြုသည်၏အဖြစ်ကိုပြု၍လူတို့ကို နှစ်သက်စေ၍ ငါ့အားလည်းခဲဘွယ်ကို၎င်း၊ဘောဇဉ်ကို၎င်းပေးစေအံ့ဟုကြံ၏။ ကြံပြီး၍ထိုမျောက်သည်ရသေ့တို့၏အကျင့်ကိုကျင့်သကဲ့သို့ဖြစ်၍ ရသေ့တို့၏ မနီးမဝေးသောအရပ်၌ နေကိုရှိခိုးလျက်သာလျှင် ရပ်၏။ လူတို့သည် ထိုမျောက်ကိုမြင်၍ သီလရှိကုန်သောသူတို့၏အထံ၌နေခြင်းကြောင့်သီလရှိသည်ဖြစ်၏ဟုဆို၍။ ။
(၂၀၁)သဗ္ဗေသု ကိရ ဘူတေသု၊သန္တိ သီလ-သမာဟိတာ။
ပဿ သာခါမိဂံ ဓမ္မံ၊အာဒိစ္စ-မုပတိဋ္ဌတိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့မျောက်၏ကျေးဇူးကိုဆိုကုန်သောသူတို့ကို ဘုရားလောင်းမြင်၍ သင်တို့သည်လျှပ်ပေါ်သောမျောက်၏သီလအကျင့်ကိုမသိကုန်၍ အရာမဟုတ်သည်၌သာလျှင်ကြည်ညိုကုန်၏ဟုဆို၍။ ။
(၂၀၂)နာ-ဿ သီလံ ဝိဇာနာထ၊အနညာယ ပသံသထ။
အဂ္ဂိဟုတ္တဉ္စ ဥဟဒံ၊ဒွေစ ဘိန္နာ ကမဏ္ဍလူ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၀၂)ဘောန္တော၊ အိုဒါယကာတို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုမျောက်ယုတ်မာ၏။ သီလံ၊ သီလကို။ နဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိကုန်၍။ ပသံသထ၊ ချီးမွမ်းကုန်၏။ ဣမိနာပါပ-မက္ကဋေန၊ ဤမျောက်ယုတ်မာသည်။ အမှာကံ၊ ငါတို့၏။ အဂ္ဂိဟုတ္တဉ္စ၊ မီးတင်းကုပ်ကိုလည်း။ ဥဟဒံ၊ ကျင်ကြီးစွန့်အပ်၏။ ဒွေကမဏ္ဍလူ စ၊ ကရားနှစ်ခုတို့ကိုလည်း။ ဘိန္နာ၊ ခွဲအပ်ကုန်၏။ ။
**အာဒိစ္စုပဋ္ဌာနဇာတကံ ပဉ္စမံ။**၁၇၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဗာလောဝတာယံဒုမသာခဂေါစရော,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကဠာယမုဋ္ဌိဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းကြီးကို အကြောင်းပြု၍ဟောတော်မူ၏။
မင်းသည်မျောက်၏အမူအရာကိုမြင်၍ဘုရားလောင်းကိုခေါ်၍၊ အိုအဆွေ၊မျောက်သည်အဘယ်မည်သောအမှုကိုပြုသနည်းဟုမေး၏။ ဘုရားလောင်းသည်၊မြတ်သောမင်းကြီး၊များသည်ကိုမကြည့်ကုန်မူ၍အနည်းငယ်ကိုကြည့်ကုန်သော ပညာမရှိကုန်သော လူမိုက်တို့သည် ဤသို့သဘောရှိသောအမှုကိုပြုကုန်မြဲသာလျှင်တည်း။ ဤသို့ဆို၍။ ။
(၂၀၃)ဗာလောဝတာယံ ဒုမ-သာခ-ဂေါစရော၊ပညာ ဇနိ-န္ဒ နယိမဿ ဝိဇ္ဇတိ။
ကဠာယ-မုဋ္ဌိံအဝကိရိယ ကေဝလံ၊ဧကံ ကဠာယံ ပတိတံ ဂဝေသတိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့ဆိုပြီး၍တဖန်ဘုရားလောင်းသည် ထိုမျောက်ကိုဥပမာပြု၍မင်းကိုသိစေလိုရကား။
(၂၀၄)ဧဝ-မေဝ မယံ ရာဇ၊ယေ စ-ညေ အတိလောဘိနော။
အပ္ပေန ဗဟုံ ဇိယျာမ၊ကဠာယေနေ-ဝ ဝါနရော။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၀၄)မဟာ-ရာဇ၊ မင်းမြတ်။ ဝါနရော၊ မျောက်သည်။ ဧကံကဠာယံ၊ ပဲတစ်စေ့ကို။ ပရိယေသမာနော၊ ရှာသည်ရှိသော်။ ကဠာယေန၊ ပဲတစ်စေ့ကြောင့်။ သဗ္ဗ-ကဠာယေဟိ၊ အလုံးစုံကုန်သောပဲတို့မှ။ ပရိဟီနောဣဝ၊ ယုတ်သကဲ့သို့။ ဧဝ-မေဝ၊ ဤအတူသာလျှင်။ အတိလောဘိနော၊ အလွန်လောဘကြီးကုန်သော။ အညေ၊ တစ်ပါးကုန်သော။ ယေဇနာ၊ အကြင်သူတို့သည်၎င်း။ မယဉ္စ၊ ငါတို့သည်၎င်း။ အပ္ပေန၊ အနည်းငယ်သောအကြောင်းကြောင့်။ ဗဟုံ၊ များစွာသောအကျိုးကို။ ဇိယျာမ၊ ဖျက်ဆီးကုန်လတ္တံ့။ (ဗဟု,၌နိဂ္ဂဟိတ်ကျေ)။ ။
**ကဠာယမုဋ္ဌိဇာတကံဆဋ္ဌံ။**၁၇၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဓနုဟတ္ထကလာပေဟိ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတိန္ဒုကဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ပညာပါရမီကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ရှစ်သောင်းကုန်သော မျောက်တို့သည် လူတို့ကိုမြင်ကုန်၍သေဘေးမှကြောက်ကုန်ရကား၊မျောက်မင်းကိုထား၍ ငါတို့အားတစ်ပါးသောကိုးကွယ်ရာသည်မရှိပြီဟုမျောက်မင်း၏အထံသို့သွားကုန်၍။ ။
(၂၀၅)ဓနု-ဟတ္ထ-ကလာပေဟိ၊နေတ္တိံ သ-ဝရ-ဓါရိဘိ။
သမန္တာ ပရိကိဏ္ဏမှ၊ကထံ မောက္ခော ဘဝိဿတိ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုမျောက်၏စကားကိုကြား၍မျောက်မင်းသည်၊မကြောက်ကြကုန်လင့်။ လူတို့မည်သည်ကားများသောကိစ္စရှိကုန်၏။ယခုလည်းမဇ္ဈိမယံသည်သာဖြစ်၏။ ငါတို့ကိုသတ်ကုန်အံ့ဟူ၍ဝန်းရံကုန်သော ထိုသူတို့အားဝန်းရံခြင်းဟူသော ဤကိစ္စ၏အန္တရာယ်ကို ပြုတတ်သော တစ်ပါးသောကိစ္စသည်ဖြစ်ငြားအံ့လည်းမသိဟုမျောက်တို့ကိုနှစ်သိမ့်စေလိုရကား။ ။
(၂ဝ၆)အပ္ပေဝ ဗဟု-ကိစ္စာနံ၊အတ္ထော ဇာယေထ ကောစိ နံ။
အတ္ထိ ရုက္ခဿ အစ္ဆိန္နံ၊ခဇ္ဇထ-ညေဝ တိန္ဒုကံ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
(၂၀၆)ဘောန္တောဝါနရ-ဂဏာ၊ အိုမျောက်အပေါင်းတို့။ ဗဟု-ကိစ္စာနံ၊ များသောကိစ္စရှိကုန်သောသူတို့အား။ အညော၊ တစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ခုသော။ အတ္ထော၊ အမှုကိစ္စသည်။ အပ္ပေဝဇာယေထ၊ ဖြစ်ငြားအံ့လည်းမသိ။ ရုက္ခဿ၊ တည်ပင်၏။ အစ္ဆိန္နံ၊ မပြတ်သော အသီးသည်။ အတ္ထိ၊ ရှိ၏။ တိန္ဒုကံ၊ တည်သီးကို။ တုမှေ၊ သင်တို့သည်။ ခဇ္ဇထညေဝ၊ အလိုရှိတိုင်းသာလျှင်စားကြကုန်။ ။
(ဓနုကလာပဟတ္ထေဟိ,ဆိုလိုလျက်ဆန်းလိုက်၍ ဓနုဟတ္ထကလာပေဟိ,ဆိုသည်။ နေတ္တိံသ,၌ နိဂ္ဂဟိတ်ရှိမှသဒ္ဒါဆန်းနှစ်ပါးလိုက်သည်။ နိဂ္ဂတောတိံ သတောအင်္ဂုလိတောနေတ္တိံသော။ ။ အဘိဓာန်ဋီကာ။ ။ သုံးဆယ့်သုံးပန်း။ လက်သစ်ဖြန်းအောင်။ ရှည်ခြင်းဆောင်သား။ အရောင်ယူမြောက်။ မရှုစောက်တည်း။ ဆင်ပေါက်လည်ပင်း။ ပြတ်လျှင်းဘနန်း။ မျောမျောသွန်းသား။ မြိုက်ချွန်းအသွား။ သန်လျက်ထားကို။ ဝံ့စားရဲလှ။ မျိုပြီးမှလျှင်,ဟူသောစကားကိုမှီးလျှင်၊ သုံးဆယ်ထက်သုံးလက်သစ်လွန်သေး၏မှတ်ရာသည်။ ။ ကောစိနံ,၌၊နန္တိနိပါတမတ္တံ။ ခဇ္ဇထညေဝ,၌၊ ခဇ္ဇထဧဝဖြတ်၍ ယလာ၊ သယေစ,ကိုယေစ,ဟု ယောဂဝိဘာဂပြု၍၎င်း၊ ယ,ကို ဉ,ပြု၍ ဒွေးဘော်လာကမပြီးဘဲ နေရတော့မည်မဟုတ်၊ယုတ္တိသာပဋ္ဌာန)။ ။
**တိန္ဒုကဇာတကံ သတ္တမံ။**၁၇၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ဇနိတ္တံမေဘာဝိတ္တံမေ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောယဉ့်အနာရောက်သော အမျိုး၏သားကိုအကြောင်းပြု၍ဟောတော်မူ၏။
လိပ်သည်ဝေဒနာသို့ရောက်သည်ဖြစ်၍နေရာအရပ်၌ တပ်စွန်းခြင်းကိုစွန့်အံ့သောငှါမတတ်နိုင်သည်ဖြစ်၍ ဤသို့သောပျက်စီးခြင်းသို့ ရောက်ရ၏ဟုဆို၍ငိုကြွေးလိုရကား။ ။
(၂၀၇)ဇနိတ္တံ မေ ဘဝိတ္တံ မေ၊ဣတိ ပင်္ကေ အဝဿယိံ။
တံ မံ ပင်္ကော အဇ္ဈဘဝိ၊ယထာ ဒုဗ္ဗလကံ တထာ။
တံ တံ ဝဒါမိ ဘဂ္ဂဝ၊သုဏောဟိ ဝစနံ မမ။
(၂၀၈)ဂါမေ ဝါ ယဒိ ဝါ ရညေ၊သုခံ ယတြာ-ဓိဂစ္ဆတိ။
တံ ဇနိတ္တံ ဘဝိတ္တဉ္စ၊ပုရိသဿ ပဇာနတော။
ယမှိ ဇီဝေ တမှိ ဂစ္ဆေ၊န နိကေတ-ဟတော သိယာ။ ။
ဟူသောဂါထာတို့ကိုဆို၏။ ။
(၂ဝ၇-၂ဝ၈)ဘဂ္ဂဝ၊ ဘဂ္ဂဝ။ ဣဒံဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဇနိတ္တံ၊ ဖွားရာအရပ်တည်း။ ဣဒံဌာနံ၊ ဤအရပ်သည်။ မေ၊ ငါ၏။ ဘဝိတ္တံ၊ ကြီးပြင်းရာအရပ်တည်း။ ဣတိဣမိနာကာရဏေန၊ ဤသို့သောအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ပင်္ကေ၊ ညွန်၌။ အဝဿယိံ၊ နေမိချေ၏။ တံမံ၊ ထိုငါ့ကို။ ပင်္ကော၊ ညွန်သည်။ ဒုဗ္ဗလကံ၊ အားနည်းသောသူကို။ အဇ္ဈဘဝိယထာ၊ အားရှိသသူနှိပ်စက်သကဲ့သို့။ တထာ၊ ထို့အတူ။ အဇ္ဈဘဝိ၊ နှိပ်စက်၏။ (သေချက်မျက်မှောက်ရောက်စေသည်ဟူလို)။ တံတသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုပေအံ့။ ဘဂ္ဂဝ၊ ဘဂ္ဂဝ။ တွံ၊ သင်သည်။ မမ၊ ငါ၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာဘိလတ်သေး။ ။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ ယတြ၊ အကြင်အရပ်၌။ သုခံ၊ ကိုယ်စိတ်နှစ်ပါး၌ ဖြစ်သောချမ်းသာကို။ အဓိဂစ္ဆတိ၊ ရ၏။ တံဌာနံ၊ ထိုအရပ်သည်။ ပဇာနတော၊ အကျိုးရှိသည်မရှိသည် အကြောင်းဟုတ်သည် မဟုတ်သည်ကိုသိသော။ ပုရိသဿ၊ ယောက်ျား၏။ ဇနိတ္တဉ္စ၊ ဖွားရာအရပ်သည်၎င်း။ ဘဝိတ္တဉ္စ၊ ကြီးပြင်းရာအရပ်သည်၎င်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ ယမှိ၊ အကြင်အရပ်၌။ ဇီဝေ၊ အသက်ရှင်ရာ၏။ တမှိ၊ ထိုအရပ်သို့။ ဂစ္ဆေ၊ သွားရာ၏။ ဧဝံ၊ ဤသို့။ ဂစ္ဆန္တော၊ သွားသည်ရှိသော်။ နိကေတ-ဟတော၊ နေရာအရပ်သတ်အပ်သည်။ နသိယာ၊ မဖြစ်ရာ။
ဤသို့ထိုလိပ်သည်ဘုရားလောင်းနှင့်တကွစကားပြောဆိုလျက်သေ၏။ ။ ဘုရားလောင်းသည် ထိုလိပ်ကိုယူ၍အလုံးစုံသောရွာ၌နေကုန်သောသူတို့ကိုစည်းဝေးစေပြီးလျှင်။ ထိုလူတို့ကိုဆုံးမလို၍ဤသို့ဆို၏။ အချင်းတို့ဤလိပ်ကိုသင်တို့သည်ယူကြကုန်လော့။ ဤလိပ်သည်တစ်ပါးကုန်သောငါးလိပ်တို့၏ မြစ်ကြီးသို့သွားလေသောကာလ၌ မိမိ၏နေရာအရပ်၌တပ်စွန်းခြင်းကို ဖျက်ဆီးအံ့သောငှါမတတ်နိုင်သည်ဖြစ်၍၊ထိုငါးလိပ်တို့နှင့်တကွမသွားမူ၍ငါ၏မြေစိုင်ယူရာအရပ်သို့ဝင်၍နေ၏။ ထိုအခါငါသည်မြေစိုင်ကိုယူသည်ရှိသော်၊ လိပ်၏ကျောက်ကုန်းကို ပေါက်တူးကြီးဖြင့်ပေါက်မိ၍၊ မြေစိုင်ခဲကိုကဲ့သို့ကုန်း၌ကျစေ၏။ ဤလိပ်သည်မိမိ၏ပြုအပ်သောအမှုကိုအောက်မေ့၍နှစ်ဂါထာတို့ဖြင့်ငိုကြွေး၍သေ၏။ ဤသို့ဤလိပ်သည်မိမိနေရာအရပ်၌တပ်စွန်းခြင်းကိုပြု၍သေခြင်းသို့ရောက်၏။ သင်တို့သည်လည်းဤလိပ်နှင့်တူကုန်သည်မဖြစ်ကြကုန်လင့်။ ဤနေ့မှစ၍ ငါ၏ရူပါရုံ၊ငါ၏သဒ္ဒါရုံ၊ ငါ၏ဂန္ဓာရုံ၊ငါ၏ရသာရုံ၊ ငါ၏ဖောဋ္ဌဗ္ဗါရုံ၊ ငါ၏သား၊ငါ၏သ္မီး၊ငါ၏ကျွန်မိန်းမ၊ငါ၏ကျွန်ယောက်ျားအပိုင်းအခြား၊ငါ၏ဥစ္စာရွှေငွေဟု တဏှာ၏အစွမ်းအားဖြင့်၎င်း အသုံးအဆောင်၏အစွမ်းအားဖြင့်၎င်း မယူကြကုန်လင့်။ သတ္တဝါသည် တစ်ယောက်အထီးထည်းသာလျှင် ဘဝသုံးပါးတို့၌တစ်ပြောင်းပြန်ပြန်ဖြစ်၏ဟုဆို၏။ ဤသို့လျှင်ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့် လူများအားအဆုံးအမပေး၏။ ထိုအဆုံးအမသည်ဇမ္ဗူကျွန်းအလုံးကိုပြန်၍ခြောက်သောင်းအတိုင်းအရှည်ရှိကုန်သောနှစ်တို့ပတ်လုံးတည်၏။ လူများသည်ဘုရားလောင်း၏အဆုံးအမ၌တည်၍ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ အသက်၏အဆုံး၌နတ်ပြည်ကိုပြည့်စေ၏။ ဘုရားလောင်းသည်လည်း ထို့အတူသာလျှင် ကောင်းမှုတို့ကိုပြု၍နတ်ပြည်ကိုပြည့်စေ၏။ စွန့်ခွါမရက်၊ဇာတိကိုမက်သောကြောင့်၊ ပျက်စီးသောလိပ်အမိုက်ကို၊ နှလုံးပိုက်မိ၊သတိရသဖြင့်။ ဒါနသီလဘာဝနာကိုသာ။ ငါ့ငှါမှတ်လျက်၊မပျက်လမ်းမှန်၊ နိဗ္ဗာန်တိုင်ကောင်းစားလွယ်အောင်အကျယ်ဆိုလိုက်သည်။ (ဇာယတိဧတ္ထာတိဇနိတ္တံ။ ဘဝတိဧတ္ထာတိဘဝိတ္တံ,ဟု၊ အဓိကရဏသာမ်ဖြစ်၍၊ဝဒါဒီဟိဏိတ္တော,ယောဂဝိဘာဂဖြင့်ဇနိတ္တ,ဘဝိတ္တ,ပြီးသည်။ ။ ပဌမဂါထာ ခြောက်ပါဒ။ ဒုတိယဂါထာလည်းခြောက်ပါဒ။ နှစ်ဂါထာမျှဖြစ်၍၊ဒုကနိပါတ်၌ဟောသည်။ ပါဒများသည်ဟု သုံးဂါထာမယူသာ၊ ခြောက်ပါဒဂါထာရှိကြောင်းကို။ ။ ဒဏ္ဍကာစဏ္ဍဝုဋ္ဌာဒိ၊ပါဒေဟိဆဟိတီဟိတု။ ဂါထာတိစပရတ္ထေဝံ၊ဆန္ဒေါသညာပကာသိတာ။ ဟုဆန်းကျမ်းဆိုသည်)။
**ကစ္ဆပဇာတကံ အဋ္ဌမံ။**၁၇၈။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊**တဉ္စအပ္ပဉ္စ **,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသတဓမ္မဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ နှစ်ဆယ့်တစ်ပါးအပြားရှိသော အနေသနကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုသတဓမ္မလုလင်သည် စင်စစ်လျှင်ငါသည်အနည်းငယ်သောလမင်းဟူသောအကြောင်းကြောင့်မလျောက်ပတ်သောအမှုကိုပြုအပ်၏၊ဟုအလွန်ဖြစ်သောစိုးရိမ်ခြင်းရှိသည်၏အဖြစ်ကြောင့်ငိုကြွေးလိုရကား။ ။
(၂၀၉)တဉ္စ အပ္ပဉ္စ ဥစ္ဆိဋ္ဌံ၊တဉ္စ ကိစ္ဆေန နော အဒါ။
သော-ဟံ ဗြာဟ္မဏ-ဇာတိကော၊ယံ ဘုတ္တံ တမ္ပိ ဥဂ္ဂတံ။
ဟူသောပဌမဂါထာကိုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကိုပြတော်မူ၍၊ ရဟန်းတို့၊မိမိတို့အားမလျောက်ပတ်သော ဘောဇဉ်ကိုစားမိသည်၏အဖြစ်ကြောင့် သတဓမ္မလုလင်အား ထိုဒွန်းစဏ္ဍား၏စားကြွင်းထမင်းကိုစား၍ရွှင်ခြင်းသည်မဖြစ်သကဲ့သို့၊ နှလုံးသာယာသည်၏အဖြစ်သည်မဖြစ်သကဲ့သို့၊ထို့အတူသာလျှင်ဤသာသနာတော်၌အကြင်ရဟန်းသည်အနေသနဖြင့် အသက်မွေးလျက် ထိုသို့သောအခြင်းအရာအားဖြင့်ရအပ်သောပစ္စည်းကိုသုံးဆောင်၏။ဘုရားသည်စက်ဆုပ်အပ်ကဲ့ရဲ့အပ်သောအသက်မွေးခြင်းရှိသည်၏အဖြစ်ကြောင့်ထိုရဟန်းအား ရွှင်ခြင်းသည်မဖြစ်သလျှင်ကတည်း၊ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သလျှင်ကတည်း၊ဟုမိန့်တော်မူ၍ဘုရားဖြစ်တော်မူပြီး၍။ ။
(၂၁၀)ဧဝံ ဓမ္မံ နိရံကတွာ၊ယော အ-ဓမ္မေန ဇီဝတိ။
သတဓမ္မော-ဝ လာဘေန၊လဒ္ဓေနပိ န နန္ဒတိ။
ဟူသောနှစ်ခုမြောက်သောအဘိသမ္ဗုဒ္ဓဂါထာကိုဟောတော်မူ၏။ ။
(၂၁၀)ဘိက္ခဝေ၊ ရဟန်းတို့။ သတဓမ္မော၊ သတဓမ္မလုလင်သည်။ လဒ္ဓေန၊ နှိပ်စက်ခြင်းကြောင့်ရအပ်သော။ လာဘေန၊ ဒွန်းစဏ္ဍား၏စားကြွင်းထမင်းဟူသောလာဘ်ဖြင့်။ နနန္ဒတိဣဝ၊ ဝမ်းမမြောက်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဣမသ္မိမ္ပိသာသနေ၊ ဤသာသနာတော်၌လည်း။ ယောပဗ္ဗဇိတော၊ အကြင်ရဟန်းသည်။ ဓမ္မံ၊ အာဇီဝပါရိ သုဒ္ဓိသီလဟုဆိုအပ်သောတရားကို။ နိရံကတွာ၊ အချည်းနှီးဆိတ်သည်ကိုပြု၍။ ဝါ။ နိရံကတွာ နီဟရိတွာဆဍ္ဍေတွာ၊ ကိုယ်သန္တာန်မှထုတ်လိုက်စွန့်လိုက်၍။ အဓမ္မေန၊ နှစ်ဆယ့်တစ်ပါးသောအနေသနဟုဆိုအပ်သောအဓမ္မဖြင့်။ ဇီဝတိ၊ အသက်မွေး၏။ သောပဗ္ဗဇိတော၊ ထိုရဟန်းသည်။ နနန္ဒတိ၊ ဝမ်းမမြောက်နိုင်။ ။
**သတဓမ္မဇာတကံနဝမံ။**၁၇၉။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ဒုဒ္ဒဒံ ဒဒမာနာနံ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒုဒ္ဒဒဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ဒါယကာအပေါင်းတို့၏အလှူကို အကြောင်းပြု၍ဟောတော်မူ၏။
ဘုရားလောင်းသည်၊ ဒါယကာ၊ စိတ်၏ကြည်ညိုခြင်းသည်ရှိသော် ဒါနသည်နည်းသောမည်သည်မရှိဟုဆို၍အနုမောဒနာပြုလိုရကား။
(၂၁၁)ဒုဒ္ဒဒံ ဒဒမာနာနံ၊ဒုက္ကရံ ကမ္မ ကုဗ္ဗတံ။
အ-သန္တော နာ-နုကုဗ္ဗန္တိ၊သတံဓမ္မော ဒုရ-န္နယော။
(၂၁၂)တသ္မာ သတဉ္စ အသတံ၊နာနာ ဟောတိ ဣတော ဂတိ။
အ-သန္တော နိရယံ ယန္တိ၊သန္တော သဂ္ဂ-ပရာယနာ။
ဟူသောနှစ်ဂါထာတို့ကိုဟော၏။ ။
(၂၁၁-၂၁၂)အာဝုသော၊ ဒါယကာတို့။ ဒုဒ္ဒဒံ၊ လောဘဒေါသမစ္ဆေရနိုင်ငံသို့လိုက်ကုန်သောအပဏ္ဍိတဗာလပုဂ္ဂိုလ်တို့သည်လှူနိုင်ခဲသောဒါနကို။ ဒဒမာနာနံ၊ လှူကုန်သော။ ဒုက္ကရံ၊ အပဏ္ဍိတဗာလပုဂ္ဂိုလ်တို့သည် ပြုနိုင်ခဲသော အလှူပေးခြင်းအမှုကို။ ကုဗ္ဗတံ၊ ပြုကုန်သောပညာရှိသူတော်ကောင်းတို့၏။ တံကမ္မံ၊ ထိုအလှူပေးခြင်းအမှုကို။ အသန္တော၊ အပဏ္ဍိတဗာလဟူသားမသူတော်တို့သည်။ နာ-နုကုဗ္ဗန္တိ၊ မပြုနိုင်ကုန်။ သတံ၊ ပညာရှိသူတော်ကောင်းတို့၏။ ဓမ္မော၊ အလှူပေးခြင်းဟူသောသဘောကို။ ပဏ္ဍိတေဟိ၊ အပဏ္ဍိတဗာလလည်းဟူမသူတော်တို့သည်။ ဒုရ-န္နယော၊ ဤသို့သော အလှူကြောင့်ဤသို့သောကောင်းကျိုးကိုရ၏ ဟူ၍အကျိုးနှင့်စပ်သောစကားဖြင့်သိနိုင်ခဲ၏။ တသ္မာ၊ ထို့ကြောင့်။ ဣတော၊ ဤဘဝမှ။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂစ္ဆန္တာနံ၊ လားကုန်သော။ သတဉ္စ၊ ပညာရှိသူတော်ကောင်းတို့၏၎င်း။ အသတဉ္စ၊ အပဏ္ဍိတဗာလလည်းဟူ မသူတော် တို့၏၎င်း။ ဂတိ၊ ပဋိသန္ဓေနေခြင်းဟူသော ဂတိသည်။ နာနာ၊ ထူးသည်။ ဟောတိ၊ ဖြစ်၏။ အသန္တော၊ အပဏ္ဍိတဗာလလည်းဟူ မသူတော်တို့သည်။ ဒါနံ၊ ဒါနကို။ အဒတွာ၊ မလှူခြင်းကြောင့်။ သီလံ၊ သီလကို။ အရက္ခိတွာ၊ မစောင့်ခြင်းကြောင့်။ နိရယံ၊ ငရဲကြီးငယ်သို့။ ယန္တိ၊ လားရကုန်၏။ သန္တော၊ ပညာရှိသူတော်ကောင်းတို့သည်။ ဒါနံ၊ ဒါနကို။ ဒတွာ၊ လှူ၍။ သီလံ၊ သီလကို။ ရက္ခိတွာ၊ စောင့်၍။ ဥပေါသထကမ္မံ၊ ဥပုသ်သုံးခြင်းကို။ ကတွာ၊ ပြု၍။ တီဏိသုစရိတာနိ၊ သုံးပါးသောသုစရိုက်တို့ကို။ ပူရေတွာ၊ ပြည့်စေ၍။ သဂ္ဂပရာယနာ၊ နတ်ပြည်သို့လားရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဒုဒ္ဒဒဇာတကံ ဒသမံ။၁၈၀။ ကလျာဏဝဂ္ဂေါ တတိယော။ တဿုဒ္ဒါနံ။ ။
ကလျာဏဓမ္မံ, ဒဒ္ဒရိ၊မက္ကဋိ,ဒုဗ္ဘိမက္ကဋိ။
အာဒိစ္စုပဋ္ဌာနဉ္စေဝ၊ကဠာယမုဋ္ဌိ,တိန္ဒုကံ။
ကစ္ဆပံ,သတဓမ္မဉ္စ၊ဒုဒ္ဒဒ,န္တိ စတေဒသ။ ။