နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အာရညိကဿ ဣသိနော,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဥဒပါနဒူသကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ရေတွင်းကိုဖျက်ဆီးသော တစ်ခုသောမြေခွေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်မြေခွေးနှင့်တကွဆိုလိုရကား။ ။
(၄၁၈)အာရညိကဿ ဣသိနော၊စိရရတ္တံ တပဿိနော။
ကိစ္ဆာ-ကတံ ဥဒပါနံ၊ကထံ သမ္မ အဝါဟသိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မြေခွေးသည်။ ။
(၄၁၉)ဧသ ဓမ္မော သိင်္ဂါလာနံ၊ယံ ပိတွာ ဩဟဒါမသေ။
ပိတု-ပိတာမဟံ ဓမ္မော၊န တံ ဥဇ္ဈာတု-မရဟသိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုမြေခွေးအားဘုရားလောင်းသည်။
(၄၂၀)ယေသံ ဝေါ ဧဒိသော ဓမ္မော၊အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံဝါ၊အဒ္ဒသာမ ကုဒါစနံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၂၀)သမ္မသိင်္ဂါလ၊ အချင်းမြေခွေး။ ယေသံဝေါ၊ အကြင်သင်တို့၏။ ဓမ္မော၊ အကျင့်သဘောသည်။ ဧဒိသော၊ ဤသို့ယုတ်မာညစ်ပတ်သော သဘောရှိ၏။ အဓမ္မောပန၊ အဓမ္မသည်တမူကား။ ကီဒိသော၊ အဘယ်သို့သဘောရှိလတ္တံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံဝါ၊ သဘောအကျင့်ကို၎င်း။ အဓမ္မံဝါ၊ သဘောမဟုတ်သောအကျင့်ကို၎င်း။ မယံ၊ ငါတို့သည်။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ မာအဒ္ဒဿာမ၊ မမြင်လိုကုန်။ ။
ဤသို့ဘုရားလောင်းသည် ထိုမြေခွေးအားအဆုံးအမကိုပေး၍ တဖန်မလာလင့်ဟုဆို၏။ ထိုမြေခွေးသည်ထိုအခါမှစ၍ တဖန်ပြန်၍လည်း မကြည့်။ ။
(အရညေနိ ဝါသသီလောအာရညိကော,ပြု၍၊ ယေနဝါသံသဋ္ဌံသုတ်,၌ ဝါသဒ္ဒါဖြင့် ဏိကပစ္စည်းသက်။ ရုက္ခမူလိကော, သောသာနိကော,တို့၌ကဲ့တို့တည်း။ ကိစ္ဆာ၌ တတိယာအနက်၌ သ္မာသက်သည်။ သဟတ္ထာကတံ, ၌ကဲ့သို့တည်း။ ဥဒပါနံ,၌က,ကျေသည်။ တနည်းဥဒ,သည်ပင် ရေဟောတည်း။ အဝါဟသိ,၌အဝရှေးရှိသောဟနဓာတ်၊ ဤဝိဘတ်၊သ,လာ၍၊ဤ,လည်း ရဿ၊ ဓာတွန်န,လည်းကျေသည်။ ဟနဓါတ်၏ဟိံသာအနက်ကိုရည်၍ ဒူသေသိ၊ဂတိအနက်ကိုရည်၍၊တွံမုတ္တကရီသံဧတ္ထအဝါဟသိပါတေသိ,ဟု၊အဋ္ဌကထာဖွင့်သည်။ ဥဇ္ဈိတုံ,၌ဥဓိဓါတ်။ ဥဓိဝိဿဂ္ဂေ။ ဓါထွတ္ထ။ ထို့ကြောင့်ဋီကာ၌၊ ဆဍ္ဍေတုံ, ဟူသည်၊ အဂ္ဂမဂ္ဂဖလုဇ္ဈိတေ, စသည်တို့၌ ဥဓိဓါတ်ပင်တည်း။ ပိတုပိတာမဟံ, ၌၊ နံဝိဘတ်ကိုအံရေးသည်။ ထို့ကြောင့်၊ ပိတုပိတာမဟန္တိ ဝီတူနဉ္စပိတာမဟာနဉ္စနောဧသဓမ္မော)။ ။
ဥဒပါနဒူသကဇာတကံ ပဌမံ။၂၇၁။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယေနမိတ္တေနသံသဂ္ဂေါ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗျဂ္ဃဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါဘုရားလောင်းသည်၊ အဆွေ၊ ဤခြင်္သေ့ကျားတို့ကိုမှီ၍ငါတို့၏ဗိမာန်တို့သည်တည်ကုန်၏။ ခြင်္သေ့ ကျားတို့သည် ပြေးသွားကုန်သော်ဗိမာန်တို့သည် ပျက်စီးကုန်လတ္တံ့။ ခြင်္သေ့ ကျားတို့၏ ခြေရာကိုမမြင်ကုန်သည်ရှိသော်လူတို့သည် အလုံးစုံသောတောကိုခုတ်ဖြတ်၍ တစ်ခုထည်းသောအပြင်ကိုပြု၍ လယ်တို့ကိုထွန်ကုန်လတ္တံ့။ သင်တို့သည် ခြင်္သေ့ ကျားတို့၏ပြေးခြင်းကိုမနှစ်သက်လင့်ဟုဆို၍။ ။
(၄၂၁)ယေန မိတ္တေန သံသဂ္ဂါ၊ယောဂက္ခေမော ဝိဟိယျတိ။ဟ
ပုဗ္ဗေ-ဝ-ဇ္ဈဘဝ- န္တဿ၊ရုက္ခေ အက္ခီဝ ပဏ္ဍိတော။ ။
(၄၂၂)ယေန မိတ္တေန သံသဂ္ဂါ၊ယောဂ-က္ခေမော ပဝဍ္ဎတိ။
ကရေယျတ္တ-သမံ ဝုတ္တိံ၊သဗ္ဗ-ကိစ္စေသု ပဏ္ဍိတော။
ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။
(၄၂၁-၄၂၂)သမ္မ၊ အဆွေ။ ယေနမိတ္တေန၊ အကြင်အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဖက်နှီးနှောခြင်းဟူသော အကြောင်းကြောင့်။ ဝါ၊ ဒဿနသံသဂ္ဂစသောအကြောင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာခြင်းသည်။ ဝိဟိယျတိပရိဟာယတိ၊ ဆုတ်ယုတ်၏။ ပဏ္ဍိတော၊ အရေးအရာမြော်မြင်သောပညာရှိသည်။ တဿပါပမိတ္တဿ၊ ထိုယုတ်မာသောအဆွေခင်ပွန်း၏၊ ထိုယုတ်မာသောအဆွေခင်ပွန်းသည်။ အဇ္ဈဘဝံအဘိဘဝိတဗ္ဗံ၊ လွှမ်းမိုးဖိစီးဖျက်ဆီးအပ်လတ္တံ့သောမိမိ၏လာဘယသဇီဝိတကို။ ယထာ၊ အကြင်အခြင်းဖြင့်။ သောပါပမိတ္တော၊ ထိုယုတ်မာသောအဆွေခင်ပွန်းသည်။ နအဇ္ဈဘဝတိ၊ လွှမ်းမိုးဖိစီးမဖျက်ဆီးနိုင်။ တထာ၊ ထိုမဖျက်ဆီးနိုင်သောအခြင်းအရာဖြင့်။ ပုဗ္ဗေဝ၊ လက်ဦးမဆွကလျှင်။ အတ္တနော၊ မိမိ၏။ အက္ခီ၊ မျက်စိတို့ကို။ ရက္ခတိဣဝ၊ စောင့်သကဲ့သို့။ ရက္ခေရက္ခေယျ၊ သတိပညာသမ္မာဝါယာမဖြင့်နှလုံးမချစောင့်ရာ၏။ ။
သမ္မ၊ အဆွေ။ ယေနမိတ္တေန၊ အကြင်အတ္ထက္ခာယီဝိယသဟာယဖြစ်သောအဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဖက်နှီးနှောခြင်းဟူသောအကြောင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာခြင်းသည်။ ပဝဍ္ဎတိ၊ ပွါးများတိုးတက်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တဿကလျာဏ မိတ္တဿ၊ ထိုကောင်းသောအဆွေခင်ပွန်း၏။ သဗ္ဗကိစ္စေသု၊ ကြီးကြီးငယ်ငယ် ကုန်အောင်စုံသောအမှုကိစ္စတို့၌။ အတ္တသမံ၊ မိမိကိစ္စနှင့်အတူအမျှ။ ဝုတ္တိံ၊ မချွတ်မယွင်း ကောင်းသောအကျင့်ကို။ ကရေယျ၊ မျက်မှောက် မျက်ကွယ်မလွှဲမဘယ်ပြုရာ၏။ ဟီနံပန၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုကား။ နကရေယျ၊ မပြုပေရာ။ ။
တနည်း။ အတ္တသမဝုတ္တိံအတ္တနောဝုတ္တိသမံ၊ မိမိ၏အသက်မွေးသောအကျင့်, အတွင်းအသုံးအဆောင်, အပအသုံးအဆောင်၌ ကျင့်သော အကျင့်နှင့်တူစွာ။ ကရေယျ၊ ပြုရာ၏။ ဟီနံ၊ ထိုအမှုကိစ္စကိုပြုသည့်အောက်အယုတ်။ နကရေယျ၊ မပြုရာ။ ။
ဤသို့ဘုရားလောင်းသည် အကြောင်းကို ဆိုသော်လည်း၊ ထိုမိုက်သောနတ်သည်မဆင်ခြင်မူ၍ တစ်နေ့သ၌ကြောက်မက်ဖွယ်သောအာရုံကိုပြု၍ ခြင်္သေ့ ကျားတို့ကိုပြေးစေ၏။ လူတို့သည်ခြင်္သေ့ ကျားတို့၏ခြေရာကိုမမြင်၍ ခြင်္သေ့ ကျားတို့သည် တစ်ပါးသောတောသို့သွားပြီဟုသိ၍ တောအုပ်၏ နံပါး တစ်ဖက်ကို ဖြတ်ကုန်၏။ ရုက္ခစိုးနတ်သည် ဘုရားလောင်းသို့ဆည်းကပ်၏။ အဆွေ၊ အကျွန်ုပ်သည် အဆွေ့စကားကိုမယူမူ၍ ထိုခြင်္သေ့ ကျားတို့ကိုပြေးစေ၏။ ယခုခြင်္သေ့ ကျားတို့၏သွားသော အဖြစ်ကိုသိ၍ လူတို့သည်တောကိုဖြတ်ကုန်၏။ အဘယ်သို့ပြုရအံ့နည်း ဟုဆို၍၊ ယခုထိုခြင်္သေ့ ကျားတို့သည်နေသောတောသို့သွား၍ထိုခြင်္သေ့ ကျားတို့ကိုပင့်ချေလော့ဟုစေသည်ရှိသော်၊ ထိုတောသို့သွား၍ ခြင်္သေ့ ကျားတို့၏ရှေ့မှလက်အုပ်ချီ၍။ ။
(၄၂၃)ဧထ ဗျဂ္ဃါ နိဝတ္တဝှော၊ပစ္စုပေထ မဟာ-ဝနံ။
မာ ဝနံ ဆိန္ဒိ နိဗျဂ္ဃံ၊ဗျဂ္ဃါ မာ-ဟေသု နိဗ္ဗနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၂၃)ဗျဂ္ဃါ၊ ခြင်္သေ့နှင့်ကျား မင်းနှစ်ပါးတို့။ တုမှေ၊ အသျှင်နှစ်ပါးတို့သည်။ ဧထ၊ ကြွလာတော်မူကြပါကုန်။ နိဝတ္တဝှေါ၊ နေဟောင်းတော သို့ပြန်လည်တော်မူကြပါကုန်။ မဟာဝနံ၊ ရှေးကနေဟောင်း,ရိပ်ကောင်း သာယာ,တောကြီးစွာသို့။ ပစ္စုပေထ၊ တဖန်ကပ်တော်မူကြပါကုန်။ ဝနံ၊ အကျွန်ုပ်တို့နေသောတောအုပ်ကို။ ဣဒါနိ၊ ယခုအခါ၌။ တုမှာကံ၊ အသျှင်မင်းနှစ်ပါးတို့၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ နိဗျဂ္ဃံ၊ ခြင်္သေ့နှင့်ကျား မင်းနှစ်ပါးမရှိပြီဟူ၍။ မနုဿာ၊ လူတို့သည်။ မာဆိန္ဒိမာဆိန္ဒိံသု၊ မခုတ်မဖြတ်ပါစေကုန်လင့်။ ဗျဂ္ဃါ၊ ခြင်္သေ့ နှင့်ကျား အသျှင်မင်းနှစ်ပါးတို့သည်လည်း။ နိဗ္ဗနာ၊ အသျှင်တို့နေဟောင်း, ရိပ်ကောင်းခမ်းဝါ, တောသာယာမှ, ပြေးကုန်ကြ၍, နေရာဌာန, တောမှကင်းကွာ, တောနေရာမဲ့ကုန်ကြသည်။ မာအဟေသုံ၊ မဖြစ်ကြပါကုန်လင့်။ ။
ထိုကျား ခြင်္သေ့တို့သည်ရှိခိုးဦးနှိမ်အကြိမ်ကြိမ်ရုက္ခစိုးနတ်တောင်းပန်အပ်သော်လည်း ၊သင်သည် သွားလေ၊ ငါတို့မလာကုန်ဟုပယ်ကုန်သလျှင်ကတည်း။ ရုက္ခစိုးနတ်သည် တစ်ယောက်ထည်းလျှင်တောအုပ်သို့ပြန်လာ၏။ လူတို့သည်နှစ်ရက်သုံးရက်ဖြင့်လျှင်အလုံးစုံသောတောအုပ်ကိုဖြတ်၍လယ်ယာလုပ်၍ ထွန်ကုန်၏။ ။ (ဒဿနသံသဂ္ဂ, သဝနသံသဂ္ဂ, ကာယသံသဂ္ဂ, သမုလ္လပနသံသဂ္ဂ, ပရိဘောဂသံသဂ္ဂ, ဟူ၍သံသဂ္ဂအပြားငါးပါးတည်း။ ထိုငါးပါးတို့တွင်အချင်းချင်းတွေ့ဖူးမြင်ဖူးကြသည်ကား ဒဿနသံသဂ္ဂ။ အချင်းချင်းအသံကို ကြားဖူးကြသည်ကား သဝနသံသဂ္ဂ။ ကိုယ်လက်နှီးနှောဖူးသည်ကား ကာယသံသဂ္ဂ။ အချင်းချင်း ချစ်ဖွယ်စကားဆို၍ စကားရှည်တို ပြောဖူးကြသည်ကား သမုလ္လပနသံသဂ္ဂ။ အတူတကွသုံးဆောင် စားသောက်နေထိုင်ဖူးကြသည်ကား ပရိဘောဂသံသဂ္ဂ။ ကာယစိတ္တသုခသည် ဤ၌ယောဂက္ခေမ မည်၏။ ။ ယောဂက္ခေမောတိကာယစိတ္တသုခံ၊ တံဟိဒုက္ခဟောဂတောခေမတ္တာဣဓယောဂက္ခေမောတိအဓိပ္ပေတံ။ ။ အဋ္ဌကထာ။ ။ ဤဒိသေသုဌာနေသုဆဋ္ဌီကတ္တုကရဏေဒဋ္ဌဗ္ဗာ။ ဋီကာ ဟူရကား တဿကိုကတ္တားပေးသည်။ ဗျဂ္ဃေါစသီဟောစဗျဂ္ဃါ, ဟု၊ဧကသိက်ပြု။ ဆိန္ဒိ,ကားဝစနဝိပလ္လာသတည်း။ ထို့ကြောင့်အဋ္ဌကထာ၌ မနုဿာမာဆိန္ဒိံသု, ဟူသည်။ နတ္ထိဝနံဧတေသန္တိနိဗ္ဗနာ,ပြု)။ ။
ဗျဂ္ဃဇာတကံဒုတိယံ။၂၇၂။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကောနုဥဒ္ဓိတဘတ္တောဝ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏အမတ်ကြီး နှစ်ယောက်တို့၏ ခိုက်ရန်ငြိမ်းခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ တစ်ခုသော လိပ်သည် ရေမှထွက်၍ ဂင်္ဂါနား၌ ခံတွင်းကိုဖွင့်၍နေပူခံလျက်အိပ်၏။ ထိုလိပ်ကိုမြင်၍ လျှပ်ပေါ်သောထိုမျောက်သည် လိပ်ခံတွင်း၌ အင်္ဂါဇာတ်ကိုသွင်းခြင်းကိုပြု၏။ ထိုအခါလိပ်သည်နိုး၍မျောက်၏ အင်္ဂါဇာတ်ကိုကြုပ်၌ထည့်ဘိသကဲ့သို့ ကိုက်၏ပြင်းစွာသောဝေဒနာသည်ဖြစ်၏။ ဝေဒနာကိုသည်းခံအံ့သောငှါမတတ်နိုင်ရကား အဘယ်သူသည်လျှင် ဤဆင်းရဲမှငါ့ကိုလွတ်ပါစေအံ့နည်း၊ အဘယ်သူ၏အထံသို့ ငါသွားရအံ့နည်းဟုရသေ့ကိုထား၍ ငါ့ကိုဤဆင်းရဲမှလွတ်စေနိုင်သောတစ်ပါးသောသူမည်သည်မရှိ၊ ငါသည်ရသေ့အထံသို့ သွားခြင်းငှါသင့်၏ဟုလိပ်ကိုလက်နှစ်ဖက်တို့ဖြင့် သပိတ်ပွေ့သကဲ့သို့ပွေ့၍ ဘုရားလောင်း၏အထံသို့သွား၏။ ဘုရားလောင်းသည်ထိုသီလမရှိသော မျောက်နှင့်တကွပျက်ရယ်ပြုလိုရကား။ ။
(၄၂၄)ကော နု ဥဒ္ဓိတ-ဘတ္တော-ဝ၊ပူရ-ဟတ္ထော-ဝ ဗြာဟ္မဏော။
ကဟံ နု ဘိက္ခံ အစရိ၊ကံ သဒ္ဓံ ဥပသင်္ကမိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍သီလမရှိသောမျောက်သည်။ ။
(၄၂၅)အဟံ ကပိ-သ္မိ ဒုမ္မေဓေါ၊အနာ-မာသာနိ အာမသိံ။
တွံ မံ မောစယ ဘဒ္ဒ-န္တေ၊မုတ္တော ဂစ္ဆေယျ ပဗ္ဗတံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်ထိုမျောက်၌သနားသဖြင့်လိပ်နှင့်တကွစကားပြောလိုရကား။ ။
(၄၂၆)ကစ္ဆပါ ကဿပါ ဟောန္တိ၊ကောဏ္ဍညာ ဟောန္တိ မက္ကဋာ။
မုဉ္စ ကဿပ ကောဏ္ဍညံ၊ကတံ မေထုနကံ တယာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၂၆)ကစ္ဆပါ၊ လိပ်တို့မည်သည်။ ကဿပါ၊ ကဿပ အနွယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ မက္ကဋာ၊ မျောက်တို့သည်ကား။ ကောဏ္ဍညာ၊ ကောဏ္ဍည အနွယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ယသ္မာ၊ အကြင်ကြောင့်။ ကဿပကောဏ္ဍညာနံ၊ ကဿပအနွယ်ကောဏ္ဍညအနွယ်တို့၏။ အညမညံ၊ အချင်းချင်း။ အာဝါဟ-ဝိဝါဟ-သမ္ဗန္ဓော၊ သ္မီးယူခြင်း, သ္မီးပေးခြင်းအားဖြင့်စပ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ အဒ္ဓါ၊ မချွတ်။ လောလေန၊ လျှပ်ပေါ်သော။ ဒုဿီလမက္ကဋေန၊ ဒုဿီလဖြစ်သောမျောက်နှင့်။ သဒ္ဓိံ၊ တကွ။ တယာ၊ သင်နှင့်။ ဂေါတ္တသဒိသတ္တသင်္ခါတဿ၊ အနွယ်တူသည်၏အဖြစ်ဟုဆိုအပ်သော။ မေထုနဓမ္မဿ၊ အချင်းချင်းတူမျှသော သဘောအား။ အနုစ္ဆဝိကံ၊ လျောက်ပတ်သော။ ဒုဿီလကမ္မသင်္ခါတံ၊ ဒုဿီလအမှုဟုဆိုအပ်သော။ မေထုနကံပိ၊ မေထုန် အမှုကိုလည်း။ ကတံ၊ ပြုအပ်၏။ တသ္မာ၊ ထို့ကြောင့်။ ကဿပ၊ ကဿပအနွယ်ဖြစ်သောလိပ်။ တွံ၊ သင်သည်။ ကောဏ္ဍညံ၊ ကောဏ္ဍညအနွယ်ဖြစ်သော မျောက်ကို။ မုဉ္စ၊ လွှတ်လော့။ ။
လိပ်သည် ဘုရားလောင်း၏ စကားကိုကြား၍ အကြောင်း၌ ကြည်ညိုရကား မျောက်၏အင်္ဂါဇာတ်ကိုလွှတ်၏။ မျောက်သည်လွှတ်ထည့်ခြင်းလျှင်ဘုရားလောင်းကိုရှိခိုး၍ပြေး၏။ တဖန်ထိုအရပ်ကိုပြန်လည်၍ လည်းမကြည့်။ လိပ်သည်လည်း ဘုရားလောင်းကို ရှိခိုး၍ မိမိနေရာသို့ လျှင်သွားလေ၏။ ။ (ဂစ္ဆေယျပဗ္ဗတံ,၌ပဿေယျတံ,ကဲ့သို့ နိဂ္ဂဟိတ်ကျေသည်)။ ။
ကစ္ဆပဇာတကံ တတိယံ။၂၇၃။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယံဗလာကာသိခိနီ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤလောလဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လျှပ်ပေါ်သောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ကျက်စားရာအရပ်မှလာ၍ ငြီးငြူသောကျီးကိုမြင်၍ပျက်ရယ်ပြုလိုရကား။ ။
(၄၂၇)ကာ-ယံ ဗလာကာ သိခိနီ၊စောရီ လင်္ဃိပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊စဏ္ဍော မေ ဝါယသော သခါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုခိုစကားကိုကြား၍ကျီးသည်။ ။
(၄၂၈)နာဟံ-ဗလာကာ သိခိနီ၊အဟံ လောလ-သ္မိ ဝါယသော။
အ-ကတွာ ဝစနံ တုယှံ၊ပဿ လူန-သ္မိ အာဂတော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုကျီးစကားကိုကြား၍ဘုရားလောင်းခိုသည်။ ။
(၄၂၉)ပုနပါ-ပဇ္ဇသီ သမ္မ၊သီလံဟိတဝ တာဒိသံ။
န ဟိ မာနုသကာ ဘောဂါ၊သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၂၉)သမ္မ၊ အဆွေကျီး။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသောဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ တေ၊ သင့်အား။ ဧတ္တကေန၊ ဤမျှဆင်းရဲဖြင့်။ သုခါ၊ ချမ်းသာသည်။ နတ္ထိ၊ ရှိမည်မဟုတ်သေး။ ဟိသစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ ကိုယ်ကျင့်သီလသည်။ တာဒိသံ၊ ထိုသို့သောဆင်းရဲသို့ရောက်ခြင်းအား လျော်သောသဘောရှိ၏။ မနုဿာနာမ၊ လူတို့မည်သည်။ မဟာပုညာ၊ ဘုန်းကြီးကုန်၏။ တိရစ္ဆာနဂတာနံ၊ တိရစ္ဆာန်တို့အား။ တထာရှုပံ၊ ထိုသို့လူတို့ဘုန်းကန်နှင့်တူသောသဘောရှိသော။ ပုညံ၊ ဘုန်းကံသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ ပက္ခိနာ၊ ငှက်သည်။ မာနုသိကာ၊ လူ၏အသုံးအဆောင် ဖြစ်ကုန်သော။ ဘောဂါ၊ အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ လွယ်သဖြင့်သုံးဆောင်အပ်ကုန်သည်။ နဟိဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ ။
(ဗကောတုသုက္ကကာကောထ။ ဗလာကာဝိသကဏ္ဌိကာ, ဟုဗျိုင်းဖြူဟောနှစ်ပုဒ်၊ ဗျိုင်းအောက်ဟောနှစ်ပုဒ်လာရကား။ ဗလာကာ၊ ဗျိုင်းအောက်ဟော။ ဗလာကယောနိမှိ၊ နဝိဇ္ဇတိပုမောသဒါ, ဟုကျမ်းလာရကား။ ဗျိုင်းအောက်မျိုး၌အဖိုမရှိ။ ဗျိုင်းဖြူမျိုး၌ကားအဖိုအမအစုံရ၏။ မေဃေသုဂဇ္ဇမာနေသုဂဗ္ဘ ဂဏှန္တိ တာသဒါ, ဟုကျမ်းလာရကား။ အဖိုမရှိသော်လည်း မိုဃ်းသံကြားကကိုယ်ဝန်ကိုယူကြကုန်သတည်း။ လင်္ဃီ ဝုစ္စတိအာကာသေလင်္ဃနတော မေဃော၊ကောင်းကင်၌ တက်တတ်လွှားတတ်သွားတတ်သောကြောင့် မိုဃ်းကိုလင်္ဃီ, ဆိုသတည်း။ မိုဃ်းသံဖြင့်ကိုယ်ဝန်ယူကုန်ရကား မိုဃ်းသံသည်ဗျိုင်းအောက်တို့၏အဘ၊မိုဃ်းသည်အဘိုးဖြစ်ရကား။ လင်္ဃီပိတာမဟာဟူသတည်း)။ ။
လောလဇာတကံ စတုတ္ထံ။၂၇၄။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယံဗလာကာ ရုစိရာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရုစိရဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လျှပ်ပေါ်သောရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
နှစ်ခုကုန်သောဝတ္ထုတို့သည် ရှေးနှင့်တူကုန်သလျှင်ကတည်း။ ဂါထာသည်ကားထူး၏။ ။
(၄၃၀)ကာ-ယံ ဗလာကာ ရုစိရာ၊ကာက-နီဠသ္မိ-မစ္ဆတိ။
စဏ္ဍော ကာကော သခါ မယှံ၊ယဿ စေ-တံ ကုလာဝကံ။ ။
(၄၃၁)နနု မံ သမ္မ ဇာနာသိ၊ဒိဇ သာမာက-ဘောဇန။
အ-ကတွာ ဝစနံ တုယှံ၊ပဿ လူန-သ္မိ အာဂတော။ ။
(၄၃၂)ပုနပါ-ပဇ္ဇသီ သမ္မ၊သီလံ ဟိ တဝ တာဒိသံ။
န ဟိ မာနုသကာ ဘောဂါ၊သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။ ။
(၄၃၀-၄၃၂)ရုစိရာ၊ ချစ်ခင်စဖွယ်ဖြူစင်သော အဆင်းရှိသော။ အယံဗလာကာ၊ ဤဗျိုင်းအောက်မသည်။ ကာ၊ အဘယ်သို့သဘောရှိသော ဗျိုင်းအောက်မနည်း။ ကာက-နီဠသ္မိ၊ ကျီးသိုက်၌။ အစ္ဆတိ၊ နေ၏။ ယဿ၊ အကြင်ကျီး၏။ ဧတံကုလာဝကံ၊ ဤအသိုက်သည်။ ဟောတိ၊ ဖြစ်၏။ မယှံ၊ ငါ၏။ သခါ၊ ခင်ပွန်းဖြစ်သော။ သောစကာကော၊ ထိုအသိုက်ရှင်ကျီးသည်ကား။ စဏ္ဍော၊ ကြမ်း၏။ ။
( ဘုရားလောင်းခိုဆိုသောဂါထာ)။ ။
သာမာကဘောဇန၊ မြက်ဆန်လျှင်အစာရှိသော။ သမ္မဒိဇ၊ အဆွေခို။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ဇနာသိနနု၊ သိသည်မဟုတ်လော။ တုယှံ၊ သင်၏။ ဝစနံ၊ ဆုံးမသောစကားကို။ အ-ကတွာ၊ မလိုက်နာသောကြောင့်။ လူနော၊ အမွေးအမျှင်စင်အောင် နုတ်အပ်သည်။ အသ္မိ၊ ဖြစ်၏။ အာဂတော၊ ကျက်စားရာအရပ်မှလာသော။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ ပဿ၊ ကြည့်စမ်းပါလော့။ ။
သမ္မ၊ အဆွေကျီး။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသောဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ တေ၊ သင့်အား။ ဧတ္တကေန၊ ဤမျှဆင်းရဲဖြင့်။ သုခါ၊ ချမ်းသာသည်။ နတ္ထိ၊ ရှိမည်မဟုတ်သေး။ ဟိသစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ ကိုယ်ကျင့်သီလသည်။ တာဒိသံ၊ ထိုသို့သောဆင်းရဲသို့ရောက်ခြင်းအားလျော်သော သဘောရှိ၏။ မနုဿာနာမ၊ လူတို့မည်သည်။ မဟာပုညာ၊ ဘုန်းကြီးကုန်၏။ တိရစ္ဆာနဂတာနံ၊ တိရစ္ဆာန်တို့အား။ တထာရူပံ၊ ထိုသို့လူတို့ဘုန်းကံနှင့်တူသော သဘောရှိသော။ ပုညံ၊ ဘုန်းကံသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ ပက္ခိနာ၊ ငှက်သည်။ မာနုသိကာ၊ လူတို့၏အသုံးအဆောင်ဖြစ်ကုန်သော။ ဘောဂါ၊ အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ လွယ်သဖြင့်သုံးဆောင်အပ်ကုန်သည်။ နဟိဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ ။
(ပဌမဂါထာကို ဘုရားလောင်းခိုဆိုအပ်၏။ ဒုတိယဂါထာကို လျှပ်ပေါ်သောကျီးသည်ဆိုအပ်၏။ တတိယဂါထာကိုလည်းဘုရားလောင်းခိုသည်ပင်ဆိုအပ်၏။ ။ နီဠောနိတ္ထိကုလာဝကံ။ ။ အဘိဓာန်ဟူရကား၊နီဠ,ကုလာဝက,တို့ကား အသိုက်ဟောပရိယာယ်တည်း။ ။ နီဍ,လည်းအသိုက်ဟောပရိယာယ်ပင်တည်း။ ။ ထို့ကြောင့်နီဠသ္မိမစ္ဆတိနီဍသ္မိမစ္ဆတိ,ဟုနှစ်ထွေရှိသင့်၏။ ။ ဂရုဠ,ကိုလောကီကျမ်း၌ဂရုဍ, ဟူသကဲ့သို့၊နီဠ,ကိုနီဍ, ဟူသည်)။ ။
ရုစိရဇာတကံ ပဉ္စမံ။၂၇၅။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တဝသဒ္ဓဉ္စသီလဉ္စ၊အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂရုဓမ္မဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ဟင်္သာကိုသတ်သောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ကလိင်္ဂတိုင်းသား ရှစ်ယောက်သော ပုဏ္ဏားတို့သည် တောင်တံခါးသို့ဝင်ရောက်လာလတ်သော် လက်ကိုမြှောက်၍၊ ဇယတုဘဝံမဟာရာဇ။ မဟာရာဇ၊ မင်းမြတ်။ ဘဝံ၊ အသျှင်မင်းမြတ်သည်။ ဇယတု၊ ရန်အမျိုးကို၊နှိမ်ချိုးဆောလျင်၊အောင်မြင်စေသောဟုအောင်ဆုဆက်ကုန်၏။ ထိုအခါ ဓနဉ္စယကောရဗျမင်းသည် ဝဇီရစိန်ချွန်းဖြင့် ဆင်ကိုနစ်စေ၍ ထိုပုဏ္ဏားတို့၏အထံသို့သွား၍၊အိုပုဏ္ဏားတို့၊ သင်တို့သည် အဘယ်ကိုအလိုရှိကုန်သနည်းဟုမေးကုန်၏။ ပုဏ္ဏားတို့သည် ဘုရားလောင်း၏ ကျေးဇူးကိုချီးမွမ်းလိုရကား။ ။
(၄၃၃)တဝ သဒ္ဓဉ္စ သီလဉ္စ၊ဝိဒိတွာန ဇနာဓိပ။
ဝဏ္ဏံ အဉ္ဇန-ဝဏ္ဏေန၊ကာလိင်္ဂသ္မိံ ဝနိမှသေ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်၊ သောင်းဇမ္ဗူဒိပ်၊ မဏ္ဍထိပ်၌၊ မြရိပ်အောင်ပန်း၊ ညွန့်လန်းသပြေ၊ နေဇာမြက်နု၊ ခရုလက်ယာ၊ ကိုင်စွဲကာလျှင်၊ မင်္ဂလာဘိသိက်၊ အောင်နိမိတ်ဖြင့်၊ သိဒ္ဓိတင်ကာ၊ ငါ့ထံလာသည်၊ ဆရာရှစ်ပါး၊ အိုပုဏ္ဏားတို့၊ သင်တို့သည်ဤဆင်ကိုရောင်း၍ဥစ္စာကိုပြုလိုကုန်သည်ဖြစ်အံ့၊ မစိုးရိမ်ကုန်လင့်။ တန်းဆာဆင်တိုင်းသောဆင်ကိုလျှင်သင်တို့အားပေးအံ့ဟုနှစ်သိမ့်စေ၍။ ။
(၄၃၄)အန္န-ဘစ္စာစ-ဘစ္စာ စ၊ယော-ဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေ တေ အပ္ပဋိက္ခိပ္ပါ၊ပုဗ္ဗာစရိယဝစော ဣဒံ။ ။
(၄၃၅)ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂ-မေတံ၊ရာဇာ-ရဟံ ရာဇ-ဘောဂံ ယသဿိနံ။
အလင်္ကတံ ဟေမ-ဇာလာဘိဆန္နံ၊သ-သာရထိံ ဂစ္ဆထ ယေန ကာမံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၄၃၄-၄၃၅)ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ အန္န-ဘစ္စာ၊ ရိက္ခာထမင်းပေးကမ်းခြင်းဖြင့်ကြွေးမွေးအပ်ကုန်သော။ ယေသတ္တာစ၊ အကြင်သတ္တဝါတို့သည်၎င်း။ အ-ဘစ္စာ၊ ရိက္ခာထမင်းပေးကမ်းခြင်းဖြင့် မကျွေးမွေးအပ်ကုန်သော။ ယေသတ္တာစ၊ အကြင်သတ္တဝါတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဣဓဇီဝလောကေ၊ ဤအသက်ရှင်သောလူ့ပြည်၌။ တေသုသတ္တေသု၊ ထိုနှစ်ဦးသောသတ္တဝါတို့တွင်။ ယောသတ္တော၊ အကြင်အမှတ်မရှိသောအလှူခံပုဂ္ဂိုလ်သည်။ ပစ္စာသိသမာနော၊ တစ်စုံတစ်ရာငါအလှူခံက ရလတ္တံ့ဟုတောင့်တအာသာရှိသည်ဖြစ်၍။ ယံပုရိသံ၊ အကြင်အလှူပေးတတ်သော ယောက်ျားကို။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဂစ္ဆတိ၊ သွား၏။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ ဥဒ္ဒိဿ၊ ရည်မှတ်၍။ ဂစ္ဆန္တာ၊ သွားကုန်သောသူတို့သည်။ ဗဟူ၊ များကုန်သည်။ သစေပိဟောန္တိ၊ အကယ်၍ဖြစ်စေကုန်မူ။ တထာပိ၊ ထိုသို့များကုန်သော်လည်း။ တေနပုရိသေန၊ ထိုအလှူပေးတတ်သောယောက်ျားသည်။ သဗ္ဗေ၊ ကုန်အောင်စုံကုန်သော။ တေသတ္တာ၊ ထိုလက်ဝါး ဖွေးဖွေး၊ပေးတော်မူပါ ကမ်းတော်မူပါ တောင်းလာကုန်သော သတ္တဝါတို့ကို။ အပ္ပဋိက္ခိပ္ပါ၊ ဖဲကြကုန်လေ သွားကြကုန်လေ သင်တို့တတွေကိုငါမပေးနိုင်ဟုမဖယ်မလှန်အပ်ကုန်။ ဣဒံ၊ ဤသို့အလှူခံလယ်မြေရောက်လာလျက်, မနှစ်သက်သော အမျက်မာန်ဖြင့် မပယ်လှန်အပ်, မလပ်စေရ, ကုသိုလ် မျိုးစိုက်ပျိုးချရမည်ဟူသောစကားသည်။ (တနည်း)။ ဣဒံ၊ ဤသို့မပယ်မလှန်၊ မျက်မာန်မသည်း၊ပစ္စည်းဝန်ပုပ်၊ မသိုမြှုပ်ဘဲ၊ လက်ဆုပ်ဖြေဆန့်၊ ပေးဝေဖြန့်လျက်၊ နိဗ္ဗာန်မျိုးကိုစိုက်ပျိုးချရမည်ဟူသောစကားသည်။ ပုဗ္ဗာ-စရိယ-ဝစော၊ လက်ဦးဆရာ၊ မည်ထိုက်စွာသည်၊ မာတာပိတ၊ မိနှင့်ဘတို့ဆုံးမစကားပေတည်း။ ။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့။ တသ္မာ၊ ထိုသို့မိဘစကား ထင်ရှားရှိသည်၏အဖြစ်ကြောင့်။ ရာဇာရဟံ၊ မင်းအားထိုက်သော။ ရာဇဘောဂံ၊ မင်းတို့အသုံးအဆောင်ဖြစ်သော။ ယသဿိနံ၊ ဆေးသမားက၊ စသည်တန်တန်၊ ခြွေရံများဘိ၊ ငါးရာရှိသော။ အလင်္ကတံ၊ ထူးထွေများစွာတန်းဆာဆင်အပ်ပြီးသော။ ဟေမဇာလာဘိဆန္နံ၊ ရွှေကွန်ရက်ဖြင့်ဖြန့်လျက်ဖုံးလွှမ်းထသော။ သ-သာရထိံ၊ ဆင်ဆရာနှင့်တကွသော။ ဧတံနာဂံ၊ ဤမင်္ဂလာဆင်တော်ကို။ အဟံ၊ ငါသည်။ ဝေါ၊ သင်တို့အား။ ဒဒါမိ၊ ပေးလှူ၏။ တသ္မာ၊ ထိုသို့ကြည်ဖြူငါလှူပြီးဖြစ်သောကြောင့်။ တုမှေ၊ သင်ပုဏ္ဏားတို့သည်။ သ-ပရိဝါရံ၊ အခြံအရံနှင့်တကွသော။ ဣမံနာဂံ၊ ဤမင်္ဂလာဆင်တော်ကို။ ဂဟေတွာ၊ ယူ၍။ ယေနကာမံ၊ အလိုရှိရာသို့။ ဂစ္ဆထ၊ သွားကြလေကုန်။ ။
(ဂဏိကာဥပ္ပလဝဏ္ဏာစ၊ပုဏ္ဏောဒေါဝါရိကောတဒါ။ ရဇ္ဇုဂါဟောကစ္စာယနော၊မောဂ္ဂလာနောဒေါဏမာမကော။ ။ သာရိပုတ္တောတဒါသေဋ္ဌိ၊ အနုရုဒ္ဓေါစသာရထိ။ ဗြာဟ္မဏောကဿပေါထေရော၊ ဥပရာဇာနန္ဒပဏ္ဍိတော။ ။ မဟေသီရာဟုလမာတာ၊မာယာဒေဝီဇနေတ္တိစ။ ကုရုရာဇာဗောဓိသတ္တော၊ ဧဝံဓာရေထဇာတကံ။ ။ ဤကားဇာတ်ပေါင်းဂါထာ)။ ။
ဘိက္ခဝေ၊ ရဟန်းတို့။ တဒါ၊ ထိုအခါ၌။ ဂဏိကာ၊ ပြည့်တန်းဆာမသည်။ ဥပ္ပလဝဏ္ဏာ၊ ယခုအခါဥပ္ပလဝဏ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဒေါဝါရိကော၊ တံခါးစောင့်သည်။ ပုဏ္ဏော၊ ယခုအခါပုဏ္ဏထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ရဇ္ဇုဂါဟော၊ မြေတိုင်းအမတ်သည်။ ကစ္စါယနော၊ ယခုအခါမဟာကစ္စည်းထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဒေါဏမာမကော၊ တည်သည်အမတ်သည်။ မောဂ္ဂလာနော၊ ယခုအခါမဟာမောဂ္ဂလာန်ထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ သေဋ္ဌိ၊ သူဋ္ဌေးကြီးသည်။ သာရိပုတ္တော၊ ယခုအခါ သာရိပုတ္တရာသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ သာရထိစ၊ ရထားထိန်းသည်ကား။ အနုရုဒ္ဓေါ၊ ယခုအခါအနုရုဒ္ဓါသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုရောဟိတ်ပုဏ္ဏားသည်။ ကဿပေါ၊ ယခုအခါ၌မဟာကဿပအမည်ရှိသော။ ထေရော၊ မထေရ်သည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဥပရာဇာ၊ အိမ်ရှေ့မင်းသည်။ အာနန္ဒ ပဏ္ဍိတော၊ ယခုအခါအာနန္ဒာပညာရှိသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ မဟေသီ၊ မိဖုရားကြီးသည်။ ရာဟုလမာတာ၊ ယခုအခါရာဟုလမယ်တော် ယသော်ဓရာသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဇနေတ္တိစ၊ မယ်တော်သည်ကား။ မာယာဒေဝီ၊ ယခုအခါမာယာဒေဝီသည်။ အဟောသိ၊ ဖြစ်ပြီ။ တဒါ၊ ထိုအခါ၌။ ဗောဓိသတ္တော၊ ဘုရားလောင်းဖြစ်သော။ ကုရုရာဇာ၊ ကုရုမင်းသည်။ သမ္မာသမ္ဗုဒ္ဓေါ၊ ယခုအခါသစ္စာလေးဆင့်ပွင့်တော်မူသော မြတ်စွာဘုရားသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧဝံ၊ ဤသို့ဆိုခဲ့ပြီးသောနည်းဖြင့်။ ဇာတကံ၊ ဇာတ်တော်ကို။ တုမှေ၊ သင်တို့သည်။ ဓာရေထ၊ မှတ်ကြကုန်လော့။ ဣတိ၊ ဤသို့။ သမောဓာနေသိ၊ ပေါင်းတော်မူ၏။ ။ ဝဏ္ဏံအဉ္ဇနဝဏ္ဏေန၌၊ထိုအခါထိုအရပ်ဒေသ၌ရွှေကိုဝဏ္ဏ,ဟူ၍ဆိုသတည်း။ ဝဏ္ဏ,ဟူသောဤစကားသည်လည်းဒေသနာသီသမျှသာတည်း။ ဤဝဏ္ဏ,ဟူသောပုဒ်ဖြင့်အလုံးစုံလည်းဖြစ်သော ဟိရည,သုဝဏ္ဏ,စသော ဓန,ဓည,ကို သင်္ဂြိုဟ် အပ်သတည်း။ တနည်း။ ကျေးဇူးကို ဤ၌ဝဏ္ဏ,ယူမူ။ ကလိင်္ဂသ္မိံ၊ ကလိင်္ဂမင်းအထံ၌။ အဉ္ဇနဝဏ္ဏေန၊ အဉ္ဇနဝဏ္ဏဆင်တော်ဖြင့်။ တဝ၊ အသျှင်မင်းကြီး၏။ ဝဏ္ဏံ၊ သီလကျေးဇူးကို။ ဝနိမှသေ၊ ချိန်လိုကုန်၏,ပေး။ ကလိင်္ဂမှိ,ဟူ၍၎င်း၊ ကလိင်္ဂသ္မိံ,ဟူ၍၎င်း နှစ်ထွေပါဠိရှိသည်ကား သင့်သည်ချည်း။ ဝနိမှသေ,၌၊ သေ,ကား နိပါတ် မျှသာတည်း။ ။ အန္နဘစ္စာစအဘစ္စာစ,ပုဒ်ဖြတ်၍အ,ကျေသည်။ ဘရိတဗ္ဗာတိ ဘတာ၊ဘတာဧဝဘစ္စာ။ ဏျပစ္စည်းအနက်မရှိ။ တနည်းလည်း၊တကိုဒွေးဘော်နှင့်တကွ၊စ,ပြု၍ဘစ္စာ,ပြီးသည်။
ဂရုဓမ္မဇာတကံဆဋ္ဌံ။၂၇၆။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝဿာနိပညာသသမာဓိကာနိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤရောမကဇာတ်ကို၊ ဝေဠုဝန် ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ မြတ်စွာဘုရားအား သတ်အံ့သောငှါ လုံ့လပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်ခိုအပေါင်းခြံရံလျက်လာ၏။ ထိုရသေ့ကောက်၏ပျက်သော အမူအရာကိုမြင်၍ ဤရသေ့ပျက်သည် ရှေးနှင့်မတူအမူတစ်ပါးဖြင့်နေ၏။ ငါတို့၏ဆွေမျိုးတို့၏အသားကိုစားလေသလော၊ ထိုရသေ့ကို စုံစမ်းအံ့ဟု လေကြေ၌ရပ်၍ ရသေ့၏ ကိုယ်မှခိုသားနံ့နံ၍၊ ဤရသေ့သည်ငါတို့ကိုသတ်၍ အသားကိုစားလို၏။ ထိုရသေ့၏အထံသို့ သွားခြင်းငှာမသင့်ဟု ခိုအပေါင်းတို့ကိုခေါ်၍ဖဲသွား၏။ ရသေ့သည်ထိုခိုမလာသည်ကိုမြင်၍ ခိုတို့နှင့်တကွ သာယာသောစကားကိုဆို၍ အကျွမ်းဝင်သဖြင့်ကပ်လာကုန်သောခိုတို့ကိုသတ်၍ အသားကိုစားခြင်းငှာသင့်၏ဟုကြံ၍။ ။
(၄၃၆)ဝဿာနိ ပညာသ သမာဓိကာနိ၊ဝသိမှ သေလဿ ဂုဟာယ ရောမက။
အ-သင်္ကမာနာ အဘိနိဗ္ဗုတ-စိတ္တာ၊ဟတ္ထ-တ္ထ-မာယန္တိ မမ-ဏ္ဍဇာ ပုရေ။ ။
(၄၃၇)တေ ဒါနိ ဝက္ကင်္ဂ ကိ-မတ္ထ-မုဿုကာ၊ဘဇန္တိ အညံ ဂိရိ-ကန္ဒရံ ဒိဇာ။
န နူန မညန္တိ မမံ ယထာ ပုရေ၊စိရ-ပ္ပဝုတ္ထာ အထ ဝါ န တေ ဣမေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၄၃၆-၄၃၇)ရောမက၊ သစ်ပင်၌ ပေါက်ဖွားသောခို။ ဝါ၊ ကောင်းစွာသွေးအပ်သော သန္တာအဆင်းနှင့် တူသော နီသော မျက်စိရှိသောခိုမင်း။ မယံ၊ ငါတို့သည်။ သမာဓိကာနိ၊ အလွန်နှင့်တကွ ဖြစ်ကုန်သော။ ပညာသဝဿာနိ၊ အနှစ်ငါးဆယ်တို့ပတ်လုံး။ သေလဿ၊ ဤတောင်၏။ ဂုဟာယ၊ လိုဏ်၌။ ဝသိမှ၊ နေကုန်ပြီ။ ပုရေ၊ ရှေးကာလ၌။ ဧတေအဏ္ဍဇာ၊ ဤငှက်တို့သည်။ ဧကဒိဝသံပိ၊ တစ်နေ့မျှလည်း။ မယိ၊ ငါ၌။ အ-သင်္ကမာနာ၊ ရွံရှာခြင်းကိုမပြုကုန်မူ၍။ အဘိနိဗ္ဗုတ-စိတ္တာ၊ အလွန်ငြိမ်းသောစိတ်ရှိကုန်သည်ဖြစ်၍။ မမ၊ ငါ၏။ ဟတ္ထတ္ထံ၊ လက်ဖြန့်မှီရာအရပ်သို့။ အာယန္တိ၊ လာကုန်၏။ ။
ဝက္ကင်္ဂ၊ ကောက်သောလည်အင်္ဂါရှိသောခို။ ဣဒါနိ၊ ယခု။ တေဒိဇာ၊ ထိုငှက်တို့သည်။ ကိမတ္ထံ၊ အဘယ်အကြောင်းကို။ ပဿမာနာ၊ မြင်ကုန်သည်ဖြစ်၍။ ဥဿုကာဥက္ကဏ္ဌိတရူပါ၊ ဆန့်ကျင်သောသဘောရှိကုန်သည်ဖြစ်၍။ အညံ၊ တစ်ပါးသော။ ဂိရိကန္ဒရံ၊ တောင်ချောက်သို့။ ဘဇန္တိ၊ ပျံသွားကုန်ဘိသနည်း။ ပုရေ၊ ရှေး၌။ ဧတေပက္ခိနော၊ ဤငှက်တို့သည်။ မမံ၊ ငါ့ကို။ ဂရုံကတွာ၊ အလေးအမြတ်ပြု၍။ မညန္တိယထာ၊ အောက်မေ့ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဣဒါနိ၊ ယခုအခါ၌။ နမညန္တိနူန၊ မအောက်မေ့ကုန်ယောင်တကား။ ဣမေ၊ ဤခိုတို့သည်။ စိရပ္ပဝုဋ္ဌာ၊ ရှည်မြင့်စွာကာလပတ်လုံးအရပ်တစ်ပါး၌နေကြကုန်သည်ဖြစ်၍။ ဒီဃဿအဒ္ဓုနော၊ ရှည်စွာသောအဓွန့်၏။ အစ္စယေန၊ လွန်သောကာလ၌။ အာဂတတာယ၊ လာသည်၏အဖြစ်ကြောင့်။ အယံ၊ ဤသျှင်ရသေ့သည်။ သောယေဝါတိ၊ ငါတို့ဆည်းကပ်နေကြ ထိုရသေ့ပင်တည်းဟူ၍။ နသဉ္ဇာနန္တိကိံနု၊ မသိကြကုန်သလော။ အထဝါဥဒါဟု၊ ထိုသို့မဟုတ်မူ။ ဣမေ၊ ဤခိုတို့သည်။ ယေ၊ အကြင်သူတို့သည်။ အမှေသု၊ ငါတို့၌။ အဘိနိဗ္ဗုတ-စိတ္တာ၊ အလွန်ငြိမ်းသောစိတ်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုငါတို့၌အလွန်ငြိမ်းသောစိတ်ရှိကုန်သော ရှေးခိုဟောင်းတို့သည်။ နဟောန္တိ၊ မဟုတ်ကုန်သလော။ ဣမေ၊ ဤခိုတို့သည်။ အညေဝ၊ ရှေးခိုမှတစ်ပါးသာလျှင်ဖြစ်ကုန်သော။ အာဂန္တုကပက္ခိနော၊ အာဂန္တုကငှက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်သလော။ တေန၊ ထိုသို့အာဂန္တုကဖြစ်သောကြောင့်။ မံ၊ ငါသို့။ နဥပသင်္ကမန္တိကိံ၊ မကပ်ကုန်သလော။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည် နောက်သို့ဆုတ်၍ တည်လျက်သာလျှင်။ ။
(၄၃၈)ဇာနာမ တံ န မယံ သမ္ပမူဠှာ၊သွေ-ဝ တွ-န္တေ မယ-မဿု န အညေ။
စိတ္တဉ္စ တေ အသ္မိံ ဇနေ ပဒုဋ္ဌံ၊အာဇီဝိကာ တေန တ-မုတ္တသာမ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၃၈)အာဇီဝိကာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့် ရဟန်းပြုသောသျှင်ရသေ့။ မယံ၊ ငါတို့သည်။ တံ၊ သင့်ကို။ ဇာနာမ၊ သိပါကုန်၏။ မယံ၊ ငါတို့သည်။ သမ္ပမူဠှာ၊ အလွန်မိုက်မဲတွေဝေသောသူတို့သည်။ နဟောမ၊ မဟုတ်ကုန်။ တွဉ္စ၊ သင်ရသေ့သည်လည်း။ သွေဝသောဧဝ၊ ထိုရှေးကငါတို့ဆည်းကပ်နေကြသင်ပင်တည်း။ တေ၊ ထိုရှေးကသင်သို့ဆည်းကပ်နေကြခိုတို့သည်လည်း။ မယံ၊ ငါတို့သည်။ အဿု၊ ဖြစ်ကုန်၏။ အညေ၊ ရှေးကဆည်းကပ်နေကြ ခိုမှတစ်ပါးတို့သည်။ န၊ မဟုတ်ကုန်။ စ၊ စင်စစ်သော်ကား။ တေ၊ သင်၏။ စိတ္တံ၊ စိတ်သည်။ အသ္မိံဇနေ၊ ဤခိုအပေါင်း၌။ ပဒုဋ္ဌံ၊ ပြစ်မှားနှိပ်စက်ဖျက်ဆီးလို၏။ တေန၊ ထို့ကြောင့်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဥတ္တသာမ၊ ကြောက်လန့်ကုန်၏။ နဥပသင်္ကမာမ၊ အနီးသို့မကပ်ဝံ့ကုန်။ ။ (ရောမကာတိဒုမာယဥပ္ပန္နာ,ဟု ဖွင့်သောကြောင့်၊ ရောမက၊ သစ်ပင်၌ ပေါက်ဖွားသောခို,ဟု ယောဇနာသည်။ သုဓောတပဝါလေနဝါသမာနဝဏ္ဏနေတ္တတာယ ဗောဓိသတ္တပါရာဝတံ အာလပတိ,ဟူသော ဒုတိယဝိကပ်ကိုရှု၍ ဒုတိယအနက်ကို ယောဇနာသည်။ ဟတ္ထတ္ထံဟတ္ထပသာရဏောကာသံ,ဖွင့်သောကြောင့်၊ လက်ဖြန့် မှီရာအရပ်သို့, ဟုယောဇနာသည်။ သဗ္ဗေပိပနပက္ခိနော ဥပ္ပတနကာလေ ဂီဝံဝက္ကံကတွာ ဥပ္ပတနတောဝက္ကင်္ဂါတိ ဝုစ္စန္တိ,ဟု အဋ္ဌကထာ ဖွင့်ရ ကား၊ လည်ကောက်၍ ပျံသောကြောင့် အလုံးစုံသော ငှက်ကို ဝက္ကင်္ဂ,ဆို သည်)။ ။
ရောမကဇာတကံ သတ္တမံ။၂၇၇။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကိမတ္ထံအဘိသန္ဓာယ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဟိံသရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊လျှပ်ပေါ်သောမျောက်တစ်ခုကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါတစ်နေ့သ၌ ထိုသစ်ပင်၌နေသောနတ်သည် သစ်ခွကြား၌တည်၍ထိုကျွဲမင်းကိုဤမျောက်ပျက်၏မထေမဲ့မြင်ပြုခြင်းကိုသည်းခံဘိ၏၊ ထိုမျောက်ပျက်ကိုပစ်လော့ဟုဆို၍ထိုအနက်ကိုပြလိုရကား။ ။
(၄၃၉)ကိမတ္ထ-မဘိသန္ဓာယ၊လဟု-စိတ္တဿ ဒုဗ္ဘိနော။
သဗ္ဗ-ကာမ-ဟရဿေ-ဝ၊ဣဒံ ဒုက္ခံ တိတိက္ခသိ။ ။
(၄၄၀)သိင်္ဂေန နိဟနာဟေ-တံ၊ပဒသာ စ အဓိဋ္ဌဟ။
ဘိယျော ဗာလာ ပကုဇ္ဈေယျုံ၊နော စ-ဿ ပဋိသေဓကော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၄၃၉-၄၄၀)မဟိံသရာဇ၊ ကျွဲမင်း။ သဗ္ဗ-ကာမ-ဟရဿ၊ အလုံးစုံသောအလိုကိုပေးတတ်သော အရှင်သခင်၏။ ဒုက္ခံ၊ ဆင်းရဲကို။ တိတိက္ခသိဣဝ၊ သည်းခံသကဲ့သို့။ ကိမတ္ထံ၊ အဘယ်အကြောင်းကို။ အဘိသန္ဓာယ၊ ရည်၍။ ဝါ၊ စွဲ၍။ လဟု-စိတ္တဿ၊ ပေါ့သောစိတ်ရှိသော။ ဒုဗ္ဘိနော၊ အဆွေခင်ပွန်းပြစ်မှားတတ်သောမျောက်၏။ ဣဒံဒုက္ခံ၊ ဤဆင်းရဲကို။ တိတိက္ခသိ၊ သည်းခံဘိသနည်း။ ။
ဧတံ၊ ဤမျောက်ကို။ သိင်္ဂေန၊ ချိုဖြင့်။ နိဟနာတ-နိဟနထ၊ ထိုးကြိတ်ကော်ခတ်သတ်လိုက်ဘိလော့။ ပဒသာစ၊ ထက်စွာသော ခွါရှိသော ခြေဖြင့်လည်း။ အဓိဋ္ဌဟ၊ သိသိညက်ညက်ကြေအောင်နင်းချေလိုက်ဘိလော့။ ပဋိသေဓကော၊ တားမြစ်တတ်သော သူသည်။ နောစေအဿ၊ အကယ်၍မရှိသည်ဖြစ်အံ့။ ဗာလာ၊ ပညာနည်းပါးသောသတ္တဝါတို့သည်။ ဘိယျော၊ အဖန်တလဲလဲ။ ပကုဇ္ဈေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းကျွဲမင်းသည်၊ သစ်ပင်စောင့်နတ်၊ ငါသည်ဤမျောက်ထက်အမျိုးအနွယ်အစရှိသည်တို့ဖြင့်လွန်မြတ်သည် ဖြစ်လျက် ဤမျောက်၏အပြစ်ကို အကယ်၍ သည်းမခံအံ့၊ အဘယ်မှာ သဗ္ဗညုတညာဏ်ကိုရှာသောငါ၏နှလုံးအလိုသည်ပြီးခြင်းသို့ရောက်နိုင်အံ့နည်း။ ဤမျောက်သည်ကား ငါ့ကိုကဲ့သို့ တစ်ပါးသော ကျွဲကိုလည်း ထင်မှတ်၍မရိုသေသောအကျင့်ကို ပြုလတ္တံ့။ ထိုအခါ ကြမ်းကုန်သော ကျွဲတို့သည် ဤမျောက်ကားဤသို့ပြု၏ဟုသတ်ကုန်လတ္တံ့။ ထိုသို့တစ်ပါးသော ကျွဲတို့သည်သတ်၍ ထိုမျောက်၏သေခြင်းကြောင့်ငါ့အားဆင်းရဲမှ၎င်း၊ ပါဏာတိပါတ်မှ၎င်း လွတ်ခြင်းသည်ဖြစ်လတ္တံ့ဟုဆို၍။ ။
(၄၄၁)မမေ-ဝါ-ယံ မညမာနော၊အညေပေ-ဝံ ကရိဿတိ။
တေ နံ တတ္ထ ဝဓိဿန္တိ၊သာ မေ မုတ္တိ ဘဝိဿတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၄၁)ရုက္ခဒေဝတေ၊ ရုက္ခစိုးနတ်မင်း။ အယံ၊ ဤမျောက်သည်။ မမေဝမမဣဝ၊ ငါ့အားပြုကျင့်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ မညမာနော၊ ငါကဲ့သို့ အောက်မေ့သည်ဖြစ်၍။ အညေပိ၊ ငါမှတစ်ပါးကျွဲတို့ကိုလည်း။ ကရိဿတိ၊ ပြုလတ္တံ့။ တေ၊ ထိုငါမှတစ်ပါးသောကျွဲတို့သည်။ နံ၊ ထိုမျောက်ပျက်ကို။ တတ္ထ၊ ထိုအရပ်၌။ ဝဓိဿန္တိ၊ သတ်ကုန်လတ္တံ့။ ဧဝံသတိ၊ ဤသို့ငါမူမသတ် သူတစ်ပါးသတ်သည်ရှိသော်။ သာမုတ္တိ၊ ထိုဆင်းရဲမှလွတ်ခြင်း,ပါဏာတိပါတ်မှလွတ်ခြင်း,နှစ်ပါးသည်။ မေဘဝိဿတိ၊ ငါ့အားဖြစ်လတ္တံ့။ ။
နှစ်ရက်သုံးရက်လွန်သဖြင့် ဘုရားလောင်းသည် တစ်ပါးသောအရပ်သို့သွား၏။ တစ်ပါးသောကြမ်းသောကျွဲသည်ထိုအရပ်သို့လာ၍နေ၏။ ပျက်ချော်သောမျောက်သည် ဤကျွဲကား ထိုကျွဲကောင်လျှင်တည်းဟု အမှတ်ရှိသဖြင့် ထိုကျွဲ၏ကျောက်ထက်တက်၍ ထို့အတူသာလျှင် မရိုမသေကျင့်၏။ ထိုအခါထိုမျောက်ကို ထိုကျွဲသည်ခါလျက် မြေ၌ကျစေ၍ ချိုဖြင့်ရင်၌ပေါက်၍ ခြေတို့ဖြင့်နင်း၍ကြေစေ၏။ ။ (အညေပေဝံ၊သင့်သည်။ အညမေဝံ,ရှိသည်ကား။ တေ ဝဓိဿန္တိ,ဟူသော နောက်ဗဟုဝုစ်စကားနှင့်မတော်)။ ။
မဟိံသရာဇဇာတကံအဋ္ဌမံ။၂၇၈။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယထာမာဏဝကောပန္တေ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသတပတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ပဏ္ဍုက,လောဟိတက,ရဟန်း တို့ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်။ ။
(၄၄၂)ယထာ မာဏဝကော ပန္ထေ၊သိင်္ဂါလိံ-ဝန-ဂေါစရိံ။
အတ္ထ-ကာမံ ပဝေဒေန္တိံ၊အန-တ္ထ-ကာမာ-တိ မညတိ။
အန-တ္ထ-ကာမံ သတပတ္တံ၊အတ္ထ-ကာမော-တိ မညတိ။ ။
(၄၄၃)ဧဝ-မေဝ ဣဓေ-ကစ္စော၊ပုဂ္ဂလော ဟောတိ တာဒိသော။
ဟိတေဟိ ဝစနံ ဝုတ္တော၊ပဋိဂဏှာတိ ဝါမတော။ ။
(၄၄၄)ယေ စ ခေါ နံ ပသံသန္တိ၊ဘယာ ဥက္ကံသယန္တိ ဝါ။
တ-ဉှိ သော မညတေ မိတ္တံ၊သတပတ္တံ-ဝ မာဏဝေါ။ ။
ဟူသောဤသုံးဂါထာတို့ကိုဟောတော်မူ၏။ ။
(၄၄၂-၄၄၄)ဘိက္ခဝေ၊ တို့။ ပန္ထေ၊ ခရီး၌။ မာဏဝကော၊ လုလင်သည်။ ဝန-ဂေါစရိံ၊ တော၌ကျက်စားသော။ အတ္ထ-ကာမံပဝေဒေန္တိံ၊ မိမိအကျိုးကိုအလိုရှိသည်ဖြစ်၍ ကြားပေတတ်သော။ သိင်္ဂါလိံ၊ မြေခွေးမကို။ အနတ္ထ-ကာမာ-တိ၊ အကျိုးစီးပွါးမဲ့ကိုအလိုရှိ၏ဟူ၍။ မညတိယထာ၊ အောက်မေ့သကဲ့သို့။ အန-တ္ထ-ကာမံ၊ အကျိုးစီးပွါးမဲ့ကိုအလိုရှိသော။ သတပတ္တံ၊ ခေါက်ရှာငှက်ကို။ အတ္ထ-ကာမော-တိ၊ ငါ၏အကျိုးစီးပွါးကိုအလိုရှိပေသောအသျှင်ဟူ၍။ မညတိယထာ၊ အောက်မေ့၏သို့။ ဧဝမေဝ၊ ဤအတူလျှင်။ ဣဓ၊ ဤလူ့ရွာ၌။ ဧကစ္စော၊ အချို့သော။ တာဒိသော၊ ထိုလုလင်ကဲ့သို့ရှိခိုးသောသဘောရှိသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဟောတိ၊ ရှိ၏။ တာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။ ဟိတေဘိ၊ အကျိုးစီးပွါးကိုအလိုရှိသောသူတို့သည်။ ဝစနံ၊ အကျိုးစီးပွါးကိုဆောင်တတ်သော ဆုံးမကံမြစ်သောစကားကို။ ဝုတ္တော၊ ဆိုအပ်သည်ရှိသော်။ ဩဝါဒံ၊ အဆုံးအမကို။ အဂဏှန္တော၊ မယူမူ၍။ အယံ၊ ဤဩဝါဒသည်။ မေ၊ ငါ၏။ အတ္ထာ-ဝဟော၊ အစီးအပွါးကိုဆောင်သည်။ နဟောတိ၊ မဖြစ်။ အယံ၊ ဤဩဝါဒသည်။ မေ၊ ငါ၏။ အနတ္ထာ ဝဟော၊ အကျိုးစီးပွါးမဲ့ကိုဆောင်သောသြဝါဒတည်း။ ဣတိ၊ ဤသို့။ ဂဏှန္တော၊ ယူသည်ဖြစ်၍။ ဝါမတော၊ အမှားအားဖြင့်။ ပဋိဂ္ဂဏှတိ၊ ခံယူ၏။ ။
ယေစခေါ၊ အကြင်ပုဂ္ဂိုလ်တို့သည်ကား။ နံ၊ ထိုမိမိအယူကိုမြဲစွာယူ၍တည်သော ပုဂ္ဂိုလ်ကို။ အဓိကရဏံ၊ အဓိကရုဏ်းကို။ ဂဟေတွာ၊ ယူ၍။ ဌိတေဟိနာမ၊ တည်သောပုဂ္ဂိုလ်တို့မည်သည်ကား။ တုမှာဒိသေဟိ၊ သင်တို့ကဲ့သို့ ကြံ့ကြံ့ခိုင်ခိုင် သံတိုင်ကဲ့သို့ မြဲစွာတည်သောပုဂ္ဂိုလ်တို့သည်။ ဘဝိတဗ္ဗ-န္တိ၊ ဖြစ်သင့်လှပေ၏ဟူ၍။ ပသံသန္တိ၊ သိဒ္ဓိတင်ထားမြှောက်စားချီးမွမ်းကုန်၏။ ဣမဿဂါဟဿ၊ ဤသင်တို့အယူကို။ ဝိဿဋ္ဌပစ္စယာ၊ စွန့်လွှတ်ခြင်းဟူသော အကြောင်းကြောင့်။ တုမှာကံ၊ သင်တို့အား။ ဣဒဉ္စဣဒဉ္စဘယံ၊ ဤမည်သောဤမည်သော ဘေးသည်။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ မာဝိဿဇ္ဇယိတ္ထ၊ အယူကိုမစွန့်မလွှတ်ကြကုန်လင့်။ ဧတေ၊ ထိုသူတို့သည်။ ဗာဟုဿစ္စကုလပရိဝါရာဒီဟိ၊ အကြားအမြင်များသည်၏အဖြစ်အမျိုးအခြံအရံအစရှိသည်တို့ဖြင့်။ တုမှေ၊ သင်တို့ကို။ သမ္ပာပုဏန္တိ၊ ပြည့်စုံစေကုန်၏။ ဣတိဧဝံ၊ ဤသို့။ ဝိဿဇ္ဇန ပစ္စယာ၊ စွန့်ခြင်းဟူသောအကြောင်းကြောင့်။ ဘယာဘယံ၊ ဘေးကို။ ဒဿေတွာ၊ ပြ၍။ ဥက္ကံသယန္တိဝါ၊ မြှောက်ပင့်မူလည်းမြှောက်ပင့်ကုန်၏။ ဟိသစ္စံ၊ မှန်၏။ တေသု၊ ထိုမြှောက်ပင့်တတ်သောသူတို့တွင်။ ယံကိဉ္စိ၊ အမှတ်မရှိတစ်ယောက်ယောက်သော။ တံ၊ ထိုမြှောက်တတ်ပင့်တတ်သော သူကို။ ဧကစ္စော၊ အချို့သော။ သောဗာလော၊ ထိုဗာလပုဂ္ဂိုလ်သည်။ အတ္တနော၊ မိမိ၏။ ဗာလတာယ၊ မိုက်သည်၏အဖြစ်ကြောင့်။ အယမေဝ၊ ဤအသျှင်သည်သာလျှင်။ အတ္ထ-ကာမော၊ အကျိုးစီးပွါးကို အလိုရှိသော။ မိတ္တံ မိတ္တောဣတိ၊ အဆွေခင်ပွန်းကောင်းဟူ၍။ မညတေ၊ အောက်မေ့တတ်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ မာဏဝေါ၊ လုလင်မိုက်သည်။ သတပတ္တံ၊ မိမိအကျိုးစီးပွါးမဲ့ကိုအလိုရှိသောခေါက်ရှာငှက်ကို။ အတ္ထကာမော၊ ငါ၏အကျိုးစီးပွါးကိုအလိုရှိပေသော။ မိတ္တောဣတိ၊ အဆွေခင်ပွန်းကောင်းဟူ၍။ မညိတ္ထဣဝ၊ အောက်မေ့ဖူး၏သို့တည်း။ ပဏ္ဍိတောပန၊ ပညာရှိသော သူမူကား။ ဧဝရူပေါ၊ ဤသို့စကား နားယောင်အောင် မြှောက်တတ်ပင့်တတ်သောသူသည်။ အနုပိယဘာဏီ၊ ချစ်ဖွယ်လိုက်၍အကြိုက်ကို ဆိုတတ်သော။ မိတ္တောတိ၊ အဆွေခင်ပွန်း စစ်မဟုတ်၊ အဆွေခင်ပွန်းယုတ်,အဆွေခင်ပွန်းတုဟူ၍။ ဂဟေတွာ၊ မှတ်သား၍။ ဒူရတောဝ၊ အဝေးမှလျှင်။ နံ၊ ထိုအမှုပွါးအောင်မြှောက်တတ် ပင့်တတ် ချစ်ဖွယ်လိုက်၍အကြိုက်ဆိုတတ်သောသူကို။ ဝိဝဇ္ဇေတိ၊ ကြဉ်ရှောင်၏။ ။
သတပတ္တဇာတကံ နဝမံ။၂၇၉။
နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဒ္ဓါဟိနူနမိဂရာဇာ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပုဋဒူသကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ တစ်ယောက်သောအထုပ်ကိုဖျက်ဆီးတတ်သော သူငယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ထိုမျောက်ကြီးကိုခေါ်၍ ဥယျာဉ်စောင့်သည် ချအပ်သော သစ်ရွက်ထုပ်ကိုဖျက်ဆီး၍ တစ်ပါးသောအလွန် နှစ်သက်ဖွယ်ရှိသောသစ်ရွက်ထုပ်ကိုပြုလိုယောင်တကားဟုဆို၍။ ။
(၄၄၅)အဒ္ဓါ ဟိ နူန မိဂ-ရာဇာ၊ပုဋ-ကမ္မဿ ကောဝိဒေါ။
တထာ ဟိ ပုဋံ ဒူသေတိ၊အညံ နူန ကရိဿတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မျောက်သည်။ ။
(၄၄၆)န မေ မာတာ ဝါ ပိတာ ဝါ၊ပုဋကမ္မဿ ကောဝိဒေါ။
ကတံ ကတံ ခေါ ဒူသေမ၊ဧဝံ-ဓမ္မ-မိဒံ ကုလံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၄၄၇)ယေသံ ဝေါ ဧဒိသော ဓမ္မော၊အဓမ္မော ပန ကီဒိသော။
မာ ဝေါ ဓမ္မံ အဓမ္မံဝါ၊အဒ္ဒသာမ ကုဒါစနံ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၄၇)မိဂ-ရာဇ၊ မျောက်မင်း။ ယေသံဝေါ၊ အကြင်သင်တို့၏။ ဓမ္မော၊ တရားသည်။ ဧဒိသော၊ ဤသို့သဘောရှိ၏။ အဓမ္မောပန၊ တရားမဟုတ်သော အကျင့်သည်တမူကား။ ကီဒိသော၊ အဘယ်သို့သဘောရှိတုံအံ့နည်း။ ဝေါ၊ သင်တို့၏။ ဓမ္မံဝါ၊ တရားကို၎င်း။ အဓမ္မံဝါ၊ တရားမဟုတ်သောအကျင့်ကို၎င်း။ ကုဒါစနံ၊ တစ်ရံတစ်ဆစ်မျှ။ မာအဒ္ဒသာမ၊ ငါတို့မမြင်ကုန်။ ။
ပုဋဒူသကဇာတကံ ဒသမံ။၂၈ဝ။ အရညဝဂ္ဂေါတတိယော။ တဿု-ဒ္ဒါနံ။ ။
ဥဒပါနဒူသံ,ဗျဂ္ဃံ,၊ကစ္ဆပေါ,လောလဇာတကံ,။
ရုစိရံ,ဂရုဓမ္မဉ္စ,၊ရောမကံ,မဟိံသံဝိစ,။
သတပတ္တ,ပုဋဒူသံ,၊အရညဝဂ္ဂေါတိ ဝုစ္စတိ။ ။