နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သောဘတိမစ္ဆော ဂင်္ဂေယျော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂင်္ဂေယျဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ပဉ္စင်းငယ်နှစ်ယောက်တို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ ဂင်္ဂါယမုနာမြစ်တို့၏ ဆုံရာအရပ်၌ဂင်္ဂါ ငါး, ယမုနာ ငါး, နှစ်ခုတို့သည် ငါတင့်တယ်၏။ သင်သည်မတင့်တယ်ဟု အဆင်းကိုအမှီပြုကုန်၍ ငြင်းခုံသည်ရှိသော်၊ အနီးဖြစ်သော ဂင်္ဂါကမ်းနား၌ နေသောလိပ်ကို မြင်ကုန်၍ဤလိပ်သည် ငါတို့၏တင့်တယ်သည်၏အဖြစ်ကို၎င်း၊ မတင့်တယ်သည်၏အဖြစ်ကို၎င်း သိလတ္တံ့ဟုဆိုကုန်၍၊ ထိုလိပ်သို့ကပ်ကုန်၍၊ အဆွေလိပ်၊ ဂင်္ဂါငါးသည်တည်း တင့်တယ်သလော။ ထိုသို့မဟုတ်မူကား ယမုနာငါးသည်တည်း တင့်တယ်သလောဟု မေးကုန်၏။ လိပ်သည်လည်း၊ ဂင်္ဂါငါးသည်လည်း တင့်တယ်ပေ၏၊ ယမုနာငါးသည်လည်းတင့်တယ်ပေ၏။ နှစ်ခုလည်းဖြစ်ကုန်သော သင်တို့ထက်ကားငါသည်သာလျှင် အတိုင်းထက်အလွန် တင့်တယ်၏။ ဤသို့သောအ္နံကို ပြလိုရကား။ ။
(၂၆၅)သောဘတိ မစ္ဆော ဂင်္ဂေယျော၊အထော သောဘတိ ယာမုနော။
စတုပ္ပဒေါ-ယံ ပုရိသော၊နိဂြောဓ-ပရိမဏ္ဍလော။
ဤသာ-မာယတ-ဂီဝေါစ၊သဗ္ဗေ-ဝ အတိရောစတိ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ငါးတို့သည်လိပ်၏ စကားကိုကြားကုန်၍၊ အိုလိင်ယုတ်မာ၊ငါတို့သည် မေးအပ်သည်ကိုမဖြေမူ၍တစ်ပါးကိုသာလျှင်ဆို၏ဟုကဲ့ရဲ့လို၍။ ။
(၂၆၆)ယံ ပုစ္ဆိတော န တံ အက္ခာသိ၊အညံ အက္ခာသိ ပုစ္ဆိတော။
အတ္တ-ပသံသကော ပေါသော၊နာ-ယံ အသ္မာက ရုစ္စတိ။
ဟူသောဤဒုတိယဂါထာကိုဆိုကုန်၏။ ။
(၂၆၆)အမ္ဘောပါပကစ္ဆပ၊ အိုလိပ်ယုတ်မာ။ ပုစ္ဆိတော၊ ငါတို့မေးအပ်သော။ တွံ၊ သင်သည်။ ယံ၊ အကြင်ပြဿနာကို။ မေ၊ ငါတို့သည်။ ပုစ္ဆတော၊ မေးအပ်၏။ တံ၊ ထိုမေးအပ်သောပြဿနာကို။ နအက္ခာသိ၊ မဖြေ။ အညံ၊ တစ်ပါးကို။ အက္ခာသိ၊ ဖြေဆို၏။ အတ္တ-ပသံသကော၊ မိမိကိုယ်ကိုချီးမွမ်းတတ်သော။ အယံပေါသော၊ ဤသတ္တဝါသည်။ အမှာကံ၊ ငါတို့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ။
(ဂင်္ဂါယံဇာတော ဂင်္ဂေယျော။ ။ ဇာတာဒီနမိမိယာစ, ဟူသောသုတ်၌ စဂြိုဟ်ဖြင့်ဏေယျပစ္စည်းရောက်သည်။ ။ ယမုနာယံဇာတောယာမုနော၊ဏပစ္စည်း။ နိဂြောဓောဝိယပရိမဏ္ဍလောပုရိသောသောယံ နိဂြောဓ-ပရိမဏ္ဍလော,ပြု။ ။ ထို့ကြောင့်အဋ္ဌကထာ၌၊ နိဂြောဓပရိမဏ္ဍလောတိ သုဇာတော နိဂြောဓောဝိယ ပရိမဏ္ဍလော၊ မိန့်သော ဤအဋ္ဌကထာကို နှလုံးပိုက်မိမူ။ နိဂြောဓဿပရိမဏ္ဍလောနိဂြောဓ-ပရိမဏ္ဍလော၊နိဂြောဓ-ပရိမဏ္ဍလော ဣဝယောရာဇကုမာရော သောယံနိဂြောဓ-ပရိမဏ္ဍလော,ဟုသမာသ်ပါဠိ၌ရှိသော ပဌမာဗဟုဗ္ဗီဟိသမာသဝိဂ္ဂဟသည် ပါဠိအနေ မကျသေးသည်ကိုဆင်ခြင်နိုင်လိမ့်မည်။ ။ အနေကျပါဠိအသို့ရှိရာအံ့နည်းဟူမူ။ ။ နိဂြောဓောဣဝပရိမဏ္ဍလောယေါရာဇကုမာရောသောယံနိဂြောဓပရိမဏ္ဍလော၊ဤကားပဌမာဗဟုဗ္ဗီဟိ၊အထဝါ၊ နိဂြောဓဿပရိမဏ္ဍလော နိဂြောဓပရိမဏ္ဍလေါ၊နိဂြောဓပရိမဏ္ဍလောဣဝ ပရိမဏ္ဍလောယဿ ရာဇကုမာရဿသောယံ နိဂြောဓပရိမဏ္ဍလော,ဟု၊ ပါဠိအနေကျရှိရာသည်။ ဤပါဠိပျက်ပြားသည်ကားကာလရှည်လျားလှလေပြီ။ ။
ယောရာဇကုမာရော၊ အကြင်မင်းသားသည်။ နိဂြောဓော၊ ပင်စည်ကိုင်းခက်မျှသောပြည်ညောင်ပင်သည်။ ပရိမဏ္ဍလောဣဝ၊ ဝန်းဝန်းစက်စက်ရှိ၏သို့။ ပရိမဏ္ဍလော၊ အရပ်နှင့်အလံတော်မျှသဖြင့်ဝန်းဝန်းစက်စက်ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအယံရာဇကုမာရော၊ ထိုမင်းသားသည်။ နိဂြောဓပရိမဏ္ဍလော၊ နိဂြောဓပရိမဏ္ဍလမည်၏။ နိဂြောဓပရိမဏ္ဍလော၊ ပင်စည်ကိုင်းခက်မျှသည်ဖြစ်၍ ဝန်းဝန်းစက်စက်ရှိသောပြည်ညောင်ပင်ကဲ့သို့ အရပ်နှင့်အလံမျှသဖြင့်ဝန်းဝန်းစက်စက်ရှိသောမင်းသား။ အထဝါ၊ တနည်းကား။ နိဂြောဓဿ၊ ပြည်ညောင်ပင်၏။ ပရိမဏ္ဍလော၊ အချင်းချင်းမျှသဖြင့်ဝန်းဝန်းစက်စက်သောပင်စည်ကိုင်းခက်။ ဝါ၊ စက်ချသကဲ့သို့ဝန်းသောပင်စည်ကိုင်းခက်။ နိဂြောဓပရိမဏ္ဍလော၊ ပြည်ညောင်ပင်၏ဝန်းသောပင်စည်ကိုင်းခက်။ ။ ယဿရာဇကုမာရဿ၊ အကြင်မင်းသားအား။ နိဂြောဓပရိမဏ္ဍလောဣဝ၊ ပြည်ညောင်ပင်၏ဝန်းသောပင်စည်ကိုင်းခက်ကဲ့သို့။ ပရိမဏ္ဍလော၊ အရပ်နှင့်အလံမျှသဖြင့် ဝန်းဝန်းစက်စက်သောကိုယ်သည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအယံရာဇကုမာရော၊ ထိုမင်းသားသည်။ နိဂြောဓပရိမဏ္ဍလော၊ မည်၏။ နိဂြောဓပရိမဏ္ဍလော၊ ပြည်ညောင်ပင်၏ဝန်းဝန်းစက်စက်သောပင်စည်ကိုင်းခက်ကဲ့သို့အရပ်နှင့်အလံမျှသဖြင့် ဝန်းဝန်းစက်စက် သောတင့်တယ်သောကိုယ်ရှိသောမင်းသား။ ။
ဤအဆုံးအဖြတ်ကို ဒုလ္လဘဖြစ်၍ သံမှိုနှက်သကဲ့သို့စိတ်ထက်မြဲစွာမှတ်ရာသည်။ ။ ဤသမာယတဂီဂေါတိ ရထီသံဝိယအာယတဂီဝေါ၊ ဟု-အဋ္ဌကထာဖွင့်ရကား။ ဤသိကာယတဂီဝေါစ၊ဖြူဆံမြက်ကဲ့သို့ရှည်သောလည်လည်းရှိထသော။ ဟုယောဇနာသည်ကား၊ မကြည့်မရှုကိုင်ကာပြုသောကြောင့် ဂရုပြု၍မမှတ်ရာသည်)။ ။
ဂင်္ဂေယျဇာတကံပဉ္စမံ။၂၀၅။