Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

2. Padumavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယထာ ကေသာ စ မဿူ စ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပဒုမဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အာနန္ဒာဗောဓိ၌ပူဇော်ခြင်းကိုပြုကုန်သောရဟန်းတို့ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါတစ်နေ့သ၌ဗာရာဏသီပြည်ဝယ် ပွဲသဘင်ကြွေးကြော်လတ်သော်၊ ပန်းပန်၍ပွဲသဘင် ကစားလိုကုန်သောသုံးယောက်ကုန်သောသူဋ္ဌေးသားတို့သည်။ နှာခေါင်းပြတ်သောသူအား မဟုတ်မမှန်ဖြင့်ချီးမွမ်း ၍ပန်းကိုတောင်းကုန်အံ့ဟုထိုနှာခေါင်းပြတ်သောသူ၏ ပဒုမာတို့ကိုချိုးစဉ်၊ရေကန်၏အနီးသို့သွား၍တင့်အပ်သောအရပ်၌တည်ကုန်၏။ ထိုသူတို့တွင်တစ်ယောက်သောသူသည်ရေကန်စောင့်ကိုခေါ်၍။ ။

(၃၈၈)ယထာ ကေသာ စ မဿူ စ၊ဆိန္နံ ဆိန္နံ ဝိရူဟတိ။

ဧဝံ ရူဟတု တေ နာသာ၊ပဒုမံ ဒေဟိ ယာစိတော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၈၈)ကေသာစ၊ ဆံတို့သည်၎င်း။ မဿူစ၊ မုတ်ဆိတ်တို့သည်၎င်း။ ဆိန္နံဆိန္နံ၊ ဖြတ်တိုင်းဖြတ်တိုင်း။ ဝိရူဟတိယထာ၊ ပေါက်ပြန်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရူဟတု၊ တဖန်ပေါက်ပါစေသတည်း။ ယာစိတော၊ တောင်းအပ်သောသင်သည်။ မေ၊ ငါ့အား။ ပဒုမံ၊ ပဒုမာကြာကို။ ဒေဟိ၊ ပေးပါလော့။ ။

ထိုရေကန်စောင့်သည်ထိုသူဋ္ဌေးသားအားလျှင် အမျက်ထွက်၍ကြာကိုမပေး။ ထိုအခါ ရေကန်စောင့်အားနှစ်ယောက်မြောက်ဖြစ်သော သူဋ္ဌေးသားသည်။ ။

(၃၈၉)ယထာ သာရဒိကံ ဗီဇံ၊ခေတ္တေ ဝုတ္တံ ဝိရူဟတိ။

ဧဝံ ရူဟတု တေ နာသာ၊ပဒုမံ ဒေဟိ ယာစိတော။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၈၉)ခေတ္တေ၊ သန့်ရှင်းပေါင်းမြက် ညက်စွာထွန်အပ်သောလယ်၌။ ဝုတ္တံ၊ စိုက်ပျိုးအပ်သော။ သာရဒိကံ၊ သရဒကာလ၌ယူ၍ ထားအပ်သော။ ဗီဇံ၊ တီးပြာလွှင့်လှေ့သွေ့စွာလှန်း၍မာမြန်းသောမျိုးသည်။ ဝိရူဟတိယထာ၊ ပေါက်၏သို့။ ဧဝံတထာ၊ ထို့အတူ။ တေ၊ သင်၏။ နာသာ၊ နှာခေါင်းသည်။ ရူဟတု၊ တဖန်ပေါက်ပါစေသတည်း။ ယာစိတော၊ တောင်းအပ်သောသင်သည်။ မေ၊ ငါ့အား။ ပဒုမံ၊ ကြာကို။ ဒေဟိ၊ ပေးပါလော့။ ။

ထိုရေကန်စောင့်သည် ထိုသူဋ္ဌေးသားအားလည်း အမျက်ထွက်၍ကြာကိုမပေး။ ထိုအခါထိုရေကန်စောင့်အား သုံးယောက်မြောက်သော သူဋ္ဌေးသားသည်။ ။

ဥဘောပိ ဝိလပန္တေ-တေ၊အပိ ပဒ္မာနိ ဒဿတိ။

ဝဇ္ဇုံ ဝါ တေ န ဝါ ဝဇ္ဇုံ၊နတ္ထိ နာသာယ ရူဟနာ။

ဒေဟိ သမ္မ ပဒုမာနိ၊အဟံ ယာစာမိ ယာစိတော။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၃၉ဝ)သမ္မ၊ အဆွေ။ ဧတေဥဘောပိ၊ ထိုနှစ်ယောက်သော သူတို့သည်လည်း။ ပဒ္မါနိ၊ ကြာတို့ကို။ အပိဒဿတိ၊ ပေးလတ္တံ့မည်လည်းဟုကြံ၍။ ဝိလပန္တိ၊ မမှန်မကားမုသားဆိုယောင်ကုန်၏။ ကေဝလံ၊ သက်သက်။ နယာစန္တိ၊ မတောင်းကုန်။ (ထည့်)။ တေ၊ ထိုသူတို့သည်။ ဝဇ္ဇုံဝါ၊ သင်၏နှာခေါင်းသည်ပေါက်ပစေဟုဆိုသည်မူလည်းဖြစ်စေကုန်။ နဝါဝဇ္ဇုံ၊ မဆိုသည်မူလည်း ဖြစ်စေကုန်။ တေသံ၊ ထိုသူနှစ်ယောက်တို့၏။ ဝစနံ၊ စကားသည်။ အပ္ပမာဏံ၊ ပမာဏမဟုတ်။ နာသာယ၊ ပြတ်ပြီးသောနှာခေါင်း၏။ ရူဟနာ၊ ပေါက်ပြန်ခြင်းမည်သည်။ နတ္ထိ၊ အချင်းခပ်သိမ်းမရှိနိုင်ရာ။ အဟံပန၊ ငါမူကား။ တေ၊ သင်၏။ နာသံ၊ နှာခေါင်းကို။ ပဋိစ္စ၊ စွဲ၍။ ကိဉ္စိ၊ တစ်စုံတစ်ခုသောစကားကိုမျှ။ နဝဒါမိ၊ မဆို။ ကေဝလံ၊ သက်သက်။ ယာစာမိ၊ တောင်း၏။ သမ္မ၊ အဆွေ။ ယာစိတော၊ ငါတောင်းအပ်သောသင်သည်။ အဿမေ၊ ထိုငါ့အား။ ပဒုမာနိ၊ ကြာတို့ကို။ ဒေဟိ၊ ပေးပါလော့။ ။

ထိုစကားကိုကြား၍ကြာစောင့်သည် ဤနှစ်ယောက်သောသူတို့ကား မုသာဝါဒကိုဆို၏။ သင်ကားသဘောအဟုတ်အမှန်ကိုဆို၏။ သင့်အား ပဒုမာကြာတို့သည်လျောက်ပတ်ကုန်၏ဟု ကြီးသောပဒုမာကြာစည်းကိုယူ၍ ထိုသူဋ္ဌေးသားအားပေး၍၊ မိမိကြာကန်သို့လျှင်သွား၏။ ယ,မ,န,ရ,လ။ ဤအက္ခရာတို့နှောင်းသော်ရှေးသရကျေသည်။ ။

သရလောပေါယမနရာဒီသု။ ။

အာရာမရုက္ခစေတျာနိ၊အထေတ္ထေကသတံခတျာ။ ဩပုပ္ဖါနိစပဒ္မါနိ၊ နိသ္နေဟမဘိကင်္ခါမိ။ နာနာရတ္နေစမာဏိကေ၊ ကြိယစိတ္တာနိဝီသတိ။ လ္လေသဝတ္ထုဝသာပန။ ။ သဒ္ဒနီတိ။ ။ ဤအပိပဒ္မါနိဒဿတိ၌လည်းမ,နှောင်းသော်၊အစိတ်ဥ,ကျေသည်)။ ။

ပဒုမဇာတကံ ပဌမံ။၂၆၁။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပါဏိကေမုဒုကာအဿ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမုဒုပါဏိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့ သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအထိန်းမိန်းမသည်သွား၍၊ မိခင်၊ လာလော့၊ ခေါင်း၌သန်းရှာအံ့ဟုမင်းသ္မီးကို နိမ့်သောအင်းပျဉ်၌နေစေ၍၊ မိမိသည်မြင့်သော အင်းပျဉ်၌နေ၍၊ မင်းသ္မီး၏ဦးခေါင်းကိုမိမိပေါင်၌ထား၍သန်းကိုယူလျက် မင်းသ္မီးဦးခေါင်းကို လက်သည်းတို့ဖြင့်ထိုး၏။ မင်းသ္မီးသည် ဤအထိန်းမိန်းမကားမိမိလက်သည်းတို့ဖြင့်မထိုး။ ငါ့အရီးသား၏လက်သည်းတို့ဖြင့်ထိုး၏ဟုသိ၍၊ မိခင်၊ သင်သည် မင်းသားအထံသို့သွားချေသလောဟုမေး၏။ မိခင်၊ သွားချေ၏ဟုဆိုလတ်သော်၊ မင်းသားသည်အဘယ်စကားကိုပြောဆိုသနည်းဟုမေး၏။ မိခင်၊ သင်၏အဘသို့ရောက်ကြောင်းကိုမေး၏ဟုဆိုလတ်သော်၊မင်းသ္မီးသည်ပညာရှိမူကားသိလတ္တံ့ဟု။ ။

(၃၉၁)ပါဏိ စေ မုဒုကာ စ-ဿ၊နာဂေါ စ-ဿ သုကာရိတော။

အန္ဓကာရော စ ဝဿေယျ၊အထနူန တဒါ သိယာ။ ။

ဟူသောဤဂါထာကိုစီကုံး၍။ မိခင်၊ ဤဂါထာကိုသင်၍ မင်းသားအားလျှောက်လေလော့ဟုဆို၏။ ထိုအထိန်းမိန်းမသည် ထိုဂါထာကိုသင်၍ မင်းသားအထံသို့သွား၍၊ မိခင်၊ မင်းသ္မီး အသို့ဆိုလိုက်သနည်းဟုမေးသည်ရှိသော်၊ အသျှင့်သား၊ တစ်စုံတစ်ပါးသောစကားကိုမဆိုမူ၍ ဤဂါတာကိုပို့လာစေ၏ဟု ပြောဆို၍ထိုဂါထာကိုရွတ်၏။ မင်းသားသည်ထိုဂါထာ၏အနက်ကိုသိ၍၊ မိခင်၊ သွားလေတော့ဟုဆို၍ထိုအထိန်းမိန်းမကိုလွှတ်လိုက်၏။ ။

(၃၉၁)ဧကိဿာ၊ တစ်ယောက်သော။ စူဠုပဋ္ဌိကာယ၊ အလုပ်အကျွေးမိန်းမငယ်၏။ ပါဏိ၊ လက်သည်။ မုဒုကာ၊ လောက်ကဲ့သို့နူးညံ့သည်။ စေအဿ၊ အကယ်၍ဖြစ်ငြားအံ့။ သုကာရိတော၊ ကောင်းစွာပြုပြင်သင်အပ်ပြီးသော။ နာဂေါစ၊ ဆင်သည်လည်း။ စေအဿ၊ အကယ်၍ရှိသည်ဖြစ်ငြားအံ့။ အန္ဓကာရောစ၊ သည်းစွာသော အမိုက်မှောင်သည်လည်း။ စေအဿ၊ အကယ်၍ဖြစ်ငြားအံ့။ ဒေဝေါစ၊ မိုဃ်းသည်လည်း။ စေဝဿေယျ၊ အကယ်၍ရွာငြားအံ့။ အထ၊ ထိုသို့အကြောင်းလေးပါးစုံညီသည်ရှိသော်။ တဒါ၊ ထိုသို့သဘောရှိသောကာလ၌။ တေ၊ သင်၏။ မနောရထဿ၊ နှလုံးအလို၏။ ဂမနံ၊ သွားခြင်းသည်။ မတ္ထကံ၊ အပြီးရောက်သည်။ နူန၊ စင်စစ်။ သိယာ၊ ဖြစ်ရာ၏။ ။

မင်းသည်နှလုံးမသာ၍ ကိုင်၍သွားသော်လည်း မာတုဂါမကိုစောင့်ခြင်းငှါမတတ်နိုင်သည်သာလျှင်တည်း။ မိန်းမတို့မည်သည်ကားစောင့်ရှောက်ခြင်းငှါမတတ်ကောင်းသောသဘောရှိ၏ဟုကြံ၍။ ။

(၃၉၂)အနလာ မုဒု-သမ္ဘာသာ၊ဒုပ္ပူရတ္တာ နဒီ-သမာ။

သီဒန္တိ နံ ဝိဒိတွာန၊အာရကာ ပရိဝဇ္ဇယေ။ ။

(၃၉၃)ယံ ဧတာ ဥပသေဝန္တိ၊ဆန္ဒသာ ဝါ ဓနေန ဝါ။

ဇာတဝေဒေါဝ သံ ဌာနံ၊ခိပ္ပံ အနုဒဟန္တိ နံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၉၂-၃၉၃)ဣတ္ထိယော၊ မိန်းမတို့မည်သည်။ မုဒုသမ္ဘာသာ မုဒုသမ္ဘာသာယပိ၊ နူးညံ့ချိုသာသောစကားဖြင့်လည်း။ သင်္ဂဏှိတုံ၊ သင်္ဂြိုဟ်သိမ်းပိုက်ခြင်းငှါ။ အနလာအသက္ကုဏေယျာ၊ မတတ်ကောင်းကုန်။ တနည်း။ အနလာ၊ ယောက်ျားတို့နှင့်အတူနေခြင်းကိုမထိုက်ကုန်။ မုဒု-သမ္ဘာသာ၊ နှလုံးခိုင်မာလျက် နူးညံ့သာယာသောစကားရှိကုန်၏။ ဒုပ္ပူရတ္တာ၊ အလိုကိုပြည့်စေနိုင်ခဲသည်၏အဖြစ်ကြောင့်။ နဒီ-သမာ၊ မပြတ် စီးသော မြစ်ကြီးနှင့်တူကုန်၏။ သီဒန္တိ၊ ငရဲသို့နစ်တတ်ကုန်၏။ ဧဝံ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ ပဏ္ဍိတော၊ ပညာရှိသည်။ ဧတာ၊ ထိုမိန်းမတို့ကို။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ မြွေပွေးမြွေဟောက်သို့ ရွံ့ကြောက်သဖြင့်ကြဉ်ရာ၏။ ။

ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာဝါ၊ အလိုတူသဖြင့်၎င်း။ ဓနေနဝါ၊ ဥစ္စာပေးသွင်းသဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံပုရိသံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။ ကိမိဝ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုဒဟတိဣဝ၊ လောင်၏သို့တည်း။ ။

ရှေးအနက်လည်းမုဒုသမ္ဘာသာနောင်အာဝိကတာ,ကဲ့သို့ယ,ကျေသည်။ နအလံသက္ကုဏေယျာတိအနလာ,ပြု၊သင်္ဂဏှိတုံ,ကားပါဌသေသ။ နောက်နည်း၌ပုရိသေဟိဝါ သံနအလန္တိ အနလာ,ပြု။ ဟဒယေထဒ္ဓေဝိမုဒုသမ္ဘာ သာသုန္ဒရဝါစါဧတာသန္တိ မုဒုသမ္ဘာသာ။ ဧတာသံ၊ ထိုမိန်းမတို့အား၊၏။ ဟဒယေ၊ နှလုံးသည်။ ထဒ္ဓေပိ၊ ခိုင်မာသော်လည်း။ မုဒု၊ နူးညံ့သာယာသော။ သမ္ဘာသာသုန္ဒရဝါစာ၊ ကောင်းသောစကားသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တာဣတ္ထီ၊ ထိုမိန်းမတို့သည်။ မုဒုသမ္ဘာသာ၊ မည်ကုန်၏။ သီဒန္တိနံ,၌၊ နံကားနိပါတ်မျှ။ ဇာတမတ္တောဝဝေဒယတိဝိဒိတော ပါကဋောဟောတီတိ ဇာတဝေဒေါ။ ယောအဂ္ဂိ၊ အကြင်မီးသည်။ ဇာတမတ္တောဝ၊ ဖြစ်ကာမျှဖြစ်၍လျှင်။ ဝေဒယတိ၊ ထင်ရှားတတ်၏။ ဝိဒိတောပါကဋော၊ ထင်ရှားသည်။ ဟောတိ၊ ဖြစ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောအဂ္ဂိ၊ ထိုမီးသည်။ ဇာတဝေဒေါ၊ မည်၏)။ ။

မုဒုပါဏိဇာတကံ ဒုတိယံ။၂၆၂။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဘိဇ္ဇမာနေဝါရိသ္မိံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠပလောဘနဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့သော ရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါတစ်နေ့သ၌ ဘုရားလောင်းသည် သစ်သီးကြီးငယ်အကျိုးငှါသွားသည် ရှိသော်၊ သမုဒ္ဒရာကျွန်းငယ်၌ နေသောတစ်ပါးသော ရသေ့သည်ဆွမ်းခံသောအချိန်၌ကောင်းကင်ဖြင့်လာ၍ မီးခိုးကိုမြင်၍ကျောင်း၌သက်ဆင်း၏။ ထိုအခါ ထိုရသေ့ကို ထိုသတို့သ္မီးသည် ကျက်ရုံနေဦးလော့ဟုနေစေ၍ မိန်းမအမူအရာဖြင့်ဖြားယောင်း၍ ဈာန်မှယုတ်စေ၍ရသေ့၏မြတ်သောအကျင့်ကိုကွယ်စေ၏။ ထိုရသေ့သည် အတောင်ပြတ် သောကျီးကဲ့သို့ ဖြစ်၍။ ထိုမိန်းမကိုစွန့်ခြင်းငှါ မတတ်နိုင်ရကား တစ်နေ့ပတ်လုံးထိုအရပ်၌လျှင်နေ၍လာလတ်သောဘုရားလောင်းကိုမြင်၍ ပျံသဖြင့် သမုဒ္ဒရာသို့ရှေးရှူပြေး၏။ ထိုအခါ ထိုရသေ့ကို ထိုဘုရားလောင်းသည်ဤသူကားငါ၏ရန်သူဖြစ်လတ္တံ့ဟုသန်လျက်ကိုင်၍လိုက်၏။ ယခု ငါသည်ရသေ့၏ကိုးကွယ်ရာဖြစ်ခြင်းငှါသင့်၏ဟု ကြံလျက်သမုဒ္ဒရာကမ်းနား၌ရပ်၍။ ။

(၃၉၄)အဘိဇ္ဇမာနေ ဝါရိသ္မိံ၊အယံ အာဂမ္မ ဣဒ္ဓိယာ။

မိဿီဘာဝိ-တ္ထိယာ ဂန္တွာ၊သံသီဒသိ မဟဏ္ဏဝေ။ ။

(၃၉၅)အာဝဋ္ဋနီ မဟာမာယာ၊ဗြဟ္မစရိယ-ဝိကောပနာ။

သီဒန္တိ နံ ဝိဒိတွာန၊အာရကာ ပရိဝဇ္ဇယေ။ ။

(၃၉၆)ယံ ဧတာ ဥပသေဝန္တိ၊ဆန္ဒသာ ဝါ ဓနေန ဝါ။

ဇာတဝေဒေါ-ဝ သံ ဌာနံ၊ခိပ္ပံ အနုဒဟန္တိ နံ။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၃၉၄-၃၉၆)အယံ၊ ဤရသေ့သည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ အဘိဇ္ဇမာနေ၊ မလှုပ်မရှားသော။ ဝါရိသ္မိံ၊ ရေ၌။ ဥဒကံ၊ ရေကို။ အနာမသိတွာ၊ မသုံးသပ်မထိပါးစေမူ၍။ အာဂမ္မ၊ လာလတ်၍။ ဣတ္ထိယာ၊ မိန်းမနှင့်။ သဒ္ဓိံ၊ တကွ။ မိဿီဘာဝံ၊ လူအကျင့်ကိုမှီဝဲသဖြင့် ရောနှောသော အဖြစ်သို့။ ဂန္တွာ၊ ရောက်၍။ မဟဏ္ဏဝေ၊ သမုဒ္ဒရာ၌။ သံသီဒတိ၊ နစ်၏။ ။

ဣတ္ထိယော၊ မိန်းမတို့မည်သည်။ အာဝဋ္ဋနီ၊ ကာမဂုဏ် ဟူသောလှည့်ပတ်ခြင်းဖြင့်စိတ်ကိုမှောက်မှားအောင်လှည့်ပတ်တတ် လည်စေတတ်ကုန်၏။ မဟာမာယာ၊ များသောမာယာရှိကုန်၏။ ဗြဟ္မစရိယဝိကောပနာ၊ မြတ်သောအကျင့်ကိုဖျက်ဆီးတတ်ကုန်၏။ သီဒန္တိ၊ ငရဲ၌နစ်တတ်ကုန်၏။ ဧဝံ၊ ဤသို့။ ဝိဒိတွာန၊ သိ၍။ ဧတာ၊ ထိုမိန်းမတို့ကို။ ပဏ္ဍိတော၊ ပညာရှိသည်။ အာရကာ၊ ဝေးစွာ။ ပရိဝဇ္ဇယေ၊ ကြဉ်ရှောင်ရာ၏။ ။

ဇာတဝေဒေါ၊ မီးသည်။ သံဌာနံ၊ မိမိတည်ရာကို။ အနုပဒဟတိဣဝ၊ လောင်သကဲ့သို့။ ဧတာ၊ ထိုမိန်းမတို့သည်။ ယံ၊ အကြင်ယောက်ျားကို။ ဆန္ဒသာဝါ၊ ချစ်သဖြင့်၎င်း။ ဓနေနဝါ၊ ဥစ္စာပေးသဖြင့်၎င်း။ ဥပသေဝန္တိ၊ မှီဝဲကုန်၏။ နံ၊ ထိုယောက်ျားကို။ ခိပ္ပံ၊ လျင်စွာ။ အနုဒဟန္တိ၊ လောင်တတ်ကုန်၏။ ။

စူဠပလောဘနဇာတကံတတိယံ။၂၆၃။

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပနာဒေါနာမသောရာဇာ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမဟာပနာဒဇာတ်ကို ဂင်္ဂါနား၌နေတော်မူစဉ်၊ ဘန္ဒဇိမထေရ်၏အာနုဘော်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကို ဆောင်တော်မူ၍ဘုရားဖြစ်တော်မူပြီး၍။ ။

(၃၉၇)ပနာဒေါ နာမ သော ရာဇာ၊ယဿ ယူပေါ သုဝဏ္ဏယော။

တိရိယံ သောဠသု-ဗ္ဗေဓော၊ဥဒ္ဓ-မာဟု သဟဿဓာ။ ။

(၃၉၈)သဟဿကဏ္ဍော သတဂေဏ္ဍု၊ဓဇာသု ဟရိတာမယော။

အနစ္စုံ တတ္ထ ဂန္ဓဗ္ဗာ၊ဆ သဟဿာနိ သတ္တဓာ။ ။

(၃၉၉)ဧဝမေတံ တဒါ အာသိ၊ယထာ ဘာသသိ ဘဒ္ဒဇိ။

သက္ကော အဟံ တဒါ အာသိံ၊ဝေယျာဝစ္စကရော တဝ။ ။

ဟူသောဤဂါထာတို့ကိုဟောတော်မူ၏။ ။

(၃၉၇-၃၉၉)ယဿ၊ အကြင်မင်း၏။ ယူပေါ၊ ပြာသာဒ်သည်။ သုဝဏ္ဏယော၊ ရွှေဖြင့်ပြီး၏။ တိရိယံ၊ အနံအပြန့်အားဖြင့်။ သောဠသု-ဗ္ဗေဓောသောဠသကဏ္ဍပါတဝိတ္ထာရော၊ တစ်ဆယ့်ခြောက်ပါးသောမြားကျပမာဏကျယ်သည်။ အဟောသိ၊ ဖြစ်၏။ ဥဒ္ဓံဥဗ္ဗေဓေန၊ အရပ်အားဖြင့်။ သဟဿဓာသဟဿကဏ္ဍဂမနမတ္တဥစ္စော၊ မြားကျတစ်ထောင် အတိုင်းအရှည်မြင့်သည်။ အဟု၊ ဖြစ်၏။ သောရာဇာ၊ ထိုမင်းသည်။ ပနာဒေါနာမ၊ ပနာဒမည်သည်။ အဟောသိ၊ ဖြစ်၏။ ။

သဟဿကဏ္ဍော၊ မြားကျတစ်ထောင်မြင့်သောပြာသာဒ်သည်။ သတဂေဏ္ဍုသတဘူမိကော၊ ဘုံတစ်ရာရှိ၏။ ဓဇာလု၊ များသောတန်းခွန်မှန်ကင်းရှိ၏။ ဟရိတာမယော၊ ပတ္တမြားစိမ်းတို့ဖြင့်ခြံရံအပ်၏။ တတ္ထ၊ ထိုပြာသာဒ်၌။ ဆသဟဿာနိ၊ ခြောက်ထောင်ကုန်သော။ ဂန္ဓဗ္ဗာ၊ ကချေသည်တို့သည်။ သတ္တဓာ၊ ခုနှစ်ဖို့ခုနှစ်စု။ ဟုတွာ၊ ဖြစ်၍။ သတ္တသုဌာနေသု၊ ခုနှစ်ပါးသောအရပ်တို့၌။ ရညော၊ မဟာပနာဒမင်း၏။ ရတိဝဍ္ဎနတ္ထာယ၊ မွေ့လျော် ပျော်ပါးခြင်း ပွါးစိမ့်သောငှါ။ အနစ္စုံ၊ ကဖူးကုန်ပြီ။ ။

ဘဒ္ဒဇိ၊ ဘဒ္ဒဇိ။ ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။ တွံ၊ သင်သည်။ ဘာသတိ၊ ဆို၏။ ဧဝမေဝ၊ ဤသို့သင်ဆိုတိုင်းသာလျှင်။ အာသိ၊ ဖြစ်ဖူးပြီ။ အဟံ၊ ငါသည်။ တဒါ၊ ထိုအခါ၌။ တဝ၊ သင်၏။ ဝေယျာဝစ္စကရော၊ အမှုကြီးငယ်ကို ရွက်ဆောင်သော။ သက္ကော၊ သိကြားသည်။ အာသိ၊ ဖြစ်ဘူးပြီ။ ။

(ထိုမင်းသည်အပြားအားဖြင့်ကြေညာကျော်စော ကောင်းချီးပေးသောအသံရှိသောကြောင့်ပနာဒမည်သတည်း။ ပကာရေနပဝတ္တောနာဒေါဧတဿာတိပနာဒေါ,ပြု။ သုဝဏ္ဏမယော, ဆိုလိုလျက်၊ ဆန်းအလို့ငှါ မ,ကျေသည်။ သောဠသုဗ္ဗေဓော,၌၊ ဥဗ္ဗေဓ,ကားအစောက်ကိုမဟော။ ဝိတ္ထာရကိုဟောသည်။ ။ တိရိယံသောဠသုဗ္ဗေဓောတိ ဝိတ္ထာရတော သောဠသ ကဏ္ဍပါတဝိတ္ထာရောအဟောသိ။ ။ အဋ္ဌကထာ။ ။ သတဂေဏ္ဍု၌,ဂေဏ္ဍု,ကားဘူမိ၏ပရိယာယ်တည်း။ ။ သတဘူမိကောအဟောသိ။ ။အဋ္ဌကထာ)။ ။

မဟာပနာဒဇာတကံ စတုတ္ထံ။၂၆၄။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒိသွာခုရပ္ပေ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခုရပ္ပဇာက်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လျော့သောဝီရိယရှိသောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

လှည်းကုန်သည် သားသည် ကန္တာရ တစ်ဖက်၌ လှည်းကိုရပ်စေ၍ တောအုပ်စောင့်အကြီးကို အထူးထူးသောမြတ်သော အရသာရှိသော ဘောဇဉ်ကိုစားစေ၍ မိမိသည်လည်း နံနက်စာစား၍ ချမ်းသာစွာ နေလျက် ထိုတောအုပ်စောင့်အကြီးနှင့် တကွစကားပြောလတ်သည်ရှိသော်၊ အဆွေ၊ကြမ်းကြုတ်ကုန်သော ခိုးသူတို့၏လက်နက်တို့ကိုကိုင်၍ လွှမ်းမိုးသောကာလ၌ အဘယ်အကြောင်းကြောင့်စိတ်ထိတ်လန့်ခြင်းမျှသည်လည်းမဖြစ်သနည်းဟုမေးလိုရကား။ ။

(၄၀၀)ဒိသွာ ခုရပ္ပေ ဓနု-ဝေဂ-နုန္နေ၊ခဂ္ဂေ ဂဟီတေ တိခိဏေ တေလ-ဓေါတေ။

တသ္မိံ ဘယသ္မိံ မရဏေ ဝိယူဠှေ၊ကသ္မာ နု တေ နာ-ဟု ဆမ္ဘိတတ္တံ။ ။

ဟူသောရှေးဦးစွာသောဤဂါထာကိုဆို၏။ ။

(၄၀၀)သမ္မ၊ အဆွေ။ ဓနုဝေဂနုန္နေ၊ လေး၏အဟုန်ဖြင့်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတပ်သောမြားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလ-ဓောတေ၊ ဆီဖြင့်သွေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ တသ္မိံ ဘယသ္မိံ၊ ထိုကြီးစွာသောဘေးကြောင့်။ မရဏေ၊ သေခြင်းသည်။ ဝိရူဠှေ၊ ရှေးရှုတည်လတ်သော်။ ကသ္မာနု၊ အဘယ့်ကြောင့်လျှင်။ တေ၊ သင့်အား။ ဆမ္ဘိတတ္တံ၊ ကိုယ်တုန်လှုပ်ခြင်းသည်။ နာဟု၊ မဖြစ်သနည်း။ ။

ထိုစကားကိုကြား၍တောအုပ်စောင့်အကြီးသည်။ ။

(၄၀၁)ဒိသွာ ခုရပ္ပေ ဓနု-ဝေဂနုန္နေ၊ခဂ္ဂေ ဂဟီတေ တိခိဏေ တေလ-ဓေါတေ။

တသ္မိံ ဘယသ္မိံ မရဏေ ဝိယူဠှေ၊ဝေဒံ အလတ္ထံ ဝိပုလံ ဥဠာရံ။ ။

(၄၀၂)သော ဝေဒ-ဇာတော အဇ္ဈဘဝိံ အမိတ္တေ၊ပုဗ္ဗေဝ မေ ဇီဝိတမာသိ စတ္တံ။

န ဟိ ဇီဝိတေ အာလယံ ကုဗ္ဗမာနော၊သူရော ကယိရာ သူရကိစ္စံ ကဒါစိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၄၀၁-၄၀၂)သမ္မ၊ အဆွေ။ ဓနုဝေဂနုန္နေ၊ လေး၏အဟုန်ဖြင့်လွှတ်အပ်ကုန်သော။ ခုရပ္ပေ၊ စဉ်းသွားတပ်သောမြားတို့ကို၎င်း။ ဂဟိတေ၊ ကိုင်စွဲအပ်ကုန်သော။ တိခိဏေ၊ ထက်စွာကုန်သော။ တေလဓောတေ၊ ဆီဖြင့်သွေးအပ်ကုန်သော။ ခဂ္ဂေ၊ သန်လျက်တို့ကို၎င်း။ ဒိသွာ၊ မြင်၍။ တသ္မိံ ဘယသ္မိံ၊ ထိုကြီးစွာသောဘေးကြောင့်။ မရဏေ၊ သေခြင်းသည်။ ဝိရူဠှေ၊ ရှေးရှုတည်လတ်သော်။ ဝိပုလံ၊ ပြန့်ပြောသော။ ဥဠာရံ၊ မြတ်သော။ ဝေဒံ၊ နှစ်သက်ခြင်းဝမ်းမြောက်ခြင်းကို။ အဟံ၊ ငါသည်။ အလတ္ထံ၊ ရပြီ။ ။

ဝေဒ-ဇာတော၊ ဖြစ်သောနှစ်သက်ဝမ်းမြောက်ခြင်းရှိသော။ သောအဟံ၊ ထိုငါသည်။ အမိတ္တေ၊ ရန်သူတို့ကို။ အဇ္ဈဘဝိံ၊ အသက်ကိုစွန့်၍နှိပ်နင်းလွှမ်းမိုးပြီ။ မေမယာ၊ ငါသည်။ ပုဗ္ဗေဝ၊ သင်၏လက်မှအစကိုယူစဉ်ရှေးကာလ၌လျှင်။ ဇီဝိတံ၊ အသက်သည်။ စတ္တံ၊ စွန့်အပ်သည်။ အာသိ၊ ဖြစ်ပြီ။ ဟိသစ္စံ၊ မှန်၏။ ဇီဝိတေ၊ အသက်၌။ အာလယံ၊ တပ်ခြင်းကို။ ကုဗ္ဗမာနော၊ ပြုသော။ သူရော၊ သူရဲကောင်းသည်။ သူရ-ကိစ္စံ၊ သူရဲကိစ္စကို။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ နကယိရာ၊ မပြုရာ။ ။

(ခုရတိဆိန္ဒတီတိခုပ္ပေါ၊ခုရဆေဒနေ။ အပ္ပေါ။ အထဝါခေလုတိဂစ္ဆတီတိခုရော။ ။အဿု။ ။ ခုရံပါတိရက္ခတီတိခုရပ္ပေါ, ပြု၍ခုရပ္ပ,ကားမြားကိုဟောသတည်း။ ။ နုန္နေ၌၊နုဒပေရဏေ၊ပေရဏံစုဏ္ဏိယကရဏံပိသနံ။ ။ ဟု,ဓာတုမာလာ၌ဆိုသော်လည်း အနေကတ္ထဖြစ်၍ဤ၌ခိတ္တအနက်ကိုလိုသည်)။ ။

ခုရပ္ပဇာတကံ ပဉ္စမံ။၂၆၅။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယေနာသိကိသိယာပဏ္ဍု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝါတဂ္ဂသိန္ဓဝဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ သာဝတ္ထိပြည်၌ တစ်ယောက်သောသူကြွယ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုမြင်းမသည် နှလုံးမသာသည်ဖြစ်၍ထိုအရပ်၌လျှင် လည်း၍စိုးရိမ်လျက်ရပ်၏။ ထိုအခါသားသည်အမိအထံသို့ချဉ်းကပ်၍မေးလိုရကား။

(၄၀၃)ယေနာ-သိ ကိသိယာ ပဏ္ဍု၊ယေန ဘတ္တံ န ရုစ္စတိ။

အယံ သော အာဂတော ဘတ္တာ၊ကသ္မာ ဒါနိ ပလာယသိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၄၀၃)အမ္မ၊ မိခင်။ ယေန၊ အကြင်သိန္ဓောမြင်း၌ တပ်စွန်းသောစိတ်ရှိသောအကြောင်းကြောင့်။ တွံ၊ မိခင်သည်။ ကိသိယာ၊ ကြုံလှီသည်။ ပဏ္ဍု၊ ဖြော့တော့သောကိုယ်ရှိသည်။ အသိ၊ ဖြစ်၏။ ယေန၊ အကြင်သိန္ဓောမြင်း၌တပ်စွန်းသော စိတ်ရှိသော အကြောင်းကြောင့်။ ဘတ္တံ၊ အစာသည်။ တုယှံ​၊ မိခင်အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ သောအယံဘတ္တာ၊ ထိုအသျှင်သိန္ဓောမြင်းသည်။ အာဂတော၊ လာပြီမဟုတ်လော။ ကသ္မာ၊ အဘယ့်ကြောင့်။ ဒါနိ၊ ယခု။ ပလာယသိ၊ ပြေးစေဘိသနည်း။ ။

မြင်းမသည်သား၏စကားကိုကြား၍။ ။

(၄၀၄)န ခေါပနာ-ဒိကေနေဝ၊သန္ဓဝေါ နာမ ဇာယတိ။

ယသော ဟာယတိ ဣတ္ထီနံ၊တသ္မာ တာတ ပလာယိတံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၃၀၄)တာတ၊ ချစ်သား။ အာဒိကေနေဝ၊ အစ၌ပင်လျှင်။ သန္ဓဝေါနာမ၊ မေထုနဓမ္မသံယောဂအားဖြင့် ပေါင်းဖော်ခြင်းမည်သည်ကား။ နခေါပနဇာယတိ၊ မဖြစ်သင့်ရာ။ ဣတ္ထီနံ၊ မိန်းမတို့အား။ ယသော၊ စည်းစိမ်အခြံအရံသည်။ ဟာယတိ၊ ယုတ်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ တံ၊ ထိုသိန္ဓောမြင်းကို။ ပလာယိ၊ ပြေးစေ၏။ ။

ထိုမြင်းမသည်သားအားဤသို့ပြုခြင်းသည်မိန်းမတို့၏သဘောတည်းဟုပြောဆို၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည်ဘုရားဖြစ်တော်မူပြီး၍။ ။

(၄၀၅)ယဿဿိနံ ကုလေ ဇာတံ၊အာဂတံ ယာ န ဣစ္ဆတိ။

သောစတိ စိရရတ္တာယ၊ဝါတဂ္ဂ-မိဝ ဘဒ္ဒလီ။ ။

ဟူသောဤတတိယဂါထာကိုဟောတော်မူ၏။ ။

(၄ဝ၅)ယာဣတ္ထီ၊ အကြင်မိန်းမသည်။ အာဂတံ၊ ရောက်လာသော။ ကုလေဇာတံ၊ အမျိုးကောင်း၌ဖြစ်သော။ ယသဿိနံ၊ စည်းစိမ်အခြံအရံနှင့်ပြည့်စုံသောယောက်ျားကို။ နဣစ္ဆတိ၊ အလိုမရှိအံ့။ ဘဒ္ဒလီ၊ ဘဒ္ဒလီမည်သောမြင်းမသည်။ ဝါတဂ္ဂံ၊ ဝါတဂ္ဂမည်သော သိန္ဓောမြင်းကို။ အ-လဘိတွာ၊ မရမူ၍။ သောစတိဣဝ၊ စိုးရိမ်ရဘိသကဲ့သို့။ သာဣတ္ထီ၊ ထိုမိန်းမသည်။ စိရရတ္တာယ၊ အခါလေးမြင့်။ သောစတိ၊ စိုးရိမ်ရ၏။ ။

ဝါတဂ္ဂသိန္ဓဝဇာတကံ ဆဋ္ဌံ။၂၆၆။

နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သိင်္ဂီမိဂေါ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကက္ကဋဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောမိန်းမကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ ဘုရားလောင်းဆင်သည် ကုဠီရရေကန်ကိုအမှီပြု၍နေကုန်သောခပ်သိမ်းသောဆင်တို့ကိုစည်းဝေးစေ၍ ခပ်သိမ်းသောဆင်တို့နှင့် တကွရေကန်၏အနီးသို့သွား၍ ထိုပုဇွန်သည် သက်သောကာလ၌ဖမ်းသလော၊ အစာကိုယူသောကာလ၌ ဖမ်းသလော၊ တက်သော ကာလ၌ ဖမ်းသလောဟုမေး၏။ တက်သောကာလ၌ဖမ်း၏ဟုကြား၍၊ ထိုသို့တပြီးကားသင်တို့သည် ကုဠီရရေကန်သို့သက်၍ အလိုရှိတိုင်းအစာကိုယူ၍ရှေးဦးစွာ တက်ကြကုန်။ ငါသည်နောက်နေရစ်အံ့ဟုဆို၏။ ဆင်တို့သည် ဘုရားလောင်းဆင်ဆိုတိုင်းပြုကြကုန်၏။ ပုဇွန်သည် နောက်မှ တက်သောဘုရားလောင်းကို ညှပ်ဖြင့်ပန်းပဲတို့၏ သံချောင်းကို ညှပ်ဘိသကဲ့သို့တက်မနှစ်ခုဖြင့်ခြေ၌မြဲစွာကိုင်၏။ ဆင်မသည် ဘုရားလောင်းကိုမစွန့်မူ၍အနီး၌သာနေ၏။ ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သော ငှါမတတ်နိုင်။ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက်မိမိသို့ရှေးရှုသည်ကိုပြု၏။ ဘုရားလောင်းသည်သေဘေးဖြင့်ကြောက်၍မိသောမြည်ခြင်းကိုမြည်၏။ ခပ်သိမ်းသောဆင်တို့သည်ဘေးမှကြောက်ကုန်ရကားကြိုးကြာသံနှင့် တူသောအသံကိုမြည်၍ကျင်ကြီးကျင်ငယ်ကိုစွန့်ကုန်လျက်ပြေးကုန်၏။ ဘုရားလောင်း၏ဆင်မသည်လည်းကြောက်ခြင်းကို သည်းခံအံ့ သောငှာမတတ်နိုင်၍ပြေးအံ့သောငှါအားထုတ်၏။ ထိုအခါ ထိုဆင်မကိုဘုရားလောင်းသည်မိမိအား ပုဇွန်မိသည်၏အဖြစ်ကိုသိစေ၍ထိုဆင်မကိုမပြေးစိမ့်သောငှါ။ ။

(၄၀၆)သိင်္ဂီမိဂေါ အာယတ-စက္ခုနေတ္တော၊အဋ္ဌိ-တ္တစော ဝါရိ-သယော အ-လောမော။

တေနာ-ဘိဘူတော ကပဏံ ရုဒါမိ၊မာ ဟေဝ မံ ပါဏ-သမံ ဇဟေယျ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၄၀၆)ရေနုကာ၊ ဆင်မ။ သိင်္ဂီမိဝေါ၊ သိင်္ဂီရွှေအဆင်းနှင့်တူသော အဆင်းရှိသောပုဇွန်သည်။ ဝါ၊ ဦးချိုကိစ္စကိုပြီးစေတတ်သောတက်မရှိသောပုဇွန်သည်။ အာယတ-စက္ခု-နေတ္တော၊ ပြူးပြူးထွက်သောရှည်သောမျက်စိရှိ၏။ အဋ္ဌိ-တ္တစော၊ အရိုးဟူသောအရေရှိ၏။ ဝါရိ-သယော၊ ရေ၌နေ၏။ အ-လောမော၊ အမွေးမရှိ။ တေန၊ ထိုရွှေပုဇွန်သည်။ အဘိဘူတော၊ မြဲစွာညှပ်လျက်နှိပ်စက်ဖမ်းယူအပ်သည်ဖြစ်၍။ အဟံ၊ ငါသည်။ ကပဏံ၊ သနားဖွယ်သောအသံကို။ ရုဒါမိ၊ ငိုမြည်တမ်း၏။ ဗျသနပ္ပတ္တံ၊ ပျက်စီးခြင်းသို့ရောက်သော။ ပါဏ-သမံ၊ အသက်အတူချစ်အပ်သော။ မံ၊ ငါ့ကို။ တွံ၊ သင်သည်။ မာဟေဝဇဟေယျဇဟေယျာသိ၊ မစွန့်ပါလင့်။ ။

ထိုအခါဘုရားလောင်းအားဆင်မသည်ပြန်လည်၍နှစ်သိမ့်စေလျက်။ ။

(၄၀၇)အယျ န တံ ဇဟိဿာမိ၊ကုဉ္ဇရံ သဋ္ဌိ-ဟာယနံ။

ပထဗျာ စာတုရ-န္တာယ၊သုပိယော ဟောသိ မေ တုဝံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၀၇)အယျ၊ အသျှင်။ အဟံ၊ ငါသည်။ သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ်ရှိသောကာလမှယုတ်ထသော။ ကုဉ္ဇရံ၊ ဆင်မင်းဖြစ်သော။ တံ၊ အသျှင်ကို။ နဇဟိဿာမိ၊ မစွန့်အံ့။ စာတုရန္တာယ၊ သမုဒ္ဒရာလေးစင်းအဆုံးရှိသော။ ပထဗျာ၊ မြေ၌။ တုဝံ၊ သင့်ကို၊သင်သည်။ မေ၊ ငါသည်။ သုပိယော၊ အလွန်ချစ်အပ်သည်။ ဟောသိ၊ ဖြစ်၏။ ။

ထိုအခါဆင်မသည် ဘုရားလောင်းကိုထောက်ပံ့၍၊ အသျှင်၊ ယခုသင့်ကိုပုဇွန်နှင့်တကွအတံငယ်စကားပြောဆို၍ လွှတ်စေအံ့ဟုဆို၍ ပုဇွန်ကိုတောင်းပန်လိုရကား။ ။

(၄ဝ၈)ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ဂင်္ဂါယ ယမုနာယ။

တေသံ တွံ ဝါရိ-ဇော သေဋ္ဌော၊မုဉ္စ ရောဒန္တိယာ ပတိံ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၀၈)ဘဒြဝဏ္ဏ၊ ရွှေရောင်ဝင်းဝင်း အဆင်းကောင်းပေသော ပုဇွန်မင်း။ သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။ ဂင်္ဂါယ၊ ဂင်္ဂါ၌၎င်း။ ယမုနာယစ၊ ယမုနာ၌၎င်း။ ယေကုဠီရာ၊ အကြင်ပုဇွန်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေသံ၊ ကုန်အောင်စုံကုန်သော။ တေသံ၊ ထိုပုဇွန်တို့ထက်။ ဝါရိဇော၊ ရေ၌ဖြစ်သော။ တွံ၊ အသျှင်သည်သာလျှင်။ ဝဏ္ဏသမ္ပတ္တိယာစ၊ အဆင်း၏ပြည့်စုံခြင်းဖြင့်၎င်း။ မဟန္တေနစ၊ ကိုယ်ကောင်ခွန်အား ကြီးမားခြင်းဖြင့်၎င်း။ သေဋ္ဌော၊ မြတ်၏။ တေန၊ ထိုသို့မြတ်သောပုဂ္ဂိုလ်ဖြစ်ပေသောကြောင့်။ တံ၊ အသျှင်ပုဇွန်မင်းကို။ ယာစာမိ၊ ရှိခိုးဦးတင် တောင်းပန်ပါ၏။ ရောဒန္တိယာ၊ ငိုသောအကျွန်ုပ်၏။ ပတိ၊ လင်ကို။ မုဉ္စ၊ လွှတ်တော်မူပါ။ ။

ပုဇွန်သည်ထိုဆင်မ၏အသံ၌မိန်းမသံဟူသောအာရုံကိုယူ၍ မိန်းမသံသည်ငင်အပ်သောရာဂနှင့်ယှဉ်သော စိတ်ရှိသည်ဖြစ်၍ ဆင်၏ခြေမှတက်မ တို့ကိုဖြေသကဲ့သို့လျော့စေလျက်၊ ဤဆင်သည်လျော့သည်ရှိသော် ဤမည်သောအမှုကိုပြုလတ္တံ့ဟု ရာဂနှောက်၍ ဉာဏ်မှောက်ရကား တစ်စုံတစ်ခုကိုမသိ၍၊ ထိုအခါဆင်သည်ခြေကိုချီ၍ ပုဇွန်ကျောက်ကုန်းပြင်၌နင်း၏။ ထိုခဏ၌လျှင်အရိုးတို့သည်ကွဲကုန်၏။ ဆင်သည် ဝမ်းမြောက်သောအသံကို မြည်၏။ ခပ်သိမ်းသောဆင်တို့သည်စည်းဝေး၍ပုဇွန်ကိုထုတ်၍ ရေကန်၏အပဖြစ်သောအပြင်၌ထား၍ နင်းကုန်လျက် မုန့်မုန့်ညက်ညက်ကြေ စေကုန်၏။ ထိုပုဇွန်၏နှစ်ခုသော တက်မတို့သည်ကိုယ်မှပြတ်၍ လျောက်ပတ်သောအရပ်၌ကျကုန်၏။ ထိုကုဠီရရေကန်သည် ဂင်္ဂါမြစ်နှင့်တစ်စပ်တည်းဖြစ်၍ ဂင်္ဂါပြည့်သောကာလ၌ ဂင်္ဂါရေဖြင့်ပြည့်၏။ ဂင်္ဂါရေနည်းသည်ရှိသော်ရေကန်မှရေသည်ဂင်္ဂါသို့ဝင်၏။ ထိုအခါနှစ်ခုသောတက်မတို့သည်လည်း ဂင်္ဂါရေ၌မျောကုန်၏။ တစ်ခုသောတက်မသည် သမုဒ္ဒရာသို့ဝင်၏။ တစ်ခုသောတက်မကိုဒသဘာတိကမင်းတို့သည်ရေ၌ကစား ကုန်သော်ရကုန်၍အာလမ္ဗရမည်သောမုဒိန်းစည်ကို ပြုကုန်၏။ သမုဒ္ဒရာသို့ဝင်သော တက်မကိုကားအသုရာတို့သည်ယူကုန်၍ အာလမ္ဗရမည် သောစည်ကိုပြုကုန်၏။ ထို အသုရာတို့သည်နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကိုစွန့်ပစ်၍ ပြေးကုန်၏။ ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည်မိမိအကျိုးငှာ ယူခဲ့စေ၏။ ထိုစည်ကိုရည်၍ အာလမ္ဗရစည်၊ မိုးကဲ့သို့မြည်၏၊ဟုဆိုကြကုန်၏။ ။

(သိင်္ဂီသုဝဏ္ဏဝဏ္ဏော မိဂေါ သိင်္ဂီမိဂေါ,ပြု။ ဤ၌မိဂသည် အခြေလေးချောင်းရှိသောသားကိုသာမဟော၊ အလုံးစုံအသက်ရှိသောသတ္တဝါကို သိမ်းယူသည်၏အစွမ်းအားဖြင့် ပုဇွန်ကိုပင် မိဂဆိုသည်။ (တနည်း)။ သိင်္ဂသဒိသာအလာဧတဿအတ္ထီတိသိင်္ဂီ,ပြု၍ဦးချိုကိစ္စကို ပြီးစေတတ်ရကား ဦးချိုနှင့်တူသော တက်မရှိသောပုဇွန်ရ၏။ ဒွီဟိအလေဟိသိင်္ဂ ကိစ္စံသာဓေန္တေဟိယုတ္တတာယသိင်္ဂီတိပိအတ္ထော။ ။ အဋ္ဌကထာ။ ။ စက္ခုစတံနေတ္တဉ္စာတိစက္ခုနေတ္တံ။ အာယတာနိစက္ခုနေတ္တာနိအဿာတိ အာယတစက္ခုနေတ္တော။ မျက်စိသည်ပင်မြင်တတ်သောအနက်ကြောင့် စက္ခုမည်သည်။ သတ္တဝါတို့ကိုဆောင်တတ်သောအနက်ကြောင့်နေတ္တမည်သည်။ အာယတာနိစက္ခုသင်္ခါတာနိနေတ္တာနိအဿာဘိအာယထစက္ခုနေတ္တာ, ဟူ၍လည်းပြုသင့်၏။ ကပကရုဏာယံ။ကပတိ၊ကပဏော,ဟုဓာတ်ကျမ်းလာရကား။ သနားဖွယ်သောသူ၏ငိုကြွေးသောအသံကို ဤ၌ကပဏဆိုသည်။ ကပဏံရုဒါမီတိကာရုညပ္ပတ္တောဟုတွာရုဒါမိပိမုဝါမိစ,ဟုအဋ္ဌကထာဖွင့်သည်ကား ပုဂ္ဂလာဓိဋ္ဌာန်တည်း။ ကပဏံ,ကို ကပဏောဟုတွာ, အနက်ဆိုလို၍မဟုတ်။ အဘယ့်ကြောင့်နည်းဟူမူကား။ ရုဒအဿုဝိမောစနေ, ဆိုသော်လည်း မျက်ရည်ထိုကာမျှကိုသာမယူရ၊ နှုတ်မြွက်၍ငိုခြင်းကိုဟောသောကြောင့် သကမ္မကဓာတ်ဖြစ်သတည်း။ ထိုကံသည်လည်းအချို့သောအရာဝယ်ပုဂ္ဂိုလ်သည် ကံဖြစ်သတည်း။ ထို့ကြောင့် ရောဒတီတိကိံရောဒတိ။ မတံပုတ္တံဝါဘာတရံဝါရောဒတိ, ဟူသည်တည်း။ ပထဗျာပထဝိယာ,ဖြတ်၍ယ,နှောင်းရာ ဣ,ကျေ။ဝ,ကိုဗ, ပြု၍ပထာဗျာပြီးသတည်း)။ ။

ကက္ကဋဇာတကံ သတ္တမံ။၂၆၇။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယော ဝေ သဗ္ဗသမေတာနံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအာရာမဒူသကဇာတ်ကို၊ ဒက္ခိဏဂိရိဇနပုဒ်၌မထင်ရှားသောဥယျာဉ်စောင့်၏သားကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ဘုရားလောင်းသည် တစ်စုံတစ်ခုသောပြုဖွယ်ကိစ္စဖြင့် ဥယျာဉ်သို့သွား၍ ထိုသို့ပြုကုန်သောထိုမျောက်တို့ကိုမြင်၍ အဘယ့်ကြောင့်သင်တို့သည်ဤသို့ပြုအပ်သနည်းဟုမေး၍၊ မျောက်ကြီးသည်စီရင်သောကြောင့် ဤသို့ပြုအပ်၏ဟုဆိုသည်ရှိသော်၊ မျောက်ကြီးအားပညာနည်း၏၊ သင်တို့အားကား အဘယ်သို့သဘောရှိသနည်းဟူသောအနက်ကိုပြလိုရကား။ ။

(၄ဝ၉)ယော ဝေ သဗ္ဗ-သမေတာနံ၊အဟုဝါ သေဋ္ဌ-သမ္မတော။

တဿာ-ယံ ဧဒိသီ ပညာ၊ကိမေဝ ဣတရာ ပဇာ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၄၀၉)သဗ္ဗ-သမေတာနံ၊ အလုံးစုံတူသောအမျိုးရှိသော သတ္တဝါတို့တွင်။ ယော၊ အကြင်သတ္တဝါသည်။ ဝေ၊ စင်စစ်။ သေဋ္ဌ-သမ္မတော၊ အမြတ်ဟုသမုတ်အပ်သည်။ အဟုဝါ၊ ဖြစ်သလျှင်ကတည်း။ တဿ၊ ထိုအမြတ်ဟုသမုတ်အပ်သောသတ္တဝါ၏။ အယံပညာ၊ ဤပညာသည်။ ဧဒိသီ၊ ဤသို့သဘောရှိ၏။ ဣတရာ၊ အမြတ်ဟုသမုတ်အပ်သောသူမှတစ်ပါးသော။ ယာပဇာ၊ အကြင်သတ္တဝါသည်။ အတ္ထိ၊ ရှိ၏။ တဿာ၊ ထိုအမြတ်ဟုသမုတ်အပ်သောသူမှတစ်ပါးသောသတ္တဝါ၏။ ပညာ၊ ပညာသည်။ ကိမေဝကီဒိသာနုခေါ၊ အဘယ်သို့သဘောရှိရှာလိမ့်နည်း။ ။

ဘုရားလောင်း၏စကားကိုကြား၍မျောက်တို့သည်။ ။

(၄၁၀)ဧဝ-မေဝ တုဝံ ဗြဟ္မေ၊အနညာယ ဝိနိန္ဒသိ။

ကထံ မူလံ အ-ဒိသွာန၊ရုက္ခံ ဇညာ ပတိဋ္ဌိတံ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၁၀)ဗြဟ္မေ၊ သူမြတ်။ တုဝံ၊ သင်သည်။ အနညာယ၊ မသိမူ၍။ ဧဝမေဝ၊ ဤသို့သာလျှင်။ အမှေ၊ ငါတို့ကို။ ဝိနိန္ဒသိ၊ ကဲ့ရဲ့မှား၏။ မူလံ၊ အမြစ်ကို။ အဒိသွာန၊ မမြင်မူ၍။ ပတိဋ္ဌိတံ၊ တည်သော။ ရုက္ခံ၊ သစ်ပင်ကို။ ကထံဇညာ၊ အမြစ်တိုသည်ရှည်သည်ဟုအသို့သောအကြောင်းဖြင့် သိခြင်းငှာတတ်ကောင်းအံ့နည်း။ ။

ထိုစကားကိုကြား၍ဘုရားလောင်းသည်။

(၄၁၁)နာ-ဟံ တုမှေ ဝိနိန္ဒာမိ၊ယေ စ-ညေ ဝါနရာ ဝနေ။

ဝိဿသေနော-ဝ ဂါရယှော၊ယဿ-တ္ထာ ရုက္ခ-ရောပကာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၁၁)အဟံ၊ ငါသည်။ တုမှေ၊ သင်တို့ကို။ နဝိနိန္ဒာမိ၊ မကဲ့ရဲ့။ အညေ၊ သင်တို့မှတစ်ပါးကုန်သော။ ယေဝါနရာ၊ အကြင်မျောက်တို့သည်။ ဝနေ၊ တော၌။ ဝသန္တိ၊ နေကုန်၏။ တေစ၊ ထိုတစ်ပါးသောမျောက်တို့ကိုလည်း။ အဟံ၊ ငါသည်။ နဝိနိန္ဒာမိ၊ မကဲ့ရဲ့။ ဧတ္ထ၊ ဤအရာ၌။ ယဿ၊ အကြင်ဝိသသေနမင်း၏။ အတ္ထာအတ္ထာယ၊ အကျိုးငှာ။ တုမှာဒိသာ၊ သင်တို့ကဲ့သို့သဘောရှိသောသူတို့သည်။ ရုက္ခ-ရောပကာ၊ သစ်ပင်ကိုပျိုးတတ်သောဥယျာဉ်သည်တို့သည်။ ဇာတာ၊ ဖြစ်ပေကုန်၏။ သောတာဒိသော၊ ထိုသို့ဥယျာဉ်စောင့်မျောက်ကို ရတတ်သောသဘောရှိသော။ ဝိသသေနောဝ၊ ဝိသသေနမင်းကိုသာလျှင်။ ဂါရယှော၊ ကဲ့ရဲ့အပ်၏။ ။

အာရာမဒူသကဇာတကံအဋ္ဌမံ။၂၆၈။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နဟိဝဏ္ဏေနသမ္ပန္နာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုဇာတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးချွေးမ ဓနဉ္စယသူဋ္ဌေး၏သ္မီးဝိသာခါ၏ညီမဖြစ်သောသုဇာတာကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်မယ်တော်အား အဆုံးအမကို ပေးလိုလျက်ပင်လျှင်အကြောင်းဝတ္ထုမရှိဘဲဆိုဆုံးမခြင်းငှာမသင့် ဟုထိုမယ်တော်အား ဆုံးမလို၍တစ်ခုသောဥပမာကို ကြည့်လျက်သွား၏။ ထိုအခါတစ်နေ့သ၌ ဥယျာဉ်သို့မင်းသွားသည်ရှိသော်၊ မယ်တော်သည်လည်းသားနှင့်အတူလျှင်လိုက်၏။ ထိုအခါလမ်းအကြား၌တီတီထွတ်ငှက်သည်မြည်၏။ ဘုရားလောင်း၏ပရိသတ်တို့သည်လည်း ထိုအသံကိုကြား၍ နားတို့ကိုပိတ်၍၊ အိုကြမ်းကြုတ်သော အသံရှိသောငှက်၊ ရုန့်ရင်းသော အသံရှိသောငှက်၊ သင်မမြည်လင့်ဟု ဆိုကုန်၏။ ဘုရားလောင်းသည်ကား ကချေသည်အပေါင်းခြံရံလျက်မယ်တော်နှင့်တကွ ဥယျာဉ်သို့လျှင်လှည့်လည်သည်ရှိသော်၊ ကောင်းစွာပွင့်သောတစ်ခုသောအင်ကြင်းပင်၌ နားလျက်တစ်ခုသောဥဩသည်သာယာစွာသောအသံဖြင့် မြည်၏။ လူများသည် ထိုဥသြ၏အသံဖြင့် ရစ်သည်ဖြစ်၍ လက်အုပ်ချီ၍သိမ်မွေ့သော စကားရှိသောငှက်၊ ပြေပြစ်သောစကားရှိသောငှက်၊ နူးညံ့သောစကားရှိသောငှက်၊ မြည်လော့ဟုလည်ကိုမော့၍နားထောင်၍ကြည့်လျက်ရပ်၏။ ထိုအခါဘုရားလောင်းသည် ထိုအကြောင်းနှစ်ပါးတို့ကိုမြင်၍၊ ယခုမယ်တော်ကိုသိစေခြင်းငှာတတ်ကောင်း၏ဟုကြံ၍။ မိခင်၊ လမ်းအကြား၌ တီတီတွတ်ငှက်အသံကိုကြား၍လူများအသို့ဆိုသနည်း၊ အသံကိုမပြုလင့်ဟုနားတို့ကိုမပိတ်လော။ ကြမ်းကြုတ်သော စကားမည်သည်ကို တစ်စုံတစ်ယောက်သောသူသည်မနှစ်သက်ဟုဆို၍။ ။

(၄၁၂)န ဟိ ဝဏ္ဏေန သမ္ပန္နာ၊မဉ္ဇုကာ ပိယ-ဒဿနာ။

ခရ-ဝါစာ ပိယာ ဟောတိ၊အသ္မိံ လောကေ ပရမှိ စ။ ။

(၄၁၃)နနု ပဿသိမံ ကာဠိံ၊ဒုဗ္ဗဏ္ဏံ တိလကာဟတံ။

ကောကိလံ သဏှ-ဝါစေန၊ဗဟူနံ ပါဏိနံ ပိယံ။ ။

(၄၁၄)တသ္မာ သခိလ-ဝါစဿ၊မန္တ-ဘာဏီ အ-နုဒ္ဓတော။

အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊မဓုရ-န္တဿ ဘာသိတံ။ ။

ဟူသောဤဂါထာတို့ကိုဆို၏။ ။

(၄၁၂-၄၁၄)အမ္မ၊ မိခင်။ ဝဏ္ဏေန၊ ကောင်းမြတ်သော ကိုယ်အဆင်းနှင့်။ သမ္ပန္နါ၊ ပြည့်စုံသည်။ မဉ္ဇုကာ၊ သာယာသောအသံရှိသည်။ ပိယ-ဒဿနာ၊ ချစ်ဖွယ်ကောင်းသော အဆင်းရှိသည်။ သမာနာပိ၊ ဖြစ်စေကာမူ။ ဣတ္ထီ၊ မိန်းမသည်။ မာတာပိ၊ မိခင်ဖြစ်သော်လည်း။ ခရ-ဝါစာ၊ ဆဲရေးရေးရွတ်ခြင်းစသည်တို့၏အစွမ်းဖြင့် ရုန့်ကြမ်းသောစကားရှိမူကား။ အသ္မိံလောကေ၊ ဤမျက်မြင်လောက၌၎င်း။ ပရမှိစ၊ တမလွန်လောက၌၎င်း။ ပိယာ၊ ကြားသူမြင်သူတို့ချစ်ခင်အပ်သည်။ နဟိဟောတိ၊ မဖြစ်သည်သာတည်း။ ။

ကာဠိံ၊ မည်းသောအဆင်းရှိထသော။ ဒုဗ္ဗဏ္ဏံ၊ အဆင်းမလှထသော။ တိလကာဟတံ၊ မှဲ့မည်းစွဲထသော။ သဏှ-ဝါစေန၊ သိမ်မွေ့သာယာသောအသံကြောင့်။ ဗဟူနံ၊ များစွာကုန်သော။ ပါဏီနံ၊ သတ္တဝါတို့သည်။ ပိယံ၊ ချစ်အပ်သော။ ဣမံကောကိလံ၊ ဤဥဩသံကို။ ပဿသိနု၊ မိခင်မြင်၏မဟုတ်လော။ ။

တသ္မာ၊ ထို့ကြောင့်။ သခိလ-ဝါစာ၊ သိမ်မွေ့ပြေပြစ်သောစကားရှိသည်။ မန္တ-ဘာဏီ၊ ပညာဖြင့်ဆုံးဖြတ်၍ ဆိုတတ်သောသဘောရှိသည်။ အ-နုဒ္ဓတော၊ ပျံ့လွင့်ခြင်း ကင်းသည်ဖြစ်၍အတိုင်းအရှည်နှင့်ယှဉ်သောစကားကိုသာဆိုတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧဝရူပေါ၊ ဤသို့သခိလဝါစမန္တဘာဏီအနုဒ္ဓတသဘောရှိသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ အတ္ထဉ္စ၊ အနက်ကို၎င်း။ တနည်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဒီပေတိ၊ ပြတတ်၏။ တဿ၊ ထိုသို့သဘောရှိသောပုဂ္ဂိုလ်၏။ ဘာသိတံ၊ နှုတ်ထွက်စကားသည်။ မဓုရံ၊ ပျားသကာသို့ချိုမြိန်သော အရသာရှိသည်။ ဟောတိ၊ ဖြစ်၏။ ။

ဤသို့ဘုရားလောင်းသည်ဤသုံးဂါထာတို့ဖြင့်မယ်တော်အားတရားဟော၍မယ်တော်ကိုသိစေ၏။ ထိုအခါမှစ၍ မယ်တော်သည်အကျင့်နှင့် ပြည့်စုံ၏။ ။

သုဇာတဇာတကံ နဝမံ။၂၆၉။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗေဟိကိရဉာတီဟိ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဥလူကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ ကျီးခင်ပုပ်တို့၏ရန်ဖြစ်ခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါ ခင်ပုပ်ကို မင်းမြှောက်လိုရကား တစ်ခုသောငှက်သည် ခပ်သိမ်းသောငှက်တို့၏ အလိုကို ယူအံ့သောငှာ သုံးကြိမ်ကြားစေ၏။ ထိုငှက်၏နှစ်ကြိမ်ကြားခြင်းတို့ကိုသည်းခံ၍သုံးကြိမ်ကြားသောအခါ၌၊ တစ်ခုသောကျီးသည်ထ၍အမျက်မထွက်သေးသော ဤခင်ပုပ်၏ ရာဇဘိသေကကိုပြုသောကာလ၌ပင် ဤသို့သဘောရှိသော မျက်နှာကို ကြည့်ပါလော့၊ အမျက်ထွက်သောခင်ပုပ်မျက်နှာသည်အသို့ သဘောရှိသည်ဖြစ်လတ္တံ့နည်း၊ ဤခင်ပုပ်သည် အမျက်ထွက်၍ ကြည့်အပ်သည်ရှိသော် ငါတို့သည်ပူစွာသောအိုးခင်း၌ထည့်အပ်သော ဆားကဲ့သို့ ထိုကြည့်ရာအရပ်၌လျှင် ပျက်စီးကုန်အံ့၊ ဤခင်ပုပ်ကိုမင်းပြုစိမ့်သောငှာ မနှစ်သက်ဟူသောအနက်ကိုပြအံ့သောငှာ။ ။

(၄၁၅)သဗ္ဗေဟိ ကိရ ဉာတီဟိ၊ကောသိယော ဣဿရော ကတော။

သစေ ဉာတီဟိ အနုညာတော၊ဘဏေယျာ-ဟံ ဧက-ဝါစိကံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၄၁၅)ယာဧသာသာဝနာ၊ အကြင်ခင်ပုပ်ကိုမင်းပြုကုန်အံ့ဟုသုံးကြိမ်ကြားခြင်းသည်။ ဝတ္တတိ၊ ဖြစ်၏။ တံသာဝနံ၊ ထိုသုံးကြိမ်ကြားသော အသံကို။ သုတွာ၊ ကြားသိ၍။ အဟံ၊ ငါသည်။ ဝဒါမိ၊ ဆိုချင်၏။ သဗ္ဗေဟိ၊ ကုန်အောင်စုံသော။ ဣမေဟိဉာတီဟိ၊ ဤအညီအညွတ်စည်းဝေးသော အဆွေအမျိုးတို့သည်။ အယံကောသိယော၊ ဤမျက်နှာလူရုပ်၊ ခင်ပုပ်ငှက်ငယ်ကို။ ဣဿရော၊ အစိုးရသောမင်းကို။ ကတောကိရ၊ ပြုအပ်သတတ်။ ဉာတီဟိ၊ အဆွေအမျိုးတို့သည်။ အဟံ၊ ငါ့ကို၊ ငါသည်။ အနုညာတော၊ အနူးအညွတ်ခွင့်လွှတ်အပ်သည်။ သစေဘဝေယျံ၊ အကယ်၍ဖြစ်ပါငြားအံ့။ အဟံ၊ ငါသည်။ ဧတ္ထ၊ ဤသို့ခင်ပုပ်ကိုမင်းပြုရာ၌။ ဝတ္တဗ္ဗံ၊ ဆိုဖွယ်ဖြစ်သော။ ဧကဝါစိကံ၊ တစ်ခွန်းသောစကားကို။ ဘဏေယျံ၊ ဆိုပါအံ့။ ။

ထိုအခါထိုကျီးကိုထိုငှက်တို့သည်ခွင့်ပြုလိုရကား။ ။

(၄၁၆)ဘဏ သမ္မ အနုညာတော၊အတ္ထံ ဓမ္မဉ္စ ကေဝလံ။

သန္တိ ဟိ ဒဟရာ ပက္ခီ၊ပညဝန္တော ဇုတိန္ဓရာ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၄၁၆)သမ္မဝါယသ၊ အဆွေကျီး။ တွံ၊ သင့်ကို။ အမှေဟိသဗ္ဗေဟိ၊ ကုန်အောင်စုံသော ငါတို့သည်။ အနုညာတော၊ အနူးအညွတ်ခွင့်လွှတ်အပ်၏။ ယံ၊ အကြင်စကားကို။ တေ၊ သင်သည်။ ဘဏိတဗ္ဗံ၊ ဆိုသင့်၏။ တံ၊ ထိုဆိုသင့် ဆိုဖွယ်စကားကို။ ဘဏ၊ လွတ်လွတ်ဆိုကာမူ။ ကေဝလံ၊ သက်သက်မူကား။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အတ္ထဉ္စ၊ စဉ်ဆက်ပဝေဏီလာသောအနက်ကို၎င်း။ အမုဉ္စိတွာ၊ မလွှတ်မူ၍။ ဘဏ၊ ဆိုလော့။ ဟိသစ္စံ၊ မှန်၏။ ဒဟရာ၊ ကိုယ်ကောင်ပင်ငယ်ကုန်သော်လည်း။ ပညဝန္တော၊ အရေးအရာမြော်မြင်သော ပညာနှင့်ပြည့်စုံကုန်သော။ ဇုတိန္ဓရာ၊ ဝင်းဝင်းတောက်သောပညာအရောင်ကိုဆောင်နိုင်ကုန်သော။ ပက္ခီ၊ ငှက်တို့သည်။ သန္တိ၊ ရှိပေကုန်သည်ပင်။ ။

ထိုကျီးသည်ဤသို့ငှက်အများခွင့်ပြုအပ်သည်ရှိသော်။ ။

(၄၁၇)န မေ ရုစ္စတိ ဘဒ္ဒ-န္တေ၊ဥလူကဿာ-ဘိသေစနံ။

အက္ကုဒ္ဓဿ မုခံ ပဿ၊ကထံ ကုဒ္ဓေါ ကရိဿတိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၁၇)ဉာတယော၊ အဆွေအမျိုးအပေါင်းတို့။ ဝေါတုမှာကံ၊ အသျှင်တို့အား။ ဘဒ္ဒံ၊ ကောင်းမြတ်သောမင်္ဂလာသည်။ ဟောတု၊ ဖြစ်စေချင်၏။ တိက္ခတ္တုံ၊ သုံးကြိမ်။ သာဝနဝါစာယ၊ ကြားစေသောစကားဖြင့်။ ဥလူကဿ၊ မျက်နှာလူရုပ်၊ ငှက်ခင်ပုပ်အား။ ယံဧတံအဘိသေစနံ၊ အကြင်အဘိသိက်သွန်းခြင်းကို။ ကရိယတိ၊ ပြုအပ်၏။ ဧတံ၊ ဤခင်ပုပ်ငှက်အား အဘိသိက်သွန်းခြင်းသည်။ မေ၊ ငါ့အား။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ ဟိသစ္စံ၊ မှန်၏။ ဣဒါနိ၊ ယခုအခါ၌။ တုဋ္ဌ-စိတ္တဿ၊ မင်းဖြစ်ပေတော့မည်ဟုနှစ်သက်သောစိတ်ရှိသော။ အ-က္ကုဒ္ဓဿ၊ အမျက်မထွက်သော။ ဧတဿ၊ ဤခင်ပုပ်၏။ မုခံ၊ မျက်နှာထားကို။ ပဿပဿထ၊ ရှုကုန်လဿေး။ ကုဒ္ဓေါပန၊ အမျက်ထွက်သော်ကား။ အယံ၊ ဤခင်ပုပ်သည်။ မုခံ၊ မျက်နှာကို။ ကထံကရိဿတိ၊ အဘယ်သို့ထားလတ္တံ့နည်း။ ဣတိ၊ ဤသို့။ အဟံ၊ ငါသည်။ နဇာနာမိ၊ မသိနိုင်။ ။

ထိုကျီးသည် ဤသို့သောစကားကိုဆို၍ငါမနှစ်သက်ဟုမြည်လျက် ကောင်းကင်သို့ပျံတက်၏။ ခင်ပုပ်သည်လည်း ထ၍ ငါ့စည်းစိမ်ကိုဖျက်သောကျီးကို ဖျက်ဆီးအံ့ဟုလိုက်လေ၏။ ထိုအခါမှစ၍ အချင်းချင်းရန်ငြိုးဖွဲ့ကြကုန်၏။ ငှက်အပေါင်းတို့သည်ဘုရားလောင်းရွှေဟင်္သာကိုမင်းပြု၍ဖဲကြကုန်၏။ ။

(သဗ္ဗေဟိကိရဉာတီဟိ,ဟူသောပါဌ်၌ မျက်မြင် ပစ္စက္ခစည်းဝေးကြသော ဆွေမျိုးတို့ကိုရည်၍ ဆိုသောကြောင့် ပစ္စန္တသမီပဖြစ်ရကား ဣမေဟိပင်တိုက်ရိုက် မရှိသော်လည်း ဂမျမာန်ဖြစ်၍ ထည့်ရသည်။ သမာဂတေဟိလည်း၎င်း ဂမျမာန်။ ကောသိယော၌လည်း အယံကား ဂမျမာန်။ ဤနည်းနှင်နှင်တိုက်ရိုက်ပင်မဆိုသော်လည်း ဂမျမာန် ဖြစ်သင့်သောအရာကို ပညာရှိတို့ရှာ၍ပြုစကောင်းသည်။ သမုဒ္ဒရာရေ တစ်စက်ကိုလက်ညှိုးဖြင့်မြည်းက သမုဒ္ဒရာကုန်အောင်အရသာကို သိရသကဲ့သို့တည်း)။ ။

ဥလူကဇာတကံ ဒသမံ။၂၇၀။ ပဒုမဝဂ္ဂေါ ဒုတိယော။ ။ တဿု-ဒ္ဒါနံ။ ။

ပဒုမံ,မုဒုပါဏိစ,၊ပလောဘနံ,ပနာဒကံ,။

ခုရ ရပ္ပံ,သိန္ဓဝဉ္စေဝ,၊ကက္ကဋာ,ရာမဒူသကံ,။

ဇာတံ ဥလူကဒသမံ။ ။