(ဤဂါထာ၌ တေ,တာနိ,တို့ကား၊ ပသိဒ္ဓဝိသယ တ,သဒ္ဒါတို့တည်း။ ပသိဒ္ဓဝိသယဟူသည်၊ဝဒန္တပုဂ္ဂိုလ်အားထင်ရှားပြီးသောအနက်လျှင်အရာရှိသောတသဒ္ဒါဟူလိုသည်။ မထင်ရှားသောသုဏန္တပုဂ္ဂိုလ်တို့အားယဖြင့်ဖွင့်၍အနက်ဆိုရာ၏)။ ။ ကလဏ္ဍုက၊ ကလဏ္ဍုက။ ယတ္ထ၊ အမိဝမ်းဟူသောအကြင်အရပ်တို့၌။ တေ၊ သင်သည်။ ဝသိတံ ဝသနံ ကတံ၊ ပဋိသန္ဓေနေခြင်းကိုပြုအပ်ပြီ။ တေဒေသာ၊ ထိုအရပ်တို့သည်။ ခတ္တိယ ဓီတာဒီနံ၊ မင်းသ္မီးစသည်တို့၏။ ကုစ္ဆိဒေသာ၊ ဝမ်းခေါင်းဟူသောအရပ်တို့သည်။ န၊ မဟုတ်ကုန်။ ယတ္ထဝါ၊ အကြင်တည်ရာ ဝတ္ထုတို့၌မူလည်း။ တွံ၊ သင်သည်။ ပတိဋ္ဌိတော၊ တည်၏။ တာနိဝတ္ထူနိ၊ ထိုဝတ္ထုတို့သည်။ ခတ္တိယဓိတာဒီနံ၊ မင်းသ္မီးစသည်တို့၏။ ကုစ္ဆိဝတ္ထူနိ၊ ဝမ်းခေါင်းဟူသောတည်ရာဝတ္ထုတို့သည်။ န၊ မဟုတ်ကုန်။ (ဤကဲ့သို့သောအရာ၌တ၏အနက်ကားအကျဉ်းတည်း။ ယ,၏အနက်ကားအကျယ်တည်း။ တ,၏အနက်ကားအနိယမတည်း။ ယ,၏အနက်ကားနိယမတည်း။ သုဏန္တပုဂ္ဂိုလ်တို့ အားမထင်ရှားကွယ်ဝှက်သောတ၏အနက်ကိုထင်ရှားသိသာအောင်ဟ၏အနက်ဖြင့်ဖော်ပြဖွင့်ဆိုရသည်။ စင်စစ်မူကားသင်သည်ကျွန်မဝမ်း၌ ပဋိသန္ဓေလည်းနေ၏၊တည်လည်းတည်၏ဟူလိုသည်)။ ။ ဝနဂေါစရော၊ တောအရပ်လျှင်ကျက်စားရာရှိသော။ အဟဉ္စ၊ ငါမူကား။ တိရစ္ဆာနဘူတောပိ၊ တိရစ္ဆာန်ဖြစ်သော်လည်း။ ဧတမတ္ထံ၊ ဤအကြောင်းကို။ ဇာနာမိ၊ သိ၏။ (စ,ကားဝိသေသတ္ထတည်း။ သင့်ပရိသတ်မသိသကဲ့သို့မဟုတ်၊ငါမူကားသိ၏ဟူလို။ တနည်း။ အဟဉ္စ၊ ငါသည်လည်း၊ပေးမှုအကြောင်းကို သင်သာသိသည်မဟုတ်ငါလည်းသိသတည်းဟုပေါင်းသတည်း)။ ။ ဧဝံ၊ ဤသို့။ အနာစာရံ၊ ယုတ်မာသောအကျင့်ကို။ စရမာနံ၊ ကျင့်သည်ကို။ မယာ၊ ငါသည်။ ဂန္တွာ၊ သွား၍။ အာရောစိတေ၊ ကြားအပ်သည်ရှိသော်။ သာမိကာ၊ သင့်သခင်တို့သည်။ အနုဝိစ္စ၊ သိ၍။ ။ (အနုဝိစ္စကြိယာသည် ကတ္တားနှင့်မကင်းရာသောကြောင့် သာမိကာကတ္တားလာရာသည်။ သကမ္မကဓာတ်ဖြစ်၍ ကံကိုငဲ့သောကြောင့်၊ ဧဝံအနာစာရံစရမာနံ,ဟုကံလာရာသည်။ သခင်သည်ဇော်ဂနီမဟုတ်၍ အိမ်ကမသိရာသောကြောင့် မယာဂန္တွာအာရောစိတေ, ဟု၊မ,ရပြန်သည်။ ဤသို့အနုဝိစ္စတခုဖြင့်ဤအနက်စုကို ဉာဏ်ဖြင့်ရှာရာသောကြောင့်၊ စ,ကား ပိုလွန်သည်ဟုမဆိုသာ။ ဤကဲ့သို့မြှုပ်သောအရာ၌ဤနည်းအတူမှတ်ရာသည်)။ ။ တာလေ တွာစေဝ၊ ကြိမ်လုံးလှံကန်ဖြင့်ရိုက်နှက်၍၎င်း။ လက္ခဏာဟတံ၊ သံပူအပ်၍ကျွန်အမှတ် လက္ခဏာတံဆိပ်ခတ်ခြင်းကို။ ကတွာစ၊ ပြု၍၎င်း။ တံ၊ သင့်ကို။ ဂဏှေယျုံ၊ ယူဆောင်ကုန်လတ္တံ့။ တသ္မာ၊ ထို့ကြောင့်။ အတ္တနော၊ မိမိ၏။ ပမာဏံ၊ ပမာဏကို။ ဉတွာ၊ သိ၍။ သေဋ္ဌိဓိတာယ၊ သူဋ္ဌေးသ္မီး၏။ သီသေ၊ ဦးခေါင်း၌။ အ-နုဋ္ဌုဟိတွာ၊ မထွေးမူ၍။ ခီရံ၊ နို့ရည်ကို။ ပိဝ၊ သောက်လော့။
ကလဏ္ဍုကဇာတကံ သတ္တမံ။၁၂၇။