(၁၀၉) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယထန္နော ပုရိသောဟောတိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကုဏ္ဍကပူဝဇာတ်ကို၊ သာဝတ္ထိပြည်၌သီတင်းသုံးနေတော်မူစဉ်၊ မဟာဒုဂ္ဂတကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘောပုရိသ၊ အိုယောက်ျား။ ပုရိသော၊ နတ်ကိုကိုးကွယ်သောသူသည်။ ယထ-န္နော၊ အကြင်သို့သဘောရှိသော အာဟာရကိုစားသည်။ ဟောတိ၊ ဖြစ်၏။ တဿ၊ ထိုကိုးကွယ်သောဒါယကာ၏။ ဒေဝတာ၊ နတ်သည်။ တထန္နာ၊ ထိုသို့သဘောရှိသောဒါယကာစားသောအာဟာရကိုစားရသည်။ ဟောတိ၊ ဖြစ်၏။ တွံ၊ သင်သည်။ ဧတံကုဏ္ဍပူဝံ၊ ထိုဆန်ကွဲမုံ့ကို။ အာဟရ၊ ဆောင်ခဲ့လော့။ မေ၊ ငါ၏။ ဘာဂံ၊ အဘို့အရာကို။ မာဝိနာသယ၊ မပျက်စီးစေလင့်။
ကုဏ္ဍကပူဝဇာတကံနဝမံ။၁ဝ၉။