နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဝဓီဝတအတ္တာနံ, အစရှိသောဂါထာဖြင့် တန်းဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မင်းသည် ဘုရားလောင်းကိုခေါ်၍ အမတ်အပေါင်းခြံရံလျက်ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကိုပညာရှိ၊ ဤလိပ်သည်အသို့ပြု၍ ကျသနည်းဟုမေး၏။ ဘုရားလောင်းသည် ငါသည်မင်းကိုဆုံးမလိုသည်ဖြစ်၍ အကြောင်းကိုစုံစမ်းလျက်ကြာမြင့်စွာသော ကာလပတ်လုံးလျှင်သွား၏။ ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့။ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကိုကိုက်စေ၍ ကောင်းကင်သို့ ပျံသည်ဖြစ်ရာ၏။ ထိုသို့ပျံကုန်သည် ရှိသော် ဤလိပ်သည် တစ်စုံတစ်ယောက်သောသူ၏စကားကိုကြား၍ နှုတ်မစောင့်သည်၏အဖြစ်ဖြင့် တစ်စုံတစ်ခုသောစကားကိုဆိုလိုခြင်းကြောင့် တုတ်တံကို လွှတ်သည်ဖြစ်လတ္တံ့။ဤသို့လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်လျှင်ဖြစ်ရာ၏။ ဤသို့ကြံ၍၊ မင်းမြတ်၊အ လွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိ ပြောဆိုတတ်သောသူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟုဆို၍။ ။
(၂၈၅)အဝဓီ ဝတ အတ္တာနံ၊ကစ္ဆပေါ သော ပဗျာဟရံ။
သုဂ္ဂဟီတသ္မိံ ကဋ္ဌသ္မိံ၊ဝါစာယ သကိယာဝဓိ။
(၂၈၆)ဧတံပိ ဒိတွာ-နရ-ဝီရ-သေဋ္ဌ၊ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ကစ္ဆပံ ဗျသနံ ဂတံ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၂၈၅-၂၈၆)မဟာရာဇ၊ မင်းမြတ်။ သောကစ္ဆပေါ၊ ထိုလိပ်သည်။ သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ချီအပ်သော။ ကဋ္ဌသ္မိံ၊ တုတ်တံ၌။ ပဗျာဟရံ ပဗျာဟရန္တော၊ နှုတ်ကိုမစောင့်စကားဆိုခြင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓီဝတ၊ သတ်လေသည်ဟု ကျွန်ုပ်ကြံမိ၏။ သကိယာ၊ မိမိဥစ္စာဖြစ်သော။ ဝါစာယ၊ စကားဖြင့်။ အဝဓိ၊ မိမိကိုပင်မိမိသတ်၏။ ။ နရ-ဝိရ-သေဋ္ဌ၊ လူအပေါင်းတို့သွင်မြတ်သောလုံ့လရှိသောအသျှင်မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသောသူသည်။ ဧတံပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ ကုသလံဝါစံ၊ အပြစ်မရှိသောစကားကိုသာလျှင်။ ပမုဉ္စေ၊ ပြောဆိုရာ၏။ တသ္မိံပိ၊ ထိုအပြစ်မရှိသောစကား၌လည်း။ အတိဝေလံ၊ အခါလေးမြင့်။ ဝါ၊ ကာလကိုလွန်စေ၍။ အပရိယန္တဝါစံ၊ အပိုင်းအခြားမရှိ များစွာသောစကားကို။ နပမုဉ္စေ၊ မဆိုရာ။ ဗဟုဘာဏေန၊ စကားများခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပဿသိ၊ မြင်၏လော။ ။ (နှစ်ဂါထာတို့တွင် နောက်ဂါထာပုဗ္ဗဍ္ဎဣန္ဒဝဇိရာ၊ အပရဍ္ဎ ထျာဝတ္တ။ ။ ကုသလံနာတိဝေလံ,၌တစ်လုံးပိုသည်။ ပိုမှလည်းအနက်ပြည့်စုံသည်)။ ။
ကစ္ဆပဇာတကံပဉ္စမံ။၂၁၅။