နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နဟိဝဏ္ဏေနသမ္ပန္နာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုဇာတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးချွေးမ ဓနဉ္စယသူဋ္ဌေး၏သ္မီးဝိသာခါ၏ညီမဖြစ်သောသုဇာတာကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည်မယ်တော်အား အဆုံးအမကို ပေးလိုလျက်ပင်လျှင်အကြောင်းဝတ္ထုမရှိဘဲဆိုဆုံးမခြင်းငှာမသင့် ဟုထိုမယ်တော်အား ဆုံးမလို၍တစ်ခုသောဥပမာကို ကြည့်လျက်သွား၏။ ထိုအခါတစ်နေ့သ၌ ဥယျာဉ်သို့မင်းသွားသည်ရှိသော်၊ မယ်တော်သည်လည်းသားနှင့်အတူလျှင်လိုက်၏။ ထိုအခါလမ်းအကြား၌တီတီထွတ်ငှက်သည်မြည်၏။ ဘုရားလောင်း၏ပရိသတ်တို့သည်လည်း ထိုအသံကိုကြား၍ နားတို့ကိုပိတ်၍၊ အိုကြမ်းကြုတ်သော အသံရှိသောငှက်၊ ရုန့်ရင်းသော အသံရှိသောငှက်၊ သင်မမြည်လင့်ဟု ဆိုကုန်၏။ ဘုရားလောင်းသည်ကား ကချေသည်အပေါင်းခြံရံလျက်မယ်တော်နှင့်တကွ ဥယျာဉ်သို့လျှင်လှည့်လည်သည်ရှိသော်၊ ကောင်းစွာပွင့်သောတစ်ခုသောအင်ကြင်းပင်၌ နားလျက်တစ်ခုသောဥဩသည်သာယာစွာသောအသံဖြင့် မြည်၏။ လူများသည် ထိုဥသြ၏အသံဖြင့် ရစ်သည်ဖြစ်၍ လက်အုပ်ချီ၍သိမ်မွေ့သော စကားရှိသောငှက်၊ ပြေပြစ်သောစကားရှိသောငှက်၊ နူးညံ့သောစကားရှိသောငှက်၊ မြည်လော့ဟုလည်ကိုမော့၍နားထောင်၍ကြည့်လျက်ရပ်၏။ ထိုအခါဘုရားလောင်းသည် ထိုအကြောင်းနှစ်ပါးတို့ကိုမြင်၍၊ ယခုမယ်တော်ကိုသိစေခြင်းငှာတတ်ကောင်း၏ဟုကြံ၍။ မိခင်၊ လမ်းအကြား၌ တီတီတွတ်ငှက်အသံကိုကြား၍လူများအသို့ဆိုသနည်း၊ အသံကိုမပြုလင့်ဟုနားတို့ကိုမပိတ်လော။ ကြမ်းကြုတ်သော စကားမည်သည်ကို တစ်စုံတစ်ယောက်သောသူသည်မနှစ်သက်ဟုဆို၍။ ။
(၄၁၂)န ဟိ ဝဏ္ဏေန သမ္ပန္နာ၊မဉ္ဇုကာ ပိယ-ဒဿနာ။
ခရ-ဝါစာ ပိယာ ဟောတိ၊အသ္မိံ လောကေ ပရမှိ စ။ ။
(၄၁၃)နနု ပဿသိမံ ကာဠိံ၊ဒုဗ္ဗဏ္ဏံ တိလကာဟတံ။
ကောကိလံ သဏှ-ဝါစေန၊ဗဟူနံ ပါဏိနံ ပိယံ။ ။
(၄၁၄)တသ္မာ သခိလ-ဝါစဿ၊မန္တ-ဘာဏီ အ-နုဒ္ဓတော။
အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊မဓုရ-န္တဿ ဘာသိတံ။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၄၁၂-၄၁၄)အမ္မ၊ မိခင်။ ဝဏ္ဏေန၊ ကောင်းမြတ်သော ကိုယ်အဆင်းနှင့်။ သမ္ပန္နါ၊ ပြည့်စုံသည်။ မဉ္ဇုကာ၊ သာယာသောအသံရှိသည်။ ပိယ-ဒဿနာ၊ ချစ်ဖွယ်ကောင်းသော အဆင်းရှိသည်။ သမာနာပိ၊ ဖြစ်စေကာမူ။ ဣတ္ထီ၊ မိန်းမသည်။ မာတာပိ၊ မိခင်ဖြစ်သော်လည်း။ ခရ-ဝါစာ၊ ဆဲရေးရေးရွတ်ခြင်းစသည်တို့၏အစွမ်းဖြင့် ရုန့်ကြမ်းသောစကားရှိမူကား။ အသ္မိံလောကေ၊ ဤမျက်မြင်လောက၌၎င်း။ ပရမှိစ၊ တမလွန်လောက၌၎င်း။ ပိယာ၊ ကြားသူမြင်သူတို့ချစ်ခင်အပ်သည်။ နဟိဟောတိ၊ မဖြစ်သည်သာတည်း။ ။
ကာဠိံ၊ မည်းသောအဆင်းရှိထသော။ ဒုဗ္ဗဏ္ဏံ၊ အဆင်းမလှထသော။ တိလကာဟတံ၊ မှဲ့မည်းစွဲထသော။ သဏှ-ဝါစေန၊ သိမ်မွေ့သာယာသောအသံကြောင့်။ ဗဟူနံ၊ များစွာကုန်သော။ ပါဏီနံ၊ သတ္တဝါတို့သည်။ ပိယံ၊ ချစ်အပ်သော။ ဣမံကောကိလံ၊ ဤဥဩသံကို။ ပဿသိနု၊ မိခင်မြင်၏မဟုတ်လော။ ။
တသ္မာ၊ ထို့ကြောင့်။ သခိလ-ဝါစာ၊ သိမ်မွေ့ပြေပြစ်သောစကားရှိသည်။ မန္တ-ဘာဏီ၊ ပညာဖြင့်ဆုံးဖြတ်၍ ဆိုတတ်သောသဘောရှိသည်။ အ-နုဒ္ဓတော၊ ပျံ့လွင့်ခြင်း ကင်းသည်ဖြစ်၍အတိုင်းအရှည်နှင့်ယှဉ်သောစကားကိုသာဆိုတတ်သည်။ အဿ၊ ဖြစ်ရာ၏။ ဟိသစ္စံ၊ မှန်၏။ ဧဝရူပေါ၊ ဤသို့သခိလဝါစမန္တဘာဏီအနုဒ္ဓတသဘောရှိသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဓမ္မဉ္စ၊ ပါဠိကို၎င်း။ အတ္ထဉ္စ၊ အနက်ကို၎င်း။ တနည်း။ ဓမ္မဉ္စ၊ အကြောင်းကို၎င်း။ အတ္ထဉ္စ၊ အကျိုးကို၎င်း။ ဒီပေတိ၊ ပြတတ်၏။ တဿ၊ ထိုသို့သဘောရှိသောပုဂ္ဂိုလ်၏။ ဘာသိတံ၊ နှုတ်ထွက်စကားသည်။ မဓုရံ၊ ပျားသကာသို့ချိုမြိန်သော အရသာရှိသည်။ ဟောတိ၊ ဖြစ်၏။ ။
ဤသို့ဘုရားလောင်းသည်ဤသုံးဂါထာတို့ဖြင့်မယ်တော်အားတရားဟော၍မယ်တော်ကိုသိစေ၏။ ထိုအခါမှစ၍ မယ်တော်သည်အကျင့်နှင့် ပြည့်စုံ၏။ ။
သုဇာတဇာတကံ နဝမံ။၂၆၉။