Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

355. Ghaṭajātakaṃ (5-1-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အညေသေစန္တိရောစန္တိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဃဋဇာတ်ကို၊ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်း၏တစ်ယောက်သောအမတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်ဈာန်ကို ဖြစ်စေ၍ ကောင်းကင်၌ထက်ဝယ်ဖွဲ့သဖြင့်နေ၏။ ဓင်္ကမင်းကိုယ်၌ပူခြင်းသည်ဖြစ်၏။ ဓင်္ကမင်းသည် သွား၍ဘုရားလောင်း၏ ရွှေကြေးမုံနှင့်တူသောပွင့်သော ပဒုမာကဲ့သို့အသရေရှိသောမျက်နှာကိုမြင်၍ဘုရားလောင်းကိုမေးလိုရကား။ ။

(၇၃၆)အညေ သောစန္တိ ရောဒန္တိ၊အညေ အဿု-မုခါ ဇနာ။

ပသန္န-မုခ-ဝဏ္ဏောသိ၊ကသ္မာ ဃဋ န သောစသိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၇၃၆)ဃဋ၊ ဃဋမင်း။ အညေ၊ သင်မှတစ်ပါးကုန်သော သူတို့သည်။ သောစန္တိ၊ စိုးရိမ်ကုန်၏။ ရောဒန္တိ၊ ငိုကုန်၏။ အညော၊ တစ်ပါးသော။ ဇနော၊ လူသည်။ အဿုမုခေါ၊ မျက်ရည်စွတ်သောမျက်နှာရှိ၏။ တွံ၊ သင်သည်။ ပသန္နမုခဝဏ္ဏော၊ ကြည်သောမျက်နှာအဆင်းရှိသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ နသောစသိ၊ မစိုးရိမ်သနည်း။ ။

ထိုအခါ ဓင်္ကမင်းအား ဘုရားလောင်းသည် မစိုးရိမ်သော အကြောင်းကိုဆိုလိုရကား။ ။

(၇၃၇)နာဗ္ဘတီတဟရော သောကော၊နာနာဂတသုခါဝဟော။

တသ္မာ ဓင်္ကန သောစာမိ၊နတ္ထိ သောကော ဒုတိယကာ။ ။

(၇၃၈)သောစံ ပဏ္ဍု ကိသော ဟောတိ၊ဘတ္တဉ္စဿ န ရုစ္စတိ။

အမိတ္တာ သုမနာ ဟောန္တိ၊သလ္လဝိဒ္ဓဿ ရုပ္ပတော။ ။

(၇၃၉)ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေ ဝါ ယဒိ ဝါ ထလေ။

ဌိတံ မံ နာဂမိဿတိ၊ဧဝံ ဒိဋ္ဌပဒေါ အဟံ။ ။

(၇၄၀)ယဿတ္တာ နာလမေကောဝ၊သဗ္ဗကာမရသာဟရော။

သဗ္ဗာပိ ပထဝီ တဿ၊န သုခံ အာဝဟိဿတိ။ ။

ဟူသောဤလေးဂါထာတို့ကိုဆို၏။ ။

(၇၃၇-၇၄ဝ)ဓင်္က၊ ဓင်္ကမင်း။ သောကော၊ စိုးရိမ်ခြင်းမည်သည်။ နာဗ္ဘတီတဟရော၊ လွန်လေပြီးချုပ်လေပြီးသောအစီးအပွါးကိုဆောင်ယူနိုင်သည်လည်းမဟုတ်။ နာနာဂတသုခါဝဟော၊ လာလတ္တံ့သောချမ်းသာကိုဆောင်နိုင်သည်လည်းမဟုတ်။ ဒုတိယကာ၊ လွန်လေပြီးချုပ်လေပြီးသော အစီးအပွားကိုဆောင်ယူခြင်းဖြင့်၎င်း လာလတ္တံ့သော ချမ်းသာကိုဆောင်ပေခြင်းဖြင့်၎င်း အဘော်သဟဲပြုနိုင်သော။ သောကော၊ သောကမည်သည်ကား။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ နသောစာမိ၊ မစိုးရိမ်။ ။

သောစံသောစန္တော၊ စိုးရိမ်သောသူသည်။ ပဏ္ဍု၊ ဖြော့တော့သောကိုယ်ရှိသည်။ ကိသော၊ ကြုံလှီသည်။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုစိုးရိမ်သောသူအား။ ဘတ္တဉ္စ၊ အစာသည်လည်း။ နရုစ္စတိ၊ နှစ်သက်ခြင်းကိုမဖြစ်စေ။ သလ္လဝိဒ္ဓဿ၊ စိုးရိမ်ခြင်းတည်းဟူသောမြားငြောင့် စူးဝင်အပ်သည်ဖြစ်၍။ ရုပ္ပတော၊ ဖောက်ပြန်သောသူအား။ အမိတ္တာ၊ ရန်သူတို့သည်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ။

ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရ​ညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းရာအရပ်၌၎င်း။ ယဒိ၊ ထိုမြို့။ ထလေဝါ၊ ကုန်းကြည်း၌၎င်း။ ဌိတံ၊ တည်သော။ မံ၊ ငါသို့။ တံ၊ ထိုစိုးရိမ်ခြင်းလျှင် အကြောင်းရင်းရှိသောဖြော့တော့ခြင်းကြုံလှီခြင်း အစရှိသောပျက်စီးခြင်းသည်။ ယထာ၊ အကြင်အခြင်းဖြင့်။ နအာဂမိဿတိ၊ မလာလတ္တံ့။ ဧဝံတထာ၊ ထိုအခြင်းဖြင့်။ အဟံ၊ ငါသည်။ ဒိဋ္ဌပဒေါ၊ မြင်အပ်သောဈာန်ဟူသောအကြောင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ။

ယဿ၊ အကြင်သူအား။ အတ္ထာ၊ အကျိုးစီးပွါးကိုဆောင်ကုန်သော အဆွေခင်ပွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုအဆွေခင်ပွန်းတို့တွင်။ ဧကောစ ဧကောပိ၊ တစ်ယောက်သောအဆွေခင်ပွန်းသည်လည်း။ သဗ္ဗကာမရသာဟရော၊ ဈာန်ချမ်းသာဟုဆိုအပ်သော အလုံးစုံလိုအပ်သော အရသာကိုဆောင်နိုင်သည်ဖြစ်၍။ အလံသမတ္ထော၊ စွမ်းနိုင်သည်။ နဟောတိ၊ မဖြစ်။ တဿ၊ ထိုမင်းအား။ သဗ္ဗာပိပထဝီ၊ အလုံးစုံသောမြေသည်လည်း။ သုခံ၊ ချမ်းသာကို။ န အာဝဟိဿတိ၊ မဆောင်နိုင်လတ္တံ့။ ။

(ဣစ္ဆိတပတ္တိတဋ္ဌေနဈာနသုခသင်္ခါတံသဗ္ဗကာမရသံအာဟရတီတိသဗ္ဗကာမရသာဟရော)။ ။ (အဋ္ဌကထာ)။ ။

ဃဋဇာတကံ ပဉ္စမံ။၃၅၅။