Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

1. Saṅkappavaggo

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သင်္ကပ္ပရာဂဓောတေန, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသင်္ကပ္ပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ရဟန်းအဖြစ်၌ ငြီးငွေ့သောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းသည်ပစ္စန္တရစ်ကို ငြိမ်းစေ၍ပြန်လာလတ်သော်၊ တန်းဆာဆင်သောမြို့ကိုလက်ျာရစ်လှည့်၍မင်းအိမ်သို့မသွားမီ၊ ဘုရားလောင်းကိုဖူးအံ့ဟုဥယျာဉ်သို့သွား၍ အမှိုက်တို့ဖြင့် ပြည့်သောကျောင်းကိုမြင်၍ အရပ်တစ်ပါးသို့ကြွသည်ဖြစ်လတ္တံ့ဟု ကျောင်းတံခါးကိုဖွင့်၍ကျောင်းသို့ ဝင်လတ်သော်၊ လျောင်း၍နေသော ဘုရားလောင်းကိုမြင်၍ တစ်စုံတစ်ခုသောချမ်းသာခြင်းမရှိသည်ဖြစ်လတ္တံ့ဟု ပုပ်သိုးသောဆွမ်းကိုစွန့်စေ၍ ကျောင်းကိုသုတ်သင်စေ၍၊ အသျှင်ဘုရား၊ အသျှင်ဘုရားအား အဘယ်ရောဂါဖြစ်သနည်းဟုမေး၏။ မြတ်သောမင်းကြီး၊ ငါ့ကိုထိုးမိ၏ဟုဆို၏။ မင်းသည်ငါ၏ရန်သူတို့သည်ကား ငါ၌ခွင့်မရကုန်၍ဤရသေ့အားအားနည်းခြင်းကိုပြုကုန်အံ့ဟုလာ၍ ဤရသေ့ကို ထိုးအပ်သည်ဖြစ်လတ္တံ့ဟု အောက်မေ့၍ကိုယ်ကိုပြန်စေ၍ စူးရာအရပ်ကိုမမြင်လတ်သော်၊ အသျှင်ဘုရား၊အဘယ်၌ထိုးမိသနည်းဟုမေး၏။ ဘုရားလောင်းသည်မြတ်သော မင်းကြီး၊ ငါ့ကိုတစ်ပါးသောသူသည်မထိုးဆွပ်အပ်၊ ငါသည်သာလျှင်ငါ၏ နှလုံး၌ငါ၏ကိုယ်ကိုထိုး၏ဟုဆို၍ထိုင်လျက်။ ။

(၃၅၈)သင်္ကပ္ပ-ရာဂ-ဓေါတေန၊ဝိတက္က-နိသိတေန စ။

နာလင်္ကတေန ဘဒြေန၊ဥသုကာရာ-ကတေန စ။ ။

(၃၅၉)န ကဏ္ဏာယတမုတ္တေန၊နာပိ မောရူ-ပသေဝိနာ။

တေနမှိ ဟဒယေ ဝိဒ္ဓေါ၊သဗ္ဗင်္ဂပရိဒါဟိနာ။ ။

(၃၆၀)အာဝေဓဉ္စ န ပဿာမိ၊ယတော ရုဟိရ-မဿဝေ။

ယာဝ အ-ယောနိသော စိတ္တံ၊သယံ မေ ဒုက္ခမာဘတံ။ ။

ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။

(၃၅၈-၃၆၀)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ သင်္ကပ္ပရာဂဓောတေန၊ ကာမဝိတက်နှင့်ယှဉ်သောရာဂဟူသော ရေဖြင့်ဆေးအပ်ထသော။ ဝိတက္ကနိသိတေနစ၊ ကာမဝိတက်ဟူသောသွေးကျောက်၌ ရာဂရေဖြင့်သွေးအပ်သည်လည်းဖြစ်ထသော။ ဘဒြေန၊ ကောင်းမြတ်သောတန်းဆာဖြင့်။ နာလင်္ကတေနစ၊ တန်းဆာလည်းမဆင်အပ်ထသော။ ဥသုကာရာကတေနစ၊ လေးသမားတို့သည်လည်းမပြုအပ်ထသော။ ။

နကဏ္ဏာယတမုတ္တေန၊ လက်ျာနားစွန်းတိုင်အောင် ငင်၍မပစ်လွှတ်အပ်ထသော။ နာပိ မောရူပသေဝိနာ၊ ဥဒေါင်းမြီးအစရှိသည်တို့ဖြင့် ပြုအပ်သော မြားရွက်မြားလွှလည်းမရှိထသော။ သဗ္ဗင်္ဂပရိဒါဟိနာ၊ ခပ်သိမ်းသောကိုယ်အင်္ဂါကို ပူပန်စေတတ်ထသော။ တေန၊ ထိုကိလေသာဟူသောမြားသည်။ ဟဒယေ၊ စိတ်နှလုံး၌။ ဝိဒ္ဓေါ၊ စူးဝင်အပ်သည်။ အမှိ၊ ဖြစ်၏။ ။

ယတော၊ အကြင်စူးဝင်ရာအရပ်မှ။ ရုဟိရံ၊ သွေးသည်။ အဿဝေ၊ ယိုစီးရာ၏။ တံအာဝေဓဉ္စ၊ ထိုစူးဝင်ရာအရပ်၌အနာအဆာကိုလည်း။ နပဿာမိ၊ မမြင်။ ယာဝအတိဝိယဒဠှံကတွာ၊ နုတ်ပစ်နိုင်ခဲအလွန်မြဲသည်ကိုပြု၍သာလျှင်။ အယောနိသော၊ မသင့်သောအားဖြင့်။ စိတ္တံ၊ ရာဂနှင့်ယှဉ်သော ငါ၏စိတ်သည်။ ဝဍ္ဎတိ၊ မြွေဆိပ်တက်သို့ခဏချက်ခြင်း ဖြည်းဖြည်းပွါးတက်၏။ မေ၊ ငါသည်။ သယံ၊ မည်သူမပြုအမှုရှာ၍ ကိုယ်တိုင်သာလျှင်။ ဒုက္ခံ၊ ဆင်းရဲကြီးစွာကို။ အာဘတံ၊ ဆောင်အပ်၏။

(ဓောတေနာတိဧတ္ထဓောဝုဓာတုဓောဝနေ၊တပစ္စယော။ ဓာတွန္တလောပေါ။ နိသိတေနာတိဧတ္ထ နိပုဗ္ဗ သာနဓါတုတေဇနေ၊ တပစ္စယော၊ ဓါတွန္တလောပေါ၊ ဣကာရာဂမော)။ ။

သင်္ကပ္ပရာဂဇာတကံ ပဌမံ။၂၅၁။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အဇ္ဇာပိမေတံ သနသိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤတိလမုဋ္ဌိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောအမျက်ထွက်တတ်သောရဟန်း ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါမင်းသားသည် ဗာရာဏသီပြည်သို့ရောက်၍မိဘတို့ကိုရှိခိုး၍အတတ်ကိုပြ၏။ မင်းသားသည်အသက်ရှည်သဖြင့် ငါ့သားကိုမြင်ရပြီ။ အသက်ရှင်စဉ် ငါ့သား၏ မင်းအသရေကိုကြည့်အံ့ဟု သားကိုမင်းအဖြစ်၌ထား၏။ ထိုဗြဟ္မဒတ်မင်းသည် မင်းအသရေကိုခံစားလျက် ဆရာပြုသောအပြစ်ကိုအောက်မေ့၍ အမျက်ဖြစ်၍ ထိုဆရာကိုသတ်အံ့ဟုခေါ်စိမ့်သောငှါဆရာ့အထံသို့လက်ဆောင်ပဏ္ဏာကာရနှင့်တကွ တမန်စေ၏။ ဆရာသည်ငယ်စဉ်ကာလ၌ ဗာရာဏသီမင်းကို မှတ်စိမ့်သောငှါမတတ်ကောင်းဟုမသွားမူ၍၊ ထိုမင်း၏ ပစ္ဆိမအရွယ်၌ ယခုအခါထိုမင်းကိုသိစိမ့်သောငှာ တတ်ကောင်းပြီဟုသွား၍ မင်းအိမ်တံခါး၌ရပ်လျက် တက္ကသိုလ်ဆရာလာ၏ဟု ကြားလျှောက်စေ၏။ မင်းသည် နှစ်သက်စွာ ပုဏ္ဏားကိုခေါ်စေ၍ မိမိအထံသို့လာသော ထိုပုဏ္ဏားကိုမြင်၍လျှင် အမျက်ကိုဖြစ်စေ၍မျက်စိတို့ကိုနီစွာပြု၍အမတ်တို့ကိုခေါ်၍၊ အိုအမတ်တို့၊ ယနေ့ထက်တိုင်အောင်လည်းငါသည်ဆရာပြုသောအမှုကို အောက်မေ့မိ၏။ ယနေ့ဆရာသည်နဖူးဖြင့် သေမင်းကိုယူ၍သေအံ့ဟုလာ၏။ ယနေ့ဆရာ၏အသက်သည်မရှိဟုဆိုလို၍။ ။

(၃၆၁)အဇ္ဇာပိ မေ တံ သရသိ၊ယံ မံ တွံ တိလ-မုဋ္ဌိယာ။

ဗာဟာယ မံ ဂဟေတွာန၊လဋ္ဌိယာ အနုတာလယိ။ ။

(၃၆၂)နနု ဇီဝိတေ န ရမသိ၊ယေနာ-သိ ဗြာဟ္မဏာ-ဂတော။

ယံ မံ ဗာဟာ ဂဟေတွာန၊တိက္ခတ္တုံ အနုတာလယိ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၆၁-၃၆၂)ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ တိလမုဋ္ဌိယာ၊ နှမ်းတစ်ဆုပ်ကြောင့်။ မံ၊ ငါ့ကို။ ဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်၍။ လဋ္ဌိယာ၊ ဝါးခြမ်းစိတ်ဖြင့်။ မံ၊ ငါ့ကို။ ယံအနုတာလယိ၊ အကြင်ရိုက်ခြင်းကိုပြု၏။ မေ၊ ငါ့အား။ တံအနုတာလနံ၊ ထိုရိုက်ခြင်းကို။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ တွံ၊ သင်သည်။ သရသိ၊ အောက်မေ့ဦးလော့။ ဝါ၊ သတိရ၏လော။ ။

ဗြာဟ္မဏ၊ ပုဏ္ဏား။ ယေန၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ မမ၊ ငါ၏။ သန္တိကံ၊ အထံသို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်၏။ ယံ၊ အကြင်ကြောင့်။ မမ၊ ငါ၏။ ဗာဟာ၊ မောင်းတို့ကို။ ဝါ။ မံ၊ ငါ့ကို။ ဗာဟာဗာဟာယ၊ မောင်း၌။ ဂဟေတွာန၊ ကိုင်၍။ တိက္ခတ္တုံ၊ သုံးချက်။ အနုတာလယိ၊ ရိုက်၏။ တသ္မာ၊ ထိုကြောင့်။ တွံ၊ သင်သည်။ ဇီဝိတေ၊ အသက်၌။ နရမသိနနုရမသိမညေ၊ မမွေ့လျော်ပြီဟုငါမှတ်ထင်၏။ ။

ဤသို့သောဘေးဖြင့်ခြိမ်းခြောက်၍ ဆိုသောစကားကိုကြားလတ်၍ ဆရာသည်။ ။

( ၃၆၃)အရိယော အနရိယံ ကုဗ္ဗန္တံ၊ယော ဒဏ္ဍေန နိသေဓတိ။

သာသနံ တံ န တံ ဝေရံ၊ဣတိ နံ ပဏ္ဍိတာ ဝိဒူ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၃၆၃)အရိယော၊ ဖြူစင်ကောင်းမြတ်သောအကျင့်ရှိသော။ ယော၊ အကြင်သူသည်။ အနရိယံ၊ ပါဏာတိပါတစသည်အပြား ငါးပါးသော ဒုဿိလျပါပဓမ္မကို။ ကုဗ္ဗန္တံ၊ ပြုကျင့်လွန်ကျူးသောပုဂ္ဂိုလ်ကို။ ဒဏ္ဍေန၊ သဲဒဏ်ရေဒဏ်တုတ်လှံကန်ဖြင့်။ နိသေဓတိ၊ တဖန် ဤကဲ့သို့သောအမှုကိုမပြုလင့်ဟုတားမြစ်ကွပ်နှိပ်၏။ တံ၊ ထိုသို့သားသ္မီးတပည့်တို့ကိုတားမြစ်ကွပ်နှိပ်ခြင်းသည်။ လောကေ၊ ဤလူ့ရွာ၌။ သာသနံ၊ ဆုံးမကံမြစ်သည်မည်၏။ တံ၊ ထိုသို့တားမြစ်ကွပ်နှိပ်ခြင်းသည်။ နဝေရံ၊ ရန်ပြုသည်မဟုတ်။ ဣတိ၊ ဤသို့။ နံ၊ ထိုသို့သဲဒဏ်ရေဒဏ် တုတ်လှံကန်ဖြင့် တဖန် ဤကဲ့သို့သောအမှုကိုမပြုလင့်ဟုတားမြစ်ကွပ်နှိပ်ခြင်းကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝိဒူ၊ သိကုန်၏။ ။

(အဇ္ဇာပိမေတံသရသိ၌။ အဇ္ဇာပိ၊ ယနေ့တိုင်အောင်လည်း။ မေ၊ ငါသည်။ သရသိ၊ အောက်မေ့မိ၏။ ဤသို့ပေးကြသည်ကား၊ သရသိကားတုမှယောဂဖြစ်၍မသင့်။ သည်သာမဟုတ်၊ မေ,ဟူသော ကတ္တားသည် သရသိနှင့် ပုတ္တလည်း မလျော်၊ အပုတ္တလည်း မထော်။ ယံမံဗာဟာဂဟေတွာန,၌နှစ်ချက်ယောဇနာသည်ကား။ ယံမံဗာဟာ ဂဟေတွာနာတိ ယံမမဗာဟာ ဂဟေတွာန၊ ယံမံ ဗာဟာယဂဟေတွာနာတိပိအတ္ထော၊ ဟူသောအဋ္ဌကထာနှင့် လျော်စေသည်။ အရိယသည်၊ အာစာရအရိယ, ဒဿန အရိယ, လိင်္ဂအရိယ, ပဋိဝေဓ အရိယ, ဟူ၍လေးပါးအပြားရှိသည်။ ထိုတွင်။ လူမူလည်း ဖြစ်စေ၊ တိရစ္ဆာန်မူလည်းဖြစ်စေ၊ ကောင်းမြတ်သောအကျင့်အာစာရ၌တည်သောသူသည် အာစာရအရိယမည်၏။ ကြည်ညိုဖွယ်သောဣရိယာပုထ်ကိုဆောင်တတ်သောရှုချင်ဖွယ်သောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံသောသူသည်ဒဿနအရိယမည်၏။ အဝတ်အရုံအသွင်အပြင်ကို ယူခြင်းဖြင့်ရဟန်းနှင့်တူသည်ဖြစ်၍ သွားလာလှည့်ပတ်သော ဒုဿီလပုဂ္ဂိုလ်သည်လည်း လိင်္ဂအရိယမည်၏။ ဘုရား, ပစ္စေကဗုဒ္ဓါ,သောတာပန်, စသောအရိယာပုဂ္ဂိုလ်တို့သည်ပဋိဝေဓအရိယမည်၏။ ထိုလေးပါးတွင်ဤ၌အာစာရအရိယကိုလိုအပ်၏)။ ။

တိလမုဋ္ဌိဇာတကံ ဒုတိယံ။၂၅၂။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မမန္နပါနံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမဏိကဏ္ဌဇာတ်ကို၊ အာဠဝီပြည်ကိုအမှီပြု၍ အဂ္ဂါဠဝစေတီ၌သီတင်းသုံးနေတော်မူစဉ်၊ ကုဋိကာရသိက္ခာပုဒ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ညီတော် ရသေ့သည်မဏိကဏ္ဌနဂါးမင်းကျောင်းသို့လာ၍ ရပ်စဉ်လျှင်နဂါးမင်းကို ဤသင်၏တန်းဆာဖြစ်သောပတ္တမြားကို ငါ့အားပေးလော့ဟုတောင်း၏။ ထိုနဂါးမင်းသည် မထိုင်မူ၍လျှင်ပြေး၏။ ထိုနောင် နှစ်ရက်မြောက်သောနေ့၌ ကျောင်းတံခါး၌ ရပ်၍လာစဉ်လျှင်ထိုနဂါးမင်းကို ယမန်နေ့ကငါ့အား ပတ္တမြားရတနာကိုသင်မပေး၊ ယနေ့ပေးလော့ဟုဆို၏။ နဂါးမင်းသည် ကျောင်းသို့မဝင်မူ၍လျှင်ပြေးလေ၏။ သုံးရက်မြောက်သောနေ့၌ကား ရေ၌ရပ်၍ပေါ်စဉ်လျှင် ထိုနဂါးမင်းကို ယနေ့ပတ္တမြားကိုတောင်းသောငါ့အားသုံးရက်ရှိပြီ။ ယခုငါ့အားထိုပတ္တမြားရတနာကို ပေးလော့ဟုဆို၏။ နဂါးမင်းသည်ရေ၌ရပ်၍ရသေ့ကိုပယ်လိုရကား။ ။

(၃၆၄)မမ-န္န-ပါနံ ဝိပုလံ ဥဠာရံ၊ဥပ္ပဇ္ဇတီ-မဿ မဏိဿ ဟေတု။

တံ တေ န ဒဿံ အတိယာစကော-သိ၊န စာပိ တေ အဿမမာဂမိဿံ။ ။

(၃၆၅)သုသူ ယထာ သက္ခရ-ဓောတ-ပါဏိ၊တာသေသိ-မံ သေလံ ယာစမာနော။

တ-န္တေ န ဒဿံ အတိယာစကော-သိ၊န စာပိ တေ အဿမ-မာဂမိဿံ။ ။

ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၆၄-၃၆၅)ဘောတာပသ၊ အိုရသေ့။ ဣမဿမဏိဿ၊ ဤပတ္တမြား၏။ ဟေတု၊ အကြောင်းကြောင့်။ မမ၊ ငါအား။ ဝိပုလံ၊ ပြန့်ပြောသော။ ဥဠာရံ၊ မြတ်သော။ အန္န-ပါနံ၊ နတ်ဘောဇဉ်နတ်အဖျော်သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ နဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ ကာလပမာဏကိုလွန်၍ တောင်းများသည်။ အသိ၊ ဖြစ်၏။‌ တေ၊ သင်၏။ အဿမဉ္စာပိ၊ ကျောင်းသို့လည်း။ နအာဂမိဿံ၊ ငါမလာအံ့။ ။

သက္ခရဓောတပါဏိ၊ ကျောက်၌သွေးအပ်သောဓားလက်နက်စွဲသော။ သုသု၊ လုလင်ပျိုသည်။ တာသေတိယထာ၊ သင့်ဦးခေါင်းကို ဖြတ်အံ့ဟုဆိုလျက်ခြိမ်းခြောက်သကဲ့သို့။ တထာ၊ ထို့အတူ။ သေလံ၊ ပတ္တမြားကို။ ယာစမာနော၊ တောင်းများသော။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ တာသေသိ၊ ကြောက်စေ၏။ တံ၊ ထိုပတ္တမြားကို။ တေ၊ သင်အား။ နဒဿံ၊ မပေးအံ့။ တွံ၊ သင်သည်။ အတိယာစကော၊ ကာလပမာဏကိုလွန်၍တောင်းများသည်။ အသိ၊ ဖြစ်၏။ တေ၊ သင်၏။ အဿမဉ္စာပိ၊ ကျောင်းသို့လည်း။ နအာဂမိဿံ၊ ငါမလာအံ့။ ။

ဤသို့ဆို၍ ထိုနဂါးမင်းသည် ရေ၌ငုပ်၍မိမိနေရာ နဂါးဘုံသို့လျှင်သွား၍တဖန်မလာ။ ။

ထိုအခါထိုရသေ့သည် ရှုဖွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာကြုံလှီ၏။ အဆင်းမလှသည်ဖြစ်၏။ ဖက်ရွက်လျော်ကဲ့သို့ဖြော့တော့ရှိသည်ဖြစ်၏။ အကြောပြိုင်းပြိုင်းထသောကိုယ်ရှိသည်ဖြစ်၏။ ထိုအခါနောင်တော်ရသေ့သည်ညီတော်ရသေ့၏အကြောင်းအရာကိုသိရအောင် ညီတော်ရသေ့ထံသို့သွား၏။ လွန်စွာလျှင် ဖြော့တော့ခြင်းရှိသောညီတော်ရသေ့ကိုမြင်၍၊ သျှင်ရသေ့၊ သင်သည်အဘယ့်ကြောင့်လွန်စွာဖြော့တော့ခြင်းဖြစ်သနည်းဟုဆို၍ ရှုဖွယ်ရှိသော ထိုနဂါးမင်းကို မမြင်ရခြင်းကြောင့် လွန်စွာလျှင်ဖြော့တော့ ခြင်းဖြစ်၏ဟူသောစကားကိုကြား၍ ဤရသေ့သည်နဂါးမင်းနှင့် ကင်းအံ့သောငှါလည်းမတတ်နိုင်ဟုမှတ်၍။ ။

(၃၆၆)န တံ ယာစေ ယဿ ပိယံ ဇိဂီသေ၊ပိဒေဿော ဟောတိ အတိယာစနာယ။

နာဂေါ မဏိံ ယာစိတော ဗြာဟ္မဏေန၊အ-ဒဿနံယေ-ဝ တဒါ-ဇ္ဈဂမာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၃၆၆)ဘောတာပသ၊ အိုရသေ့။ ယဿ၊ အကြင်ပုဂ္ဂိုလ်သည်။ ယံဘဏ္ဍံ၊ အကြင်ဥစ္စာကို။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ ဇိဂီသေဇာနေယျ၊ သိရာ၏။ တံ၊ ထိုချစ်အပ်သောဥစ္စာကို။ နယာစေ၊ မတောင်းရာ။ အတိယာစနာယ၊ ပမာဏကိုလွန်၍ တောင်းခြင်းကြောင့်။ ဒေဿောအပ္ပိယော၊ မချစ်မူ၍မုန်းသည်။ ဟောတိ၊ ဖြစ်၏။ ဗြာဟ္မဏေန၊ ရသေ့သည်။ မဏိံ၊ ပတ္တမြားကို။ ယာစိတော၊ တောင်းအပ်သော။ နာဂေါ၊ နဂါးမင်းသည်။ တဒါ၊ ထိုတောင်းသောအခါမှ။ ပဋ္ဌာယ၊ စ၍။ အဒဿနံယေဝ၊ ရသေ့မမြင်ရာအရပ်သို့သာလျှင်။ အဇ္ဈဂမာ၊ သွားလေပြီ။ ။

(နစာပိတေ,၌၊စာပိ,ဟူသော သမ္ပိဏ္ဍနနိပါတ်ဖြင့်သက်သက်မပေးရုံသာမဟုတ်သေး၊ သင်၏ကျောင်းသို့လည်းတဖန်မလာပြီဟုပေါင်းသတည်း။ ။ အာဂန္တွာသမန္တိ ဧတ္ထာတိ အဿမော။ ။ အာရှေးရှိသောသမုဓာတ်။ သဒွေးဘော်ရောက်၍အာရဿဖြစ်သည်။ ။ ဒေဿော၌၊ ဒိသိအပ္ပီတိယံ၊ သဒွေးဘော်ရှိလျက် ပုဒ္ဓိရောက်သည်)။ ။

မဏိကဏ္ဌဇာတကံ တတိယံ။၂၅၃။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဘုတွာတိဏပရိဃာသံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤကုဏ္ဍသိန္ဓဝဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်သာရိပုတ္တရာကို အကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည် နက်ဖြန် သိန္ဓောမြင်းငယ်၏ ထမင်းအစာကိုစီရင်၍၊ သိန္ဓောမြင်းငယ်သည်ကိုယ်အစွမ်းကို သိသလောမသိသလော။ ရှေးဦးစွာ ထိုသိန္ဓောမြင်းငယ်ကိုစုံစမ်းအံ့ဟုမြင်းစားကျင်း၌ ဆန်ကွဲယာဂုကိုလောင်း၍ပေး၏။ ထိုသိန္ဓောမြင်းငယ်သည်ထိုဘောဇဉ်ကိုငါမစားဟုဟာဂုကိုသောက်ခြင်းငှာအလိုမရှိ။ ဘုရားလောင်းသည်သိန္ဓောမြင်းအားစုံစမ်းသည်၏အစွမ်းအားဖြင့်။ ။

(၃၆၇)ဘုတွာ တိဏ-ပရိဃာသံ၊ဘုတွာ အာစာမ-ကုဏ္ဍကံ။

ဧတ-န္တေ ဘောဇနံ အာသိ၊ကသ္မာ ဒါနိ န ဘုဉ္ဇသိ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၆၇)အဿပေါတက၊ မြင်းငယ်။ တွံ၊ သင်သည်။ တိဏ-ပရိဃာသံ၊ စားငုတ်မြက်ကို။ ဘုတွာ၊ စား၍။ အာစာမ-ကုဏ္ဍကံ၊ ထမင်းချိုးဆန်ကွဲကို။ ဘုတွာ၊ စား၍။ ဝဍ္ဎိတော၊ ကြီး၏။ ဧတံ၊ ဤဆန်ကွဲယာဂုဘောဇဉ်သည်။ တေ၊ သင်၏။ ဘောဇနံ၊ အစာသည်။ အာသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ့်ကြောင့်။ ဣဒါနိ၊ ယခု။ ဧတံ၊ ဤဆန်ကွဲယာဂုကို။ နဘုဉ္ဇသိ၊ မစားသနည်း။ ။

(၃၆၈)ယတ္ထ ပေါသံ န ဇာနန္တိ၊ဇာတိယာ ဝိနယေန ဝါ။

ပဟုံ တတ္ထ မဟာ-ဗြဟ္မေ၊အပိ အာစာမ-ကုဏ္ဍကံ။ ။

(၃၆၉)တွဉ္စ ခေါ မံ ပဇာနာသိ၊ယာဒိသာ-ယံ ဟယု-တ္တမော။

ဇာနန္တော-ဇာန-မာဂမ္မ၊န တေ ဘက္ခာမိ ကုဏ္ဍကံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၆၈-၃၆၉)မဟာဗြဟ္မေ၊ မြတ်သောကုန်သည်ကြီး။ ယတ္ထ၊ အကြင်အရပ်၌။ ဇာတိယာဝါ၊ အမျိုးအားဖြင့်၎င်း။ ဝိနယေနဝါ၊ အကျင့်အားဖြင့်၎င်း။ ပဟုံ၊ စွမ်းနိုင်သော။ ပေါသံ၊ ယောက်ျား၏အဖြစ်ကို။ နဇာနန္တိ၊ မသိကုန်။ တတ္ထ၊ ထိုအစွမ်းသတ္တိမရှိရာအရပ်၌။ အာစာမ-ကုဏ္ဍကံအပိ၊ ထမင်းချိုးဆန်ကွဲကိုလည်း။ အဟံ၊ ငါသည်။ ဘက္ခာမိ၊ စား၏။ ။

တွဉ္စခေါ၊ သင်သည်လည်း။ ယာဒိသော၊ အကြင်သို့သဘောရှိသော။ အယံဟယော၊ ဤမြင်းသည်။ ဥတ္တမော၊ မြင်းမြတ်တည်း။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ ပဇာနာသိ၊ သိ၏။ ဇာနန္တော၊ အစွမ်းကိုသိသောငါသည်။ ဇာနံ၊ အစွမ်းကိုသိသောသင့်ကို။ အာဂမ္မ၊ စွဲ၍။ တေ၊ သင်၏။ သန္တိကာ၊ အထံမှ။ ကုဏ္ဍကံ၊ ဆန်ကွဲယာဂုကို။ နဘက္ခာမိ၊ မစားအံ့။ ။

ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတကံ စတုတ္ထံ။၂၅၄။

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယာဝသောမတ္တမညာသိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုင်္ကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ များစွာစား၍အစာမကျေခြင်းကြောင့် သေလွန်သောရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် အတိတ်ကိုဆောင်တော်မူ၍ သဗ္ဗညုဘုရားဖြစ်တော်မူပြီး၍။ ။

(၃၇ဝ)ယာဝ သော မတ္တမညာသိ၊ဘောဇနသ္မိံ ဝိဟင်္ဂမော။

တာဝ အဒ္ဓါန-မာပါဒိ၊မာတရဉ္စ အပေါသယိ။ ။

(၃၇၁)ယတော စသော ဗဟုတရံ၊ဘောဇန-မဇ္ဈဝါဟရိ။

တတော တတ္ထေ-ဝ သံသီဒိ၊အ-မတ္တညူ ဟိ သော အဟု။ ။

(၃၇၂)တသ္မာ မတ္တညုတာ သာဓု၊ဘောဇနသ္မိံ အ-ဂိဒ္ဓိတာ။

အ-မတ္တညူ ဟိ သီဒန္တိ၊မတ္တညူ စ န သီဒရေ။ ။

ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။

(၃၇ဝ-၃၇၂)ဘိက္ခဝေ၊ ရဟန်းတို့။ ယာဝ၊ အကြင်မျှလောက်။ သောဝိဟင်္ဂမော၊ ထိုငှက်သည်။ ဘောဇနသ္မိံ၊ အစာ၌။ မတ္တံ၊ အတိုင်းအရှည်ကို။ အညာသိ၊ သိ၏။ တာဝ၊ ထိုမျှလောက်။ အဒ္ဓါနံ၊ အသက်ရှည်သောကာလကို။ အာပါဒိ၊ ရ၏။ မာတရဉ္စ၊ မိဘကိုလည်း။ အပေါသယိ၊ မွေးမြူရ၏။ ။

ယတောစ၊ အကြင်အခါ၌ကား။ သော၊ ထိုငှက်သည်။ ဗဟုတရံ၊ အလွန်များစွာ။ ဘောဇနံ၊ သရက်သီးအရည်ဘောဇဉ်ကို။ အဇ္ဈဝါဟရိ၊ စား၏။ တတောစ၊ ထိုအခါ၌ကား။ တတ္ထေဝ၊ ထိုသမုဒ္ဒရာ၌သာလျှင်။ သံသီဒိ၊ နစ်၏။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ သော၊ ထိုငှက်သည်။ အမတ္တညူ၊ အတိုင်းအရှည်ကိုမသိသည်။ အဟု၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဘောဇနသ္မိံ၊ ဘောဇဉ်၌။ မတ္တညုတာ၊ အတိုင်းအရှည်ကို သိသည်၏အဖြစ်သည်။ သာဓု၊ ကောင်း၏။ အဂိဒ္ဓိတာပိ၊ မမက်မောသည်၏အဖြစ်သည်လည်း။ သာဓု၊ ကောင်း၏။ ဟိသစ္စံ၊ ထိုစကားသည်မှန်၏။ အ-မတ္တညူ၊ ဘောဇဉ်၌အတိုင်းအရှည်ကို မသိကုန်သောသူတို့သည်။ သီဒန္တိ၊ နစ်ကုန်၏။ မတ္တညူစ၊ အတိုင်းအရှည်ကို သိကုန်သောသူတို့သည်ကား။ နသီဒရေ၊ မနစ်ကုန်။ ။

သုင်္ကဇာတကံပဉ္စမံ။၂၅၅။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဇရုဒပါနံ ခဏမာနာ,အစရှိသော ဂါထာပုဒ်တို့ဖြင့်တန်းဆာဆင်အပ်သော ဤဇရုဒပါနဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သာဝတ္ထိပြည်၌ကုန်သည်တို့ကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သဗ္ဗညုဘုရားဖြစ်တော်မူပြီး၍။ ။

(၃၇၃)ဇရူ-ဒပါနံ ခဏမာနာ၊ဝါဏိဇာ ဥဒက-တ္ထိကာ။

အဇ္ဈဂမုံ အယသံ လောဟံ၊တိပုံသီသဉ္စ ဝါဏိဇာ။ ။

(၃၇၄)ရဇတံ ဇာတရူပဉ္စ၊မုတ္တာ ဝေဠူရိယာ ဗဟူ။

တေ စ တေန အ-သန္တုဋ္ဌာ၊ဘိယျော ဘိယျော ခဏိံသုံ တေ။ ။

တေတတ္ထ အာသီဝိသော ဃောရော၊တေဇဿီ တေဇသာ ဟနိ။

(၃၇၅)တသ္မာ ခဏေ နာတိခဏေ၊အတိခဏံ ဟိ ပါပကံ။

ခဏေန စ ဓနံ လဒ္ဓံ၊အတိခဏေန နာသိတံ။ ။

ဟူသောဤသုံးဂါထာတို့ကိုဟောတော်မူ၏။ ။

(၃၇၃-၃၇၅)ဥပါသကာ၊ သီတင်းသည်တို့။ ဥဒက-တ္ထိကာ၊ ရေဖြင့်အလိုရှိကုန်၍။ ဇရု-ဒပါနံ၊ ရေတွင်းဟောင်းကို။ ခဏမာနာ၊ တူးကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ အယသံ၊ သံကို၎င်း။ လောဟံ၊ ကြေးနီကို၎င်း။ တိပုံ၊ သလွဲစင်ကို၎င်း။ သီသဉ္စ၊ သလွဲပုပ်ကို၎င်း။ အဇ္ဈဂမုံ၊ ရကုန်၏။ တေစဝါဏိဇာ၊ ထိုကုန်သည်တို့သည်လည်း။ ရဇတဉ္စ၊ ငွေကို၎င်း။ ဇာတရူပဉ္စ၊ ရွှေကို၎င်း။ မုတ္တာစ၊ ပုလဲတို့ကို၎င်း။ ဝေဠုရိယာစ၊ ကျောက်မျက်ရွဲတို့ကို၎င်း။ မဏိဉ္စ၊ ပတ္တမြားကို၎င်း။ အဇ္ဈဂမုံ၊ ရကုန်၏။ တေ၊ ထိုကုန်သည်တို့သည်။ တေန၊ ထိုရအပ်သောရတနာဖြင့်။ အ-သန္တုဋ္ဌာ၊ မရောင့်ရဲကုန်သည်ဖြစ်၍။ ဘိယျောဘိယျော၊ လွန်စွာလွန်စွာ။ ခဏိံသု၊ တူးကုန်၏။ တေ၊ ထိုကုန်သည်တို့ကို။ တတ္ထ၊ ထိုတွင်း၌။ အာသီဝိသော၊ လျင်သောအဆိပ်ရှိသော။ ဃောရော၊ ပြင်းသောအဆိပ်ရှိသော။ တေဇသီ၊ အဆိပ်ဟူသောတန်းခိုးကြီးသော နဂါးမင်းသည်။ တေဇသာ၊ အဆိပ်ဟူသောတန်းခိုးဖြင့်။ ဟနိ၊ သတ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ ခဏေ၊ လျောက်ပတ်ရုံသာတူးရာ၏။ နာ-တိခဏေ၊ လွန်စွာမတူးရာ။ ဟိသစ္စံ၊ မှန်၏။ အတိခဏံ၊ အလွန်တူးခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ ခဏေနစ၊ လျောက်ပတ်ရုံသာတူးသဖြင့်လည်း။ ဓနံ၊ ဥစ္စာကို။ လဒ္ဓံ၊ ရ၏။ အတိခဏေန၊ အလွန်တူးသဖြင့်။ နာသိတံ၊ သေကြေပျက်စီး၏။ ။

ဇရူဒပါနဇာတကံ ဆဋ္ဌံ။၂၅၆။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နာယံဃရာနံကုသလော,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဂါမဏိစဏ္ဍဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ပညာတော်ကို ချီးမွမ်းခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။

မင်းသားသည်ထိုမျောက်ကို အောက်အထက်ကြည့်၍ ဤသတ္တဝါကားလူမဟုတ်၊ ဤသတ္တဝါသည်မျောက်တည်းဟုသိ၍ မျောက်တို့မည်သည်ကား လူတို့ပြုတိုင်းပြုတိုင်းကိုဖျက်ဆီးတတ်ကုန်၏။ မပြုအပ်သေးသည်ကိုကားပြုခြင်းငှာ၎င်း စီရင်ခြင်းငှာ၎င်း မသိကုန်ဟုကြံ၍ အမတ်တို့အား။ ။

(၃၇၆)နာ-ယံ ဃရာနံ ကုသလော၊လောလော အယံ ဝလီ-မုခေါ။

ကတံ ကတံ ခေါ ဒူသေယျ၊ဧဝံ-ဓမ္မ-မိဒံ ကုလံ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၃၇၆)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ အယံ၊ ဤမျောက်သည်ကား။ ဃရာနံ၊ အိမ်တို့ကို။ ဝိစာရေတုံဝါ၊ စီရင်အံ့သောငှါ၎င်း။ ကာတုံဝါ၊ ပြုအံ့သောငှာ၎င်း။ နကုသလော၊ မလိမ်မာ။ အယံ၊ ဤမျောက်သည်။ လောလော၊ လျှပ်ပေါ်သောအလေ့ရှိ၏။ ဝလီ-မုခေါ၊ မျက်နှာ၌တွန့်လိပ်သောအရေရှိ၏။ ကတံကတံခေါ၊ ပြုတိုင်း ပြုတိုင်းကိုလျှင်။ ဒူသေယျ၊ ဖျက်ဆီးရာ၏။ ဣဒံကုလံ၊ ဤမျောက်မျိုးသည်။ ဧဝံ-ဓမ္မံ၊ ဤသို့ပြုတိုင်းပြုတိုင်းကိုဖျက်ဆီးတတ်သောသဘောရှိ၏။ ။

ဤသို့ဆိုသောအခါ အမတ်တို့သည်၊ အရှင်မင်းမြတ်၊ အမိန့်တော်ရှိတိုင်းဖြစ်လတ္တံ့ဟုဆို၍၊ ထိုမျောက်ကိုပယ်၍၊ တစ်ရက်နှစ်ရက်လွန်သဖြင့်တဖန်ထိုမျောက်ကိုလျှင် တန်းဆာဆင်၍ တရားစီရင်ရာအရပ်သို့ ဆောင်၍၊ အရှင်မင်းမြတ်၊ ဤသူသည် ခမည်းတော်မင်းကြီးလက်ထက်တော်၌ တရားစီရင်သော အမတ်တည်း။ တရား အဆုံးအဖြတ်၌ လေ့လာပွန်းတီးသောသူတည်း။ ဤသူကို ချီးမြှောက်တော်မူ၍ တရားဆုံးဖြတ်သောအမှုကိုပြုစေခြင်းငှာသင့်၏ဟုလျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ပညာနှင့်ယှဉ်သော စိတ်ရှိသောလူ၏ အမွေးကားဤသို့သဘောရှိသည်မဟုတ်၊ ဤသတ္တဝါကားပညာနှင့် ယှဉ်သောစိတ်မရှိသောမျောက်တည်း၊ တရားဆုံးဖြတ်ခြင်းအမှုကို ပြုခြင်းငှာမတတ်ကောင်းသတည်းဟုသိ၍။ ။

(၃၇၇)နယိဒံ စိတ္တဝတော လောမံ၊နာ-ယံ အဿာသိကော မိဂေါ။

သိဋ္ဌံမေ ဇနသန္ဓေန၊နာ-ယံ ကိဉ္စိ ဝိဇာနာတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၃၇၇)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ ဣဒံလောမံ၊ ဤအမွေးသည်ကား။ စိတ္တဝတော၊ ပညာနှင့်ယှဉ်သောစိတ်ရှိသောလူ၏။ နလောမံ၊ အမွေးမဟုတ်။ အယံ၊ ဤသတ္တဝါသည်ကား။ နအဿာသိကော၊ သက်သာရာရစေခြင်းငှာတတ်နိုင်သော သတ္တဝါမဟုတ်။ မိဂေါ၊ သားတည်း။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ပိတရာ၊ ခမည်းတော်ဖြစ်သော။ ဇနသန္ဓေန၊ ဇနသန္ဓမင်းသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ အယံ၊ ဤမျောက်သည်။ ကိဉ္စိ၊ တစ်စုံတစ်ခုသောအဆုံးအဖြတ်ကို။ နဝိဇာနာတိ၊ မသိ။ ။

ဤသို့ ဆိုသောစကားကိုလည်းကြား၍ အမတ်တို့သည်၊ အရှင်မင်းမြတ်၊အမိန့်တော်ရှိတိုင်းဖြစ်လတ္တံ့ဟုဆို၍ ထိုမျောက်ကိုပယ်၍ တဖန် တစ်နေ့သ၌ထိုမျောက်ကိုပင်လျှင်တန်းဆာဆင်၍ တရားစီရင်ရာအရပ်သို့ဆောင်၍၊ အရှင်မင်းမြတ်၊ ဤယောက်ျားသည်ခမည်းတော်မင်းကြီးလက်ထက်တော်၌ မိဘတို့အားလုပ်ကျွေးသောအမျိုး၌ ကြီးသောသူတို့အား အရိုအသေအမှုကိုပြုတတ်သောသူတည်း၊ ဤသူအား ချီးမြှောက်တော်မူခြင်းငှာသင့်၏ဟုလျှောက်ကုန်၏။ မင်းသားသည် ထိုမျောက်ကိုကြည့်၍ မျောက်တို့မည်သည်ကားလျှပ်ပေါ်သောစိတ်ရှိကုန်၏၊ ဤသို့သဘောရှိသောအမှုကိုပြုခြင်းငှာမစွမ်းနိုင်ကုန်ဟုကြံ၏။ ။

(၃၇၈)န မာတရံ ဝါ ပိတရံ၊ဘာတရံ ဘဂိနိံ သကံ။

ဘရေယျ တာဒိသော ပေါသော၊သိဋ္ဌံ ဒသရထေန မေ။ ။

ဟူသောတတိယဂါထာကိုဆို၏။ ။

(၃၇၈)ဘောန္တောအမစ္စာ၊ အိုအမတ်တို့။ တာဒိသော၊ ထိုသို့သဘောရှိသော။ ပေါသော၊ ယောက်ျားသည်။ သကံမာတရံဝါ၊ မိမိအမိကို၎င်း။ ပိတရံဝါ၊ မိမိအဘကို၎င်း။ ဘာတရံ၊ မိမိအစ်ကိုကို၎င်း။ ဘဂိနိံ ဝါ၊ မိမိနှမကို၎င်း။ နဘရေယျ၊ မမွေး​မြူရာ။ ဧဝံ၊ ဤသို့။ မေ၊ ငါ၏။ ပိတရာ၊ ခမည်းတော်ဖြစ်သော။ ဒသရထေန၊ ဒသရထမင်းကြီးသည်။ သိဋ္ဌံ၊ ဆုံးမအပ်၏။ ။

ဝလိယောမုခေအဿာတိဝလိမုခေါ။ ။

အဿ၊ ထိုမျောက်၏။ မုခေ၊ မျက်နှာ၌။ ဝလိယော၊ တွန့်လိပ်သောအရေတို့သည်။ အတ္ထိသန္တိ၊ ရှိကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဝလိမုခေါ၊ ဝလိမုခမည်၏။ ။

နယိဒံ စိတ္တဝတောလောဓံ, ဟူသောစကားကို, သင့်မသင့်ကို ဆင်ခြင်တတ်သောပညာနှင့်ယှဉ်သောစိတ်မရှိသည်ကိုရည်၍ဆိုသည်။ မိမိတို့၏စိတ်ဖြင့်ကား စိတ်မရှိသော တိရစ္ဆာန်မည်သည်မရှိ။ ထိုအာဒါသမုခမင်းသား၏ ခမည်းတော်သည် လေးပါးသော သင်္ဂဟဝတ္ထုတို့ဖြင့် လူကိုသင်္ဂြိုဟ်တတ်သောကြောင့် ဇနသန္ဓမည်၏။ ဆယ်ဆူသောရထားတို့ဖြင့် ပြုအပ်သောကိစ္စကို မိမိ၏ရထားတစ်ခုဖြင့်သာလျှင် ပြုတတ်သောကြောင့်ဒသရထမည်၏။ ။

ပိတာဟိဿစတူဟိသင်္ဂဟဝတ္ထူဟိ ဇနသင်္ဂဟတောဇနသန္ဓောတိ ဝုစ္စတိ။ ဒသဟိ ရထေဟိ ကတ္တဗ္ဗာကတ္တဗ္ဗံ အတ္တနော ဧကေနေဝရတေနကရဏတောဒသရတောတိ။ ။ (အဋ္ဌကထာ)။ ။

ဂါမဏိစန္ဒ ဇာတကံ သတ္တမံ။၂၅၇။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယာဝတာစန္ဒိမသူရိယာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမန္ဓာတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ငြီးငွေ့သောရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။

သဗ္ဗညုမြတ်စွာဘုရားသည် ဤအတိတ်ကိုဆောင်တော်မူ၍ သဗ္ဗညုဘုရားဖြစ်တော်မူ၍။ ။

(၃၇၉)ယာဝတာ စန္ဒိမ-သူရိယာပရိဟရန္တိ၊ဒိသာဘန္တိ ဝိရောစ မာနာ။

သဗ္ဗေ-ဝ ဒါသာ မန္ဓာတု၊ယေ ပါဏာ ပထဝိဿိတာ။ ။

(၃၈၀)န ကဟာပဏ-ဝဿေန၊တိတ္တိ ကာမေသု ဝိဇ္ဇတိ။

အပ္ပ-ဿာဒါ ဒုခါ ကာမာ၊ဣတိ ဝိညာယ ပဏ္ဍိတော။ ။

(၃၈၁)အပိ ဒိဗ္ဗေသု ကာမေသု၊ရတိံ သော နာ-ဓိဂစ္ဆတိ။

တဏှာ-က္ခယ-ရတော ဟောတိ၊သမ္မာသမ္ဗုဒ္ဓ-သာဝကော။ ။

ဟူသောသုံးဂါထာတို့ကိုဟောတော်မူ၏။ ။

(၃၇၉-၃၈၁)ယာဝတာ၊ အကြင်မျှလောက်သောအပိုင်းအခြားဖြင့်။ စန္ဒိမသူရိယာ၊ လ, နေ,တို့သည်။ ပရိဟရန္တိ၊ မြင်းမိုရ်တောင်ကိုလှည့်လည်ကုန်၏။ ဝိရောစမာနာ၊ တင့်တယ်ထွန်းလင်းစေတတ်သောလ,နေ,တို့သည်။ ဒိသာဒိသာသု၊ အရပ်ဆယ်မျက်နှာတို့၌။ ဘန္တိ၊ ထွန်းလင်းတောက်ပကုန်၏။ ဧတ္တကေ၊ ဤမျှအတိုင်းအရှည်ရှိသောအရပ်၌။ ပထဝိဿိတာ၊ မြေကိုမှီကုန်သော။ ယေစပါဏာ၊ အကြင်သတ္တဝါတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။ တေပါဏာ၊ ထိုသတ္တဝါတို့သည်။ မန္ဓာတု၊ မန္ဓာတုမင်း၏။ ဒါသာ၊ ကျွန်တို့သည်သာလျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ။

ကဟာပဏဝဿေန၊ မောင်းလက်တီးက,ကြွယ်ကြီးကြွယ်ဖြိုး,ရတနာမိုဃ်းကိုရွာစေသဖြင့်လည်း။ ကာမေသု၊ ဝတ္ထုကာမ,ကိလေသကာမ,တို့၌။ တိတ္တိ၊ ရောင့်ရဲခြင်းမည်သည်။ နဝိဇ္ဇတိ၊ မရှိ။ ဧသာတဏှာ၊ ဤတဏှာသည်။ ဧဝံဒုပ္ပူရာ၊ ဤသို့ပြည့်စေနိုင်ခဲသော သဘောရှိ၏။ ကာမာ၊ ကာမဂုဏ်တို့သည်။ အ-ပ္ပသာဒါ၊ သာယာအပ်သောသုခနည်းပါးကုန်၏။ ဒုခါဗဟုဒုက္ခာ၊ ဆင်းရဲသာလျှင် များစွာကုန်၏။ ဣတိ၊ ဤသို့။ ပဏ္ဍိတော၊ ပညာရှိသော။ သမ္မာသမ္ဗုဒ္ဓ သာဝကော၊ သဗ္ဗညုမြတ်စွာဘုရားတပည့်သားတော်သည်။ ဝိညာယ၊ သိ၍။ သော၊ ထိုသဗ္ဗညုမြတ်စွာဘုရားတပည့်သားတော်သည်။ ဒိဗ္ဗေသုကာမေသုအပိ၊ နတ်၌ဖြစ်သောကာမဂုဏ်တို့၌သော်လည်း။ ရတိံ၊ မွေ့လျော်ခြင်းကို။ နာဓိဂစ္ဆတိ၊ မရ။ တဏှာက္ခယ-ရတော၊ တဏှာကုန်ရာနိဗ္ဗာန်၌မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။

မန္ဓာတဇာတကံ အဋ္ဌမံ။၂၅၈။ မန္ဓာတုဿတ္တံသမာသေ။ ။

မန္ဓာတဇာတကံ။ သဗ္ဗညုမန္ဓာတသီဟနာဒေါ။ ။

ဟုသဒ္ဒနီတိရှိရကားမန္ဓာတဇာတကံ,လိုသည်။ မန္ဓာတုဇာတကံ,မလို။၂၅၈။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နယိမဿဝိဇ္ဇာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော တိရီဋိဝစ္ဆဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်၏ကောသလမင်း၏ မိဖုရားငါးရာလက်မှပုဆိုးငါးရာ, ကောသလမင်း၏လက်မှပုဆိုးငါးရာ အားဖြင့်ပုဆိုးတစ်ထောင်ရခြင်းဝတ္ထုကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်လည်း လခွဲလွန်သဖြင့် ဗာရာဏသီသို့ရောက်၍ ဥယျာဉ်သို့ဝင်၍ နက်ဖြန်ဆွမ်းခံသွားလျက် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည်လေသွန်တံခါးမကိုဖွင့်၍ မင်းရင်ပြင်ကိုကြည့်လတ်သော် ဘုရားလောင်းကို မြင်သဖြင့်သိ၍ ပြာသာဒ်မှ ဆင်းလျက်ရှိခိုး၍ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေစေ၍ မိမိသို့စီရင်အပ်သောအာဟာရကိုဘုန်းပေးစေ၍ မိမိသည်လည်းစား၍ဥယျာဉ်သို့ ပင့်ဆောင်၍ဥယျာဉ်၌ ဘုရားလောင်းဖို့ကျောင်းစင်္ကြံညဉ့်သန့်စရာနေ့သန့်စရာအရပ်တို့ကိုပြုစေ၍ ခပ်သိမ်းသော ရဟန်းပရိက္ခရာတို့ကိုလှူ၍ ဥယျာဉ်စောင့်ကိုအပ်၍ ရှိခိုး၍ ဖဲလေ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည်မင်းအိမ်၌သာလျှင်ဆွမ်းစား၏။ များစွာသောလာဘ်ပူဇော်သကာရှိ၏။ ထိုဘုရားလောင်းကို သည်းမခံနိုင်ကုန်သော အမတ်တို့သည်ဤသို့ သဘောရှိသော ပူဇော်သက္ကာရကိုရသည်ရှိသော် အဘယ်မည်သော သူရဲကောင်းသည်လည်းအဘယ်မည်သောအမှုကိုမပြုအံ့နည်းဟုဆို၍ အိမ်ရှေ့မင်းသို့ကပ်၍၊အရှင်မင်းမြတ်၊အကျွန်ုပ်တို့မင်းသည်တစ်ပါးသော ရသေ့ကိုအလွန်မြတ်နိုး၏။ ထိုရသေ့၌မင်းသည် အဘယ်မည်သောအမှုကိုမြင်သနည်း။ အရှင်မင်းတို့သည်လည်းမင်းနှင့်ပြောဆိုပါကုန်လော့ဟုဆိုကုန်၏။ အိမ်ရှေ့မင်းသည် ကောင်းပြီဟုဝန်ခံ၍ အမတ်တို့နှင့်တကွ မင်းအိမ်သို့ကပ်၍။ ။

(၃၈၂)နယိ-မဿ ဝိဇ္ဇာ-မယ-မတ္ထိ ကိဉ္စိ၊န ဗန္ဓဝေါ နော ပန တေ သဟာယော။

အထ ကေန ဝဏ္ဏေန တိရီဋိဝစ္ဆော၊တေဒဏ္ဍိကော ဘုဉ္ဇတိ အဂ္ဂ-ပိဏ္ဍံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၈၂)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဣမဿ၊ ဤတိရီဋိဝစ္ဆရသေ့အား။ ဝိဇ္ဇာမယံ၊ အတတ်ဖြင့်ပြီးသော။ ကိဉ္စိကမ္မံ၊ တစ်စုံတစ်ခုသောအမှုသည်။ နအတ္ထိ၊ မရှိပါခဲ့။ တေဒဏ္ဍိကော၊ ကရားတည်ထားခြင်း အကျိုးငှာသစ်သားသုံးခွကို ဆောင်ယူ၍ သွားလေ့ရှိသော။ တိရီဋိဝစ္ဆော၊ တိရီဋိဝစ္ဆရသေ့သည်။ တေ၊ အသျှင်မင်းကြီး၏။ နဗန္ဓဝေါ၊ ပုတ္တဗန္ဓဝ, သိပ္ပဗန္ဓဝ, ဂေါတ္တဗန္ဓဝ, ဉာတိဗန္ဓဝ,တို့တွင် တစ်စုံတစ်ရာစပ်လျဉ်းသော အဆွေအမျိုးလည်း မဟုတ်ခဲ့။ နောပနသဟာယော၊ တကွမြေမုန့်ကစားဖက်အဆွေခင်ပွန်းလည်းမဟုတ်ခဲ့။ အထ၊ ထိုသို့ဖြစ်လျက်။ ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ အဂ္ဂ-ပိဏ္ဍံ၊ အရသာနှင့်ပြည့်စုံသောမင်းအားထိုက်သောထမင်းဦးကို။ ဘုဉ္ဇတိ၊ စားရဘိသနည်း။ ။

ထိုစကားကိုကြား၍ မင်းသည်မင်းသားကိုခေါ်၍၊အမောင်၊ပစ္စန္တရစ်သို့သွား၍စစ်ထိုးရာမှ ရှုံးသောငါ၏နှစ်ရက်သုံးရက်မလာသော အဖြစ်ကိုအောက်မေ့မိ၏လောဟုဆို၍ အောက်မေ့မိ၏ လျှောက်လတ်သော်၊ ထိုအခါ ငါသည် ဤရသေ့ကိုမှီ၍ အသက်ရ၏ဟု အလုံးစုံသော အကြောင်းကိုကြား၍၊အမောင်၊ငါ၏အသက်ကိုပေးသောသူသည်ငါ၏အထံသို့ရောက်သည်ရှိသော်၊မင်းအဖြစ်ကိုပေးငြားသော်လည်းထိုရသေ့ ပြုသောကျေးဇူးအားလျော်စွာပေးခြင်းငှာမတတ်နိုင်သေးဆို၍။ ။

(၃၈၃)အာဝါသု မေ ယုဒ္ဓ-ပရာဇိတဿ၊ဧကဿ ကတွာ ဝိဝနသ္မိ ဃောရေ။

ပသာရယိ ကိစ္ဆ-ဂတဿ ပါဏိံ၊တေနူ-ဒ္ဓတာရိံ ဒုခ-သံပရေတော။ ။

(၃၈၄)ဧတဿ ကိစ္စေန ဣဓာ-နုပတ္တော၊ဝေသာယိနော ဝိသယာ ဇီဝ-လောကေ။

လာဘာ-ရဟော တာတ တိရီဋဝစ္ဆော၊ဒေထ-ဿ ဘောဂံ ယဇထဉ္စယညံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၈၃-၃၈၄)တာတ၊ ချစ်သား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့ကြောင့်။ ယုဒ္ဓ-ပရာဇိတဿ၊ စစ်ထိုးခြင်းမှရှုံးသော။ ဧကဿ၊ အဖော်မရှိတစ်ယောက်ထည်းသာဖြစ်သော။ ကိစ္ဆ-ဂတဿ၊ ရေတွင်းသို့ကျ၍ငြိုငြင်ပင်ပန်းခြင်းသို့ရောက်သော။ မေ၊ ငါ့အား။ အယံ၊ ဤရသေ့သည်။ ဃောရေ၊ ကြမ်းကြုတ်သော။ ဝိဝနသ္မိံ၊ ရေမရှိသောတောကြီး၌။ ကတွာအနုကမ္မံကရိတွာ၊ သားကဲ့သို့ကြင်နာသနားသည်ကိုပြု၍။ ပါဏိံ၊ လှေကားကိုဖွဲ့၍တွင်းသို့တက်လတ်ပြီး၍ ဆင်းရဲရောက်သောငါ့ကိုထုတ်ဆယ် ကယ်တင်ခြင်းငှာဝီရိယနှင့်ယှဉ်သောလက်ကို။ ပသာရယိ၊ ကောင်းစွာဖြန့်ကမ်း၏။ တေနကာရဏေန၊ ထိုသျှင်ရသေ့လက်ကမ်းလှမ်းခြင်းဟူသောအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဒုခသံပရေတောပိ၊ ဆင်းရဲ ဒုက္ခထက်ဝန်းကျင်မှဝန်းရံနှိပ်စက်အပ်သည်ဖြစ်၍လည်း။ တမှာကူပါ၊ ထိုတွင်းမှ။ ဥဒ္ဓဟာရိံ ဥတ္တိဏ္ဏော၊ အထက်သို့တက်နိုင်လေပြီ။ ။

ဧတဿ၊ ထိုတိရီဋိဝစ္ဆရသေ့၏၊ သည်။ ကိစ္စေန၊ ထုတ်ဆယ်ကယ်တင်ပေသော ကိစ္စအာနုဘော်ကြောင့်။ ဝေသာယိနော၊ ယမမင်း၏။ ဝါ၊ သေမင်း၏။ ဝိသယာ၊ နိုင်ငံမှ။ ဣဓဇီဝလောကေ၊ ဤအသက်ရှည်သောလူ့ပြည်သို့။ အနုပတ္တော၊ မသေမပျောက်တဖန်ရောက်လာပေ၏။ တာတ၊ ချစ်သား။ တိရီဋိဝစ္ဆော၊ တိရီဋိဝစ္ဆရသေ့သည်။ လာဘာ-ရဟော၊ ထိုသူပြုဖူးသောကျေးဇူးကြောင့်ငါပေးလှူပူဇော်သော ပစ္စည်းလေးပါးကို ခံထိုက်ပေ၏။ အဿ၊ ထိုတိရီဋိဝစ္ဆရသေ့အား။ ဘောဂံ၊ ရသေ့ရဟန်းတို့အသုံးအဆောင်ကို။ ဒေထ၊ လှူကြကုန်လော့။ ယညဉ္စ၊ ယဇ်ကိုလည်း။ ယဇထ၊ ပူဇော်ကြကုန်လော့။ ။

(နဗန္ဓဝေါ၌သားမယားဟူသော ပုတ္တဗန္ဓဝ၊အတတ်ပညာ သင်ကြားပေးသောဆရာ အတတ်ပညာသင်ကြားဖော်ဖြစ်သောသိပ္ပဗန္ဓဝ၊ အနွယ်တူဖြစ်သော ဂေါတ္တဗန္ဓဝ၊ အမျိုးဖြစ်သော ဉာတိဗန္ဓဝ လေးပါးတည်း။ ။

ပုတ္တဗန္ဓဝါတိပုတ္တဒါရဗန္ဓဝါ။ ။ ဋီကာ။ ။

သဟပံသုကီဠကကိုဤ၌သဟာယဆိုသည်။ ။ တိဒဏ္ဍံဂဟေတွာစရဏသီလောတေဒဏ္ဍိကော,ပြု။ ။

တိဒဏ္ဍံ၊ သစ်သားသုံးခွကို။ ဂဟေတွာ၊ ကိုင်စွဲ၍။ စရဏသီလော၊ သွားခြင်းအလေ့ရှိသည်တည်း။ တေဒဏ္ဍိသော၊ သစ်သားသုံးခွကိုကိုင်စွဲ၍သွားခြင်းအလေ့ရှိသည်။ ။ တေဒဏ္ဍိကောတိကုဏ္ဍိကဋ္ဌပနတ္ထာယ တိဒဏ္ဍကံ ဂဟေတွာ စရန္တော။ ။ အဋ္ဌကထာ။ ။

အာဝါသူတိအာပဒါသု,ဖွင့်ရကား၊အာဝါ,နှင့် အာပဒါ, ပရိယာယ်တည်း။ ။ ကရိတွာ,ဟူသောပုဗ္ဗကာလကြိယာသည်ကံကိုငဲ့ရကား၊ အနုကမ္မံထည့်သည်။ ။ ယမရာဇာစဝေသာယီ၊ဟူရကား။ ဝေသာယီ,နှင့်ယမရာဇာ,ကားပရိယာယ်တည်း။ ။

တေဓာတုကေသုပိ အာဏာပဝတ္တကတ္တာမဟန္တောပိသယော ဧတဿာတိ ဝေသယီ။ဏီ။ သောဧဝဝေသာယီ၊ဒုက္ခဇနကတ္တာဝါ ဝိသသဒိသဋ္ဌာနံ ဂစ္ဆန္တီတိ ဝေသာ၊ နေရဟိကာ၊ တေသံအဓိပတိဘာဝေနအယတိပဝတ္တတီတိဝေသာယီ။ ဤ။

အဘိဓာန်ဋီကာ။ ။

တေဓာတုကေသုပိ၊ ကာမဓာတ်ရူပဓာတ်အရူပဓာတ်ဟုဆိုအပ်သော ဓာတ်သုံးပါးတို့၌လည်း။ အာဏာပဝတ္တကတ္တာ၊ အာဏာကိုဖြစ်စေတတ်သည်၏အဖြစ်ကြောင့်။ ဧတဿ၊ ထိုယမမင်းအား။ မဟန္တော၊ ကျယ်သော။ ဝိသယော၊ တိုင်းနိုင်ငံသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သော၊ ထိုယမမင်းသည်။ ဝေ​သယီ၊ ဝေသယီမည်၏။ ဏီ၊ ဏီပစ္စည်းသက်။ သောဧဝ၊ ထိုဝေသယီသည်ပင်လျှင်။ ဝေသာယီ၊ ဝေသာယီမည်၏။ ဝါ၊ တနည်းကား။ ဒုက္ခဇနကတ္တာ၊ ဆင်းရဲကိုဖြစ်စေတတ်သည်၏အဖြစ်ကြောင့်။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဝိသသဒိသဋ္ဌာနံ၊ အဆိပ်နှင့် တူသောအရပ်သို့။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ဝေသာ၊ မည်ကုန်၏။ နေရယိကာ၊ ငရဲသူတို့ကိုရ၏။ ယောရာဇာ၊ အကြင်ယမမင်းသည်။ တေသံဝေသာနံ၊ ထိုငရဲသူတို့၏။ အဓိပတိဘာဝေန၊ အကြီးအကဲ၏အဖြစ်ဖြင့်။ အယတိပဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောရာဇာ၊ ထိုယမမင်းသည်။ ဝေသာယီ၊ မည်၏။ ဤ၊ ဤပစ္စည်းသက်။ ။၎င်းအနက်)။ ။

တိရီဋဝစ္ဆဇာတကံ နဝမံ။၂၅၉။

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယဿတ္ထံဒူရမာယန္တိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဒူတဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လော်လည်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

အိုယောက်ျား၊ သင်သည်တမန်ထည်းဟုဆို၏။ အဘယ်သူ၏တမန်နည်းဟုမေးသည်ရှိသော်၊ မြတ်သောမင်းကြီး၊ အကျွန်ုပ်သည်တဏှာ၏ တမန်တည်း။ တဏှာသည်အကျွန်ုပ်ကိုခေါ်၍သင်သည်သွားလော့ဟုတမန်ပြု၍စေ၏ဟုဆိုလိုရကား။ ။

(၃၈၅)ယဿ-တ္ထံ ဒူရ-မာယန္တိ၊အမိတ္တ-မပိ ယာစိတုံ။

တဿူ-ဒရဿဟိ ဒူတော၊မာ မေ ကုဇ္ဈ ရထေ-သဘ။ ။

(၃၈၆)ယဿ ဒိဝါ စ ရတ္တော စ၊ဝသ-မာယန္တိ မာဏဝါ။

တဿူဒရဿ-ဟံ ဒူတော၊မာ မေ ကုဇ္ဈ ရထေ-သဘ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၈၅-၃၈၆)ရထေ-သဘ၊ ရထားစီးသူရဲတို့၏ဥသသဖြစ်သောမင်းမြတ်။ ယဿဥဒရဿ၊ အကြင်ဝမ်းဟူသော။ အတ္ထံအတ္ထာယ၊ အကျိုးငှါ။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ တဏှာဝသိကာ၊ တဏှာ့အလိုသို့လိုက်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ အမိတ္တံအပိ၊ ရန်သူကိုလည်း။ ယာစိတုံ၊ တောင်းစားအံ့သောငှါ။ ဒူရံအပိ၊ ဝေးသောအရပ်သို့လည်း။ အာယန္တိ၊ သွားရကုန်၏။ အဟံ၊ ငါသည်။ တဿဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။ ။

ရထေသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်သော မင်းမြတ်။ မာဏဝါ၊ သတ္တဝါတို့သည်။ ဒိဝါစ၊ နေ့၌၎င်း။ ရတ္တောစ၊ ညဉ့်၌၎င်း။ ယဿဥဒရဿ၊ အကြင်ဝမ်း၏။ ဝသံ၊ အလိုနိုင်ငံသို့။ အာယန္တိ၊ လိုက်ရကုန်၏။ အဟံ၊ အကျွန်ုပ်သည်။ တဿဥဒရဿ၊ ထိုဝမ်း၏။ ဒူတော၊ တမန်တည်း။ မေ၊ အကျွန်ုပ်အား။ မာကုဇ္ဈ၊ အမျက်ထွက်တော်မမူပါလင့်။ ။

မင်းသည်ထိုယောက်ျား၏စကားကိုကြား၍ထိုစကားသည်မှန်၏။ ဤသတ္တဝါတို့သည်ဝမ်း၏ တမန်ဖြစ်ကုန်၍ တဏှာ၏ အစွမ်းအားဖြင့် သွားကုန်၏။ တဏှာသည်လည်းသတ္တဝါတို့ကိုစီရင်၏။ ဤယောက်ျားသည်အလွန်နှစ်သက်ဖွယ်သောစကားကိုဆို၏ ဟုထိုယောက်ျားအားနှစ်သက်၍။ ။

(၃၈၇)ဒဒါမိ တေ ဗြာဟ္မဏ ရောဟိဏီနံ၊ဂဝံ သဟဿံ သဟ ပုင်္ဂဝေန။

ဒူတော ဟိ ဒူတဿ ကထံ န ဒဇ္ဇာ၊မယမ္ပိ တဿေ-ဝ ဘဝါမ ဒူတာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၃၈၇)ဗြာဟ္မဏ၊ ပုဏ္ဏား။ တေ၊ သင်အား။ ပုင်္ဂဝေန၊ ဥသဘနှင့်။ သဟ၊ တကွ။ ရောဟိဏီနံ၊ နီသောအဆင်းရှိကုန်သော။ ဂဝံ၊ နွားတို့၏။ သဟဿံ၊ တစ်ထောင်ကို။ ဒဒါမိ၊ ငါပေး၏။ ဟိယသ္မာ၊ အကြင်ကြောင့်။ မယမ္ပိ၊ ငါတို့သည်လည်း။ တဿေဝဥဒရဿ၊ ထိုဝမ်း၏သာလျှင်။ ဒူတာ၊ တမန်တို့သည်။ ဘဝါမ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ ဒူတော၊ တမန်သည်။ ဒူတဿ၊ တမန်အား။ ကထံနဒဇ္ဇာ၊ အဘယ်မူ၍ မပေးရာသနည်း။ ဒဒေယျဧဝ၊ ပေးရာသလျှင်ကတည်း။ ။

ဤသို့ဆို၍သင်ကဲ့သို့သဘောရှိသောသူသည် မကြားစဖူးသောအကြောင်းကိုဆိုပေ၏ဟု နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ ထိုယောက်ျားအားများစွာသော စည်းစိမ်ကိုပေး၏။ ။ (ယဿတ္ထံယဿအတ္ထံ,ဖြတ်၍ကိမတ္ထံ,ကဲ့သို့စတုတ္ထီအနက်၌ ပဌ​မာသက်သည်။ ဗုဒ္ဓဿအတ္ထာယ,ကဲ့သို့ယဿ,နှင့်အတ္ထ,လည်းအနက်တူဟုသဒ္ဒနီတိဆိုရကား။ ယဿဥဒရဿ၊ အကြင်ဝမ်းဟူသော၊ အတ္ထံ၊ အကျိုးငှါ,ဟု၊ယောဇနာသည်။ အမိတ္တမပိ,၌အပိကိုဒူရံ၌လည်းယှဉ်။ ရထီနံဥသဘောရထေသဘော,ပြု။ ရထီနံ၊ ရထားစီးသူရဲတို့၏။ ဥသဘော၊ ဥသဘဖြစ်သောမင်း။ ။ ရထေသဘာတိရထယောဓဇေဋ္ဌာကာ။ ။ အဋ္ဌကထာ။ ။

သရေပုဗ္ဗော။ ။

ပရသရေလုတ္တေပုဗ္ဗောသရောကွစိအသဝဏ္ဏံပပ္ပေါတိ၊မုနေလယောမုထေသဘော၊သောတ္ထိ။ မုနိအာလယော၊ ရထီဥသဘော၊ သုဣတ္ထီတိဆေဒေါ။ ။သဒ္ဒနီတိ)။ ။

ဒူတဇာတကံဒသမံ။၂၆၀။ သင်္ကပ္ပဝဂ္ဂေါ ပဌမော။ ။ တဿုဒ္ဒါနံ။ ။

သင်္ကပ္ပ,တိလမုဋ္ဌိစ,၊မဏိစ,သိန္ဓဝါ,သုကံ။

ဇရုဒပါနံ,ဂါမဏိ,၊မန္ဓာတာ,တိရီဋိ,ဒူထ,န္တိ။ ။