ဝါနရိန္ဒ၊ ဆင်ပြောင်အလားခွန်အားကြီးခြင်းသင်မျောက်မင်း။ တဝ၊ သျှင်မျောက်မင်းအား။ သစ္စံ၊ အမှန်ဆိုသောဝစီသစ္စာ၎င်း။ ဓမ္မော၊ ဤသို့ပြုသော်ဤမည်သောအကျိုးအပြစ်ဖြစ်လတ္တံ့ဟုအမြော်အမြင်ဆင်ခြင်နိုင်သောပညာ၎င်း။ ဓိတိ၊ သဲကြီးဦးခက်၊တစက်မဆုတ်၊အားထုတ်မပြတ်၊ မြတ်သောလုံ့လ၎င်း။ စာဂေါ၊ ကိုယ်နှင့်အသက်၊ ငဲ့ကွက်မတွန့်၊ စွန့်စားဝံ့ခြင်း၎င်း။ ဣတိ၊ ဤသို့။ စတုရော၊ လေးပါးကုန်သော။ ဓမ္မာ၊ ကျေးဇူးတရားတို့သည်။ အတ္ထိယထာ၊ ရှိကုန်၏သို့။ ယဿ၊ သင်မှတပါး အမှတ်မရှိသသူအားလည်း။ ဧတေစတုရောဓမ္မာ၊ ဤလေးပါးသော ကျေးဇူးတရားတို့သည်။ အတ္ထိ၊ ရှိကုန်ငြားအံ့။ တွံ၊ အသင်မျောက်မင်းသည်။ မံ၊ ရန်သူဖြစ်သော ငါ့ကို။ အတိဝတ္တသိယထာ၊ လွန်၍ဖြစ်နိုင်၏သို့။ သောပိ၊ ထိုသင်မှတပါးလေးပါးသော ကျေးဇူးတရားရှိသောသူသည်လည်း။ ဒိဋ္ဌံ၊ ရန်သူကို။ အတိဝတ္တတိ၊ လွန်၍ဖြစ်နိုင်ပလေလိမ့်။
ဝါနရိန္ဒဇာတကံသတ္တမံ။၅၇။