(၇၂) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အကတညုဿ ပေါသဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသီလဝနာဂရာဇဇာတ်ကို၊ဝေဠုဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။
အ-ကတညုဿ၊ သူ့ကျေးဇူးကိုမသိတတ်သော။ နိစ္စံ၊ အမြဲ။ ဝိဝရ-ဒဿိနော၊ အခွင့်ကိုရှုလေ့ရှိသော။ ပေါသဿ၊ ယောက်ျားအား။ သဗ္ဗံ၊ အလုံးစုံသော။ ပထဝိံ၊ မြေအပြင်ကိုအစိုးရသော စကြဝတေးမင်းအဖြစ်ကို။ စေဒဇ္ဇာ၊ အကယ်၍ပေးငြားအံ့။ နံ၊ ထိုယောက်ျားကို။ နေဝအဘိရာဓယေ၊ မနှစ်သက်စေနိုင်ရာ။ ။
သီလဝနာဂရာဇဇာတကံဒုတိယံ။၇၂။