နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဣဒံပုရေနိန္နမာဟု, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဋ္ဌသဒ္ဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကောသလမင်းသည် သန်းခေါင်ယံ၌ ကြားအပ်သော ကြောက်မက်ဖွယ်ရှိသော မခွဲခြမ်းမဝေဘန်နိုင် မသိသော အသံကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါ ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ ထိုမင်းကြီးအား ထိုအသံတို့ကို ကြားခြင်းဟူသော အကြောင်းကြောင့် တစ်စုံတစ်ခုသော အန္တရာယ်သည်မရှိ။ သင်မင်းကြီးတို့၏ ဥယျာဉ်ဟောင်း၌ကား တစ်ခုသော ဗျိုင်းသည်ရှိ၏။ ထိုဗျိုင်းသည် အစာကိုမရရကား။ ဆာမွတ်ခြင်းနှိပ်စက်အပ်သည်ဖြစ်၍ ရှေးဦးစွာသော အသံကိုပြု၏ဟု ဗျိုင်း၏ကြိယာကို မိမိဉာဏ်ဖြင့်ပိုင်းခြားလို၍။ ။
(၁၁၅၉)ဣဒံ ပုရေ နိန္နမာဟု၊ဗဟုမစ္ဆံ မဟောဒကံ။
အာဝါသော ဗကရာဇဿ၊ပေတ္တိကံ ဘဝနံ မမ။
တျဇ္ဇ ဘိင်္ဂေန ယာပေမ၊ဩကန္တံ န ဇဟာမသေ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
မြတ်သောမင်းကြီး၊ ဆင်တင်းကုပ်၏ တုရိုဏ်တိုင်၌တစ်ခုသောကျီးမသည်နေ၏။ မိမိသား၌ စိုးရိမ်ခြင်းကြောင့် နှစ်ခုမြောက်သော အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအားဘေးသည်မရှိဟု ဆိုလို၍ ဘုရားလောင်းသည်။ ။
(၁၁၆၀)ကော ဒုတိယံ အသီလိဿ၊ဗန္ဓရဿက္ခိ ဘိန္ဒတိ။
ကော မေ ပုတ္တေ ကုလာဝကံ၊မဉ္စ သောတ္ထိံ ကရိဿတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်။ မြတ်သောမင်းကြီး၊ သင်မင်းကြီး၏ ပြာသာဒ်အထွတ်၌တစ်ခုသော ဃုဏမည်သောပိုးသည်နေ၏။ ထိုပိုးသည် ထိုထိုအရပ်၌လျှင် အကာကိုစား၍ အကာကုန်သည်ရှိသော် အနှစ်ကိုစားခြင်းငှါ မတတ်နိုင်။ ထိုပိုးသည် အစာကိုမရ၍ ထွက်အံ့သောငှါလည်းမတတ်နိုင်ရကား ငိုကြွေးလျက် သုံးခုဖြစ်သော အသံကိုပြု၏။ ထိုအသံကြောင့်လည်း မင်းကြီးအား ဘေးမရှိဟုဆို၍ ထိုပိုး၏ ကြိယာကို မိမိဉာဏ်ဖြင့် ပိုင်းခြားလို၍။ ။
(၁၁၆၁)သဗ္ဗာ ပရိက္ခယာ ဖေဂ္ဂု၊ယာဝ တဿာ ဂတီ အဟု။
ခီဏဘက္ခော မဟာရာဇ၊သာရေ န ရမတီ ဃုဏော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ဘုရားလောင်းသည် မြတ်သောမင်းကြီး၊ သင်မင်းကြီးအိမ်၌ မွေးအပ်သော တစ်ခုသော ဥဩမသည် ရှိသလောဟုမေး၏။ အရှင်ဘုရား၊ ရှိ၏ဟုလျှောက်၏။ မြတ်သောမင်းကြီး၊ ထိုဥဩမသည် မိမိနေဖူးသော တောအုပ်ကို အောက်မေ့ရကား ငြီးငွေ့၍ အဘယ်နံရောအခါမှလျှင် ဤချိုင့်မှလွတ်၍ မွေ့လျော်ဘွယ်ရှိသော တောအုပ်သို့သွားရပါအံ့နည်းဟု လေးခု မြောက်သော အသံကိုပြု၏။ ထိုအသံကြောင့် မင်းကြီးအားဘေးမရှိဟုဆိုလို၍။ ။
(၁၁၆၂)သာ နူနာဟံ ဣတော ဂန္တွာ၊ရညော မုတ္တာ နိဝေသနာ။
အတ္တာနံ ရမယိဿာမိ၊ဒုမသာခနိကေတိနီ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီး၏နန်းတော်၌မွေးအပ်သောတစ်ခုသော သမင်သည် ရှိသလောဟုမေး၏။ အရှင်ဘုရား၊ ရှိ၏ဟုမင်းသည်လျှောက်၏။ မြတ်သောမင်းကြီး၊ ထိုသမင်ကား တစ်ခုသော သမင်မင်းတည်း။ မိမိ၏ မယားသမင်မကို အောက်မေ့၍ ကိလေသာ၏အစွမ်းအားဖြင့်ငြီးငွေ့၍ ငါးခုမြောက်သောအသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည်မရှိဟုဆိုလို၍။ ။
(၁၁၆၃)သော နူနာဟံ ဣတော ဂန္တွာ၊ရညော မုတ္တော နိဝေသနာ။
အဂ္ဂေါဒကာနိ ပိဿာမိ၊ယူထဿ ပုရတော ဝဇံ။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီး၏နန်းတော်၌ မွေးသောမျောက်သည် ရှိသလောဟုမေး၏။ အရှင်ဘုရား၊ ရှိ၏ဟုလျှောက်၏။ မြတ်သောမင်းကြီး၊ ထိုမျောက်သည်လည်း ဟိမဝန္တာ၌ မျောက်မတို့နှင့်တကွကာမ၌ မက်မောသည်ဖြစ်၍ သွားစဉ်၊ ဘဒ္ဒကမည်သော မုဆိုးသည် ဤအရပ်သို့ဆောင်ခဲ့၏။ ယခုငြီးငွေ့ ၍ ဟိမဝန္တာသို့လျှင် သွားလို၍ ခြောက်ခုမြောက်သောအသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအားဘေးသည်မရှိဟုဆိုလို၍။ ။
(၁၁၆၄)တံ မံ ကာမေဟိ သမ္မတ္တံ၊ရတ္တံ ကာမေသု မုစ္ဆိတံ။
အာနယီ ဝနတော လုဒ္ဒေါ၊ဗာဟိကော ဘဒ္ဒမတ္ထု တေ။ ။
ဟူသောဆဋ္ဌဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ သင်မင်းကြီး၏နန်းတော်၌မွေးသော ကိန္နရာသည်ရှိသလောဟုမေး၏။ အရှင်ဘုရား၊ ရှိ၏ဟုလျှောက်သည်ရှိသော်၊ မြတ်သောမင်းကြီး၊ ထိုကိန္နရာသည် မိမိ၏မယားကိန္နရီ မသည် ပြုအပ်သောကျေးဇူးကို အောက်မေ့၍ ကိလေသာဖြင့် ကျင်နာသည်ဖြစ်၍ အသံကိုပြု၏။ ထိုကိန္နရာသည် ကိန္နရီမနှင့်တကွ တစ်နေ့သ၌ ထက်သော တောင်ထွတ်သို့တက်၍၊ ထိုတောင်ထွတ်၌ထိုကိန္နရာတို့သည် အဆင်းအနံ့အရသာနှင့်ပြည့်စုံသော အထူးထူးသောပန်းတို့ကို ဆွတ်ကုန်ပန်ကုန်လျက် နေဝင်သည်ကိုမမှတ်ကုန်။ နေဝင်လတ်သော် ဆင်းသက်ကုန်သော ကိန္နရာတို့အား၊ အမိုက်မှောင်သည်ဖြစ်၏။ ထိုအခါ ကိန္နရာဖိုကို ကိန္နရီမသည်၊ အရှင်၊ အမိုက်မှောင်သည်ဖြစ်၏။ မချော်မချွတ်စေဘဲ မမေ့မလျော့သဖြင့် သက်လော့ဟုဆို၍ လက်၌ကိုင်၍ ဆင်းသက်စေ၏။ ထိုကိန္နရာသည် ထိုကိန္နရီမ၏ စကားကိုအောက်မေ့၍ အသံကိုပြု၏။ ထိုအသံကြောင့်လည်း သင်မင်းကြီးအား ဘေးသည်မရှိဟုဆိုလို၍ ထိုအကြောင်းကို မိမိဉာဏ်ဖြင့်ပိုင်းခြား၍ ထင်စွာပြုလျက်။ ။
(၁၁၆၅)အန္ဓကာရတိမိသာယံ၊တုင်္ဂေ ဥပရိပဗ္ဗတေ။
သာ မံ သဏှေန မုဒုနာ၊မာ ပါဒံ ခလိ ယသ္မနိ။ ။
ဟူသောဤသတ္တမဂါထာကိုဆို၏။ ။
ဘုရားလောင်းသည်၊ မြတ်သောမင်းကြီး၊ ရှစ်ခုမြောက်သော အသံသည်ကား ဥဒါန်းကျူးရင့်သော အသံတည်း။ နန္ဒမူလိုဏ်၌တစ်ဆူသော ပစ္စေကဗုဒ္ဓါသည် မိမိ၏ အာယုသင်္ခါရကုန်ခြင်းကိုသိ၍ လူ့ပြည်သို့လာ၍ဗာရာဏသီမင်း၏ဥယျာဉ်၌ပရိနိဗ္ဗာန်ပြုအံ့။ လူတို့သည် ငါ၏အလောင်းကို သင်္ဂြိုဟ်ခြင်းကိုပြု၍ သာဓုကီဠနမည်သော ကစားခြင်းကိုကစား၍ ပူဇော်ခြင်းကို ပြု၍ နတ်ပြည်ကိုပြည့်စေကုန်လတ္တံ့ဟု-တန်းခိုးအာနုဘော်ဖြင့် ကောင်းကင်၌သွားလျက်သင်မင်းကြီး၏ ပြာသာဒ်အထက်သို့ ရောက်သောကာလ၌ ခန္ဓာဝန်ကိုချ၍ နိဗ္ဗာန်ပြည်သို့ဝင်ခြင်းကိုပြတတ်သော ဥဒါန်းကိုကျူးရင့်၏ဟုပစ္စေကဗုဒ္ဓါသည်ဆိုအပ်သော။ ။
(၁၁၆၆)အသံသယံ ဇာတိခယန္တဒဿီ၊န ဂဗ္ဘသေယျံ ပုနရာဝဇိဿံ။
အယမန္တိမာ ပစ္ဆိမာ ဂဗ္ဘသေယျာ၊ခီဏော မေ သံသာရော ပုနဗ္ဘဝါယ။ ။
ဟူသောဤအဋ္ဌမဂါထာကိုဆို၏။ ။
(၁၁၆၆)ဇာတိခယန္တဒဿီ၊ နိဗ္ဗာန်ကိုမြင်သော။ အဟံ၊ ငါသည်။ အသံသယံ၊ မချွတ်။ ပုန၊ တဘန်။ ဂဗ္ဘသေယျံ၊ အမိဝမ်း၌ပဋိသန္ဓေနေခြင်းသို့။ နအဝဇိဿံ၊ မရောက်ရအံ့။ မေ၊ ငါ၏။ အယံဇာတိ၊ ဤအဖြစ်သည်။ အန္တိမာ၊ အဆုံးစွန်သော။ ဇာတိ၊ အဖြစ်တည်း။ အယံ၊ ဤပဋိသန္ဓေနေခြင်းသည်။ ပစ္ဆိမဂဗ္ဘသေယျာ၊ အဆုံးစွန်ဖြစ်သော ပဋိသန္ဓေနေခြင်းတည်း။ မေ၊ ငါ၏။ ပုနဗ္ဘဝါယ၊ တဘန်ဘဝအသစ်ဖြစ်ခြင်းငှါ။ သံသာရော၊ ခန္ဓာအာယတနဓာတ်တို့၏မပြတ်ဖြစ်ခြင်းအစဉ်ဟုဆိုအပ်သောသံသရာသည်။ ခီဏော၊ ကုန်ပြီ။ ။
(ပိတုတောအာဂတံပိတံကား အဘမှလာသောဥစ္စာတည်း။ ။ တျဇ္ဇဘိင်္ဂေနာတိတေမယံအဇ္ဇမစ္ဆေအလဘန္တာမဏ္ဍူကမတ္တေနယာပေမ။ ။ ဤအဋ္ဌကထာအလို,ဘိင်္ဂသဒ္ဒါသည် ဘား ဟော ဟူလိုသည်။ ။ အဘိဓာန်၌ကား။ ။ မဏ္ဍူကောဒဒ္ဒုရောဘေကော။ ဟု-ဘားဟောပရိယယ်သုံးပုဒ်လာ၏။ ။ ဩက္ကန္တန္တိဧဝံဇိဃစ္ဆာယပီဠိတာပိဝသနဋ္ဌာနံနဇဟာမ။ ။ ဟူသောအဋ္ဌကထာအလို,ဩက္ကန္တသဒ္ဒါသည်နေရာအရပ်ဟော။ ။ ကောဒုတိယံစသော ဂါထာ၌ ဘိဇ္ဇတိ,ဟု-ဒိဝါဒိဂိုဏ်းနှင့်ရှိသည်မသင့်၊ ရုဒါဒိဂိုဏ်းနှင့်ရှိမှသကမ္မကဖြစ်၍သင့်သည်။ ။ ပါကာရံဘိန္ဒတိဝေရီ။ ဘိတ္တိဘိဇ္ဇတိတင်္ခဏေကဲ့သို့မှတ်။ ။ ဒုတိယံအက္ခိံတောဘိန္ဒတိ၊ ဟု-သမ္ဗန္ဓပြု၍ အက္ခိံလိုလျက် ဆန်းပျက်မည်ကြောင့် နိဂ္ဂဟိတ်ကျေသည်။ ။ ယာဝတဿာယာဝတာအဿာဖြတ်။ ယာဝပုဒ်တဿာပုဒ်မဟုတ်။ ။ ယာဝတဿါဂတီအဟူတိယာဝတာအဿာဖေဂ္ဂုယာ နိဗ္ဗတ္တိအဟုအဟောသိ။ ။ (အဋ္ဌကထာ)။ ။ ဃုဏော၌ဃုသဒ္ဒေ၊ဃဝတီတိဃုဏော။ ။
ယောပါဏကော၊ အကြင်ပိုးသည်။
ဃဝတိသဒ္ဒံကရောတိ၊ သစ်ပျဉ်ကိုကိုက်သဖြင့် ဃုတ်ဃုတ်အသံပြုတတ်၏။ ။
ဃုဓာတ်၊ ဃုပစ္စည်း။ ။
စတုတ္ထက္ခရာနှင့်သင့်သည်။
ဂုဏော,ဟု-တတိယက္ခရာမသင့်။
တီ၌ဆန်းကြောင့်ဒီဃ။ ။
တုင်္ဂေတိတိခိဏေ။ ။
အဋ္ဌကထာဘွင့်ရကား။
တုင်္ဂသဒ္ဒါသည်ကား ထက်သောအနက်ကိုဟောသည်။ ။
တုင်္ဂနာသိကသုတော၌ကဲ့သို့မြင့်သောအနက်ကိုမဟော။ ။
မာပါဒံစလိယသ္မနီတိယကာရောဗျဉ္ဇနသန္ဓိဝသေနဂဟိတော။ ။
(အဋ္ဌကထာ)။ ။
ပါသာဏောသ္မောပလောသိလာ။
(အဘိဓာန်)။ ။
ပါသာဏ,အသ္မ, ဥပလ,သိလာ၊ဟု-ကျောက်ဟောပရိယာယ်လေးပုဒ်လာရကား။
ဤအသ္မသဒ္ဒါသည်ကျောက်ဟော။
သ္မိံဝိဘတ်ကိုနိပြု၍အသ္မနိနေသည်။ ။
အဋ္ဌသဒ္ဒဇာတကံ ဒုတိယံ၊၄၁၈။