Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

399. Mātuposakagijjhajātakaṃ (7-1-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ တေကထံနုကရိဿန္တိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဂိဇ္ဈဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အမိကိုမွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါတစ်နေ့သ၌ ဘုရားလောင်းသည် နွားသားအစရှိသည်တို့ကို ရှာလျက်သုသာန်သို့ဝင်သည်ရှိသော် ကျော့ကွင်း၌မိ၍ မိမိအကျိုးငှါမအောက်မေ့။ ကြီးကုန်သောယုတ်သောမျက်စိရှိကုန်သော မိဘတို့ကိုသာအောက်မေ့၍ ငါ၏ မိဘတို့သည် အသို့လျှင်မျှကုန်လတ္တံ့နည်း။ ငါ့အား ကျော့ကွင်းမိသည်၏အဖြစ်ကိုလည်းမသိကုန်။ ကိုးကွယ်ရာအထောက်အပံ့မရှိကုန်သည်ဖြစ်၍ တောင်လိုဏ်၌လျှင်ခြောက်၍ သေကုန်ယောင်တကားဟုမြည်တမ်းလိုရကား။ ။

(၁၀၁၁)တေ ကထံ နု ကရိဿန္တိ၊ဝုဒ္ဓါ ဂိရိဒရီသယာ။

အဟံ ဗဒ္ဓေါသ္မိ ပါသေန၊နိလီယဿ ဝသံ ဂတော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၀၁၁)အဟံ၊ ငါ့ကို။ ပါသေန၊ ကျော့ကွင်းသည်။ ဗန္ဓော၊ ဘွဲ့အပ်သည်။ ဝါ၊ မိသည်။ အသ္မိ၊ ဖြစ်၏။ အဟံ၊ ငါသည်။ နိလီယဿ၊ နိလီယမည်သောမုဆိုး၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်ရ၏။ ဝုဒ္ဓါ၊ ကြီးကုန်သော။ ဂိရိဒရီသယာ၊ တောင်လိုဏ်၌နေကုန်သော။ တေ၊ ထိုမိဘတို့သည်။ ကထံနု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။ ။

ထိုအခါမုဆိုးသည် လင်းတမင်း၏ ငိုကြွေးသံကိုကြား၍။ ။

(၁ဝ၁၂)ကိံ ဂိဇ္ဈ ပရိဒေဝသိ၊ကာ နု တေ ပရိဒေဝနာ။

န မေ သုတော ဝါ ဒိဋ္ဌော ဝါ၊ဘာသန္တော မာနုသိံ ဒိဇော။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၁ဝ၁၂)ဂိဇ္ဈ၊ လင်းတ။ တွံ၊ သင်သည်။ ကိံ၊ အဘယ်ကို။ ပရိဒေဝေသိ၊ ငိုကြွေးမြည်တမ်းသနည်း။ တေ၊ သင်၏။ ပရိဒေဝနာ၊ ငိုကြွေးမြည်တမ်းခြင်းသည်။ ကာနု၊ အသို့နည်း။ မာနုသိံ၊ လူတို့၏စကားကို။ ဘာသန္တော၊ ဆိုသော။ ဒိဇော၊ ငှက်သည်။ အတ္ထီတိ၊ ရှိ၏ဟူ၍။ မေ၊ ငါသည်။ နသုတံဝါ၊ အဆင့်စကားလည်းမကြားစဘူး။ နဒိဋ္ဌံဝါ၊ ပစ္စက္ခလည်း မတွေ့မမြင်စဘူးခဲ့။ ။

ထိုနောင်မှလင်းတသည်။ ။

(၁၀၁၃)ဘရာမိ မာတာ-ပိတရော၊ဝုဒ္ဓေ ဂိရိဒရီသယေ။

တေ ကထံ နု ကရိဿန္တိ၊အဟံ ဝသံ ဂတော တဝ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၁၀၁၃)နေသာဒ၊ မုဆိုး။ အဟံ၊ ငါသည်။ ဝုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရာမိ၊ မွေး၏။ အဟံ၊ ငါသည်။ တဝ၊ သင်၏။ ဝသံ၊ နိုင်ငံသို့။ ဂတော၊ လိုက်ရသည်ရှိသော်။ တေ၊ ထိုမိဘတို့သည်။ ကထံနု၊ အသို့လျှင်။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့နည်း။ ။

ထိုနောင်မှမုဆိုးသည်။ ။

(၁၀၁၄)ယံ နု ဂိဇ္ဈော ယောဇနသတံ၊ကုဏပါနိ အဝေက္ခတိ။

ကသ္မာ ဇာလဉ္စ ပါသဉ္စ၊အာသဇ္ဇာပိ န ဗုဇ္ဈသိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၁၀၁၄)ဘောဂိဇ္ဈ၊ ဝေးယူဇနာ၊ချင့်တရာက၊အစာသားတစ်၊ရှိသည်ဖြစ်ကို၊ တစ်တစ်ထင်ထင်၊ရှုနိုင်မြင်လျက်၊ ညွတ်တွင်မိရ၊အိုလင်းတ။ ဂိဇ္ဈောနုဝိဇ္ဈောနာမ၊ လင်းတမည်သည်ကား။ ယောဇနသတံ၊ ယူဇနာတရာကို။ အတိက္ကမိတွာ၊ လွန်၍။ ဌိတာနိ၊ တည်ကုန်သော။ ကုဏပါနိ၊ အစာသားကောင်တို့ကို။ အဝေက္ခတိ၊ မြင်နိုင်၏ဟု။ ယံဝစနံ၊ အကြင်စကားကို။ လောကေ၊ လောက၌။ ကထိယတိ၊ ဆိုအပ်၏။ တံဝစနံ၊ ထိုစကားသည်။ ယဒိသစ္စံ၊ အကယ်၍ မှန်သည်ဖြစ်အံ့။ အထ၊ ထိုသို့ဖြစ်လျက်။ တွံ၊ သင်သည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ ဩဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ပိုက်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ ကသ္မာ၊ အဘယ့်ကြောင့်။ နဗုဇ္ဈသိ၊ မသိဘိသနည်း။ ။

ထိုနောင်မှလင်းတသည်။ ။

(၁၀၁၅)ယဒါ ပရာဘဝေါ ဟောတိ၊ပေါသော ဇီဝိတသင်္ခယေ။

အထ ဇာလဉ္စ ပါသဉ္စ၊အာသဇ္ဇာပိ န ဗုဇ္ဈတိ။ ။

ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။

(၁၀၁၅)နေသာဒ၊ သားငှက်အစုတ်ကို ခုတ်လှီးဖျက်၍အသက်မွေးသောမောင်မုဆိုး။ ယဒါ၊ အကြင်အခါ၌။ ပေါသော၊ သတ္တဝါသည်။ ဇီဝိတသင်္ခယေ၊ အသက်ကုန်အံ့သောအခါသည်။ ပတ္တေ၊ ရောက်လတ်သော်။ ပရာဘဝေါ၊ ပျက်စီးလိုသည်။ ဟောတိ၊ ဖြစ်၏။ အထ၊ ထိုအခါ၌။ သောပေါသော၊ ထိုပျက်စီးလိုသောသတ္တဝါသည်။ အတ္တနော၊ မိမိ၏။ အတ္ထာယ၊ အကျိုးငှါ။ သြဍ္ဍိတံ၊ ထောင်အပ်သော။ ဇာလဉ္စ၊ ပိုက်သို့၎င်း။ ပါသဉ္စ၊ ကျော့ကွင်းသို့၎င်း။ အာသဇ္ဇာပိ၊ ရောက်၍လည်း။ နဗုဇ္ဈတိ၊ မသိ။ ။

မုဆိုးသည် ဘုရားလောင်း၏တရားစကားကိုနာရ၍ ပညာရှိသောလင်းတသည် ငိုကြွေးသော်လည်း မိမိအကျိုးငှါ မငိုကြွေး၊ မိဘတို့၏အကျိုးငှါ သာငိုကြွေး၏။ ဤလင်းတမင်းကိုသတ်အံ့သောငှါမသင့်ပါ လင်းတမင်းအားနှစ်သက်၍။ ။

(၁၀၁၆)ဘရဿု မာတာပိတရော၊ဝုဒ္ဓေ ဂိရိဒရီသယေ။

မယာ တွံ သမနုညာတော၊သောတ္ထိံ ပဿာဟိ ဉာတကေ။

ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။

(၁ဝ၁၆)ဂိဇ္ဈရာဇ၊ လင်းတမင်း။ တွံ၊ သင်သည်။ ဗုဒ္ဓေ၊ ကြီးကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရဿု၊ မွေးလေလော့။ မယာ၊ ငါသည်။ သမနုညာတော၊ ခွင့်လွှတ်အပ်သော။ တွံ၊ သင်သည်။ ဉာတကေ၊ ဆွေမျိုးတို့ကို။ သောတ္ထိံ၊ ချမ်းသာစွာ။ ပဿာဟိ၊ ရှုလေလော့။ ။

ဤသို့ဆို၍ ချစ်စွာသောစိတ်နူးညံ့သောစိတ်ဖြင့် ကျော့ကွင်းကိုဖြေ၏။ သေမင်းခံတွင်းမှလွတ်၍ ချမ်းသာခြင်းရှိသော ဘုရားလောင်းသည် မုဆိုးအားအနုမောဒနာပြုလို၍။ ။

(၁၀၁၇)ဧဝံ လုဒ္ဒက နန္ဒဿု၊သဟ သဗ္ဗေဟိ ဉာတိဘိ။

ဘရိဿံ မာတာပိတရော၊ဝုဒ္ဓေ ဂိရိဒရီသယေ။ ။

ဟူသောဩသာနဂါထာကိုဆို၏။ ။

(၁၀၁၇)လုဒ္ဒက၊ မုဆိုး။ ဧဝံ၊ ဤသို့ ငါသေမင်းခံတွင်းမှထွက်၍ နှစ်သက်သည်အတူ။ တွံ၊ သင်သည်လည်း။ သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။ ဉာတိဘိ၊ ဆွေမျိုးတို့နှင့်။ သဟ၊ တကွ။ နန္ဒဿု၊ နှစ်သက်လေလော့။ အဟံ၊ ငါသည်။ ဗုဒ္ဓေ၊ ကြီးရင့်အိုမင်းကုန်သော။ ဂိရိဒရီသယေ၊ တောင်လိုဏ်၌ နေကုန်သော။ မာတာပိတရော၊ မိဘတို့ကို။ ဘရိဿံ၊ မွေးပါအံ့။ ။

(ဝုဒ္ဓပုဒ်ရင်း၊ဝကိုဗပြု၍ဗုဒ္ဓနေသည်။ သင့်သည်ချည်း)။

ဂိဇ္ဈဇာတကံ စတုတ္ထံ၃၉၉။