Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

131. Asampadānajātakaṃ

Author: နိဿယ-1 @ IAPT

(၁၃၁) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အသမ္ပဒါနေနိတရီတရဿ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအသမ္ပဒါနဇာတ်ကို၊ ဝေဠုဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘဒ္ဒေ၊ သျှင်မ။ အ-သမ္ပဒါနေန အ-ဂ္ဂဟဏေန၊ အဆွေခင်ပွန်းပေးသောလက်ဆောင်ကိုမယူခြင်းကြောင့်။ ဣတရီ-တရဿ၊ အမှတ်မရှိမြတ်သည်မှတစ်ပါးယုတ်သော ယုတ်သည်မှတစ်ပါးမြတ်သော။ ဗာလဿ၊ သူမိုက်အား။ မိတ္တာနိ၊ အဆွေခင်ပွန်း၏အဖြစ်တည်းဟူသောချစ်ခြင်းသဘောတို့သည်။ ကလီ၊ ရှုံးပါးပျက်စီးကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ ထိုသို့ဖြစ်သောကြောင့်။ မေ၊ ငါ့အား။ မိတ္တိ၊ အဆွေခင်ပွန်း၏အဖြစ်တည်းဟူသောချစ်ခြင်းသဘောသည်။ မာဇီယိတ္ထ၊ မပျက်စီးပါစေလင့်။ အယံ၊ ဤအဆွေခင်ပွန်းအဖြစ်တည်းဟူသော ချစ်ခြင်းသဘောသည်။ သဿတော၊ မြဲသည်။ ဟောတု၊ ဖြစ်ပစေ။ ဣတိ၊ ဤသို့နှလုံးပိုက်၍။ (ထည့်)။ အဍ္ဎ-မာနံ၊ တတုမ္ဗမျှသော။ ဘုသံ၊ စပါးဖျင်းကို။ ဟရာမိ၊ ယူခဲ့၏။ (ဣတရောစ ဣတရောစ ဣတရီတရော၊သမာဟာရ ဒွန္ဒေဝိ ကတ္ထစိ ပုလ္လိင်္ဂမိစ္ဆန္တိ သဒ္ဒဗ္ဗိဒူ။ အညသမာန, ဟူသောပုဒ်၏အနက်ကိုကျလျှင်၊ဣတရီတရပုဒ်၏အနက်ကိုကျလမည်။ ။ ရှစ်ကွမ်းစားသည်မာနမည်၏။ လေးကွမ်းစားသည်မာနဝက်ဖြစ်၍တုမ္ဗမည်၏။ ထို့ကြောင့်၊ဘုသံအဍ္ဎမာနံ,ကို၊ဧကပလာသတုမ္ဗံ, ဟုအဋ္ဌကထာဖွင့်သည်)။

အသမ္ပဒါနဇာတကံ ပဌမံ။၁၃၁။