ဘိမ္မသေန၊ ဘိမ္မသေန။ တေတယာ၊ သင်သည်။ ပုရေ၊ စစ်ကြီးမတွေ့မီရှေးကာလ၌။ ယံဝိကတ္ထိတံ၊ အကြင်သူတစ်ပါးတို့အားရှုတ်ချသောစကားကို။ ဝါ၊ မိမိကိုယ်ကိုချီးမွမ်းပလွှား ဝါကြွားသောစကားကို။ (ကတ္ထသိလာဃာယံ။ဓာတုမာလာ)။ ဝုတ္တံ၊ ဆိုအပ်ပြီ။ အထ၊ ထိုသို့စစ်ကြီးမတွေ့မီကာလ,သမ္ပဟုံးစုံးဘက်မဲ့ကြုံးလျက်။ ပစ္ဆာ၊ နောက်ပြီးယခု ဗိုလ်ထုနီး၍စစ်ကြီးတွေ့သောကာလ၌။ တေ၊ သင်အား။ ပူတိဿရာ၊ ပုပ်သောကျင်ကြီးကျင်ငယ်တို့သည်။ သဇန္တိ၊ ယိုစီးကုန်၏။ တေ၊ သင်၏။ ယုဒ္ဓကထာစ၊ တောင်လိုဘိစီး၍စစ်ကြီးရောက်သော်လည်းငါမရှောင်ခေါင်၊ခေါင်ထိုးပစ်အံ့ဟူသောစစ်မက်စကားသည်၎င်း။ ဝိဟညဉ္စ၊ စစ်ရေးရောက်ကကြောက်ထိတ်လန့်လျက် ဆင်ကုံးကိုဖျက်ဆီးသော အခြင်းအရာသို့ ရောက်သော ပင်ပန်းခြင်းသည်၎င်း။ ဣဒံဘယံ၊ ဤရှေးအမှု နောက်အမှုနှစ်ပါးသည်။ နသမေတိ၊ မညီကြလေ။
ဘိမ္မဟု,မ္မသံယုဂ်နှင့်ရှိမှဩပစ္ဆန္ဒသကဂါထာမှန်သည်။ ဘိမ္မောယက္ခောဘိမ္မာသေနာ,စသည်တို့၌လည်းဤနည်းမှတ်)။ ။
ဘိမ္မသေနဇာတကံဒသမံ။၈၀။ ဝရုဏဝဂ္ဂေါအဋ္ဌမော။ တဿုဒါနံ။
ဝရုဏံ သီလဝနာဂံ၊သစ္စံကိရ-ရုက္ခဓမ္မံ။
မစ္ဆရာဇာ အသင်္ကိယံ၊မဟာသုပိန-ဣလ္လိသံ။
ခရဿရံ ဘိမ္မသေန။ ။