နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အပိဝီရကပဿေသိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝိရကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မြတ်စွာဘုရား၏ အတုပြုခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသဝိဋ္ဌက၏မယားသည် လာလတ်သည်ကိုမမြင်သည်ရှိသော်အကြောင်းကိုသိစိမ့်သောငှါ ဝိရက၏အထံသို့သွား၍၊ အသျှင်၊ သဝိဋ္ဌကသည်မထင်။ ထိုသဝိဋ္ဌကသည် အဘယ့်မှာလျှင်ရှိလေသနည်း။ ဤသို့မေးလိုသည်ဖြစ်၍။ ။
(၂၆၃)အပိ ဝီရက ပဿေသိ၊သကုဏံ မဉ္ဇု-ဘာဏိကံ။
မယူရဂီဝ-သင်္ကာသံ၊ပတိံ မယှံ သဝိဋ္ဌကံ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဝိရကသည် သင်၏လင်သွားရာအရပ်ကိုငါသိ၏ဟုဆိုလိုရကား။ ။
(၂၆၄)ဥဒက-ထလ-စရဿ ပက္ခိနော၊နိစ္စံ အာမက-မစ္ဆ-ဘောဇိနော။
တဿာ-နုကရံ သဝိဋ္ဌကော၊သေဝါလေ ပလိဂုဏ္ဌိတော မတော။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၆၄)ကာကိ၊ ကျီးမ။ ဥဒက-ထလ-စရဿ၊ ရေကြည်းအရပ်၌ကျက်စားခြင်းငှါစွမ်းနိုင်သော။ နိစ္စံ၊ အမြဲ။ အာမက-မစ္ဆ-ဘောဇိနော၊ ငါးစိမ်းကိုစားလေ့ရှိသော။ တဿတာဒိသဿ၊ ထိုသို့သသူသော။ ပက္ခိနော၊ ငှက်၏။ အနုကရံ အနုကရောန္တော၊ အတုပြုသည်ဖြစ်၍၊အတုပြုခြင်းကြောင့်။ သဝိဋ္ဌကော၊ သင့်လင်သဝိဋ္ဌကသည်။ သေဝါလေ၊ မှော်၌။ ပလိဂုဏ္ဌိတော၊ လွှမ်းဖုံးအပ်သည်ဖြစ်၍။ ဝါ၊ ငြိသည်ဖြစ်၍။ မတော၊ သေလေပြီ။ ။ (ဤဂါထာသည် ဝေသာလီဂါထာဖြစ်၍။ သေဝါလေလိုသည်။န,ရှိက၊ဂါထာပိုသည်)။ ။
ဝီရကဇာတကံစတုတ္ထံ။၂၀၄။