နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊**တဉ္စအပ္ပဉ္စ **,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသတဓမ္မဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ နှစ်ဆယ့်တစ်ပါးအပြားရှိသော အနေသနကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုသတဓမ္မလုလင်သည် စင်စစ်လျှင်ငါသည်အနည်းငယ်သောလမင်းဟူသောအကြောင်းကြောင့်မလျောက်ပတ်သောအမှုကိုပြုအပ်၏၊ဟုအလွန်ဖြစ်သောစိုးရိမ်ခြင်းရှိသည်၏အဖြစ်ကြောင့်ငိုကြွေးလိုရကား။ ။
(၂၀၉)တဉ္စ အပ္ပဉ္စ ဥစ္ဆိဋ္ဌံ၊တဉ္စ ကိစ္ဆေန နော အဒါ။
သော-ဟံ ဗြာဟ္မဏ-ဇာတိကော၊ယံ ဘုတ္တံ တမ္ပိ ဥဂ္ဂတံ။
ဟူသောပဌမဂါထာကိုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဤလွန်လေပြီးသောအကြောင်းကိုပြတော်မူ၍၊ ရဟန်းတို့၊မိမိတို့အားမလျောက်ပတ်သော ဘောဇဉ်ကိုစားမိသည်၏အဖြစ်ကြောင့် သတဓမ္မလုလင်အား ထိုဒွန်းစဏ္ဍား၏စားကြွင်းထမင်းကိုစား၍ရွှင်ခြင်းသည်မဖြစ်သကဲ့သို့၊ နှလုံးသာယာသည်၏အဖြစ်သည်မဖြစ်သကဲ့သို့၊ထို့အတူသာလျှင်ဤသာသနာတော်၌အကြင်ရဟန်းသည်အနေသနဖြင့် အသက်မွေးလျက် ထိုသို့သောအခြင်းအရာအားဖြင့်ရအပ်သောပစ္စည်းကိုသုံးဆောင်၏။ဘုရားသည်စက်ဆုပ်အပ်ကဲ့ရဲ့အပ်သောအသက်မွေးခြင်းရှိသည်၏အဖြစ်ကြောင့်ထိုရဟန်းအား ရွှင်ခြင်းသည်မဖြစ်သလျှင်ကတည်း၊ နှလုံးသာယာသည်၏အဖြစ်သည် မဖြစ်သလျှင်ကတည်း၊ဟုမိန့်တော်မူ၍ဘုရားဖြစ်တော်မူပြီး၍။ ။
(၂၁၀)ဧဝံ ဓမ္မံ နိရံကတွာ၊ယော အ-ဓမ္မေန ဇီဝတိ။
သတဓမ္မော-ဝ လာဘေန၊လဒ္ဓေနပိ န နန္ဒတိ။
ဟူသောနှစ်ခုမြောက်သောအဘိသမ္ဗုဒ္ဓဂါထာကိုဟောတော်မူ၏။ ။
(၂၁၀)ဘိက္ခဝေ၊ ရဟန်းတို့။ သတဓမ္မော၊ သတဓမ္မလုလင်သည်။ လဒ္ဓေန၊ နှိပ်စက်ခြင်းကြောင့်ရအပ်သော။ လာဘေန၊ ဒွန်းစဏ္ဍား၏စားကြွင်းထမင်းဟူသောလာဘ်ဖြင့်။ နနန္ဒတိဣဝ၊ ဝမ်းမမြောက်သကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ဣမသ္မိမ္ပိသာသနေ၊ ဤသာသနာတော်၌လည်း။ ယောပဗ္ဗဇိတော၊ အကြင်ရဟန်းသည်။ ဓမ္မံ၊ အာဇီဝပါရိ သုဒ္ဓိသီလဟုဆိုအပ်သောတရားကို။ နိရံကတွာ၊ အချည်းနှီးဆိတ်သည်ကိုပြု၍။ ဝါ။ နိရံကတွာ နီဟရိတွာဆဍ္ဍေတွာ၊ ကိုယ်သန္တာန်မှထုတ်လိုက်စွန့်လိုက်၍။ အဓမ္မေန၊ နှစ်ဆယ့်တစ်ပါးသောအနေသနဟုဆိုအပ်သောအဓမ္မဖြင့်။ ဇီဝတိ၊ အသက်မွေး၏။ သောပဗ္ဗဇိတော၊ ထိုရဟန်းသည်။ နနန္ဒတိ၊ ဝမ်းမမြောက်နိုင်။ ။
**သတဓမ္မဇာတကံနဝမံ။**၁၇၉။