(၁ဝ၃) နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ ယတ္ထ ဝေရီ နိဝိသတိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဝေရိဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဝေရီသု၊ ရန်သူပေါင်တို့၌။ ဧက-ရတ္တံ၊ တစ်ရက်၎င်း။ ဒိ-ရတ္တံဝါ၊ နှစ်ရက်၎င်း။ ဒုက္ခံ၊ ဆင်းရဲစွာ။ ဝသတိ၊ နေရ၏။ တသ္မာ၊ ထို့ကြောင့်။ ယတ္ထ၊ အကြင်အရပ်၌။ ဝေရီ၊ ရန်သူသည်။ နိဝသတိ၊ နေ၏။ တတ္ထ၊ ထိုရန်သူနေရာအရပ်၌။ ပဏ္ဍိတော၊ ပညာရှိသည်။ နဝသေ၊ မနေရာ။ ။
ဝေရိဇာတကံ တတိယံ။၁၀၃။