Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

5. Taṇḍulanāḷijātakaṃ

Author: နိဿယ-1 @ IAPT

(၅) နတ်နှင့်တကွသောလူကိုဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်၊ ကိံအဂ္ဃတိတဏ္ဍုလနာဠိကာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤတဏ္ဍုလနာဠိဇာတ်ကိုဇေတဝန်ကျောင်းတော်၌နေတော်မူစဉ်၊လာဠုဒါယီမထေရ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

မဟာရာဇ၊ မြတ်သောမင်းကြီး။ အဿာနံ၊ မြင်းတို့၏။ မူလာယ၊ အဘိုးငှါ။ ပဝတ္တာ၊ ဖြစ်သော။ အယံတဏ္ဍုလနာဠိကာ၊ ဤတစ်ကွမ်းစားသောဆန်သည်။ ကိံအဂ္ဃတိ၊ အဘယ်မျှထိုက်သနည်း။ ဝဒေဟိ၊ ဆိုလော့။ အယံတဏ္ဍုလနာဠိကာ၊ ဤဆန်တစ်ကွမ်းစားသည်။ သန္တရ-ဗာဟိရတော သန္တရ-ဗာဟိရံ၊ အတွင်းအပနှင့်တကွသော။ ဗာရာဏသိံ၊ ဗာရာဏသီပြည်ကို။ အဂ္ဃတိ၊ အကယ်ပင်ထိုက်သည်မှန်သလော။ ။

(အဿာနကား၊ အရိယသစ္စာနဒဿနံ,ကဲ့သို့နိဂ္ဂဟိတ်ကျေ၊ကျေသမျှကိုအနက်ပေးရာဘော်။ ။

ထိုအခါမင်းသည်ရှက်သည်ဖြစ်၍ထိုအဖိုးပြတ်သောယောက်ျားမိုက်ကိုအဘိုးပြတ်အရာမှချထား၍ဘုရားလောင်းအားသာလျှင်အဘိုးပြတ်အရာပေး၏)။

တဏ္ဍုလနာဠိဇာတကံပဉ္စမံ။ ။