နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မာသုကုဇ္ဈဘူမိပတိ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအဝါရိယဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကူးတို့ဆိပ်၌ တစ်ယောက်သော ကူးတို့သည်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ထိုမင်းကိုမြတ်သောမင်းကြီး၊ မင်းမည်သည် လေးပါးသောအဂတိသို့ လိုက်ခြင်းတို့ကိုကြဉ်၍ မမေ့မလျှော့သာလျှင် သည်းခံခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံသည်ဖြစ်၍လျှင် မင်းပြုအပ်၏ဟုဆို၍ နေထိုင်ဆုံးမလိုရကား။ ။
(၈၄၇)မာသု ကုဇ္ဈ ဘူမိပတိ၊မာသု ကုဇ္ဈ ရထေသဘ။
ကုဒ္ဓံ အပ္ပဋိကုဇ္ဈန္တော၊ရာဇာ ရဋ္ဌဿ ပူဇိတော။ ။
(၈၄၈)ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊မာသု ကုဇ္ဈ ရထေသဘ။ ။
ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။
(၈၄၇-၈၄၈)ဘူမိပတိ၊ မြေကိုအစိုးရသော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသုကုဇ္ဈ၊ အမျက်မထွက်လင့်။ ရထေသဘ၊ ရထားစီးသူရဲတကာတို့၏ ဥသဘဖြစ်သော မင်းကြီး။ တွံ၊ သင်မင်းကြီးသည်။ မာသုကုဇ္စျ၊ အမျက်မထွက်လင့်။ ကုဒ္ဓံ၊ အမျက်ထွက်သောသူကို။ အပ္ပဋိကုဇ္စျန္တော၊ အတုံ့အမျက်မထွက်သော။ ရာဇာ၊ မင်းကို။ ရဋ္ဌဿ၊ တိုင်းနိုင်ငံသူသည်။ ပူဇိတော၊ ပူဇော်ထိုက်၏။ ။
ရထေသဘ၊ ရထားစီးသူရဲတကာတို့၏ဥသဘဖြစ်သောမင်းကြီး။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းရာအရပ်၌၎င်း။ ယဒိ၊ ထိုမြို့။ ထလေဝါ၊ ကြည်း၌၎င်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသုကုဇ္ဈ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါဆုံးမ၏။ ဟိသစ္စံ၊ မှန်၏။ ရာဇာနောနာမ၊ မင်းတို့မည်သည်ကား။ ဝါစာဝုဓာ၊ အမိန့်တော်လျှင်လက်နက်ရှိကုန်၏။ တေသံ၊ ထိုလက်နက်လျှာရင်းမကွေမကွင်းသော အာဏာရှင်မင်းတို့၏။ ကုဇ္ဈနဝစနမတ္တေန၊ အမျက်ထွက်၍ဆိုသောစကားမျှဖြင့်။ ဗဟူ၊ များစွာကုန်သောသူတို့သည်။ ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။ ပါပုဏန္တိ၊ ရောက်တတ်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ အနုသာသာမိ၊ ပြင်းထန်အမျက်ထွက်တော်မမူလင့်ဟုဆုံးမ၏။ ။
ထိုမိုက်လှစွာသော ကူးတို့သူကြီးကို ရည်၍ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။
(၈၄၉)အဝါရိယပိတာ နာမ၊အဟု ဂင်္ဂါယ နာဝိကော။
ပုဗ္ဗေ ဇနံ တာရေတွာန၊ပစ္ဆာ ယာစတိ ဝေတ္တနံ။
တေနဿ ဘဏ္ဍနံ ဟောတိ၊န စ ဘောဂေဟိ ဝဍ္ဎတိ။ ။
ဟူသောဤတတိယအဘိသမ္ဗုဒ္ဓဂါထာကိုဟောတော်မူ၏။ ။
ဘုရားလောင်းသည်ထိုကူးတို့သူကြီးသို့ကပ်၍။ ဒါယကာ၊ ငါ့ကိုထိုမှာဘက်သို့ ပို့လော့ဟုဆို၏။ ထိုစကားကိုကြား၍ ကူးတို့သည်သည်၊ ရဟန်း၊ ငါ့အား အခပေးလတ္တံ့လောဟုဆို၏။ ဒါယကာ၊ စည်းစိမ်၏ပွါးကြောင်းမည်သော တရားစကားကို သင့်အား ဟောအံ့ဟုဆို၏။ ထိုစကားကို ကြား၍ ကူးတို့သည်သည် ဤရဟန်းသည် ငါ့အား တစ်စုံတစ်ခုကို မချွတ်ပေးလတ္တံ့ဟုထိုရသေ့ကိုထိုမှာဘက်သို့ဆောင်၍ ငါ့အားအခကိုပေးလော့ဟုဆို၏။ ထိုရသေ့သည်၊ ဒါယကာ ကောင်းပြီဟုဆို၍၊ ရှေးဦးစွာ စည်းစိမ်၏ပွါးကြောင်းဖြစ်သောတရားစကားကိုဟောလိုရကား။ ။
(၈၅၀)အ-တိဏ္ဏံယေဝ ယာစဿု၊အပါရံ တာတ နာဝိက။
အညော ဟိ တိဏ္ဏဿ မနော၊အညော ဟောတိ ပါရေသိနော။ ။
ဟူသောဤဂါထာကိုဆို၏။ ။
ထိုစကားကို ကြား၍ ကူးတို့သည်သည် ဤရသေ့ကား ရှေးဦးစွာငါ့အား ဆုံးမသည် ဖြစ်လတ္တံ့။ ယခုအခါ၌ကား ငါ့အား တစ်စုံတစ်ခုသော ဝတ္ထုကိုပေးလတ္တံ့ဟုကြံ၏။ ထိုအခါ ထိုကူးတို့သည်ကို ဘုရားလောင်းသည်၊ ဒါယကာ၊ ရှေးဦးစွာသင့်အား စည်းစိမ်၏ပွါးကြောင်းဖြစ်သော ဤစကားကို ဟောအပ်ပြီ။ ယခုအခါ အကျိုး, အကြောင်း၏ ပွါးကြောင်း ဖြစ်သောစကားကိုနာလော့ဟုဆုံးမလိုရကား။ ။
(၈၅၁)ဂါမေ ဝါ ယဒိ ဝါရညေ၊နိန္နေ ဝါ ယဒိ ဝါ ထလေ။
သဗ္ဗတ္ထ အနုသာသာမိ၊မာသု ကုဇ္ဈိတ္ထ နာဝိက။ ။
ဟူသောဤဂါထာကိုဆို၏။ ။
(၈၅၁)နာဝိက၊ ကူးတို့သည်။ ဂါမေဝါ၊ ရွာ၌၎င်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းသောအရပ်၌၎င်း။ ယဒိ၊ ထိုမြို့။ ထလေဝါ၊ ကြည်း၌၎င်း။ သဗ္ဗတ္ထ၊ အလုံးစုံသောအရပ်၌။ မာသုကုဇ္ဈိတ္ထ၊ အမျက်မထွက်လင့်။ ဣတိ၊ ဤသို့။ အနုသာသာမိ၊ ငါဆုံးမ၏။ ။
ဤသို့ကူးတို့သည်အား အကျိုးအကြောင်း၏ ပွားကြောင်းဖြစ်သောစကားကိုဆို၍ သင်အားဆိုအပ်သော ဤစကားသည် အကြောင်းအကျိုးကို ပွားစေတတ်သော စကားတည်းဟုဆို၏။ ထိုယုတ်မာသော ယောက်ျားသည် ထိုအဆုံးအမကိုတစ်စုံတစ်ခုအရိုအသေပြုအပ်သည်ကို မအောက်မေ့သည်ဖြစ်၍၊ ရဟန်း၊ ဤသည်ကားသင်သည် ငါ့အားပေးအပ်သောလှေခလောဟုဆို၏။ ဒါယကာ၊ ဟုတ်၏ဟုဆိုသည်ရှိသော်၊ ဤစကားဖြင့်ငါ့အားအလိုမရှိ။ ငါ့အားတစ်ပါးသောဝတ္ထုကိုပေးလော့ဟုဆို၏။ ဒါယကာ၊ ဤစကားကိုထား၍ ငါ့အား တစ်ပါးသော ဝတ္ထုသည် မရှိဟုဆို၏။ ထိုသို့မရှိဘဲလျက်အဘယ့်ကြောင့် ငါ့လှေကိုစီးသနည်းဟုရသေ့ကို ဂင်္ဂါနား၌လှည်း၍ရင်၌ထိုင်၍ ထိုရသေ့၏မျက်နှာကိုသတ်ပုတ်၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်၊ ရဟန်းတို့၊ ဤသို့လျှင်အကြင်ဆုံးမခြင်းကို ထိုရသေ့သည်ပေး၍မင်း၏အထံမှရွာမြတ်ကိုရ၏။ ထိုအဆုံးအမကိုလျှင် အလွန်မိုက်သောကူးတို့သည်အားဆို၍မျက်နှာ၌ပုပ်ခတ်ခြင်းကိုရ၏။ ထိုကြောင့်အဆုံးအမပေးသောသူသည် သင့်သောသူအားသာလျှင် ပေးအပ်၏။ မသင့်သောသူအား မပေးအပ်ဟု မိန့်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍ထိုဂါထာ၏အခြားမဲ့၌။ ။
(၈၅၂)ယာယေဝါနုသာသနိယာ၊ရာဇာ ဂါမ-ဝရံ အဒါ။
တာယေဝါနုသာသနိယာ၊နာဝိကော ပဟရီ မုခံ။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာကိုဟေါတော်မူ၏။ ။
ကူးတို့သည်သည်ရသေ့ကိုသတ်ပုတ်စဉ်လျှင် ကူးတို့သည်မယားသည် ထမင်းယူ၍လာလတ်သော် ထိုယုတ်မာသောယောက်ျားကိုမြင်၍၊ အရှင်၊ ဤရသေ့သည်ကားမင်း၏ဆရာဖြစ်၏။ မသတ်ပုတ်လင့်ဟုဆို၏။ ကူးတို့သည်သည်တဘန် အမျက်ထွက်၍လျှင်သင်သည်ပင်လျှင်ဤရသေ့စဉ်းလဲကိုသတ်ပုတ်စိမ့်သောငှါမပေးဟုဆို၍ထိုမိန်းမကိုသတ်၍လည်းစေ၏။ ထိုအခါ ထမင်းခွက်သည်ကျ၍ကွဲ၏။ ထိုမိန်းမ၏လည်းလေးသော ကိုယ်ဝန်ရှိသည်၏အဖြစ်ကြောင့်ကိုယ်ဝန်သည်မြေ၌ကျ၏။ ထိုအခါ ထိုယောက်ျားကိုလူတို့သည်ခြံရံကုန်၍သူသတ်ခိုးသူတည်းဟုဖမ်း၍နှောင်ဖွဲ့၍မင်းအားပြကုန်၏။ မင်းအားဆုံးဖြတ်၍ ထိုကူးတို့သည်အားမင်းဒဏ်ပြုစေ၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ထိုအကြောင်းကို ပြတော်မူလိုရကား။ ။
(၈၅၃)ဘတ္တံ ဘိန္နံ ဟတာ ဘရိယာ၊ဂဗ္ဘော စ ပတိတော ဆမာ။
မိဂေါဝ ဇာတရူပေန၊န တေန-တ္ထံ အဗန္ဓိ သု။ ။
ဟူသောဤဩသာနဂါထာကိုဟောတော်မူ၏။ ။
(၈၅၃)ဘတ္တံ၊ ထမင်းခွက်သည်။ ဘိန္နံ၊ ကွဲ၏။ ဘရိယာ၊ မယားကို။ ဟတာပဟတာ၊ ပုတ်ခတ်သတ်အပ်၏။ ဂဗ္ဘောစ၊ ကိုယ်ဝန်သည်လည်း။ ဆမာဆမာယံ၊ မြေ၌။ ပတိတော၊ လျှောကျ၏။ မိဂေါ၊ သမင်သည်။ သုဝဏ္ဏံဝါ၊ ရွှေကို၎င်း။ ဟိရညံဝါ၊ ငွေကို၎င်း။ မုတ္တာမဏိအာဒီနိဝါ၊ ပုလဲပတ္တမြားစသည်တို့ကို၎င်း။ မဒ္ဒိတွာ၊ နင်း၍။ ဂစ္ဆန္တောပိ၊ သွားသော်၎င်း။ အတ္ထရိတွာ၊ ဖြန့်ခင်း၍။ နိပဇ္ဇန္တောပိ၊ အိပ်သော်၎င်း။ တေနဇာတရူပေန၊ ထိုရွှေငွေစသည်ဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံဝုဒ္ဓိံ၊ အစီးအပွားကို။ ဗန္ဓိတုံနိဗ္ဗတ္တေဘုံ၊ ဖြစ်စေခြင်းငှါ။ နသက္ကောတိဣဝ၊ မတတ်နိုင်၏သို့။ ဧဝမေဝ၊ ဤအတူလျှင်။ သောအန္ဓဗာလော၊ ထိုအဝါရိယ၏အဘကူးတို့သူကြီးငမိုက်ထီးသည်။ တေန၊ ထိုရသေ့ဟောသော ဘောဂဝဍ္ဎိ အတ္ထဝဍ္ဎိ ဓမ္မဝဍ္ဎိ တရားဖြင့်။ အတ္တနော၊ မိမိ၏။ အတ္ထံ၊ အကျိုးစီးပွားကို။ နအဗန္ဓိဗန္ဓိတုံဝဍ္ဎေတုံ၊ ပွါးစေခြင်းငှါ။ နိဗ္ဗတ္တေတုံ၊ ဖြစ်စေခြင်းငှါ။ နသက္ခိ၊ မတတ်နိုင်။ ။
(ရထဿပူဇိတော၌၊ တပစ္စည်းသည်အရဟအနက်ကိုထွန်းသတည်း။ ထိုကြောင့် ပူဇော်ထိုက်၏ဟူသောအနက်ကိုယောဇနာသည်။ အညောဟိတိဏ္ဏဿ တိဏ္ဏယမာနော,ရှိသည်ကားပါဌ်ပျက်သည်။ အနက်ကိုရှာသော်တိဏ္ဏဿမနော,ရှိမှသင့်သည်။ ။
အညောဟိတိဏ္ဏဿမနောတိတာတပရတီရံဂတဿအညောမနောဘဝတိအဒတွာဂန္တုကာမောဟောတိ။ ယောပနေသပါရေသီနာမပရတီရံဧသတိပရတီရံဂန္တုကာမောဟောတိ၊ သော အတိရေကံဒတွာ ဂန္တုကာမောဟောတိ။ ဣတိပါရေသိနောအညောမနောဟောတိ, ဟူသော အဋ္ဌကထာကိုမြော်၍ တိဏ္ဏဿမနော, နေမှတော် သည်။ တိဏ္ဏဿကိုပရတီရံ ဂတဿဖွင့်သည်။ အညောမနောကို အညောမနောဘဝတိ အဒတွာဂန္တုကာမောဟောတိ,ဟုဖွင့်သည်။ အညောဟောတိပါရေသိနောကိုလည်း၊ ပါရေသိနောအညောမနောဟောတိ, ဟုဖွင့်သည်ဖြစ်၍စင်စစ်ယုံကြည်အပ်၏။ ။ အတ္ထေသနေယထာမူတိ,ဟုကျမ်းလည်းရှိသည်။ ။ အတ္တပါတိကိုဘတ္တံဆိုသည်။ ဆမဂတိယံ။ ဆမတိဂစ္ဆတိဧတ္ထာတိဆမာ။ ဆမာယ,လိုလျက်ယကျေသည်။ ထိုကြောင့်ဆမာယဘူမိယံ,ဘွင့်သည်။ အဗန္ဓိသု၌အဗန္ဓိသောဖြတ်။ အဗန္ဓိသူတိဧတ္ထအဗန္ဓိသောဧဝမတ္ထောဒဋ္ဌဗ္ဗော။ သဩဣတိဣမေသံပဒါနံသူတိသန္ဓိဟောတိ။ (အဋ္ဌကထာ)။ ။ ဩကာရောအာကာရံဥကာရဉ္စ။ ။ ဝိဝဋ္ဋစ္ဆဒါ။ အာရုဂျံ။ နတေနတ္ထံအဗန္ဓိသု။ အဝှါယန္တုသုယုဒ္ဓေန၊ အပိနုဟနုကာသန္တာ။ ။ သဒ္ဒနီတိကျမ်းလည်းရှိသည်။ ။ ဩကာရော၊ ဩအက္ခရာသည်။ အာကာရဉ္စ၊ အာအက္ခရာအဖြစ်သို့၎င်း။ ဥကာရဉ္စ၊ ဥအက္ခရာအဖြစ်သို့၎င်း။ ပပ္ပေါတိ၊ ရောက်၏။ ။
ဝိဝဋ္ဋစ္ဆဒါဝိဝဋ္ဋစ္ဆဒေါ၊ ဖွင့်လှစ်ပယ်ခွါအပ် ပြီးသော သုံးပါးသောဝဋ်, ခုနှစ်ပါးသော အမိုးအပိတ်ရှိတော်မူ၏။ အာရုဂျံအာရောဂျံ၊ အနာကင်းသူ၏အဖြစ်။ သောအန္ဓဗာလော၊ အဝါရိယအဘကူးတို့သူကြီးထိုငမိုက်ထီးသည်။ တေန၊ ထိုရသေ့ဟောသော ဘောဂဝဍ္ဎိ အတ္ထဝဍ္ဎိ ဓမ္မဝဍ္ဎိ တရားဖြင့်။ အတ္ထံ၊ မိမိအကျိုးစီးပွါးကို။ နအဗန္ဓိ၊ ပွါးစီးဖြစ်ထွန်းစေခြင်းငှာမတတ်နိုင်။ သုယုဒ္ဓေန၊ လက်တည်းဆိုင်ကာ ငါနှင့်စစ်ပြိုင်သဖြင့်။ အဝှါယန္တုအဝှါယန္တော၊ ထောင်ထောင်ထားထား ထိပါးချုတ်ချယ်၏။ (အဝှါယန္တူတိအဝှါယန္တော၊ အယမေဝဝါပါဌေါ။ (ဘူရိဒတ်)။ ဝှေဗဒ္ဓါယံ၊ ဗဒ္ဓါအဟင်္ကာရောဃဋ္ဋနံဝါ သါရဗ္ဘကရဏံဝါ။ (ဓာတုမာလာ)။ အပိနုကိုအပိနောဖြတ်။ နောအမှာကံ၊ ငါကျီးတို့၏။ ဟနုကာ၊ မေးနှုတ်သီးတို့သည်။ အပိ၊ စင်စစ်။ သန္တာ၊ ပင်ပန်းကုန်ပြီ။ အပိနုဟနုကာသန္တာတိအပိအမှာကံ ဟနုကာကိလန္တာ။ (သမုဒ္ဒကာကဇာတ်)။ ။
အဝါရိယဇာတကံ ပဌမံ။၃၇၆။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မာတာတကုဇ္ဈိန ဟိသာဓုကောဓော, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသေတကေတုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကို ဖြစ်စေတတ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါသေတကေတုကို၊ ဆရာသည်၊ အမောင်သေတကေတု၊ ထိုစဏ္ဍာလအားအမျက်မထွက်လင့်၊စဏ္ဍာလသားသည်ပညာရှိ၏။ ဤသို့သဘောရှိသော အရှေ့အရပ်အစရှိသည်ကိုမမေး၊ တစ်ပါးသောအရပ်ကိုမေး၏။ သင်သည်မြင်အပ်ကြားအပ်သိအပ်သောတရားထက် မမြင်အပ် မသိအပ် မကြားအပ်သော တရားသာလျှင် အလွန်များ၏ဟုဆို၍ ဆုံးမလိုရကား။ ။
(၈၅၄)မာ တာတ ကုဇ္ဈိ န ဟိ သာဓု ကောဓေါ၊ဗဟုံပိ တေ အဒိဋ္ဌမဿုတဉ္စ။
မာတာ ပိတာ ဒိသတာ သေတကေတု၊အာစရိယမာဟု ဒိသတံ ပသတ္ထာ။ ။
(၈၅၅)အဂါရိနော အန္နဒပါနဝတ္ထဒါ၊အဝှာယိကာ တမ္ပိ ဒိသံ ဝဒန္တိ။
ဧသာ ဒိသာ ပရမာ သေတကေတု၊ယံ ပတွာ ဒုက္ခီ သုခိနော ဘဝန္တိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၈၅၄-၈၅၅)တာတသေတကေတု၊ အမောင်သေတကေတု။ မာကုဇ္ဈိ၊ အမျက်မထွက်လင့်။ ကောဓော၊ အမျက်မည်သည်ကား။ ဥပ္ပဇ္ဇမာနော၊ ဖြစ်လတ်သော်။ သုဘာသိတဒုဗ္ဘာသိတံ၊ ကောင်းစွာဆိုအပ်သောစကား မကောင်းသဖြင့်ဆိုအပ်သောစကားကို၎င်း။ အတ္ထာနတ္ထံ၊ အကျိုးရှိသည်မရှိသည်ကို၎င်း။ ဝါ၊ အနက်ဟုတ်သည်မဟုတ်သည်ကို၎င်း။ ဟိတာဟိတံ၊ အစီးအပွါးရှိသည်မရှိသည်ကို၎င်း။ ဇာနိတုံ၊ သိခြင်းငှါ။ အဒဒတ္တာ၊ မပေးတတ်သည်၏အဖြစ်ကြောင့်။ နဟိသာဓု၊ အလျှင်းမကောင်းသည်သာတည်း။ တေတယာ၊ သင်သည်။ ဒိဋ္ဌတော၊ မြင်အပ်သောတရားထက်။ အဒိဋ္ဌဉ္စအဒိဋ္ဌမေဝ၊ မမြင်အပ်သောတရားသည်သာလျှင်။ ဗဟုံပိဗဟုတရံ၊ အထူးသဖြင့်များ၏။ သုတတော၊ ကြားအပ်သောတရားထက်။ အသုတဉ္စအသုတံဧဝ၊ မကြားအပ်သောတရားသည်သာလျှင်။ ဗဟုံပိဗဟုတရံ၊ အထူးသဖြင့်များ၏။ မာတာ၊ အမိသည်၎င်း။ ပိတာ၊ အဘသည်၎င်း။ ပုတ္တာနံ၊ သားတို့၏။ ပုရိမတရံ၊ ရှေးဦးစွာ။ ဥပ္ပဇ္ဇမာနတ္တာ၊ ဖြစ်သည်၏အဖြစ်ကြောင့်။ ပုရတ္ထိမာ၊ အရှေ့အရပ်ဖြစ်ကုန်သော။ ဒိသတာဒိသာ၊ အရပ်မည်ကုန်၏။ (တာအနက်မရှိ)။ အာစရိယံ၊ ဆရာကိုကား။ ဒိသတံဒိသာနံ၊ အရပ်မျက်နှာတို့တွင်။ ပသဌာ၊ ချီးမွမ်းအပ်ကုန်သော။ ဒက္ခိဏဒိသာတိ၊ တောင်အရပ်ဟူ၍။ ဗုဒ္ဓါဒယော၊ ဘုရားစသောအရိယာတို့သည်။ အာဟု၊ ဟောတော်မူကုန်၏။ တနည်း။ အာစရိယံ၊ ဆရာကို။ ဒိသတံ၊ တောင်အရပ်မျက်နှာဟူ၍။ ပသဋ္ဌာ၊ ချီးမွမ်းအပ်သော ဘုရားပစ္စေကဗုဒ္ဓါအရိယာမြတ်တို့သည်။ အာဟု၊ ဟောတော်မူကုန်၏။ ။
အဂါရိနော၊ အိမ်၌နေကုန်သောသူတို့သည်။ အန္နပါနဝတ္ထဒါ၊ ထမင်းအဖျော်အဝတ်ပုဆိုးကိုလည်းပေးလှူတတ်ကုန်၏။ အဝှါယိကာ၊ ဤအိမ်မှဒေယျဓမ္မဝတ္ထုကိုခံတော်မူပါဟုပင့်ခေါ်ဖိတ်မန်တတ်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ တံပိ၊ ထိုအိမ်၌နေသောသူကိုလည်း။ ဒိသံ၊ ဓမ္မိကသမဏဗြာဟ္မဏတို့သည် ကပ်အပ်သည်၏အဖြစ်ကြောင့်တစ်ခုသော အရပ်မည်၏ဟူ၍။ ဝဒန္တိ၊ ဘုရားပစ္စေကဗုဒ္ဓါအရိယာအရှင်မြတ်တို့ ဟောတော်မူကုန်၏။ တနည်း။ ယေတေအဂါရိနော၊ အကြင်အိမ်၌နေသော သူတို့သည်။ အန္နပါနဝတ္ထဒါ၊ ထမင်းအဖျော်အဝတ်ပုဆိုးကို ပေးလှူတတ်ကုန်၏။ တေသံ၊ ထိုပေးလှူတတ်ကုန်သော ပစ္စယဒါယကာတို့အား။ အဝှါယိကာ၊ ခြောက်ထပ်သော ကာမာဝစရနတ်ပြည်သမ္ပတ္တိကို ပေးတတ်သောအနက်ကြောင့် အထက်အထက်သော စည်းစိမ်သမ္ပတ္တိသို့ခေါ်ယူဆောင်သွားတတ်ကုန်သော ဓမ္မိကသမဏဗြာဟ္မဏတို့သည်။ သန္တိ၊ ရှိကုန်၏။ တံပိ၊ ထိုအထက်အထက်သောစည်းစိမ်သမ္ပတ္တိသို့ခေါ်ယူဆောင်သွားတတ်သောဓမ္မိက သမဏဗြာဟ္မဏကိုလည်း။ ဒိသံဥပရိမဒိသံနာမ၊ အထက်အရပ်မည်၏ဟူ၍။ ဝဒန္တိ၊ ဘုရားပစ္စေကဗုဒ္ဓါ အရိယာအရှင်မြတ်တို့ဟောတော်မူကုန်၏။ သေတကေတု၊ အမောင်သေတကေတု။ ယံနိဗ္ဗာနံ၊ အကြင်နိဗ္ဗာန်သို့။ ပတွာ၊ ရောက်၍။ ဒုက္ခီ၊ ဇာတိဇရာဗျာဓိမရဏစသော အထူးထူးအပြားပြားသော ဒုက္ခနှိပ်စက်ကုန်သော။ သတ္တာ၊ သတ္တဝါတို့သည်။ နိဒ္ဒုက္ခာ၊ ဆင်းရဲကင်းကုန်သည်ဖြစ်၍။ သုခိနော၊ ချမ်းသာပြည့်စုံကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဧတာဧသာဧဝ၊ ထိုအသင်္ခတဓာတ်မြတ်သော နိဗ္ဗာန်မြို့သည်သာလျှင်။ ပရမာ၊ လွန်မြတ်သော။ အဂတပုဗ္ဗာ၊ တစ်ရံတစ်ဆစ်ရှေးကာလမရောက်ဘူးသော။ ဒိသာ၊ အရပ်မည်၏။ ။
ထိုခဏ၌မင်းသည် လာလတ်၍ မိစ္ဆာအကျင့်ကိုကျင့်ကုန်သော ထိုရသေ့တို့ကိုမြင်၍နှစ်သက်သည်ဖြစ်၍ သေတကေတုရသေ့သို့ကပ်၍ရှိခိုးပြီးလျှင်တင့်တယ်သောအရပ်၌နေလျက် ပုရောဟိတ်နှင့်တကွ စကားပြောဆိုလိုသည်ဖြစ်၍။ ။
(၈၅၆)ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ၊ဒုမ္မက္ခရူပါ ယေမေ ဇပ္ပန္တိ မန္တေ။
ကစ္စိ နု တေ မာနုသကေ ပယောဂေ၊ဣဒံ ဝိဒူ ပရိမုတ္တာ အပါယာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဆရာပုရောဟိတ်သည်။ ။
(၈၅၇)ပါပါနိ ကမ္မာနိ ကတွာန ရာဇ၊ဗဟုဿုတော စေ န စရေယျ ဓမ္မံ။
သဟဿဝေဒေါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ မင်းသည်ရသေ့တို့၌ ကြည်ညိုခြင်းကိုပယ်၏။ ထိုနောင်မှ သေတကေတုရသေ့သည် ဤမင်းအားရသေ့တို့၌ ကြည်ညိုခြင်းဖြစ်၏။ ထိုကြည်ညိုခြင်းကိုကား ပုရောဟိတ်သည် ပဲခွပ်ဖြင့်ခတ်၍ ဖြတ်သကဲ့သို့ဖြတ်၏။ ငါသည်ထိုပုဏ္ဏားနှင့် တကွစကားဆိုခြင်းငှါသင့်၏ ဟုသေတကေတုရသေ့သည် ပုဏ္ဏားနှင့်တကွပြောဆိုလိုသည်ဖြစ်၍။ ။
(၈၅၈)သဟဿဝေဒေါပိ န တံ ပဋိစ္စ၊ဒုက္ခာ ပမုဉ္စေ စရဏံ အပတွာ။
မညာမိ ဝေဒါ အဖလာ ဘဝန္တိ၊သသံယမံ စရဏမေဝ သစ္စံ။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ပုရောဟိတ်ပုဏ္ဏားသည်။ ။
(၈၅၉)န ဟေဝ ဝေဒါ အဖလာ ဘဝန္တိ၊သသံယမံ စရဏမေဝ သစ္စံ။
ကိတ္တိဉှိ ပပ္ပေါတိ အဓိစ္စ ဝေဒေ၊သန္တိံ ပုဏေတိ စရဏေန ဒန္တော။ ။
ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။
(၈၅၉)ဗေဒါ၊ ဗေဒင်သုံးပုံတို့သည်။ အဖလာ၊ အကျိုးမရှိနိရတ္ထကဖြစ်ကုန်သည်။ နဟေဝဘဝန္တိ၊ မဖြစ်ကုန်သည်သာတည်း။ သသံယမံ၊ သီလသံယမနှင့်တကွသော။ စရဏမေဝ၊ သမာပတ္တိဟုဆိုအပ်သော စရဏကိုသာလျှင်။ သစ္စံ၊ အမှန်ဟူ၍။ ကရေယျ၊ ပြုရာ၏။ တေစဗေဒေ၊ ထိုဗေဒင်တို့ကိုကား။ သစ္စံ၊ အမှန်ဟူ၍။ နကရေယျ၊ မပြုရာ။ ဟိသစ္စံ၊ မှန်၏။ ဗေဒေ၊ ဗေဒင်သုံးပုံတို့ကို။ အဓိစ္စ၊ သဘောသကန်ကျနအောင်သင်ကြား၍။ ကိတ္တိံ၊ မျက်မှောက်ကင်္ကာကျော်စောခြင်းသို့။ ပဗ္ဗောတိ၊ ရောက်၏။ စရဏေန၊ သီလသံယမနှင့်တကွသောသမာပတ်ဟုဆိုအပ်သောစရဏဖြင့်။ ဒန္တော၊ ယဉ်ကျေးသောသူသည်။ သန္တိံ၊ စင်စစ်ငြိမ်းရာနိဗ္ဗာန်သို့။ ပုဏေတိ၊ ရောက်၏။ ။
( သီလ၌တည်၍ သမာပတ်ကိုဖြစ်စေ၍၊ ထိုသမာပတ်လျှင်အခြေရှိသောဝိပသာနာကိုပွါးစေ၍ စင်စစ်ငြိမ်းရာနိဗ္ဗာန်သို့ ရောက်၏ဟူလိုသည်။ ။ ဒုမ္မက္ခရူပါတိ အနဉ္စိတာမဏ္ဍိတလူခနိဝါ သနာမာလာဂန္ဓဝိလေပနဝဇ္ဇိတာကိလိဋ္ဌရူပါတိ ဝုတ္တံဟောတိ၊ ဟု-အဋ္ဌကထာဖွင့်ရကား။ ဒုမ္မက္ခသင့်သည်ဒုမ္မုက္ခမသင့်)။ ။
သေတကေတုဇာတကံ ဒုတိယံ။၃၇၇။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပင်္ကောစကာမာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဒရီမုခဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ မြတ်သောတောထွက်တော်မူခြင်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
ထိုအခါ မင်းကို ပစ္စေကဗုဒ္ဓါသည်၊ ဗြဟ္မဒတ်မင်း၊ သင်သည်တရားသဖြင့် မင်းပြု၏လော။ အဂတိသို့လားခြင်းကို လိုက်သလော။ ဥစ္စာ၏အကျိုးငှါ လူတို့ကို နှိပ်စက်သလော။ အလှူအစရှိသော ကောင်းမှုတို့ကို ပြုနိုင်၏လော။ ဤသို့အစရှိသည်တို့ကိုဆိုလျက် ပဋိသန္ဓာရကိုပြု၍၊ ဗြဟ္မဒတ်မင်း၊ ယခုအခါ၌အသက်ကြီးပြီ။ သင်မင်းကြီးသည် ကာမတို့ကိုစွန့်၍ ရဟန်းပြုခါတန်ပြီဟုဆို၍မင်းအားတရားဟောလိုရကား။ ။
(၈၆၀)ပင်္ကော စ ကာမာ ပလိပေါ စ ကာမာ၊ဘယဉ္စ မေတံ တိမူလံ ပဝုတ္တံ။
ရဇော စ ဓူမော စ မယာ ပကာသိတာ၊ဟိတွာ တုဝံ ပဗ္ဗဇ ဗြဟ္မဒတ္တ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ မင်းသည်၊ ကိလေသာတို့သည် မိမိအား နှောင်ဘွဲ့သည်၏အဖြစ်ကိုပြလို၍။ ။
(၈၆၁)ဂဓိတော စ ရတ္တော စ အဓိမုစ္ဆိတော စ၊ကာမေသွဟံ ဗြာဟ္မဏ ဘိံသရူပံ။
တံ နုဿဟေ ဇီဝိကတ္ထော ပဟာတုံ၊ကာဟာမိ ပုညာနိ အနပ္ပကာနိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ဒရီမုခပစ္စေကဗုဒ္ဓါသည် ဘုရားလောင်းသည် ရဟန်းပြုအံ့သောငှါ မတတ်နိုင်ဟူ၍ ဆိုသည်ရှိသော်လည်း ဝန်ချခြင်းကို မပြုမူ၍ အလွန်လည်းဆုံးမလို၍။ ။
(၈၆၂)ယော အတ္ထကာမဿ ဟိတာနုကမ္ပိနော၊ဩဝဇ္ဇမာနော န ကရောတိ သာသနံ။
ဣဒမေဝ သေယျော ဣတိ မညမာနော၊ပုနပ္ပုနံ ဂဗ္ဘမုပေတိ မန္ဒေါ။ ။
(၈၆၃)သော ဃောရရူပံ နိရယံ ဥပေတိ၊သုဘာသုဘံ မုတ္တကရီသပူရံ။
သတ္တာ သကာယေ န ဇဟန္တိ ဂိဒ္ဓါ၊ယေ ဟောန္တိ ကာမေသု အဝီတရာဂါ။ ။
ဟူသောနှစ်ဂါထာတို့ကိုဟော၏။ ။
(၈၆၂-၈၆၃)ဗြဟ္မဒတ္တ၊ ဗြဟ္မဒတ်မင်း။ ယော၊ အကြင်သူသည်။ အတ္ထကာမဿ၊ အစီးအပွါးကိုအလိုရှိသော။ ဟိတာနုကမ္ပိနော၊ အစီးအပွါးကိုရှာသော နူးညံ့သောစိတ်ဖြင့် အစဉ်စောင့်ရှောက်သနားတတ်သောသူသည်။ ဝါ၊ ၏။ ဩဝဇ္ဇမာနော၊ ဆုံးမအပ်သည်ရှိသော်။ သာသနံ၊ အဆုံးအမကို။ နကရောတိ၊ မလိုက်နာ။ ဣဒမေဝ၊ ဤငါသည်ယူအပ်သော အယူသည်သာလျှင်။ သေယျော၊ မြတ်၏။ ဣတိ၊ ဤသို့။ မညမာနော၊ မှတ်ထင်သည်။ ဟောတိ၊ ဖြစ်၏။ သောမန္ဒော၊ ထိုပညာနည်းသောသူသည်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဂဗ္ဘံ၊ အမိဝမ်းတိုက်သို့။ ဝါ၊ ပဋိသန္ဓေနေခြင်းသို့။ ဥပေတိ၊ ရောက်ရ၏။ ။
သော၊ ထိုအမိဝမ်းတွင်းသို့ ဝင်ရသောသူသည်။ ဃောရရူပံ၊ ကြမ်းကြုတ်သော သဘောရှိသော။ သုဘာ သုဘံ၊ တင့်တယ်သောအစီးအပွါးကိုအလိုရှိကုန်သော ယောဂါဝစရကုလပုတ္တတို့သည် အသုဘဟူ၍ ရှုအပ်သော။ ဝါ၊ ကုလပုတ္တတို့အား အသုဘဖြစ်၍ ထင်သော။ မုတ္တကရီသပူရံ၊ ကျင်ကြီး,ကျင်ငယ်တို့ဖြင့်ပြည့်သော။ နိရယံ၊ ခြေ,လက်လေးဖက်တုပ်ကွေး၍ခံရာ မာတုကုစ္ဆိဟုဆိုအပ်သောစတုကုဏ္ဍိကငရဲသို့။ ဥပေတိ၊ ကပ်ရ၏။ ယေ၊ အကြင်သူတို့သည်။ သတ္တာအာသတ္တာလဂ္ဂိတာ၊ တွယ်တာကပ်ငြိကုန်သည်ဖြစ်၍။ ဂိဒ္ဓါ၊ မက်မောတွေဝေခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။ သကာယေ၊ မိမိကာယဟုဆိုအပ်သော အမိဝမ်းခေါင်းတို့ကို။ နဇဟန္တိ၊ မစွန့်နိုင်ကုန်။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ကာမေသု၊ ဝတ္ထုကာမ,ကိလေသကာမတို့၌။ အဝီတရာဂါ၊ မကင်းသောရာဂရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ။
ဤသို့လျှင် ဒရီမုခပစ္စေကဗုဒ္ဓါသည်၊ အမိဝမ်းသို့ကပ်ခြင်း အရင်းရှိသောဆင်းရဲကို၎င်း၊ အမိသည်ဝမ်းဖြင့်ဆောင်ခြင်းအရင်းရှိသော ဆင်းရဲကို၎င်းပြပြီး၍၊ ယခုအခါ ကိုယ်ဝန်ဖွားခြင်းအရင်းရှိသောဆင်းရဲကို ပြအံ့သောငှါ။ ။
(၈၆၄)မီဠှေန လိတ္တာ ရုဟိရေန မက္ခိတာ၊သေမှေန လိတ္တာ ဥပနိက္ခမန္တိ။
ယံ ယဉှိ ကာယေန ဖုသန္တိ တာဝဒေ၊သဗ္ဗံ အသာတံ ဒုခမေဝ ကေဝလံ။
(၈၆၅)ဒိသွာ ဝဒါမိ န ဟိ အညတော သဝံ၊ပုဗ္ဗေနိဝါသံ ဗဟုကံ သရာမိ။
ဟူသောဤအခွဲနှင့်တကွသောနှစ်ဂါထာတို့ကိုဟော၏။ ။
(၈၆၄-၈၆၅)မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ မီဠှေန၊ ကျင်ကြီးဖြင့်။ လိတ္တာ၊ လိမ်းကျံ အပ်ကုန်သည်ဖြစ်၍။ ရုဟိရေန၊ အမိဝမ်းသွေးဖြင့်။ မက္ခိတာ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍။ သေမှေန၊ သလိပ်ဖြင့်။ လိတ္တာဝ၊ လိမ်းကျံအပ်ကုန်သည်ဖြစ်၍သာလျှင်။ ဥပနိက္ခမန္တိ၊ အမိဝမ်းမှဖွားရကုန်၏။ ဟိသစ္စံ၊ မှန်၏။ တာဝဒေဝ၊ ထိုဖွားသောခဏ၌လျှင်။ ယံနိက္ခမနမဂ္ဂံ၊ အကြင်ဖွားထွက်ရာဖြစ်သော ယောနိဝကို။ ကာယေန၊ ကိုယ်ဖြင့်။ ဖုသန္တိ၊ ထိကုန်၏။ တံသဗ္ဗံ၊ ထိုအလုံးစုံသည်။ အသာတံ၊ မသာယာအပ်သည်ဖြစ်၍။ ကေဝလံ၊ ချမ်းသာနှင့်မရောသော။ ဒုက္ခမေဝ၊ ဒုက္ခသာလျှင်။ ဟောတိ၊ ဖြစ်၏။ ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ ငါသည်။ ဣမံဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော တရားစကားကို။ ဝဒန္တော၊ ဟောသည်ရှိသော်။ အညတောသဝံ၊ တစ်ပါးသောရဟန်းပုဏ္ဏား၏ကြားအပ်သောစကားသံကို။ သုတွာ၊ ကြား၍။ နဟိဝဒါမိ၊ ဟောသည်မဟုတ်။ အတ္တနောပန၊ မိမိ၏ကား။ ပစ္စေကဗောဓိဉာဏေန၊ ပစ္စေကဗောဓိဉာဏ်ဖြင့်။ ဒိသွာ၊ ကိုယ်တိုင်မြင်၍။ ဝဒါမိ၊ ဟော၏။ အဟံ၊ ငါသည်။ ဗဟုကံ၊ များစွာသော။ ပုဗ္ဗေနိဝါသံ၊ ပုဗ္ဗေနိဝါသကို။ သရာမိ၊ အောက်မေ့နိုင်၏။ ။
ယခုအခါ သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်ပြီး၍ ဤသို့ဒရီမုခပစ္စေကဗုဒ္ဓါသည်မင်းကိုကောင်းစွာဆိုအပ်သောစကားဖြင့် ချီးမြှောက်၏ဟုမိန့်တော်မူ၍အဆုံး၌။ ။
(၈၆၆)စိတြာဟိ ဂါထာဟိ သုဘာသိတာဟိ၊ဒရီမုခေါ နိဇ္ဈာပယိ သုမေဓံ။ ။
ဟူသောဤထက်ဝက်သောအဘိသမ္ဗုဒ္ဓဂါထာကိုဟေါတော်မူ၏။ ။
(၈၆၆)ဘိက္ခဝေ၊ ရဟန်းတို့။ ဒရီမုခေါ၊ ဒရီမုခအမည်ရှိသော ပစ္စေကဗုဒ္ဓါသည်။ သုဘာသိတာဟိ၊ ကောင်းစွာဟောအပ်ကုန်သော။ စိတြာဟိ၊ တစ်ပါးမကများစွာသော အနက်ကိုမှီသည်ဖြစ်၍ ဆန်းကြယ် ကုန်သော။ ဂါထာဟိ၊ ဂါထာတို့ဖြင့်။ သုမေဓံ၊ ကောင်းသောပညာရှိသော။ ရာဇာနံ၊ ဗြဟ္မဒတ်မင်းကြီးကို။ နိဇ္ဈာပယိသညာပေသိ၊ သိစေ၏။ ။
(ပင်္ကသည် ပင်္ကဇစသည်တို့၌ညွန်ကိုဟောသည်။ ဤ၌ကား။ ပင်္ကောတိဥဒကေဇာတာနိတိဏသေဝါလကုမုဒဂစ္ဆာဒီနိ အဓိပ္ပေတာနိ,ဟု-အဋ္ဌကထာဖွင့်သည် အားလျော်စွာယောဇနာသည်။ ပလိပေါဝုစ္စတိမဟာကဒ္ဒမေါယမှိ လဂ္ဂါသရဘမိဂါဒယောပိသီဟာပိ ဝါရဏါပိအတ္တာနံ ဥဒ္ဓရိတွာဂန္တုံနသက္ကောန္တိ ဝတ္ထုကာမာကိလေသကာမာပိတံ သရိက္ခတာယပလိပါတိဝုတ္တာ။ အဋ္ဌကထာဟူရကား။ ဝုစ်ကိုမငဲ့မူ၍ ပင်္ကောပလိပေါဟူ၍ ဆိုသည်။ ဝုစ်ကိုငဲ့မူပင်္ကာပလိပါဟူ၍လည်း ဆိုသင့်၏။ တနည်းသော်တုံ။ ဓမ္မာတိရေကဓမ္မဝိသေသဋ္ဌေန, ဟူသောပုဒ်၌ဓမ္မာတိရေက ဓမ္မဝိသေသနှစ်ပါးသည် အဘိဓမ္မ၏အတ္ထ၏အဖြစ်ဖြင့် တစ်ခုထည်းဖြစ်၍ ဧကဝုစ်ဆိုသကဲ့သို့ငါးပါးသောဝတ္ထုကာမကိလေသကာမသည် များပြားသော်လည်း ပင်္ကပလိပအဖြစ်ဖြင့် တစ်ခုထည်းဖြစ်၍ ပင်္ကောပလိပေါ,ဟုဧကဝုစ်ဆိုသည်။ ဤသို့စသည်ဖြင့်ကျအောင်စစ်လေ။ ။
အာဇီဝကတ္ထောတိဣမဿပဒဿအတ္ထော ယာဝဇီဝါမိတာဝဆဍ္ဍေတုံနသက္ကောမီတိ။ ဟူသောဋီကာကိုရှု၍ဒုတိယအနက်ကိုယောဇနာသည်။ ။
ဃောရရူပံနိရယံဥပေတိ၌၊ မာတုကုစ္ဆိကိုနိရာသာဒအနက်ကြောင့် ဤ၌နိရယဟုဆိုအပ်သတည်း။ လေးဖက်တုပ်၍ကွေးလျက် မလှုပ်မရှက်သာခံရသော ငရဲအဘယ်နည်းဟုမေးမူ၊ မာတုကုစ္ဆိ, ဟုဖြေအပ်၏။ အဝီစိငရဲကြီး၌ ဖြစ်သောသတ္တဝါအား ထိုမှဤမှ ရှေးရှုပြေးခြင်း ထက်ဝန်းကျင်ပြေးခြင်းသည်ဖြစ်သေး၏။ ထို့ကြောင့် ထိုမဟာအဝီစီကိုစတုကုဏ္ဍိကငရဲဟုဆိုခြင်းငှါမအပ်။ မာတုကုစ္ဆိ၌ကားကိုးလဆယ်လတိုင်တိုင်မိန်းမှိုင် ကုပ်သေ ကွေးလျက်နေ၍ ထိုမှဤမှရွှေ့ခြင်းငှါမရသာ၊ အလွန်ကျဉ်းမြောင်းစွာသော အရပ်၌ ခြေလက်လေးဘက်တုပ်ကွေး၍ နေရရကား မာတုကုစ္ဆိကိုစတုကုဏ္ဍိကနိရယဟုဆိုသင့်သတည်း။ ။ သုဘာနံဟိတကာမာနံ ယောဂါဝစရကုလပုတ္တာနံ အလဘန္တိမာတုကုစ္ဆိယာဧတံ အဓိဝစနံကိုရှု၍သုဘာသုဘံကိုယောဇနာသည်။ သတ္တာတိအာသတ္တာလဂ္ဂိတာ။ သကာယေနဇဟန္တီတိ တံမာတုကုစ္ဆိ ၊ နပရိစ္စဇတာကို ရှု၍သတ္တာစသည်ကိုယောဇနာသည်)။ ။
ဒရီမုခဇာတကံ တတိယံ။၃၇၈။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာကောလာကာကသင်္ဃာစ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤနေရုဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်း၏ ညီသည် အကြောင်းကို မသိ၍ ဤတောင်၌ အကြောင်းအသို့နည်းဟုအစ်ကိုယ်နှင့်တကွပြောဟောလိုသည်ဖြစ်၍။ ။
(၈၆၇)ကာကောလာ ကာကသင်္ဃာ စ၊မယဉ္စ ပတတံ ဝရ။
သဗ္ဗေဝ သဒိသာ ဟောမ၊ဣမံ အာဂမ္မ ပဗ္ဗတံ။ ။
(၈၆၈)ဣဓ သီဟာ စ ဗျဂ္ဃါ စ၊သိင်္ဂါလာ စ မိဂါဓမာ။
သဗ္ဗေဝ သဒိသာ ဟောန္တိ၊အယံ ကော နာမ ပဗ္ဗတော။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၈၆၇-၈၆၈)ပတတံ၊ ကောင်းကင်ပျံသွားငှက်အများတို့တွင်။ ဝရ၊ မြတ်သောနောင်တော်ဟင်္သာမင်း။ ဣမံပဗ္ဗတံ၊ ဤတောင်သို့။ အာဂမ္မ၊ ရောက်ကုန်၍။ ကာကောလာ၊ တောကျီးတို့သည်၎င်း။ ကာကသင်္ဃာစ၊ ပကတိသောကျီးအပေါင်းတို့သည်၎င်း။ မယဉ္စ၊ ငါတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသောငှက်တို့သည်ပင်။ သဒိသာ၊ အဆင်းတူမျှကုန်သည်။ ဟောမ၊ ဖြစ်ကုန်၏။ ။
ဣဓ၊ ဤတောင်၌။ သီဟာစ၊ ခြင်္သေ့တို့သည်၎င်း။ ဗျဂ္ဃါစ၊ ကျားတို့သည်၎င်း။ မိဂါဓမာ၊ သားတကာတို့အောက် အယုတ်ဆုံးဖြစ်ကုန်သော။ သိင်္ဂါလာစ၊ မြေခွေးတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသောသားငှက်တို့သည်ပင်။ သဒိသာ၊ အဆင်တူမျှကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အယံပဗ္ဗတော၊ ဤတောင်သည်။ ကောနာမပဗ္ဗတော၊ အဘယ်မည်သောတောင်နည်း။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ။
(၈၆၉)ဣမံ နေရူတိ ဇာနန္တိ၊မနုဿာ ပဗ္ဗတုတ္တမံ။
ဣဓ ဝဏ္ဏေန သမ္ပန္နာ၊ဝသန္တိ သဗ္ဗပါဏိနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ညီတော်ရွှေဟင်္သာသည်။ ။
(၈၇ဝ)အမာနနာ ယတ္ထ သိယာ၊သန္တာနံ ဝါ ဝိမာနနာ။
ဟီနသမ္မာနနာ ဝါပိ၊န တတ္ထ ဝသတိံ ဝသေ။ ။
(၈၇၁)ယတ္ထာလသော စ ဒက္ခော စ၊သူရော ဘီရု စ ပူဇိယာ။
န တတ္ထ သန္တော ဝသန္တိ၊အဝိသေသကရေ နရေ။ ။
(၈၇၂)နာယံ နေရု ဝိဘဇတိ၊ဟီနဥက္ကဋ္ဌမဇ္ဈိမော။
အဝိသေသကရော နေရု၊ဟန္ဒ နေရုံ ဇဟာမသေ။ ။
ဟူသောသုံးဂါထာတို့ကိုဆို၏။ ။
(၈၇ဝ-၈၇၂)ယတ္ထ၊ အကြင်နေရာအရပ်၌။ သန္တာနံ၊ ပညာရှိသီလဝန်ဖြစ်ကုန်သောသူတို့အား။ အမာနနာ၊ မြတ်နိုးခြင်းမရှိသည်။ သိယာ၊ ဖြစ်ရာ၏။ ဝိမာနနာဝါ၊ မထေမဲ့မြင်မလေးမစားပြုခြင်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ ဟီနသမ္မာနနာဝါပိ၊ ယုတ်သောအကျင့်ရှိသောဒုဿီလတို့အား မြတ်နိုးစုံမက်ခြင်းသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ တတ္ထဝသတိံတသ္မိံ နိဝါသေ၊ ထိုသို့သဘောရှိသောနေရာအရပ်၌။ နဝသေ၊ မနေရာ။ ။
ယတ္ထ၊ အကြင်နေရာအရပ်၌။ အလသောစ၊ ပျင်းသောအတတ်ပညာမရှိသောသူသည်၎င်း။ ဒက္ခေါစ၊ အရေးအရာမြော်မြင်သောသူသည်၎င်း။ သူရောစ၊ ရဲရင့်သောသူသည်၎င်း။ ဘိရူစ၊ ကြောက်တတ်သောသူသည်၎င်း။ ပူဇိယာ၊ အတူအမျှ ပူဇော်အပ်ကုန်သည်။ ဝါ၊ တူမျှသော ပူဇော်သက္ကာရရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တတ္ထတသ္မိံ တာဒိသေ၊ ထိုသို့သဘောရှိသော။ အဝိသေသကရေ၊ အမြတ်ကျေးဇူး အထူးဝိသေသကိုမပြုတတ်သော။ နရေ၊ လူ့အထံ၌။ သန္တော၊ သူတော်ကောင်းတို့သည်။ နဝသန္တိ၊ မနေကုန်။ ။
အယံနေရု၊ ဤနေရုမည်သောရွှေတောင်သည်။ ဟီနဥက္ကဋ္ဌမဇ္ဈိမေ၊ ဇာတိဂေါတ္တ, ကုလာပဒေသ, သီလာစာရ, ဉာဏ,စသည်တို့ဖြင့် အယုတ်အမြတ်အလတ်ဖြစ်သောသူတို့ကို။ နဝိဘဇတိ၊ မဝေဘန်မခွဲခြမ်းတတ်။ အယံနေရု၊ ဤနေရုမည်သောရွှေတောင်သည်။ အဝိသေသကရော၊ အယုတ် အလတ် အမြတ်အားလျော်စွာ အထူးဝိသေသကိုမပြုတတ်။ ဟန္ဒ၊ လွတ်လွတ်။ နေရုံ၊ နေရုမည်သောရွှေတောင်ကို။ ဇဟာမသေ၊ စွန့်ကုန်အံ့။ ။
ဤသို့ဆို၍ဟင်္သာညီနောင်တို့သည် စိတ္တကုဋ်တောင်သို့ ပျံသွားကုန်၏။ ။ (နတတ္ထဝသတိ၌ဝသတိကား ရာဇဝသတိံဝသေ၌ကဲ့သို့ နေရာဟောသည်။ ဘုမ္မတ္ထ၌ဥပယောဂသက်သည်။ အဝိသေသကရောနရောရှိသည်ကားမသင့်။ ဝိသေသကရေနရေရှိမှသင့်သည်။ နရေကားသာမီပိကာဓာရတည်း။ ဘဂဝတိဗြဟ္မစရိယံဝုဿတိကဲ့သို့တည်း။ ဤသို့နရေဟူသောပုဒ်ဖြင့် စွန့်အပ်သောနေရာကိုယူမှအဝိသေသကရောနေရု၊ ဟန္နနေရုံဇဟာမသေ,ဟူသောနောက်စကားနှင့်ညီမည်)။ ။
နေရုဇာတကံ စတုတ္ထံ။၃၇၉။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အာသာဝတီ နာမ လတာ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤအာသင်္ကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းဖြားယောင်းသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါအာသင်္ကာသတို့သ္မီးသည်၊ မြတ်သောမင်းကြီး၊ သွားသည်ရှိသော် ငါသို့သောမိန်းမကိုအဘယ်မှာ ရလတ္တံ့နည်း။ တာဝတိံသာနတ်ပြည်၌ စိတ္တလတာဥယျာဉ်၌ အာသာဝတီမည်သောနွယ်သည်ရှိ၏။ ထိုအာသာဝတီနွယ်၏ အသီး၏အတွင်း၌ နတ်အဖျော်သည်ဖြစ်၏။ ထိုနတ်အဖျော်ကို တစ်ကြိမ်သောက်သည်ရှိသော် လေးလတို့ပတ်လုံး ရစ်ကုန်၍ နတ်၏အိပ်ရာ၌နေကုန်၏။ ထိုအာသာဝတီနွယ်၏အသီးသည်ကားအနှစ်တစ်ထောင်ရှိသဖြင့်သီး၏။ သုရာကြူးကုန်သောနတ်သားတို့သည် ဤအာသာဝတီနွယ်မှ နတ်၏အဖျော်ဖြစ်သော အသီးကိုရလတ္တံ့ ဟု ဆင်းရဲခြင်းကိုသည်းခံ၍အနှစ်တစ်ထောင်ပတ်လုံးမပြတ်သွား၍ ထိုအာသာဝတီနွယ်ကိုရောဂါကင်းပါ၏လောဟု ကြည့်လေ၏။ သင်မင်းကြီးသည်ကား တစ်နှစ်ဖြင့်သာလျှင်ငြီးငွေ့၏။ တောင့်တခြင်း၏ အကျိုးကို ရခြင်းမည်သည်ချမ်းသာ၏။ မငြီးငွေ့လင့်ဟုဆို၍။ ။
(၈၇၃)အာသာဝတီ နာမ လတာ၊ဇာတာ စိတ္တလတာဝနေ။
တဿာ ဝဿသဟဿေန၊ဧကံ နိဗ္ဗတ္တတေ ဖလံ။ ။
(၈၇၄)တံ ဒေဝါ ပယိရုပါသန္တိ၊တာဝ ဒူရဖလံ သတိံ။
အာသီသေဝ တုဝံ ရာဇ၊အာသာ ဖလဝတီ သုခါ။ ။
ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။
(၈၇၃-၈၇၄)မဟာရာဇ၊ မြတ်သောမင်းကြီး။ စိတ္တလတာဝနေ၊ စိတ္တလတာဥယျာဉ်၌။ အာသာဝတီနာမ၊ အာသာဝတီအမည်ရှိသော။ လတာ၊ နွယ်သည်။ ဇာတာ၊ ပေါက်ရောက်၏။ တဿာ၊ ထိုအာသာဝတီနွယ်အား။ ဝဿသဟဿေန၊ အနှစ်တစ်ထောင်ရှိသဖြင့်။ ဧကံ၊ တစ်လုံးသော။ ဖလံ၊ အသီးသည်။ နိဗ္ဗတ္တတေ၊ ဖြစ်၏။ ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တာဝ၊ ထိုရွေ့လောက်။ ဒူရဖလေသတိ၊ ဝေးသော အသီးရှိသည်ဖြစ်လျက်။ တံ၊ ထိုအာသာဝတီနွယ်သို့။ ဒေဝါ၊ နတ်တို့သည်။ ပယိရုပါသန္တိ၊ အကြိမ်များစွာ အဘန်တလဲလဲဆည်းကပ်ကုန်၏။ ရာဇ၊ မင်းကြီး။ တုဝံ၊ သင်မင်းကြီးသည်။ အာသိသေဝ၊ တောင့်တရာသလျှင်ကတည်း။ အာသာ၊ တောင့်တခြင်းသည်။ ဖလဝတီ၊ အကျိုးရှိမူ။ သုခါ၊ ချမ်းသာ၏။ ။
တဘန်မင်းသည်ငါ့အား ဤမိန်းမဖြင့်အဘယ် အကျိုး ရှိအံ့နည်းဟုဆို၍သွား၏။ ထိုသတို့သ္မီးသည်လည်း လေသာပြတင်း၌ရပ်၍ ကိုယ်ကိုပြ၏။ ဗာရာဏသီမင်းသည် သင်သည်နေရစ်လော့၊ ငါတို့သည်သွားကုန်အံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့် သွားအံ့နည်းဟုဆို၏။ သင်၏ အမည်ကိုသိခြင်းငှါမတတ်နိုင်ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့်အမည်ကိုမသိလတ္တံ့နည်း။ တောင့်တခြင်းဟူသည်ကား မပြည့်စုံသောမည်သည်မရှိ။ တစ်ခုသော ဗျိုင်းသည် တောင်ထိပ်၌ တည်လျက် မိမိတောင့်တအပ်သည်ကိုရ၏။ သင်မင်းကြီးသည် အဘယ့်ကြောင့် မရလတ္တံ့နည်း။ မြတ်သောမင်းကြီး၊ သည်းခံဦးလော့ဟုဆို၍။ ။
(၈၇၅)အာသီသတေဝသော ပက္ခီ၊အာသီသတေဝ သော ဒိဇော။
တဿ စာသာ သမိဇ္ဈတိ၊တာဝ ဒူရဂတာ သတိ။
အာသီသေဝ တုဝံ ရာဇ၊အာသာ ဖလဝတီ သုခါ။ ။
ဟူသောဤတတိယဂါထာကိုရွတ်၏။ ။
မင်းသည် ထိုသတို့သ္မီးကိုမြင်၍၊ သင်သည်နေရစ်လော့၊ ငါတို့သည် သွားကုန်အံ့ဟုဆို၏။ မြတ်သောမင်းကြီး၊ အဘယ့်ကြောင့်သွားအံ့နည်းဟုဆို၏။ သင်သည် ငါ့ကိုစကားဖြင့်သာလျှင် ရောင့်ရဲစေ၏။ ကာမနှင့် ယှဉ်သောမွေ့လျော်ခြင်းဖြင့် မရောင့်ရဲစေ။ သင်၏သာယာသောစကားဖြင့်ကပ်ငြိ၍ နေသော ငါ့အားသုံးနှစ်တို့သည်လွန်ပြီ။ ယခုအခါသွားအံ့ဟုဆို၍။ ။
(၈၇၆)သမ္ပေသိ ခေါ မံ ဝါစာယ၊န စ သံသေသိ ကမ္မုနာ။
မာလာ သေရေယျကဿေဝ၊ဝဏ္ဏဝန္တာ အဂန္ဓိကာ။ ။
(၈၇၇)အဖလံ မဓုရံ ဝါစံ၊ယော မိတ္တေသု ပကုဗ္ဗတိ။
အဒဒံ အဝိဿဇံ ဘောဂံ၊သန္ဓိ တေနဿ ဇီရတိ။ ။
(၈၇၈)ယဉှိ ကယိရာ တဉှိ ဝဒေ၊ယံ န ကယိရာ န တံ ဝဒေ။
အကရောန္တံ ဘာသမာနံ၊ပရိဇာနန္တိ ပဏ္ဍိတာ။ ။
(၈၇၉)ဗလဉ္စ ဝတ မေ ခီဏံ၊ပါထေယျဉ္စ န ဝိဇ္ဇတိ။
သင်္ကေ ပါဏူပရောဓါယ၊ဟန္ဒ ဒါနိ ဝဇာမဟံ။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၈၇၆-၈၇၉)ဘဒ္ဒေ၊ ရှင်မ။ သေရေယျကဿ၊ လိပ်ဆူးရွှေ၏။ ဝဏ္ဏဝန္တာ၊ အဆင်းရှိသော။ အဂန္ဓိကာ၊ အနံ့မရှိသော။ မာလာဣဝ၊ ပန်းကဲ့သို့။ တွံ၊ ရှင်မသည်။ မံ၊ ငါ့ကို။ ဝါစာယခေါ၊ စကားဖြင့်သာလျှင်။ သံသေသိ၊ ရောင့်ရဲစေ၏။ ကမ္မုနာစ၊ အမှုဖြင့်ကား။ နသံသေသိ၊ မရောင့်ရဲစေ။ ။
ဘဒ္ဒေ၊ ရှင်မ။ ယော၊ အကြင်သူသည်။ မိတ္တေသု၊ အဆွေခင်ပွန်းတို့၌။ ဣမံနာမဘောဂံ၊ ဤမည်သောစည်းစိမ်ကို။ ဒဿာမိ၊ ပေးအံ့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ တံဘောဂံ၊ ထိုစည်းစိမ်ကို။ အဒဒံအဒဒန္တော၊ မပေးမူ၍။ အဝိဿဇအဝိဿဇန္တော၊ မစွန့်မူ၍။ အဖလံ၊ အကျိုးမရှိသော။ မဓုရံ၊ သာယာသော။ ဝါစံ၊ စကားသက်သက်ကို။ ပကုဗ္ဗတိ၊ ပြုတတ်၏။ တေန၊ ထိုသူနှင့်။ အဿ၊ ထိုအဆွေခင်ပွန်း၏။ သန္ဓိ၊ မိတ်ဘွဲ့ခြင်းအစေ့အစပ်သည်။ ဇီရတိ၊ ပျက်စီး၏။ ။
ဘဒ္ဒေ၊ ရှင်မ။ ယံ၊ အကြင်အမှုကိုလျှင်။ ကယိရာ၊ ပြုရာ၏။ တံဟိ၊ ထိုအမှုကိုလျှင်။ ဝဒေ၊ ဆိုရာ၏။ ယံ၊ အကြင်အမှုကို။ နကယိရာ၊ မပြုရာ။ တံ၊ ထိုအမှုကို။ နဝဒေ၊ မဆိုရာ။ ဘာသမာနံ၊ ဆိုလျက်။ အကရောန္တံ၊ မပြုသောသူကို။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ပရိဇာနန္တိ၊ သိကုန်၏။ ။
ဘဒ္ဒေ၊ ရှင်မ။ ဝတ၊ စင်စစ်။ မေ၊ ငါ၏။ ဗလဉ္စ၊ ဗိုလ်ပါရဲမက်သည်လည်း။ ခီဏံ၊ ကုန်ပြီ။ ပါထေယျဉ္စ၊ ရိက္ခာသည်လည်း။ နဝိဇ္ဇတိ၊ မရှိ။ သွာဟံသောအဟံ၊ ထိုငါသည်။ ပါဏူပရောဓာယ၊ ဤအရပ်၌ပင်ငါ၏အသက်ချုပ်ပျက်စီးခြင်း၌။ အာသင်္ကေ၊ ရွံရှာ၏။ ဟန္ဒဒါနိ၊ ယခု။ အဟံ၊ ငါသည်။ ဝဇာမိ၊ သွားအံ့။ ။
အာသင်္ကာသတို့သ္မီးသည်မင်း၏ စကားကိုကြား၍။ မြတ်သောမင်းကြီး၊ သင်မင်းကြီးသည် ငါ့အမည်ကိုမသိဟုဆို၏။ သင်မင်းကြီးသည် ငါ၏အမည်ကိုဆိုအပ်သလျှင်ကတည်း။ ဤအမည်သည်ကား ငါ၏အမည်တည်း။ အဘအားပြောဆို၍ငါ့ကိုယူ၍ သွားလော့ဟုဆို၍မင်းနှင့် တကွစကားပြောဆိုလိုရကား။ ။
(၈၈ဝ)ဧတဒေဝ ဟိ မေ နာမံ၊ယံ နာမသ္မိ ရထေသဘ။
အာဂမေဟိ မဟာရာဇ၊ပိတရံ အာမန္တယာမဟံ။ ။
ဟူသောဤဩသာနဂါထာကိုဆို၏။ ။
(၈၈ဝ)ရထေသဘ၊ ရထားစီးသူရဲတို့၏ ဥသဘဖြစ်တော်မူသော။ မဟာရာဇ၊ မင်းမြတ်။ အဟံ၊ အကျွန်သည်။ ယံနာမာ၊ အကြင်အာသင်္ကာဟူသောအမည်ရှိသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ အကျွန်၏။ ဧတဒေဝဟိနာမံ၊ ထိုအာသင်္ကာဟူသော အမည်ကိုပင်လျှင်။ တုဝံ၊ ရှင်မင်းကြီးသည်။ ဝဒသိ၊ ဆို၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အာဂမေဟိ၊ ငံ့ဦးလော့။ အဟံ၊ အကျွန်ုပ်သည်။ ပိတရံ၊ ခမည်းတော်ကို။ အာမန္တယာမိ၊ ကြားဦးအံ့။ ။
(ထိုဥယျာဉ်၌မြက်သစ်ပင်တို့၏ အရောင်သည် ဥယျာဉ်သို့ ဝင်ကုန်သောနတ်တို့၏ကိုယ်အဆင်းဆန်းကြယ်သည်ကိုပြုတတ်၏။ ထို့ကြောင့် စိတ္တလတာဝန,ဟူသောအမည်သည်ဖြစ်သတည်း။ ကိုယ်အဆင်းဆန်းကြယ်သည်ကိုပြုတတ်သောနွယ်သစ်ပင်ရှိသော ဥယျာဉ်ဟူလိုသည်။ ။
တသ္မိံကိရဥယျာနေတိဏရုက္ခလတာဒိပ္ပဘာပဝိဋ္ဌာနံဒေဝတာနံ သရီရဝဏ္ဏံစိတြံကရောတိ၊ တေနဿစိတ္တလတာဝနံနါမ။ ။ (အဋ္ဌကထာ)။ ။ ပက္ခေဟိယုတ္တတာယပက္ခီ။ ဒွိက္ခတ္တုံ ဇာတတာယ ဒိဇော။ ။ တာဝဒူရဂတေသတီတိ ပဗ္ဗတမတ္ထကတော မစ္ဆာနဉ္စ ဥဒကဿစ ဒူရဘာဝေသတိ,ဟု-အဋ္ဌကထာဖွင့်သောကြောင့် ဂတ,သည် ဘါဝအနက်ဟေါ။ ဘာဝေ,ဆိုလျှင် ဆန်းပျက်အံ့စိုးသောကြောင့် ဂတေ,ဆိုသည်။ ။
ဗလဉ္စဝတမေခီဏံ၊ပါထေယျဉ္စနဝိဇ္ဇတိ။ သင်္ကေပါဏူပရောဓာယ၊ဟန္ဒဒါနိဝဇာမဟံ။ ။ ဟူသော ဤဂါထာကိုမြင်သောကြောင့်။ ။ ကာလဝဏ္ဏဗျဝဓာနေ၊ သန္ဓိနာမနသမ္ဘဝေ။ ဂါထာသုဒုတိယန္တေန၊တတိယာဒိစကာလိကံ။ ။ ဟူသောဤစကားသည် ယေဘုယျ။အလျှင်းမရကောင်းသည်မဟုတ်ဟုမှတ်)။ ။
အာသင်္ကဇာတကံ ပဉ္စမံ။၃၈ဝ။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နမေရုစ္စိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမိဂါလောပဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ဆိုနိုင်ခက်သော တစ်ယောက်သောရဟန်းကိုအကြောင်းပြု၍ ဟောတော်မူ၏။ ။
လင်းတမင်းသည် သားကိုခေါ်၍၊ အမောင်၊သင်သည် အလွန်မြင့်စွာ ပျံသတတ်။ အလွန်မြင့်စွာ ပျံသော လင်းတသည် အသက် ကုန်ခြင်းသို့ ရောက်လတ္တံ့ဟုဆို၍။ ။
(၈၈၁)န မေ ရုစ္စိ မိဂါလောပ၊ယဿ တေ တာဒိသီ ဂတိ။
အတုစ္စံ တာတ ပတသိ၊အဘူမိံ တာတ သေဝသိ။ ။
(၈၈၂)စတုက္ကဏ္ဏံဝ ကေဒါရံ၊ယဒါ တေ ပထဝီ သိယာ။
တတော တာတ နိဝတ္တဿု၊မာဿု ဧတ္တော ပရံ ဂမိ။ ။
(၈၈၃)သန္တိ အညေပိ သကုဏာ၊ပတ္တယာနာ ဝိဟင်္ဂမာ။
အက္ခိတ္တာ ဝါတဝေဂေန၊နဋ္ဌာ တေ သဿတီသမာ။ ။
ဟူသောသုံးဂါထာတို့ကိုဆို၏။ ။
(၈၈၁-၈၈၃)တာတမိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အတုစ္စံ အတိဥစ္စံ၊ အလွန်မြင့်စွာ။ ပတသိ၊ ပျံ၏။ တာတမိဂါလောပ၊ ချစ်သား မိဂါလောပ။ တွံ၊ သင်သည်။ အဘူမိံ၊ အရာမဟုတ်သည်ကို။ သေဝသိ၊ မှီဝဲ၏။ ယဿတေ၊ အကြင်သင်၏။ တာဒိသီ၊ ထိုသို့အရာမဟုတ်သည်ကိုမှီဝဲခြင်းသဘောရှိသော။ ဂတိ၊ အလွန်မြင့်စွာပျံခြင်းသည်။ မေ၊ ငါ့အား။ နရုစ္စိ၊ နှစ်သက်ခြင်းကို မဖြစ်စေ။ ။
တာတ မိဂါလောပ၊ ချစ်သားမိဂါလောပ။ ယဒါ၊ အကြင်အခါ၌။ တေ၊ သင်အား။ ပထဝီ၊ မြေသည်။ စတုက္ကဏ္ဏံ၊ လေးထောင့်ရှိသော။ ကေဒါရံဝ၊ လယ်ကဲ့သို့။ ခုဒ္ဒကာ၊ ငယ်သည်။ ဟုတွာ၊ ဖြစ်၍။ ပညာယမာနာ၊ ထင်သည်။ သိယာ၊ ဖြစ်ငြားအံ့။ တာတ၊ ချစ်သား။ အထ၊ ထိုသို့မြေကြီးသည်လယ်ကွက်လောက်မျှငယ်သည်ဖြစ်၍ ထင်သည်ရှိသော်။ တွံ၊ သင်သည်။ ဧတ္တော၊ ဤမျှလောက်သောအရပ်မှ။ နိဝတ္တဿု၊ နစ်ခဲ့လော့။ တတော၊ ထိုအရပ်မှ။ ပရံ၊ အလွန်။ မာဂမိ၊ မသွားလေလင့်။ ။
(သု,ကား အနက်မရှိ)။ ။ အညေပိ၊ သင်မှတစ်ပါးလည်းဖြစ်ကုန်သော။ ဝိဟင်္ဂမာ၊ ကောင်းကင်သို့ ပျံတတ်ကုန်သော။ ပတ္တယာနာ၊ အတောင်လျှင်ယာဉ်ရှိကုန်သော။ သကုဏာ၊ ငှက်တို့သည်။ သန္တိ၊ ရှိကုန်၏။ သဿတီသမာ၊ မိမိကိုယ်ကို အမြဲတည်သော မြေကြီး, မြင်းမိုရ်တောင်စသည်တို့နှင့်အတူထင်မှတ်ကုန်သော။ တေသကုဏာ၊ ထိုငှက်တို့သည်။ ဝါတဝေဂေန၊ လေ၏အဟုန်သည်။ အက္ခိတ္တာ၊ မှုတ်လွှင့်အပ်ကုန်သည်ဖြစ်၍။ နဋ္ဌာ၊ မိမိအနှစ်တစ်ထောင်ရှည်သောအသက်အတိုင်းအရှည်ကို မပြည့်စေမူ၍ ပျက်စီးရကုန်၏။ ။
မိဂါလောပလင်းတသည် အဆုံးအမကိုမခံသည်၏အဖြစ်ကြောင့်၊ အဘစကားကိုနားမထောင်မူ၍ ပျံသဖြင့်၊ အဘသည် ကြားအပ်သောအပိုင်းအခြားကိုမြင်၍၊ ထိုအပိုင်းအခြားကိုလွန်၍ ကာလလေသို့ရောက်၏။ ထိုကာလလေကိုလည်းလွန်၍ ပျံသည်ရှိသော်ဝေရမ္ဘလေဝသို့ရောက်၏။ ထိုအခါထိုမိဂါလောပလင်းတကို ဝေရမ္ဘလေတို့သည် ခတ်ကုန်၏။ မိဂါလောပလင်းတသည်ဝေရမ္ဘလေတို့သည် ခတ်ကာမျှ၌လျှင် အပိုင်းအပိုင်းပြတ်၍ ကောင်းကင်၌လျှင် ကွယ်ပျောက်လေ၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍။ ။
(၈၈၄)အကတွာ အပနန္ဒဿ၊ပိတု ဝုဒ္ဓဿ သာသနံ။
ကာလဝါတေ အတိက္ကမ္မ၊ဝေရမ္ဘာနံ ဝသံ အဂါ။ ။
(၈၈၅)တဿ ပုတ္တာ စ ဒါရာ စ၊ယေ စညေ အနုဇီဝိနော။
သဗ္ဗေ ဗျသနမာပါဒုံ၊အနောဝါဒကရေ ဒိဇေ။ ။
(၈၈၆)ဧဝမ္ပိ ဣဓ ဗုဒ္ဓါနံ၊ယော ဝါကျံ နာဝဗုဇ္ဈတိ။
အတိသီမံ စရော ဒိတ္တော၊ဂိဇ္ဈောဝါတီတသာသနော။
သဗ္ဗေ ဗျသနံ ပပ္ပေါန္တိ၊အကတွာ ဗုဒ္ဓ-သာသနံ။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၈၈၄-၈၈၆)ဘိက္ခဝေ၊ ရဟန်းတို့။ မိဂါလောပေါ၊ မိဂါလောပလင်းတသည်။ ဝုဒ္ဓဿ၊ ကြီးရင့်သော။ ပိတု၊ အဘဖြစ်သော။ အပနန္ဒဿ၊ အပနန္ဒလင်းတမင်း၏။ သာသနံ၊ အဆုံးအမကို။ အကတွာ၊ မလိုက်နာမူ၍။ ကာလဝါတေ၊ ဝေရမ္ဘလေ၏အောက်အဖို့၌ဖြစ်ကုန်သောကာလလေတို့ကို။ အတိက္ကမ္မ၊ လွန်၍။ ဝေရမ္ဘာနံ၊ ဝေရမ္ဘလေတို့၏။ ဝသံ၊ နိုင်ငံသို့။ အဂါ၊ ရောက်လေပြီ။ ။
တဿ၊ ထိုမိဂါလောပလင်းတ၏။ ပုတ္တာစ၊ သားတို့သည်၎င်း။ ဒါရာစ၊ မယားတို့သည်၎င်း။ အညေ၊ တစ်ပါးကုန်သော။ အနုဇီဝိနော၊ မိဂါလောပလင်းတကိုမှီ၍အသက်မွေးကုန်သော။ ယေစ၊ အကြင်လင်းတတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုလင်းတတို့သည်။ ဒိဇေ၊ ထိုမိဂါလောပလင်းတငှက်သည်။ အနောဝါဒကရေ၊ အဆုံးအမကို မလိုက်နာသည်ရှိသော်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ အာပါဒုံ၊ ရောက်ကုန်၏။ ။
ဧဝံပိ၊ ဤအတူလည်း။ ဣဓ၊ ဤသာသနာတော်၌။ ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ ဝါကျံ၊ စကားတော်ကို။ ယော၊ အကြင်သူသည်။ နာဝဗုဇ္ဈတိ၊ မသိ။ အတိသီမံ၊ အပိုင်းအခြားကိုလွန်၍။ စရော၊ ကျင့်တတ်၏။ ဒိတ္တောဂဗ္ဘိတော၊ ဆတ်ဆတ်မြားမြားစကားအမူကြမ်းကြုတ်၏။ အတီတသာသနော၊ အဆုံးအမစကားကိုလွန်၏။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ၊ ထိုသူတို့သည်။ ဗုဒ္ဓသာသနံ၊ ဘုရားအဆုံးအမတော်ကို။ အကတွာ၊ မလိုက်နာမူ၍။ ဂိဇ္ဈောဝ၊ မိဂါလောပလင်းတကဲ့သို့။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ပပ္ပေါန္တိ၊ ရောက်ကုန်၏။ ။
(သဿတီပထဝီပဗ္ဗတာဒီဟိသမံအတ္တာ နံမညမာနာအတ္တနောဝဿသဟဿပရိမာဏံအာယုံအပူရေတွာပိကာ လင်္ကတောအန္ထရာဝနဋ္ဌာတိအတ္ထော။ ။ ဟူသောအဋ္ဌကထာကိုထောက်သော်လင်းတအသက်တစ်ထောင်ရှိသည်။ ။ ကာလဝါတံနာမဝေရမ္ဘဝါတဿဟေဋ္ဌာစရဏဝါတံ။ ။(ဋီကာ)။ ။ ဒိတ္တောဂဗ္ဘိတော,ဟု-အဋ္ဌကထာဖွင့်ရကား။ ရိတ္တောမလို)။ ။
မိဂါလောပဇာတကံ ဆဋ္ဌံ။၃၈၁။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာနုကာဠေန ဝဏ္ဏေန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိရီကာဠကဏ္ဏီဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ကာဠကဏ္ဏီနတ်သ္မီးသည် ထိုခဏ၌လျှင် ညိုသောအဝတ်ကိုဝတ်၍ညိုသောနံ့သာပျောင်းကိုလိမ်း၍ ညိုသောပတ္တမြား တန်းဆာကို ဆင်၍ယန္တရား၌ထားအပ်သောကျောက်ကဲ့သို့ နတ်ပြည်မှသက်၍ မဇ္ဈိမယံ၏ အတွင်း၌ပြာသာဒ်၏ထွက်ဝင်ရာတံခါး၌ အိပ်ရာ၏အနီးဖြစ်သောအရပ်၌ ညိုသောအရောင်ကိုလွှတ်၍ ကောင်းကင်၌တည်၏။ သူဋ္ဌေးသည်ကြည့်လတ်သော် ထိုနတ်သ္မီးကိုမြင်၍ မြင်ကာမျှဖြင့်လျှင် ထိုနတ်သ္မီးအားမချစ်မနှစ်သက်ခြင်းသည်ဖြစ်၏။ သူဋ္ဌေးသည် ထိုနတ်သ္မီးနှင့်တကွစကားပြောဆိုလိုရကား။ ။
(၈၈၇)ကာ နု ကာဠေန ဝဏ္ဏေန၊န စာပိ ပိယ-ဒဿနာ။
ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ကထံ ဇာနေမု တံ မယံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍၊ ကာဠကဏ္ဏီနတ်သ္မီးသည်။ ။
(၈၈၈)မဟာရာဇဿဟံ ဓီတာ၊ဝိရူပက္ခဿ စဏ္ဍိယာ။
အဟံ ကာဠီ အလက္ခိကာ၊ကာဠကဏ္ဏီတိ မံ ဝိဒူ။
ဩကာသံ ယာစိတော ဒေဟိ၊ဝသေမု တဝ သန္တိကေ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ထိုနောင်မှ ဘုရားလောင်းသည်။ ။
(၈၈၉)ကိံသီလေ ကိံသမာစာရေ၊ပုရိသေ နိဝိသသေ တုဝံ။
ပုဋ္ဌာ မေ ကာဠိ အက္ခာဟိ၊ကထံ ဇာနေမု တံ မယံ။ ။
ဟူသောတတိယဂါထာကိုဆို၏။ ။
ထိုနောင်မှ ကာဠီနတ်သ္မီးသည် မိမိ၏ကျေးဇူးကိုဆိုလိုရကား။ ။
(၈၉၀)မက္ခီ ပဠာသီ သာရမ္ဘီ၊ဣဿုကီ မစ္ဆရီ သဌော။
သော မယှံ ပုရိသော ကန္တော၊လဒ္ဓံ ယဿ ဝိနဿတိ။ ။
(၈၉၁)ကောဓနော ဥပနာဟီ စ၊ပိသုဏော စ ဝိဘေဒကော။
ကဏ္ဍကဝါစော ဖရုသော၊သော မေ ကန္တတရော တတော။ ။
(၈၉၂)အဇ္ဇ သုဝေတိ ပုရိသော၊သဒတ္ထံ နာဝဗုဇ္ဈတိ။
ဩဝဇ္ဇမာနော ကုပ္ပတိ၊သေယျံ သော အတိမညတိ။ ။
(၈၉၃)ဒေဝပ္ပလုဒ္ဓေါ ပုရိသော၊သဗ္ဗမိတ္တေဟိ ဓံသတိ။
သော မယှံ ပုရိသော ကန္တော၊တသ္မိံ ဟောမိ အနာမယာ။ ။
ဟူသောဂါထာတို့ကိုဆို၏။ ။
(၈၉၀-၈၉၃)ယောပုရိသော၊ အကြင်ယောက်ျားသည်။ မက္ခီ၊ မိမိအားသူများပြုဘူးသောကျေးဇူးကို ချေဖျက်တတ်၏။ ပဠာသီ၊ အပြိုင်ပြုတတ်၏။ သာရမ္ဘီ၊ သူပြုသည်ထက်အလွန်ပြုတတ်၏။ ဣဿုကီ၊ ငြူစူတတ်၏။ မစ္ဆရီ၊ ဝန်တိုတတ်၏။ သဌော၊ စဉ်းလဲကောက်ကျစ်တတ်၏။ လဒ္ဓံ၊ ရအပ်သော။ ယသံ၊ စည်းစိမ်ကို။ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ သောပုရိသော၊ ထိုယောက်ျားကို။ မယှံ၊ အကျွန်ုပ်သည်။ ကန္တော၊ ကြိုက်နှစ်သက်အပ်၏။ ။
ယောပုရိသော၊ အကြင်ယောက်ျားသည်။ ကောဓနော၊ အမျက်ထွက်လေ့ရှိ၏။ ဥပနာဟီစ၊ ရန်ငြိုးလည်းဖွဲ့တတ်၏။ ပိသုဏောစ၊ ချောပစ်သောစကားကိုလည်းဆိုတတ်၏။ ဝိဘေဒကော၊ အဆွေခင်ပွန်းကိုလည်းဖျက်ဆီးတတ်၏။ ကဏ္ဋကဝါစော၊ ဆူးကဲ့သိုငိုးလိုးငေါ်လော်အပြစ်ရှိသော စကားကိုလည်းဆိုတတ်၏။ ဖရုသော၊ ကြမ်းကြုတ်၏။ သောပုရိသော၊ ထိုယောက်ျားကို။ မေ၊ အကျွန်ုပ်သည်။ တတော၊ ထိုရှေးဆိုပြီးသောယောက်ျားထက်။ ကန္တကရော၊ သာလွန်၍ချစ်အပ်၏။ ။
ယောပုရိသော၊ အကြင်ယောက်ျားသည်။ အဇ္ဇ၊ ယနေ့ပြုအပ်သောအမှု။ သုဝေ၊ နက်ဖြန်ပြုအပ်သောအမှု။ ဣတိ၊ ဤသို့။ သဒတ္ထံ၊ မိမိအကျိုးမိမိအစီးအပွါးကို။ နာဝဗုဇ္ဈတိ၊ မသိတတ်။ ဩဝဇ္ဇမာနော၊ ဆိုဆုံးမအပ်သည်ရှိသော်။ ကုပ္ပတိ၊ အမျက်ထွက်တတ်၏။ သောပုရိသော၊ ထိုယောက်ျားသည်။ သေယျံ၊ ဇာတိဂေါတ္တကုလာပဒေသသီလာစာရကျေးဇူးတို့ဖြင့် မြတ်ပေသောသူကို။ အတိမညတိ၊ မထေမဲ့မြင်ပြုတတ်၏။ ။
ယောပုရိသော၊ အကြင်ယောက်ျားသည်။ ဒေဝပ္ပလုဒ္ဓေါ၊ ကာမဂုဏ်တို့၌မပြတ်မြူးသောအားဖြင့်မက်မောတတ်၏။ သဗ္ဗမိတ္တေဟိ၊ အလုံးစုံသောအဆွေခင်ပွန်းတို့မှ။ ဓံသတိ၊ ပျက်စီးဆုတ်ယုတ်တတ်၏။ သောပုရိသော၊ ထိုယောကျ်ားကို။ မယှံ၊ အကျွန်ုပ်သည်။ ကန္တော၊ ကြိုက်နှစ်သက်အပ်၏။ တသ္မိံပုရိသေ၊ ထိုယောက်ျား၌။ အဟံ၊ အကျွန်ုပ်သည်။ အနာမယာ၊ ရောဂါကင်းသည်။ ဟောမိ၊ ဖြစ်၏။ ။
ထိုအခါနတ်သ္မီးကိုကဲ့ရဲ့လိုသည်ဖြစ်၍ ဘုရားလောင်းသည်။ ။
(၈၉၄)အပေဟိ ဧတ္တော တွံ ကာဠိ၊နေတံ အမှေသု ဝိဇ္ဇတိ။
အညံ ဇနပဒံ ဂစ္ဆ၊နိဂမေ ရာဇဓါနိယော။ ။
ဟူသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ကာဠီနတ်သ္မီးသည် ကောင်းစွာဆောင်သည်ဖြစ်၍။ ။
(၈၉၅)အဟမ္ပိ ခေါ တံ ဇာနာမိ၊နေတံ တုမှေသု ဝိဇ္ဇတိ။
သန္တိ လောကေ အလက္ခိကာ၊သင်္ဃရန္တိ ဗဟုံ ဓနံ။
အဟံ ဒေဝေါ စ မေ ဘာတာ၊ဥဘော နံ ဝိဓမာမသေ။ ။
ဟူသောအနန္တရဂါထာကိုဆို၏။ ။
ဤသို့ဆို၍ ကာဠီနတ်သ္မီးဖဲလေ၏။ ထိုကာဠီနတ်သ္မီးဖဲသောကာလ၌သိရီနတ်သ္မီးသည် ရွှေသောအဆင်းရှိကုန်သော အဝတ်နံ့သာပျောင်းတို့ဖြင့်ရွှေသောအဆင်းရှိသောတန်းဆာဖြင့် တန်းဆာဆင်လျက်သွား၍ ထွက်ဝင်ရာတံခါး၌ ရွှေသောအရောင်ကိုလွှတ်လျက် ညီညွတ်သောခြေတို့ဖြင့်ညီညွတ်စွာမြေ၌တည်၍ ရိုသေခြင်းနှင့်တကွရပ်၏။ ထိုသိရီနတ်သ္မီးကိုမြင်၍ဘုရားလောင်းသည်။ ။
(၈၉၆)ကာ နု ဒိဗ္ဗေန ဝဏ္ဏေန၊ပထဗျာ သုပတိဋ္ဌိတာ။
ကာ ဝါ တွံ ကဿ ဝါ ဓီတာ၊ကထံ ဇာနေမု တံ မယံ။ ။
ဟူသောဂါထာကိုဆို၏။ ။
ဘုရားလောင်း၏စကားကိုကြား၍ သိရီနတ်သ္မီးသည်။ ။
(၈၉၇)မဟာရာဇဿဟံ ဓီတာ၊ဓတရဋ္ဌဿ သိရီမတော။
အဟံ သိရီ စ လက္ခီ စ၊ဘူရိပညာတိ မံ ဝိဒူ။
ဩကာသံ ယာစိတော ဒေဟိ၊ဝသေမု တဝ သန္တိကေ။ ။
ဟူသောဂါထာကိုဆို၏။ ။
နတ်သ္မီးစကားကိုကြား၍ ဘုရားလောင်းသည်။ ။
(၈၉၈)ကိံသီလေ ကိံသမာစာရေ၊ပုရိသေ နိဝိသသေ တုဝံ။
ပုဋ္ဌာ မေ လက္ခိ အက္ခာဟိ၊ကထံ ဇာနေမု တံ မယံ။ ။
ဟူသောဂါထာကိုဆို၏။ ။
ဘုရားလောင်းစကားကိုကြား၍ သိရီနတ်သ္မီးသည်။ ။
(၈၉၉)ယော စာပိ သီတေ အထဝါပိ ဥဏှေ၊ဝါတာတပေ ဍံသသရီသပေ စ။
ခုဒ္ဒံ ပိပါသံ အဘိဘုယျ သဗ္ဗံ၊ရတ္တိန္တိဝံ ယော သတတံ နိယုတ္တော။ ။
(၉၀၀)ကာလာဂတဉ္စ န ဟာပေတိ အတ္ထံ၊သော မေ မနာပေါ နိဝိသေ စ တမှိ။
အက္ကောဓနော မိတ္တဝါ စာဂဝါ စ၊သီလူပပန္နော အသဌောဇုဘူတော။ ။
(၉၀၁)သင်္ဂါဟကော သခိလော သဏှဝါစော၊မဟတ္တပတ္တောပိ နိဝါတဝုတ္တိ။
တသ္မိံဟံ ပေါသေ ဝိပုလာ ဘဝါမိ၊ဦမိ သမုဒ္ဒဿ ယထာပိ ဝဏ္ဏံ။ ။
(၉၀၂)ယော စာပိ မိတ္တေ အထဝါ အမိတ္တေ၊သေဋ္ဌေ သရိက္ခေ အထ ဝါပိ ဟီနေ။
အတ္ထံ စရန္တံ အထဝါ အနတ္ထံ၊အာဝီ ရဟော သင်္ဂဟမေဝ ဝတ္တော။ ။
(၉၀၃)ဝါစံ န ဝဇ္ဇာ ဖရုသံ ကဒါစိ၊မတဿ ဇီဝဿ စ တဿ ဟောမိ။
ဧတေသံ ယော အညတရံ လဘိတွာ၊ကန္တာ သိရီ မဇ္ဇတိ အပ္ပပညော။
တံ ဒိတ္တရူပံ ဝိသမံ စရန္တံ၊ကရီသဌာနံဝ ဝိဝဇ္ဇယာမိ။ ။
(၉၀၄)အတ္တနာ ကုရုတေ လက္ခိံ၊အလက္ခိံ ကုရုတတ္တနာ။
န ဟိ လက္ခိံ အလက္ခိံ ဝါ၊အညော အညဿ ကာရကော။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၈၉၉-၉၀၄)မဟာသေဋ္ဌိ၊ သူဋ္ဌေးကြီး။ ယောပုရိသော၊ အကြင်ယောက်ျားသည်။ သီတေစာပိ၊ ချမ်းသော်၎င်း။ အထဝါ၊ ထိုမြို့။ ဥဏှေပိ၊ ပူသော်၎င်း။ ဝါတာတပေစ၊ လေ,နေပူရှိသော်၎င်း။ ဍံသ သရိံ သပေစ၊ မှက်, ခြင်,မြွေ, ကင်းသန်းရှိသော်၎င်း။ ခုဒ္ဒံ၊ မွတ်သိပ်ဆာလောင်ခြင်းကို၎င်း။ ပိပါသံ၊ ရေသိပ်ခြင်းကို၎င်း။ သဗ္ဗံ၊ အလုံးစုံသော။ ဧတံပရိဿယံ၊ ဤသီတ,ဥဏှ, စသော အလုံးစုံသော ဘေးရန်ကို။ အဘိဘုယျ၊ မြက်မျှမရေတွက် နှိပ်စက်လွှမ်းမိုး၍။ နိယုတ္တော၊ လုံ့လပြု၏။ ယော၊ အကြင်သူသည်။ ရတ္တိံဒိဝံ၊ ညဉ့်၌၎င်း,နေ့၌၎င်း။ သတတံ၊ အမြဲမပြတ်။ နိယုတ္တော၊ လုံ့လပြု၏။ ။
ကာလာဂတံ၊ ကာလ၌ရောက်သော။ အတ္ထဉ္စ၊ အကျိုးစီးပွါးကိုလည်း။ နဟာပေတိ၊ မယုတ်စေ။ သောပုရိသော၊ ထိုယောက်ျားသည်။ မေ၊ ငါ၏။ မနာပေါ၊ နှလုံးကိုပွါးစေတတ်၏။ တမှိ၊ ထိုယောက်ျား၌။ အဟံ၊ ငါသည်။ နိဝိသေ၊ စိတ်နှလုံးသက်ဝင်၍တည်၏။ ယောပုရိသော၊ အကြင်ယောက်ျားသည်။ အက္ကောဓနော၊ သည်းခံခြင်းနှင့် ပြည့်စုံသည်ဖြစ်၍ အမျက်ထွက်ခြင်းအလေ့မရှိ။ မိတ္တဝါ၊ ကလျာဏမိတ်နှင့် ပြည့်စုံ၏။ စာဂဝါစ၊ ပစ္စည်းဝန်ပုပ်၊မသိုမြှုပ်ဘဲ၊ လက်ဆုပ်ဖြေဆန့်၊ ပေးဖြန့်စွန့်ကြဲခြင်းနှင့်လည်းပြည့်စုံ၏။ သီလူပပန္နော၊ ငါးပါးရန်သူ၊ ယူလည်းမရ၊ သီလဥစ္စာနှင့်လည်းပြည့်စုံ၏။ အသဌော၊ စဉ်းလဲကောက်ကျစ်ခြင်းလည်းမရှိ။ ဥဇုဘူတော၊ သတ်တမြားသို့၊ တရားထိန်းစောင့်၊ ဖြောင့်သောနှလုံးလည်းရှိ၏။ ။
သင်္ဂါဟကော၊ သင်္ဂြိုဟ်ချီးမြှင့်ထောက်ပံ့ခြင်းကိုလည်းပြုတတ်၏။ သခိလော၊ ပြေပြစ်နူးညံ့သော စကားလည်းရှိ၏။ သဏှဝါစော၊ စကားနှုတ်ဆို၊ပျားသို့ချို၍သိမ်မွေ့သောစကားလည်းရှိ၏။ မဟတ္တပတ္တောပိ၊ ကြီးကျယ်သော အရာဌာန အစိုးရခြင်းစည်းစိမ်သို့ ရောက်သော်လည်း။ နိဝါတဝုတ္တိ၊ မတက်မကြွ နှိမ့်ချသော အကျင့်လည်းရှိ၏။ သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။ ဝဏ္ဏံ၊ အဆင်းကို။ ဩလောကေန္တိ၊ ကြည့်သည်ရှိသော်။ ဦမီ၊ အဆင့်ဆင့်လာသော လှိုင်းတံပိုးသည်။ ဝိပုလာ၊ ပြန့်ပြောကြီးကျယ်သည်။ ဟောတိယထာ၊ ဖြစ်၏သို့။ ဧဝံတထာ၊ ထို့အတူ။ အဟံ၊ ငါသည်။ တသ္မိံ ပေါသေ၊ ထိုယောက်ျား၌။ ဝိပုလာ၊ ပီတိအဟုန်၊လှိုင်းမခုန်သို့၊ နှစ်လိုပြန့်ပြောသည်။ ဘဝါမိ၊ ဖြစ်၏။ ။
ယောစ၊ အကြင်သူသည်လည်း။ မိတ္တေအပိ၊ အဆွေခင်ပွန်း၌၎င်း။ အထဝါ၊ ထိုမြို့။ အမိတ္တေအပိ၊ အဆွေခင်ပွန်း မဟုတ်သောသူ၌၎င်း။ သေဋ္ဌေ၊ မြတ်သောသူ၌၎င်း။ သရိက္ခေ၊ အတူဖြစ်သောသူ၌၎င်း။ အထဝါ၊ ထိုမြို့။ ဟီနေအပိ၊ ယုတ်သောသူ၌၎င်း။ အတ္ထံ၊ အကျိုးစီးပွါးကို။ စရန္တံ၊ ကျင့်သောသူ၌၎င်း။ အထဝါ၊ ထိုမြို့။ အနတ္ထံ၊ အကျိုးမဲ့ကို။ စရန္တံ၊ ကျင့်သောသူ၌၎င်း။ အာဝိ၊ မျက်မှောက်၌၎င်း။ ရဟော၊ မျက်ကွယ်၌၎င်း။ ဧတသ္မိံမိတ္တာဒိဘေဒေ၊ ထိုမိတ္တစသည်အပြားရှိသောပုဂ္ဂိုလ်၌။ သင်္ဂဟမေဝ၊ လေးပါးသော သင်္ဂဟတရားကိုသာလျှင်။ ဝတ္တော ပဝတ္တော၊ ဖြစ်စေ၏။ ဝါ၊ ကျင့်သုံး၏။ ။
ယောပုရိသော၊ အကြင်ယောက်ျားသည်။ ကဒါစိ၊ တစ်ရံတစ်ဆစ်၌။ ဖရုသံ၊ ကြမ်းကြုတ်သော။ ဝါစံ၊ စကားကို။ နဝဇ္ဇာ၊ မဆိုတတ်။ မတဿစ၊ သေသည်လည်းဖြစ်သော။ ဇီဝဿစ၊ အသက်ရှင်သည်လည်းဖြစ်သော။ တဿ၊ ထိုသူ၏။ အဟံ၊ ငါသည်။ မိတ္တိ၊ အဆွေခင်ပွန်းသည်။ ဟောမိ၊ ဖြစ်၏။ အပ္ပပညော၊ နည်းသောပညာရှိသော။ ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ကန္တိံ၊ နှစ်သက်အပ်သော။ သိရိံ၊ အသရေကို။ လဘိတွာ၊ ရ၍။ ဧတေသံ စာဂဝါဒီနံပုဂ္ဂလာနံ၊ ထိုဆိုအပ်ပြီးသော စာဂဝန္တစသော ပုဂ္ဂိုလ်တို့၏။ အညတရံ၊ တစ်ပါးပါးသော။ ဂုဏံ၊ ကျေးဇူးကို။ (ထည့်)။ မဇ္ဇတိပမဇ္ဇတိ၊ မေ့လျော့၏။ ပုနနယုဉ္ဇတိ၊ တဘန်အားမထုတ်ဟူလိုသည်။ ဒိတ္တရူပံဒိတ္တသဘာဝံ၊ ဆတ်ဆတ်မြားမြား ကြမ်းကြုတ်ခက်ထန်သောသဘောရှိသော။ ဝိသမံ၊ ကာယဒုစ္စရိတအစရှိသော မညီမညွတ်သောအကျင့်ကို။ စရန္တံ၊ ကျင့်သော။ တံပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ သုစိဇာတိကော၊ စင်ကြယ်သောသဘောရှိသောသူသည်။ ကရီသဋ္ဌာနံ၊ မစင်တီးပြင်ကျင်ကြီးရှိရာ အရပ်ကို။ ဝိဝဇ္ဇတိဣဝ၊ ကြဉ်၏သို့။ အဟံ၊ ငါသည်။ ဒူရတော၊ ဝေးစွာမှ။ ဝိဝဇ္ဇယါမိ၊ ကြဉ်ရှောင်၏။ ။
လက္ခိံ၊ အသရေကို။ ဝါ၊ သီလပညာကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ အလက္ခိံ၊ သီလပညာအသရေမရှိသည်ကို။ အတ္တနာ၊ မိမိသည်။ ကုရုတေ၊ ပြု၏။ ဟိသစ္စံ၊ မှန်၏။ အညော၊ တစ်ယောက်သောသူသည်။ အညဿ၊ တစ်ယောက်သောသူ၏။ လက္ခိံဝါ၊ သီလပညာအသရေကို၎င်း။ အလက္ခိံဝါ၊ သီလပညာ အသရေမရှိသည်ကို၎င်း။ နကာရကော၊ မပြုနိုင်။ ဝါ၊ ပြုခြင်းငှါမတတ်ကောင်း။ ။
(အဟံကာဠီ၌ဤဒီဃ။ ပုဋ္ဌာမေကာဠိ၌ကား အာလုပ်ဖြစ်၍ဣရဿ။ မစ္ဆရီသဌော၌ဗုဒ္ဓဇဌနှင့်လိုသည်။ သဌ ကေတဝေ၊ဟိံသာ-သံကိလေသေသုစ၊သဌတိ၊သဌော။ သဌောတိကေရာဋိကော။ ။ (ဓာတုမာလာ)။ ။ ဒေဝပ္ပလုဒ္ဓေါတိရူပါဒီသု ကာမဂုဏေသုနိရန္တရဒေဝေနပလုဒ္ဓေါ အဘိဘူတော။ ဟူသောအဋ္ဌကထာ၌။ ဒိဝုဓာတ်၏ကီဠာအနက်ကိုရည်၍။ နိရန္တရဒေဝေန,ဆိုသည်။ ဓတရဋ္ဌသိရီမတော,ဟူ၍၎င်း။ ဓတရဋ္ဌဿဓီမတော, ဟူ၍၎င်းနှစ်ထွေရှိသည်တွင်ရှေးပါဠိသည်အဟံသိရီစလက္ခီစ, ဟူသောစကားကိုထောက်၍ဩဇာဂုဏ်ရောက်သည်။ လက္ခီစ၌ဒီဃ။ ပုဋ္ဌာမေလက္ခိ၌ ဣရဿ။ သရိံ၌နိဂ္ဂဟိတ်နှင့်သင့်သည်ကိုအောက်၌ဆိုဘူးပြီ။ အသဌော၌သဌောနည်းတူမှတ်။ သခိလောတိမုဒုဝါစေါ။ ကဏှဝါစောတိမဓုရဝစနော,အဋ္ဌကထာကိုမြော်၍ယောဇနာသည်။ အထဝါပိဟီနေလိုသည်။ ဟိနေမလို။ ။ ဧတေသံစာဂဝါဒီနံ ပုဂ္ဂလာနံယောပုဂ္ဂလောသိရိံလဘိတွာ။ အဋ္ဌကထာဟူရကား။ လဘိတွာ၏ကံကားသိရိံတည်း။ ဧတေသံဂုဏံအညတရံမဇ္ဇတိ,အဋ္ဌကထာရှိရကား။ အညတရံကားမဇ္ဇတိ၏ကံတည်း။ ။
ယေနယဿဟိသမ္ဗန္ဓော၊ ဒူရဋ္ဌံံပိစတဿတံ။ အတ္ထတောဟျသမာနာနံ၊အာသန္နတ္တမကာရဏံ။ ။ သိဇ္ဈတိဟူ၍၎င်း။ မိဇ္ဈတိဟူ၍၎င်းရှိသည်ကားမသင့်။ မဇ္ဇတိသင့်သည်။ ပုနနယုဉ္ဇတီတိ,ဟူသော အဋ္ဌကထာနှင့်လျော်သည်။ တံဒိတ္တရူပံဝိသမံစရန္တ န္တိတံဒိတ္တသဘာဝံဂဗ္ဘိတသဘာဝံကာယဒုစ္စရိတာ ဒိဘေဒံဝိသမံစရန္တံ။ ဟု-အဋ္ဌကထာဖွင့်ရကား။ ရိတ္တမသင့်၊ ဒိတ္တသင့်သည်)။ ။
သိရီကာဠကဏ္ဏီဇာတကံ သတ္တမံ။၃၈၂။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုစိတ္တပတ္တဆဒန, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤကုက္ကုဋဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ ငြီးငွေ့သောရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုကြောင်မသည် ဤကြက်သည်အလွန်လျှင်လိမ္မာ၏။ ငါတို့ဥပါယ်၌ လိမ္မာသည်၏အဖြစ်ကိုမသိ။ ငါသည်ဤကြက်ကိုသင်၏ မယားဖြစ်အံ့ဟု ဖြားယောင်း၍ မိမိ၏အလိုသို့လိုက်သောကာလ၌စားခြင်းငှာသင့်၏။ ထိုကြောင်မသည် ဘုရားလောင်းနေသော သစ်ပင်ရင်းသို့သွား၍။ ချီးမွမ်းခြင်း ရှေးရှိသော စကားဖြင့်ဘုရားလောင်းကိုတောင်းပန်လိုရကား။ ။
(၉ဝ၅)သုစိတ္တပတ္တဆဒန၊တမ္ဗစူဠ ဝိဟင်္ဂမ။
ဩရောဟ ဒုမသာခါယ၊မုဓါ ဘရိယာ ဘဝါမိ တေ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်၊ ဤကြောင်မသည် ငါ၏ခပ်သိမ်းကုန်သော အဆွေအမျိုးတို့ကိုစားအပ်လေပြီ။ ယခုအခါ ငါ့ကိုဖြားယောင်း၍စားလို၏။ ထိုကြောင်မကိုလွှတ်လိုက်အံ့ဟုကြံ၍။ ။
(၉၀၆)စတုပ္ပဒီ တွံ ကလျာဏိ၊ဒွိပဒါဟံ မနောရမေ။
မိဂီ ပက္ခီ အသညုတ္တာ၊အညံ ပရိယေသ သာမိကံ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ထိုကြောင်မသည် ဤကြက်သည် အလွန်လျှင်လိမ္မာ၏။ တစ်စုံတစ်ခုသော အကြောင်းဖြင့် လှည့်စားအံ့ဟုကြံ၍။ ။
(၉၀၇)ကောမာရိကာ တေ ဟေဿာမိ၊မဉ္ဇုကာ ပိယဘာဏိနီ။
ဝိန္ဒ မံ အရိယေန ဝေဒေန၊သာဝယ မံ ယဒိစ္ဆသိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုနောင်မှ ဘုရားလောင်းသည် ကြောင်မကို ခြိမ်းခြောက်၍ပြေးစိမ့်သောငှါ သင့်၏ဟုကြံ၍။ ။
(၉၀၈)ကုဏပါဒိနိ လောဟိတပေ၊စောရိ ကုက္ကုဋပေါထိနိ။
န တွံ အရိယေန ဝေဒေန၊မမံ ဘတ္တာရမိစ္ဆသိ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည်ဘုရားဖြစ်တော်မူပြီး၍။ ။
(၉ဝ၉)ဧဝမ္ပိ စတုရာ နာရီ၊ဒိသွာန သ-ဓနံ နရံ။
နေန္တိ သဏှာဟိ ဝါစာဟိ၊ဗိဠာရီ ဝိယ ကုက္ကုဋံ။ ။
(၉၁၀)ယော စ ဥပ္ပတိတံ အတ္ထံ၊န ခိပ္ပမနုဗုဇ္ဈတိ။
အမိတ္တဝသမနွေတိ၊ပစ္ဆာ စ အနုတပ္ပတိ။ ။
(၉၁၁)ယော စ ဥပ္ပတိတံ အတ္ထံ၊ခိပ္ပမေဝ နိဗောဓတိ။
မုစ္စတေ သတ္တုသမ္ဗာဓါ၊ကုက္ကုဋောဝ ဗိဠာရိယာ။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၉ဝ၉-၉၁၁)ဗီဠာရီ၊ ကြောင်မသည်။ ကက္ကုဋံ၊ အလောင်းတော်ကြက်မင်းကို။ နေတုံ၊ ဖြားယောင်း၍ဆောင်ယူခြင်းငှါ။ ဝါယမတိဝိယ၊ လုံ့လပြု၏သို့။ ဧဝံပိ၊ ဤအတူလည်း။ စာတုရာ၊ တင့်တယ်စမ္ပယ်ခြင်းနှင့်ပြည့်စုံကုန်သော။ နာရီ၊ မိန်းမတို့သည်။ သဓနံ၊ ဥစ္စာကုန်လုံသော။ နရံ၊ ယောက်ျားကို။ ဒိသွာန၊ မြင်၍။ သဏှာဟိ၊ နူးညံ့သိမ်မွေ့ကုန်သော။ ဝါစာဟိ၊ စကားတို့ဖြင့်။ နေန္တိ၊ မိမိအလိုသို့ဆောင်တတ်ကုန်၏။ ။
ယောစ၊ အကြင်သူသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာကြိမ်ကြိုက်လာသော။ အတ္ထံ၊ တစ်စုံတစ်ခုသောကိစ္စကို။ ခိပ္ပံ၊ လျင်တောက်တပို။ နအနူဗုဇ္ဈတိ၊ အဟုတ်အမှန်အားဖြင့်မသိ။ သော၊ ထိုမသိတတ်သောသူသည်။ အမိတ္တဝသံ၊ ရန်သူ့နိုင်ငံသို့။ အနွေတိ၊ လိုက်ရ၏။ ပစ္ဆာစ၊ နောက်၌လည်း။ အနုတပ္ပတိ၊ ပူပန်ရ၏။ ။
ယောစ၊ အကြင်ပညာရှိသည်ကား။ ဥပ္ပတိတံ၊ ဖြစ်လာ ကြိမ်ကြိုက်လာသော။ အတ္ထံ၊ တစ်စုံတစ်ခုသောကိစ္စကို။ ခိပ္ပမေဝ၊ လျင်တောက်တပိုသာလျှင်။ နိဗောဓတိ၊ သဘောအမှန်သိ၏။ သောပဏ္ဍိတော၊ ထိုပညာရှိသည်။ ဗီဠာရိယာ၊ ကြောင်မမှ။ မုတ္တော၊ လွတ်သော။ ကုက္ကုဋောဝ၊ အလောင်းတော်ကြက်မင်းကဲ့သို့။ သတ္တုသမ္ဗာဓာ၊ ရန်သူလက်တွင်းကျဉ်းမြောင်းခြင်းမှ။ မုစ္စတိ၊ လွတ်၏။ ။
(ကလျာဏိမိဂိအာလုပ်ဖြစ်၍ရဿနေသည်။ စတုပ္ပါဒီကားအာလုပ်မဟုတ်သောကြောင့်ဒီဃ။ ကုဏပံ အဒနသီလါဘက္ခဏ သီလာကုဏပါဒါနီဖြစ်လျက်အာလုပ်ဖြစ်၍ရဿနေသည်။ လောဟိတံ ပါတိပိဝတီတိ လောဟိတပါဖြစ်လျက် ဃတေစဖြင့်ဧပြုသည်။ စောရိကက္ကုဋပေါထိနိတို့၌လည်းရဿ။ သဓနံဟူ၍၎င်း၊ပဝရံဟူ၍၎င်းနှစ်ချက် ရှိသည်သင့်သည်ချည်း။ ။ ပဝရံရှိမူမြတ်သောပေး)။ ။
ကုက္ကုဋဇာတကံအဋ္ဌမံ။၃၈၃။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဓမ္မံစရထဉာတယော, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဓမ္မဓဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ အံ့ဘွယ်သရဲကိုဖြစ်စေတတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဤသို့ဆိုပြီး၍လည်း ထိုငှက်တို့ကိုခေါ်၍ သင်တို့အားအဆုံးအမကို ပေးအံ့၊ ထိုအဆုံးအမကို နားထောင်ကြကုန်အံ့လောဟု-အဆုံးအမပေးသည်၏အစွမ်းအားဖြင့်။ ။
(၉၁၂)ဓမ္မံ စရထ ဉာတယော၊ဓမ္မံ စရထ ဘဒ္ဒ ဝေါ။
ဓမ္မစာရီ သုခံ သေတိ၊အသ္မိံ လောကေ ပရမှိ စ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ငှက်တို့သည်ဤကျီးသည် အံ့ဘွယ်သရဲကိုပြုသဖြင့်အဥတို့ကိုစားအံ့သော ငှါဤသို့ဆို၏ဟုမသိ၍ထိုကျီးကိုချီးမွမ်းလိုသည်ဖြစ်၍။ ။
(၉၁၃)ဘဒ္ဒကော ဝတယံ ပက္ခီ၊ဒိဇော ပရမဓမ္မိကော။
ဧကပါဒေန တိဋ္ဌန္တော၊ဓမ္မမေဝါနုသာသတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ငှက်မင်းသည်ငှက်တို့လာကုန်လတ်သော် ခပ်သိမ်းကုန်သောငှက်တို့ကို စည်းဝေး၍ ငါသည်သင်တို့သားငယ်တို့၏ရန်သူကို စုံစမ်းသည်ရှိသော်၊ ဤယုတ်မာသောကျီးသည် စားသည်ကိုမြင်၍ ထိုကျီးကိုဖမ်းကြကုန်လော့ဟု ငှက်အပေါင်းတို့ကိုခေါ်၍စည်းဝေးစေ၍ပျံအံ့။ ထိုကျီးကိုဖမ်းကုန်လော့ဟုဆိုလို၍။ ။
(၉၁၄)နာဿ သီလံ ဝိဇာနာထ၊အနညာယ ပသံသထ။
ဘုတွာ အဏ္ဍဉ္စ ပေါတဉ္စ၊ဓမ္မော ဓမ္မောတိ ဘာသတိ။ ။
(၉၁၅)အညံ ဘဏတိ ဝါစာယ၊အညံ ကာယေန ကုဗ္ဗတိ။
ဝါစာယ နော စ ကာယေန၊န တံ ဓမ္မံ အဓိဋ္ဌိတော။ ။
(၉၁၆)ဝါစာယ သခိလော မနောဝိဒုဂ္ဂေါ၊ဆန္နော ကူပသယောဝ ကဏှသပ္ပေါ။
ဓမ္မဓဇော ဂါမနိဂမာသုသာဓု၊ဒုဇ္ဇာနော ပုရိသေန ဗာလိသေန။ ။
(၉၁၇)ဣမံ တုဏ္ဍေဟိ ပက္ခေဟိ၊ပါဒါ စိမံ ဝိဟေဌထ။
ဆဝဉှိမံ ဝိနာသေထ၊နာယံ သံဝါသနာရဟော။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၉၁၄-၉၁၇)ဘောသကုဏာ၊ အိုငှက်တို့။ တုမှေ၊ သင်တို့သည်။ အဿ၊ ထိုယုတ်မာသောကျီး၏။ သီလံ၊ သီလကို။ နဝိဇာနာထ၊ မသိကုန်။ အနညာယ၊ မသိသည်ဖြစ်၍။ ပသံသထ၊ ချီးမွမ်းကြကုန်၏။ အဏ္ဍဉ္စ၊ အဥကို၎င်း။ ပေါတဉ္စ၊ သားငယ်ကို၎င်း။ ဘုတွာ၊ စား၍။ ဓမ္မောဓမ္မောတိ၊ တရားတရားဟူ၍။ ဘာသတိ၊ ဆို၏။ ဝါစာယ၊ နှုတ်ဖြင့်။ အညံ၊ တစ်ပါးကို။ ဘဏတိ၊ ဆို၏။ ကာယေန၊ ကိုယ်ဖြင့်။ အညံ၊ တစ်ပါးကို။ ကုဗ္ဗတိ၊ ပြု၏။ ဝါစါယ၊ နှုတ်ဖြင့်။ ဓမ္မံ၊ တရားကို။ စရတိ၊ ကျင့်၏။ ကာယေနစ၊ ကိုယ်ဖြင့်ကား။ ဓမ္မံ၊ တရားကို။ နောစရတိ၊ မကျင့်။ တသ္မာ၊ ထို့ကြောင့်။ တံဓမ္မံတသ္မိံ ဓမ္မေ၊ ထိုမိမိပြောဆိုသောစကား၌။ အယံ၊ ဤကျီးသည်။ နအဓိဋ္ဌိတော၊ မတည်ဟူ၍။ ဇာနိတဗ္ဗော၊ သိအပ်၏။ ။
ဝါစာယ၊ နှုတ်ဖြင့်။ သခိလော၊ နူးညံ့၏။ မနောမနသာ၊ နှလုံးဖြင့်။ ဝိဒုဂ္ဂေါ၊ ဝင်နိုင်ခဲ၏။ ဝါ၊ မညီညွတ်။ ဆန္နော၊ ဖုံးလွှမ်းအပ်သော။ ကူပသယော၊ တွင်း၌တည်သော။ ကဏှသပ္ပေါဝ၊ မြွေဟောက်ကဲ့သို့။ ဓမ္မဓဇော၊ ဓမ္မဓဇသည်။ ဂါမနိဂမာသု၊ ရွာနိဂုံးတို့၌။ သာဓု၊ သူတော်ကောင်းဟူ၍။ ပဘာဝိတော၊ ထင်ရှား၏။ အယံ၊ ဤယုတ်မာသောငှက်ကို။ ဗာလိသေန၊ ဉာဏ်ပညာမရှိသော။ ပုရိသေန၊ ယောက်ျားသည်။ ဒုဇ္ဇာနော၊ သိခြင်းငှါခဲယဉ်း၏။ ။
ဣမံ၊ ဤကျီးကို။ တုဏ္ဍေဟိစ၊ နှုတ်သီးတို့ဖြင့်၎င်း။ ပက္ခေဟိစ၊ အတောင်တို့ဖြင့်၎င်း။ ဝိဟေဌထ၊ ညှဉ်းဆဲကြကုန်လော့။ ဣမံ၊ ဤကျီးကို။ ပါဒါစ၊ မိမိခြေဖြင့်လည်း။ ဝိဟေဌထ၊ ကန်ကြောက်ညှဉ်းဆဲကြကုန်လော့။ ဣမံဆဝံ၊ ဤယုတ်မာသောကျီးကို။ ဝိနာသေထ၊ ဖျက်ဆီးကြကုန်လော့။ ဟိသစ္စံ၊ မှန်၏။ အယံ၊ ဤကျီးသည်။ နသံဝါသနာရဟော၊ ငါတို့နှင့်အတူတကွနေခြင်းငှါမထိုက်။ ။
(ဘဒ္ဒံဝေါလိုလျက်ဆန်းအလို့ငှါနိဂ္ဂဟိတ်ကျေ။ တသ္မိံ ဓမ္မေအဓိဋ္ဌိတောလိုလျက်အဓိရှေးရှိသောဌာဓာတ်၏အယှဉ်ဖြစ်၍ အံသက်သည်။ ။ ဝါစာယသခိလောတိဝစနေနမုဒု။ မနောဝိဒုဂ္ဂေါတိမနသါဝိဒုဂ္ဂေါဒုပ္ပဝေသောဝိသမော။(အဋ္ဌကထာ)။ ။ ဂါမနိဂမေသု လိုလျက်လိင်ဖျက်၍ဂါမနိဂမာသုဆိုသည်။ ။ ဂါမနိဂမာသုသာဓူတိ ဂါမေသုစနိဂမေသုစသာဓု။ ဘဒ္ဒကောတိပဘာဝိတော။ (အဋ္ဌကထာ)။ ။ ဗာလိသေနအညာဏေန။(၎င်း)။ ။
ဓမ္မဓဇဇာတကံ နဝမံ။၃၈၄။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သစေဗြာဟ္မဏ ဂစ္ဆေသိ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤနန္ဒိယမိဂရာဇဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုအခါများကုန်သော နေ့တို့သည်လွန်သဖြင့် ထိုနန္ဒိယသမင်မင်း၏ မိဘတို့သည် ထိုနန္ဒိယသမင်မင်းကို ဖူးမြင်လိုကုန်သည်ဖြစ်၍ ငါတို့၏သားဖြစ်သောဆင်ပြောင်အားနှင့်တူသော အားရှိသောအစွမ်းနှင့် ပြည့်စုံသော နန္ဒိယသမင်မင်းသည် အကယ်၍ အသက်ရှင်သည် ဖြစ်အံ့၊ စောင်ရန်းကိုခုန်၍ငါတို့အားဖူးမြင်အံ့သောငှါ မချွတ်လာလတ္တံ့။ ထိုနန္ဒိယသမင်မင်းအား သတင်းစကားကို စေကုန်အံ့ဟုကြံ၍ ခရီး၏အနီး၌ ရပ်၍ပုဏ္ဏားတစ်ယောက်ကိုမြင်၍။ အရှင်၊ အဘယ်သို့သွားအံ့နည်းဟုလူတို့၏ စကားဖြင့်မေး၍၊ သာကေတမြို့သို့သွားအံ့ဟု ဆိုသည်ရှိသော်၊ သားအားသတင်းစကားကိုမှာလိုက်လိုသည်ဖြစ်၍။ ။
(၉၁၈)သစေ ဗြာဟ္မဏ ဂစ္ဆေသိ၊သာကေတေ အဇ္ဇုနံ ဝနံ။
ဝဇ္ဇာသိ နန္ဒိယံ နာမ၊ပုတ္တံ အသ္မာကမောရသံ။
မာတာ ပိတာ စ တေ ဝုဒ္ဓါ၊တေ တံ ဣစ္ဆန္တိ ပဿိတုံ။ ။
ဟူသောပဌမဂါထာကိုဆို၏။ ။
(၉၁၈)ဗြာဟ္မဏ၊ ပုဏ္ဏား။ သာကေတံ၊ သာကေတမြို့တို့။ တွံ၊ သင်သည်။ သစေဂစ္ဆေသိ၊ အကယ်၍သွားသည်ဖြစ်အံ့။ သာကေတေ၊ သာကေတမြို့၌။ အဇ္ဇုနံ၊ အဇ္ဇုနအမည်ရှိသော။ ဝနံ၊ ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုအဇ္ဇုနဥယျာဉ်၌။ အသ္မာကံ၊ ငါတို့၏။ ဩရသံ၊ ရင်၌ဖြစ်သော။ နန္ဒိယံနာမ၊ နန္ဒိယအမည်ရှိသော။ ပုတ္တံ၊ သားကို။ တေ၊ သင်၏။ မာတာစ၊ အမိသည်၎င်း။ ပိတာစ၊ အဘသည်၎င်း။ ဝုဍ္ဎာ၊ ကြီးကုန်ပြီ။ တေ၊ ထိုမိဘတို့သည်။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှါ။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ဆိုပါလေ။ ။
ထိုပုဏ္ဏားသည်ကောင်းပြီဟုဝန်ခံ၍သာကေတမြို့သို့ရောက်၍ နက်ဖြန်နေ့၌ဥယျာဉ်သို့ဝင်၍ နန္ဒိယမည်သောသမင်သည် အဘယ်သမင်နည်းဟုမေး၏။ နန္ဒိယသမင်သည် ထိုပုဏ္ဏား၏အနီး၌ရပ်၍ငါတည်းဟုဆို၏။ ပုဏ္ဏားသည် ထိုအကြောင်းကိုကြား၍။ နန္ဒိယသမင်မင်းသည် ထိုစကားကိုကြား၍။ ငါသည် စောင်ရန်းကိုခုန်၍ မသွားနိုင်သည်မဟုတ်။ သွားနိုင်သည်လျှင်တည်း။ ငါသည်ကား မင်း၏ဥစ္စာဖြစ်သော ရိက္ခာရေအစာကိုစား၏။ ထိုအစာသည်ငါ့အားမြီအရာ၌ တည်၏။ ဤသမင်အပေါင်းတို့၏အလယ်၌ ကြာမြင့်စွာနေ၏။ မင်း၏၎င်း ထိုသမင်တို့၏၎င်း ချမ်းသာသောအဖြစ်ကိုမပြုမူ၍ မိမိအစွမ်းကိုမပြမူ၍ သွားခြင်းမည်သည် ငါ့အားမသင့်။ မိမိအလှည့် ရောက်သည်ရှိသော်ကားငါသည် ထိုသမင်တို့အား ချမ်းသာသောအဖြစ်ကိုပြု၍ ချမ်းသာစွာလာရအံ့ဟုဆို၏။ ထိုအကြောင်းကိုပြလိုသည်ဖြစ်၍။ ။
(၉၁၉)ဘုတ္တာ မယာ နိဝါပါနိ၊ရာဇိနော ပါနဘောဇနံ။
တံ ရာဇပိဏ္ဍံ အဝဘောတ္တံ၊နာဟံ ဗြာဟ္မဏ မုဿဟေ။ ။
(၉၂၀)ဩဒဟိဿာမဟံ ပဿံ၊ခုရပ္ပါနိဿ ရာဇိနော။
တဒါဟံ သုခိတော မုတ္တော၊အပိ ပဿေယျ မာတရံ။ ။
ဟူသောနှစ်ဂါထာကိုဆို၏။ ။
(၉၁၉-၉၂၀)ဗြာဟ္မဏ၊ ပုဏ္ဏား။ မယာ၊ ငါသည်။ ရာဇိနော၊ မင်း၏။ နိဝါပါနိ၊ ထိုထိုအရပ်၌ ထားအပ်သောရိက္ခာတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ ပါနဘောဇနံ၊ ရေအစာကို။ ဘုတ္တံ၊ စားအပ်၏။ တံရာဇပိဏ္ဍံ၊ ထိုမင်း၏ဥစ္စာဖြစ်သောအစာကို။ အဝဘောတ္တ၊ မကောင်းသဖြင့်စားအပ်သည်ကို။ ကာတုံ၊ ပြုခြင်းငှါ။ အဟံ၊ ငါသည်။ နဥဿဟေ၊ မဝံ့။ ။
ဗြာဟ္မဏ၊ ပုဏ္ဏား။ အဟံ၊ ငါသည်။ အတ္တနော၊ မိမိ၏။ ဝါရေ၊ အလှည့်သည်။ သမ္ပတ္တေ၊ ရောက်သည်ရှိသော်။ ခုရပ္ပါနိ၊ စဉ်းသွားတပ်သော မြားတို့ကို။ သန္နယှိတွာ၊ ဖွဲ့၍။ အာဂတဿ၊ လာသော။ အဿရာဇိနော၊ ထိုမင်းအား။ မိဂယူထတော၊ သားအပေါင်းမှ။ နိက္ခမိတွာ၊ ထွက်၍။ ဧကမန္တေ၊ တင့်အပ်သောအရပ်၌။ ဌတွာ၊ တည်၍။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မံ၊ ငါ့ကို။ ဝိဇ္ဈ၊ ပစ်လော့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ပဿံ၊ မိမိ၏နံပါးကို။ ဩဒဟိဿာမိ၊ ရှေးရှူထားအံ့။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ မရဏဘယာ၊ သေဘေးမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ သုခိတော၊ ချမ်းသာရောက်သည်ဖြစ်၍။ ရညာ၊ မင်းသည်။ အနုညာတော၊ ခွင့်ပြုအပ်သည်ဖြစ်၍။ မာတရံ၊ မယ်တော် ခမည်းတော်ကို။ အပိပဿေယျံ၊ ဖူးမြင်ရအံ့လည်းမသိ။ ။
ထိုစကားကိုကြား၍ ပုဏ္ဏားသည်သွား၏။ နောက်အဘို့၌ ထိုနန္ဒိယသမင်မင်း၏ အလှည့်ရောက်သောနေ့၌ မင်းသည်များစွာသော အခြံအရံဖြင့်ဥယျာဉ်သို့လာ၏။ ဘုရားလောင်းသည်တင့်အပ်သောအရပ်၌နေ၏။ မင်းသည် သမင်ကိုပစ်အံ့ဟုစဉ်းသွားကိုဘွဲ့၏။ ဘုရားလောင်းသည် တစ်ပါးကုန်သောသမင်တို့သည် သေဘေးဖြင့်ကြောက်၍ပြေးကုန်သကဲ့သို့ မပြေးမူ၍ ကြောက်ခြင်းမရှိသည်ဖြစ်၍ မေတ္တာကိုရှေ့ထားသည်ကိုပြု၍ လက်ျာနံပါးဖြင့်ခံ၍မတုန်မလှုပ်လျှင်နေ၏။ မင်းသည် ထိုသမင်၏မေတ္တာအာနုဘော်ဖြင့် မြားကိုလွှတ်အံ့သောငှါ မတတ်နိုင်။ ဘုရားလောင်းသည် မြတ်သောမင်းကြီး၊ မြားကိုအဘယ့်ကြောင့်မလွှတ်သနည်း၊ လွှတ်လော့ဟုဆို၏။ သမင်မင်း၊ ငါသည်မြားကိုလွှတ်အံ့သောငှါမတတ်နိုင်ဟုဆို၏။ မြတ်သောမင်းကြီး၊ ထိုသို့တပြီးကား ဂုဏ်ရှိသောသူတို့၏ ကျေးဇူးကို သိလော့ဟုဆို၏။ ထိုအခါမင်းသည် ဘုရားလောင်း၌ကြည်ညို၍ လေးကိုစွန့်၍ စိတ်မရှိသောဤမြားသည်လျက်ရှေးဦးစွာသင်၏ကျေးဇူးကိုသိ၏။ ငါသည် စိတ်ရှိသော လူဖြစ်လျက်လည်းသင်၏ကျေးဇူးကိုမသိ။ သမင်မင်း၊ သင်သည်ငါ့အားသည်းခံပါလော့။ သင်အားဘေးမဲ့ပေး၏ဟုဆို၏။ မြတ်သောမင်းကြီး၊ ငါ့အားရှေးဦးစွာဘေးမဲ့ပေး၏။ ဥယျာဉ်၌သမင်အပေါင်းကိုကား အသို့ပြုလတ္တံ့နည်းဟုဆို၏။ ထိုသမင်အပေါင်းတို့အားလည်းဘေးမဲ့ကိုပေး၏ဟုဆို၏။ ဤသို့ဘုရားလောင်းသည် နိဂြောဓဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့်လျှင်ခပ်သိမ်းကုန်သော တော၌နေကုန်သော သားအပေါင်းကိုအား၎င်း၊ ကောင်းကင်၌ သွားကုန်သော ငှက်အပေါင်းတို့အား၎င်း၊ ရေ၌နေကုန်သော ငါးအပေါင်းတို့အား၎င်း ဘေးမဲ့ကိုပေးစေ၍ မင်းကိုပဉ္စသီတို့၌တည်စေ၍၊ မြတ်သောမင်းကြီး၊ မင်းမည်သည်အဂတိလိုက်ခြင်းကိုပယ်၍ဆယ်ပါးသောမင်းကျင့်တရားတို့ကို မပျက်စေမူ၍ တရားနှင့်ညီစွာမင်းပြုခြင်းငှါသင့်၏ဟုဆိုလို၍။ ။
ဒါနံ သီလံ ပရိစ္စာဂံ၊အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက္ကောဓံ အဝိဟိံသဉ္စ၊ခန္တီစ အဝိရောဓနော။ ။
ဣစ္စေ-တေ ကုသလေ ဓမ္မေ၊ဌိတေ ပဿာမိ အတ္တနိ။
တတော မေ ဇာယတေ ပီတိ၊သောမနဿဉ္စ သဗ္ဗကံ။ ။
ဤသို့ဟောအပ်ကုန်သောမင်းကျင့်တရားဆယ်ပါးတို့ကို သမင်မင်းသည် ဂါထာဘွဲ့သဖြင့်ပြ၍ နှစ်ရက်သုံးရက်မင်း၏အထံ၌ ခပ်သိမ်းကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကိုပြုအံ့သောငှါ ရွှေစည်ကိုလည်စေ၍၊ မြတ်သောမင်းကြီး၊ မမေ့မလျော့သည် ဖြစ်လော့ဟုဆို၍မိဘတို့အားဖူးမြင်အံ့သောငှါသွား၏။ ဤအတိတ်ကိုဆောင်တော်မူပြီး၍သဗ္ဗညုမြတ်စွာဘုရားသည်။ ။
(၉၂၁)မိဂရာဇာ ပုရေ အာသိံ၊ကောသလဿ နိကေတနေ။
နန္ဒိယော နာမ နာမေန၊အဘိရူပေါ စတုပ္ပဒေါ။ ။
(၉၂၂)တံ မံ ဝဓိတုမာဂစ္ဆိ၊ဒါယသ္မိံ အဇ္ဇုနေ ဝနေ။
ဓနုံ အာရဇ္ဇုံ ကတွာန၊ဥသုံ သန္နယှ ကောသလော။ ။
(၉၂၃)တဿာဟံ ဩဒဟိံ ပဿံ၊ခုရပ္ပါနိဿ ရာဇိနော။
တဒါဟံ သုခိတော မုတ္တော၊မာတရံ ဒဋ္ဌုမာဂတော။ ။
ဟူသောဤအဘိသမ္ဗုဒ္ဓဂါထာတို့ကိုဟောတော်မူ၏။ ။
(၉၂၁-၉၂၃)ဘိက္ခဝေ၊ ရဟန်းတို့။ ပုရေ၊ ရှေး၌။ ကောသလဿ၊ ကောသလမင်း၏။ နိကေတနေ၊ မင်းနေပြည်၌။ အဘိရူပေါ၊ အလွန်အဆင်းလှသော။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော။ နာမေန၊ အမည်အားဖြင့်။ နန္ဒိယောနာမ၊ နန္ဒိယမည်သော။ မိဂရာဇာ၊ သမင်မင်းသည်။ အာသိံ၊ ငါဖြစ်ဘူးပြီ။ ။
ဘိက္ခဝေ၊ ရဟန်းတို့။ ကောသလော၊ ကောသလမင်းသည်။ အဇ္ဇုနေဝနေ၊ ဘောက်ကြံ့ပင်များသည်ဖြစ်၍ အဇ္ဇုနဝန်မည်သော။ ဒါယသ္မိံ၊ သားတို့အား နေစိမ့်သောငှါ ပေးအပ်သောဥယျာဉ်၌။ တံမံ၊ ထိုငါ့ကို။ ဝဓိတုံ၊ သတ်အံ့သောငှါ။ ဓနုံ၊ လေးကို။ အာရဇ္ဇုံ၊ ညှို့နှင့်တကွဘွဲ့သည်ကို။ ကတွာန၊ ပြု၍။ ဥသုံ၊ မြားကို။ သန္နယှ၊ ဘွဲ့၍။ အာဂစ္ဆိ၊ လာ၏။ ။
အဟံ၊ ငါသည်။ တဿ၊ ထိုကောသလမင်းအား။ ပဿံ၊ လက်ျာနံပါးကို။ ဩဒဟိံ၊ ပစ်စိမ့်သောငှာခံ၏။ အဿရာဇိနော၊ ထိုကောသလမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတပ်သော မြားတို့ကို။ ဩဒဟိံ၊ ခံ၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာစွာ။ မုတ္တော၊ သေဘေးမှလွတ်သည်ဖြစ်၍။ မာတရံ၊ မယ်တော်ကို။ ဒဋ္ဌုံ၊ ဖူးမြင်အံ့သောငှါ။ ဂတော၊ သွား၏။ ။
(ဂစ္ဆသိလိုလျက်ဧပြု၍ဂစ္ဆေသိနေသည်။ တံရာဇပိဏ္ဍအဝဘောတ္တံ၊နာဟံဗြာဟ္မဏမုဿဟေ။ ဟူသောပါဌ်ဝယ်အဓိပ္ပါယ်ကား။ မင်း၏ဘောဇဉ်ကိုစားလျက် မင်း၏ကိစ္စကို မဆောင်ရွက်မပြီးသောသူသည် ယုတ်သောစားခြင်းကို စားသည်မည်၏။ ထိုကြောင့်ငါသည်ဤကဲ့သို့ယုတ်မာသောစားခြင်းကို စားခြင်းငှါမဝံ့ဟူလိုသည်။ အာရဇ္ဇုံကတွာလိုသည်။ ပါရဇ္ဇံမလို။ အာရဇ္ဇုံကတွာနာတိဇိယာယသဒ္ဓိံ ဧကတောကတွာအာရောပေတွာတိအတ္ထော။ (အဋ္ဌကထာ)။ ။
နန္ဒိယမိဂရာဇဇာတကံ ဒသမံ။၃၈၅။ အဝါရိယဝဂ္ဂေါ ပဌမော။ ။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်ဘုရားသည်၊ သစ္စံကိရေဝမာဟံသု, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခရပုတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ထိုဆိတ်ကိုရထား၌ကသော တစ်ခုသောသိန္ဓောမြင်းသည်မြင်၍၊ အဆွေဆိတ်မင်း၊ ဆိတ်တို့သည် မိုက်ကုန်သတတ် အရှက်မရှိကုန်သတတ် ဟုငါတို့သည်ရှေး၌ကြားဘူးကုန်၏။ ယခုမှလျှင်ကိုယ်တိုင်မြင်ရကုန်၏။ သင်သည်ကားဆိတ်ကွယ်ရာအရပ်၌ပြုအပ်သောမေထုန်အကျင့်ကိုဤမျှလောက်ကုန်သော ငါတို့၏မြင်ကုန်စဉ်လျှင်ပြု၏။ အရှက်မရှိ။ ငါတို့ရှေး၌ ကြားဘူးသောစကားသည်ဤမြင်ခြင်းနှင့်ညီသလျှင်ကတည်းဟုဆို၏။ ။
(၉၂၄)သစ္စံ ကိရေဝမာဟံသု၊ဂရံ ဗာလောတိ ပဏ္ဍိတာ။
ပဿ ဗာလော ရဟောကမ္မံ၊အာဝိကုဗ္ဗံ န ဗုဇ္ဈတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဆိတ်သည်။ ။
(၉၂၅)တွံ ခေါပိသမ္မ ဗာလောသိ၊ခရပုတ္တ ဝိဇာနဟိ။
ရဇ္ဇုယာ ဟိ ပရိက္ခိတ္တော၊ဝင်္ကောဋ္ဌော ဩဟိတော-မုခေါ။ ။
(၉၂၆)အယမ္ပိ သမ္မ တေ ဗာလော၊ယော မုတ္တော န ပလာယသိ။
သော စ ဗာလတရော သမ္မ၊ယံ တွံ ဝဟသိ သေနကံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၂၅-၉၂၆)ခရပုတ္တ၊ မြည်း၏သားဖြစ်သော။ သမ္မသိန္ဓဝ၊ အဆွေသိန္ဓောမြင်း။ ရဇ္ဇုယာ၊ ကြိုးဖြင့်။ ပရိက္ခိတ္တော၊ ထမ်းပိုးနှင့်တကွလည်၌ရစ်အပ်သော။ ဝင်္ကောဋ္ဌော၊ ကောက်သောနှုတ်ခမ်းရှိသော။ ဩဟိတောမုခေါ၊ အောက်သို့ချသောမျက်နှာရှိသော။ တွံခေါ၊ သင်သည်သာလျှင်။ မယာပိ၊ ငါ့အောက်လည်း။ ဗာလောဗာလတရော၊ အလွန်မိုက်သည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝိဇာနာဟိ၊ သိလော့။ ။
သမ္မသိန္ဓဝ၊ အဆွေသိန္ဓောမြင်း။ ယောတွံ၊ အကြင်သင်သည်။ မုတ္တော၊ ရထားမှလွတ်သည်ရှိသော်။ နပလာယသိ၊ တောသို့မပြေး။ တေ၊ သင်၏။ ယံအပလာယနံ၊ အကြင်ရထားမှ လွတ်သော်တောအရပ်သို့မပြေးခြင်းသည်။ အတ္ထိ၊ ရှိ၏။ (ထည့်)။ အယမ္ပိ၊ ဤသို့ရထားမှလွတ်သောအခါ တောအရပ်သို့မပြေးခြင်းသည်လည်း။ ဗာလောဗာလဘာဝေါ၊ မိုက်သည်၏အဖြစ်ကဲ့ရဲ့စရာအဖြစ် တစ်ခုပင်တည်း။ သမ္မသိန္ဓဝ၊ အဆွေသိန္ဓောမြင်း။ တွံ၊ သင်သည်။ ယံသေနကံ၊ အကြင်သေနကမင်းကို။ ဝဟသိ၊ ရွက်ဆောင်၏။ သောစ၊ ထိုသေနကမင်းသည်လည်း။ တယာ၊ သင့်အောက်။ ဗာလတရော၊ အထူးသဖြင့်မိုက်သေး၏။ ။
မင်းသည်မြင်းဆိတ်တို့၏စကားကိုသိ၏။ ထိုကြောင့် ထိုစကားကိုနားထောင်လျက်ရထားကိုဖြည်းဖြည်းနှင်စေ၏။ သိန္ဓောမြင်းသည်လည်း ထိုဆိတ်၏စကားကိုကြား၍။ ။
(၉၂၇)ယံ နု သမ္မ အဟံ ဗာလော၊အဇရာဇ ဝိဇာနဟိ။
အထ ကေန သေနကော ဗာလော၊တံ မေ အက္ခာဟိ ပုစ္ဆိတော။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဆိတ်မင်းသည်ကြားလိုရကား။ ။
(၉၂၈)ဥတ္တမတ္ထံ လဘိတွာန၊ဘရိယာ န ဘဝိဿတိ။
တေန ဇဟိဿတတ္တာနံ၊သာ စေဝဿ ဇဟိဿတိ။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ထိုနောင်မှမင်းသည် ဆိတ်၏စကားကိုကြား၍၊ ဆိတ်မင်း၊ ငါတို့၏ချမ်းသာကိုပြုသည်ရှိသော် သင်သည်လျှင်ပြုလတ္တံ့။ ရှေးဦးစွာငါတို့အားပြုအပ်သည်နှင့်ယှဉ်သောအမှုကိုဆိုပါလော့ဟုဆို၏။ ထိုအခါသေနကမင်းကိုဆိတ်မင်းသည်၊ မြတ်သောမင်းကြီး၊ ဤသတ္တဝါတို့အား ကိုယ့်ထက်တစ်ပါးသောချစ်သောသူမည်သည်မရှိ။ တစ်ခုသောချစ်အပ်သော ဘဏ္ဍာကိုမှီ၍ ကိုယ့်ကိုယ်ကိုပင် ဖျက်ဆီးအံ့သောငှါ ရအပ်သောစည်းစိမ်ကို စွန့်အံ့သောငှါမသင့်ဟုဆို၍။ ။
(၉၂၉)န ပိယမေဒန္တိ ဇနိန္ဒ တာဒိသော၊အတ္တံ နိရံကတွာ ပိယာနိ သေဝတိ။
အတ္တာ-ဝ သေယျော ပရမာ စ သေယျော၊လဗ္ဘာ စပိယာ ဥစိတတ္ထေန ပစ္ဆာ။ ။
ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။
(၉၂၉)ဇနိန္ဒ၊ လူတို့ကိုအစိုးရသောမင်း။ တာဒိသောတုမှာဒိသော၊ သင်ကဲ့သို့ကြီးကျယ်သော စည်းစိမ်၌တည်သောသူသည်။ ပိယဘဏ္ဍံ၊ ချစ်မြတ်နိုးအပ်သောမယားဟူသောဥစ္စာကို။ နိဿာယ၊ မှီ၍။ (ထည့်)။ ဣဒံဘဏ္ဍံ၊ ဤဘဏ္ဍာသည်။ မေ၊ ငါသည်။ ပိယံ၊ ချစ်အပ်သောဘဏ္ဍာတည်း။ ဣတိ၊ ဤသို့။ အတ္တံအတ္တာနံ၊ မိမိကိုယ်ကို။ နိရံကတွာဆဍ္ဍေတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်သောဘဏ္ဍာတို့ကို။ သေဝတိ၊ မှီဝဲအံ့။ တံ၊ ထိုသို့မိမိကိုယ်ကိုစွန့်၍ချစ်အပ်သောဘဏ္ဍာကိုမှီဝဲခြင်းသည်။ နယုတ္တံ၊ မသင့်။ ကိံကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ အတ္တာဝ၊ မိမိကိုယ်သည်သာလျှင်။ ယသ္မာ၊ အကြင်ကြောင့်။ သတဂုဏေန၊ အဆအရာဖြင့်။ သဟဿဂုဏေန၊ အဆ အထောင်ဖြင့်။ သတသဟဿဂုဏေန၊ အဆ အသိန်းဖြင့်။ သေယျောဝရောဥတ္တမော၊ မြတ်၏။ ကုတော၊ အဘယ်ထက်မြတ်သနည်းဟူမူကား။ ပရမာစပရမာပိ၊ မိမိမှတစ်ပါးမြတ်လှစွာသောချစ်အပ်သော ဘဏ္ဍာထက်လည်း။ သေယျောဥတ္တမော၊ မြတ်၏။ တသ္မာ၊ ထို့ကြောင့်။ အယုတ္တံ၊ မသင့်။ စသစ္စံ၊ မှန်၏။ ဥစိတတ္ထေန၊ ပွါးစီးတိုးတက်သောစည်းစိမ်ဥစ္စာနှင့်ပြည့်စုံသောယောက်ျားသည်။ ပစ္ဆာ၊ နောက်မှ၊နောက်၌။ ပိယာ၊ ချစ်အပ်သောမယားမည်သည်ကို။ လဗ္ဘာ၊ ရခြင်းငှါ တတ်ကောင်း၏။ တသ္မာ၊ ထိုသို့သောအကြောင်းကြောင့်။ အတ္တာ၊ မိမိကိုယ်ကို။ နနာသေတဗ္ဗော၊ မဖျက်ဆီးစကောင်း။ ။
(ဂရံအဇံဟု-အဋ္ဌကထာဖွင့်သောကြောင့်၊ ဂရသည် အဇ၏ပရိယာယ်မှတ်။ ပဿထဆိုလိုလျက် ထကျေသည်။ အဋ္ဌကထာအလိုအာချာတ်အာလုပ်တည်း။ ထိုကြောင့်။ ပဿတိ အာလပနံပဿထာတိအတ္ထော။ဟုမိန့်သည်။ တံခေါ၌ ခေါကားအဝဓာရဏ။ ပိကိုမယာပိဟုယှဉ်။ ခရဿပုတ္တောခရပုတ္တော၊ မြည်း၏သားဖြစ်သောကြောင့်ခရပုတ္တဟုဆိုသတည်း။ ရဇ္ဇုယာဟိ၌ဟိကား အနက်မရှိ။ အကယ်၍အနက်ရှိကြံလိုအံ့။ ဟိယသ္မာရဇ္ဇုယာပရိက္ခိတ္တောဝင်္ကောဋ္ဌော ဩဟိတောမုခေါသေနကံ ဝဟသိတသ္မာဗာလောတွံ-ဟုယောဇနါ။ အယံပိသမ္မတေသင့်သည် သမ္မတောမသင့်၊ ဗာလောကား ဘာဝ ပ္ပဋ္ဌာနတည်း။ အချို့စာ၌ဗာလျံရှိ၏ အယံပိနှင့်လိင်မတန်။ ယန္တိ ကာရဏတ္ထေပစ္စတ္တဝစနံ။ နုတိအနုသဝနတ္ထေနိပါတော(အဋ္ဌကထာ)။ အနုသဝနတ္ထဟုဆိုသော်လည်း ကိရကဲ့သို့ ကြိယာနှင့်ယှဉ်ရသည်မဟုတ်။ ဝိဇာနာဟိဟုဆိုအပ်လျက်ဂါထာဖြစ်၍ ရဿပြုသည်။ တံတံကာရဏံဇာနိတုံသက္ကာဟု အဋ္ဌကထာရှိ၍ဝိဇာနဟိဝိဇာနိတုံသက္ကာဟု၊ယောဇနာသည်။ ဆဋ္ဌဂါထာ၌ နပိယမေ၊တိပိယံမေ၊ အယမေဝဝါပါဌော၊ ဟု-အဋ္ဌကထာဖွင့်ရကားနကား အနက်မရ။ ယထက်နိဂ္ဂဟိတ်ကျေသည်။ နပိယမေ ဆန်းလျော်သည်။ တာဒိသောတုမှာဒိသောဟူရကား။ တွံဝိယဒိဿတီတိတွာဒိသော,ပြု။ သောဝိယဒိဿတီတိတာဒိသော,မပြုလင့်။ တုမှကို တပြုသည်မှတ်။ အတ္တံနိရံကတွာတိအတ္တာနံ ဆဍ္ဍေတွာ,ဘွင့်ရကား။ အတ္တံသည် အတ္တာနံမှ ရုပ်အထူးမှတ်။ တာနိသေဝတိ၊တဒယုတ္တံ၊ ကိံ ကာရဏာ အတ္တာဝသေယျောတိ ယသ္မာသတဂုဏေနသဟဿဂုဏေန သတသဟဿဂုဏေနအတ္တာဝသေယျောဝရောဥတ္တမေါဟုအဋ္ဌကထာရှိသောကြောင့်။ တဒယုတ္တံစသောပါဌသေသကို သိအပ်သည်။ အတ္တာဝသေယျောကိုသာဆိုချေသော်အဘယ်ထက်မြတ်သနည်း၊ အယုတ်ထက်မြတ်သလောအလတ်ထက်မြတ်သလောစောကြောဘွယ်ရှိသောကြောင့်ပရမာစသေယျောဟောပြန်သည်။ ထို့ကြောင့်အဋ္ဌကထာ၌ သေယျောပရမာစဥတ္တမာအညသ္မာပိယဘဏ္ဍာပီတိအတ္ထော။ ဧတ္ထဟိစကာရောပိကာရဏတ္ထေနိပါတောဒဋ္ဌဗ္ဗောဟုဘွင့်သည်။ ၎င်းအဋ္ဌကထာကိုရှု၍ ကုတောစသောပါဌသေသနှင့်တကွယောဇနာသည်။ ။ လဗ္ဘာစ၌ကားဒဠှီ။ ဥစိတတ္ထေနဝဍ္ဎိကတ္ထေနယဿသမ္ပန္နောနပုရိသေနပစ္ဆာပိယာနာမ သက္ကာလဒ္ဓုံ တသ္မာကရဏာ နအတ္တာနာသေတဗ္ဗောတိ။ ဟူသောဂါထာကို မြော်၍အနက်ယောဇနာသည်ကိုများစွာသောနိဿယည်းတို့နှင့်မညီဟု မဤမသာနှလုံးမရှိရာ)။ ။
ခရပုတ္တဇာတကံ ပဌမံ။၃၈၆။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အကက္ကသံ အဖရုသံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသူစိဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ ပညာပါရမီကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ထိုအပ်ကိုအပ်ကျည်၌ထည့်၍ ခါးပိုက်၌ထား၍ ထိုရွာသို့သွား၍ ပန်းပဲအကြီး၏နေရာအိမ်လမ်းကိုမေး၍၊ ထိုအိမ်သို့သွား၍ တံခါး၌ရပ်၍ငါ၏လက်မှ ဤသို့သဘောရှိသောအပ်ကို အဘိုးဖြင့် အဘယ်သူသည်ဝယ်ခြင်းငှါ အလိုရှိသနည်းဟုအပ်ကိုချီးမွမ်းလျက် ပန်းပဲအကြီး၏အိမ်တံခါးအနီးသို့သွား၍။ ။
(၉၃ဝ)အကက္ကသံ အဖရုသံ၊ခရဓေါတံ သုပါသိယံ။
သုခုမံ တိခိဏဂ္ဂဉ္စ၊ကော သူစိံ ကေတုမိစ္ဆတိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဤသို့ဆို၍လည်းတဘန်ထိုအပ်ကိုချီးမွမ်းလိုရကား။ ။
(၉၃၁)သုမဇ္ဇဉ္စ သုပါသဉ္စ၊အနုပုဗ္ဗံ သုဝဋ္ဋိတံ။
ဃနဃာတိမံ ပဋိထဒ္ဓံ၊ကော သူစိံ ကေတုမိစ္ဆတိ။ ။
ဟူသောနှစ်ခုမြောက်သောဂါထာကိုဆို၏။ ။
ထိုခဏ၌ ပန်းပဲသ္မီးငယ်သည်လာ၍၊ မောင်လုလင်၊ တိုင်းအလုံး၌ နေကုန်သောသူတို့သည် အပ်အစရှိသည်တို့၏အကျိုးငှါ၊ ဤရွာသို့လာကုန်၏။ သင်သည် မိုက်သည်၏အဖြစ်ကြောင့်ပန်းပဲတို့၏ရွာ၌အပ်ကိုရောင်းခြင်းငှါအလိုရှိ၏။ တစ်နေ့ပတ်လုံးလည်းအပ်၏ကျေးဇူးကို အကယ်၍ဆိုငြားအံ့၊ တစ်စုံတစ်ယောက်သောသူသည် သင်၏ လက်မှအပ်ကို မဝယ်လတ္တံ့။ သင်သည် အဘိုးကိုရခြင်းငှာ အကယ်၍ အလိုရှိအံ့၊ တစ်ပါးသောရွာသို့ သွားလေလော့ဟုဆိုလို၍။ ။
(၉၃၂)ဣတော ဒါနိ ပတာယန္တိ၊သူစိယော ဗဠိသာနိ စ။
ကောယံ ကမ္မာရဂါမသ္မိံ၊သူစိံ ဝိက္ကေတုမိစ္ဆတိ။ ။
(၉၃၃)ဣတော သတ္ထာနိ ဂစ္ဆန္တိ၊ကမ္မန္တာ ဝိဝိဓါ ပုထူ။
ကောယံ ကမ္မာရဂါမသ္မိံ၊သူစိံ ဝိက္ကေတုမိစ္ဆတိ။ ။
ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၃၂-၉၃၃)မာဏဝ၊ မောင်လုလင်။ ဣဒါနိ၊ ယခုအခါ၌။ ဣတော၊ ဤပန်းပဲရွာကြီးမှ။ သူစိယောစ၊ အပ်တို့သည်၎င်း။ ဗဠိသာနိစ၊ သံကောက်တို့သည်၎င်း။ ပတာယန္တိ နိက္ခမန္တိ၊ ထွက်ကုန်၏။ ဝါ၊ ထိုထိုအရပ်သို့ပျံ့နှံ့ကုန်၏။ ယော၊ အကြင်သူသည်။ ကမ္မာရဂါမသ္မိံ၊ ဤသို့သဘောရှိသောပန်းပဲရွာကြီး၌။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းအံ့သောငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။ အယံ၊ ဤပန်းပဲရွာဝယ် အပ်ရောင်းလာသော သူသည်ကား။ ကော၊ အဘယ်သို့သဘောရှိသောသူနည်း။ ။
(အရာဌာနမသိသောသူလောဟူလိုသည်)။ ။ မာဏဝ၊ မောင်လုလင်။ ဣတော၊ ဤဝန်းကျင်ကြေညာပန်းပဲရွာကြီးမှ။ သတ္ထာ၊ တစည်းစူးဆောက် ပုဆိန် ထားမအပ်ကမကြွင်းအချင်းခပ်သိမ်းသံဘဏ္ဍာအပေါင်းရောင်းဝယ်ဘောက်ကားသောကုန်သည်တို့သည်။ နိဂ္ဂစ္ဆန္တိ၊ ထွက်ကုန်၏။ ဝိဝိဓာ၊ အထူးထူးအပြားပြားရှိကုန်သော။ ပုထူ၊ များစွာကုန်သော။ ကမ္မန္တာ၊ အလုံးစုံသောတိုင်းပြည်သူတို့၏အမှုအခင်းတို့သည်လည်း။ ဣတော၊ ဤပန်းပဲရွာမှ။ ဂဟိတဥပကရဏေနေဝ၊ ဝယ်ယူအပ်သော တစည်းစူးဆောက် ပုဆိန်ထားမ စသောအဆောက်အဦဖြင့်သာလျှင်။ ပဝတ္တန္တိ၊ ဖြစ်ကုန်၏။ ယော၊ အကြင်သူသည်။ ကမ္မာရဂါမသ္မိံ၊ ဤသို့ကြေညာပန်းပဲရွာကြီး၌။ သူစိံ၊ အပ်ကို။ ဝိက္ကေတုံ၊ ရောင်းခြင်းငှါ။ ဣစ္ဆတိ၊ အလိုရှိ၏။ အယံ၊ ဤပန်းပဲရွာဝယ်အပ်ရောင်းလာသောသူသည်။ ကော၊ အဘယ်သို့သဘောရှိသောသူနည်း။ ။
ဘုရားလောင်းသည် သတို့သ္မီး၏စကားကိုကြား၍၊ နှမ၊သင်သည်မသိ။ မသိသောကြောင့်သာလျှင်ဤသို့ဆို၏ဟုဆိုလို၍။ ။
(၉၃၄)သူစိံ ကမ္မာရဂါမသ္မိံ၊ဝိက္ကေတဗ္ဗာ ပဇာနတာ။
အာစရိယာ သဉ္ဇာနန္တိ၊ကမ္မံ သုကတ-ဒုက္ကဋံ။ ။
(၉၃၅)ဣမံ စေ တေ ပိတာ ဘဒ္ဒေ၊သူစိံ ဇညာ မယာ ကတံ။
တယာ စ မံ နိမန္တေယျ၊ယဉ္စတ္ထညံ ဃရေ ဓနံ။ ။
ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၃၄-၉၃၅)ဘဒ္ဒေ၊ နှမ။ ပဇာနတာ၊ အရာဌာန သိလိမ္မာသောပညာရှိသည်။ သူစိံ၊ အပ်မည်သည်ကို။ ကမ္မာရဂါမသ္မိံ၊ သံမှုလိမ္မာပန်းပဲရွာ၌သာလျှင်။ ဝိက္ကေတဗ္ဗာ၊ ရောင်းအပ်၏။ ကိံကာရဏာ၊ အဘယ့်ကြောင့်နည်းဟူမူကား။ အာစရိယာ၊ သံမှုလိမ္မာပန်းပဲဆရာတို့သည်သာလျှင်။ သုကတဒုက္ကဋံ၊ ကောင်းစွာပြုအပ်သောအမှု မကောင်းသဖြင့်ပြုအပ်သောအမှုဟုဆိုအပ်သော။ ကမ္မံ၊ အမှုကို။ သဉ္ဇာနန္တိ၊ သိနိုင်ကုန်၏။ ။
(ထိုငါသည်ပန်းပဲအမှု၌မလိမ္မာကုန်သောဂဟပတိတို့၏ရွာသို့သွား၍ငါပြုအပ်သောအပ်၏ သုကတဒုက္ကဋအဖြစ်ကိုသိစေခြင်းငှါ အဘယ်မှာတတ်နိုင်အံ့နည်း။ ဤသံမှုလိမ္မာပန်းပဲရွာ၌သာလျှင် ငါ၏အစွမ်းကိုသိနိုင်မည်ဟူလိုသည်။ ။ ဤသို့ ဘုရားလောင်းသည်။ ဤဂါထာဖြင့်မိမိ၏အစွမ်းကိုချီးမွမ်း၏)။ ။
ဘဒ္ဒေ၊ နှမ။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်သော။ ဣမံသူစိံ၊ သတ္တိအထူးရှိသောဤသည့်အပ်ကို။ တေ၊ သင်၏။ ပိတာ၊ အဘသည်။ စေဇညာ၊ ဤရွေ့လောက်စဉ်မမြင်စဖူး, ထူးလှပေသည်ဟု ဥပဒေလက်စွမ်းကိုအကယ်၍သိငြားအံ့။ တယာစ၊ သင်ဖြင့်လည်း။ မံ၊ ငါ့ကို။ နိမန္တေယျ၊ ဖိတ်ရာ၏။ ဧတ္ထဃရေ၊ ဤအိမ်၌။ အညံ၊ သင်မှတစ်ပါးသော။ ယံဓနံ၊ အကြင်သက်ရှိ သက်မဲ့ဥစ္စာသည်။ အတ္ထိ၊ ရှိ၏။ တေနစ၊ ထိုဥစ္စာဖြင့်လည်း။ နိမန္တေယျ၊ ဖိတ်ရာ၏။ ။
(ဣတောသတ္ထာနိဂ္ဂစ္ဆန္တိ ဟူသော စတုတ္ထဂါထာ၌။ သတ္ထာနီတိဗာရာဏသိယံ ဂစ္ဆန္တာနိ နာနပ္ပကာရာနိ သတ္ထာနိပိဣတောဂစ္ဆန္တိ ,ဟု-အဋ္ဌကထာရှိ၏။ သတ္ထာတိ ဗာရာဏသိယံ ဂစ္ဆန္တာ နာနပ္ပကာရာ သတ္ထာပိ ဣတောဝနိဂ္ဂစ္ဆန္တိ, ဟုရှိသင့်သည်။ စာရေးသူသတိမမူ၍ နိအက္ခရာနေရာလွဲသည်၊ ပညာရှိတို့ဆင်ခြင်။ ။ ဝိဝိဓာပုထူတိနာနပ္ပကာရာဗဟူကမ္မန္တာပိသကလရဋ္ဌဝါသီနံ ဣတောဂဟိတဥပကရဏေနေဝ ပဝတ္တန္တိ။ အဋ္ဌကထာဖွင့်ရကား။ ကမ္မန္တာ၊ အမှုလုပ်သောသူတို့သည်ပေးသည်ကားမသင့်။ ပဝတ္တန္တိ ကား ပါဌသေသတည်း။ နိဂ္ဂစ္ဆန္တိပုဒ်ကို အနက်အားဖြင့် ယူသည်လည်းဆိုသင့်၏။ ။ သူစိံ ကမ္မာရဂါမသ္မိံ ဟူသောဆဋ္ဌဂါထာ၌။ သူစိန္တိဝိဘတ္တိဝိပလ္လာသောကတော။ ဣဒံဝုတ္တံဟောတိ သူစိနာမပဇာန တာပဏ္ဍိတေန ပုရိသေနကမ္မာရဂါမသ္မိံ ယေဝ ဝိက္ကေတဗ္ဗာ,ဟု-အဋ္ဌကထာဖွင့်သည်ကားနိဂ္ဂဟိတ်နှင့်ချည်းအစဉ်သင့်မြင်၍ဖွင့်သည်။ သုစိဟု ပဌမန္တနှင့်ပင်ရှိသော်လည်းဆန်းသဒ္ဒါအနက်မပျက်)။ ။
သူစိဇာတကံ ဒုတိယံ။၃၈၇။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နဝဆန္နကေ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤတုဏ္ဍိလဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ သေဘေးကိုကြောက်တတ်သော ရဟန်းတစ်ပါးကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
မဟာတုဏ္ဍိလသည် စူဠတုဏ္ဍိလကိုမြင်၍၊ ညီထွေးတုဏ္ဍိလ၊ သင်သည် ယခုလည်၏။ ဝင်ရာအရပ်ကို ကြည့်၏။ အဘယ် အကြောင်းကြောင့်ထိုအမှုကိုပြုသနည်းဟုမေး၏။ စူဠတုဏ္ဍိလသည်မိမိမြင်သောအကြောင်းကိုဆိုလို၍။ ။
(၉၃၆)နဝဆန္နကေ ဒေါဏိ ဒိယျတိ၊ပုဏ္ဏာယံ ဒေါဏိ သုဝါမိနီ ဌိတာ။
ဗဟုကေ ဇနေ ပါသပါဏိကေ၊နော စ ခေါ မေ ပဋိဘာတိ ဘုဉ္ဇိတုံ။ ။
ဟူသောပဌမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည် ညီထွေးစူဠတုဏ္ဍိလ၊ ဤအရပ်၌လျှင် ဝက်တို့ကိုမွေးသောငါတို့၏ အမိသည်အကြင်အကျိုးငှါ မွေး၏။ ထိုအကျိုးသည်ယနေ့ အပြီးသို့ရောက်ပြီ။ သင်သည်မစိုးရိမ်လင့်ဟု ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့် တရားဟောလိုသည်ဖြစ်၍။ ။
(၉၃၇)တသသိ ဘမသိ လေဏမိစ္ဆသိ၊အတ္တာဏောသိ ကုဟိံ ဂမိဿသိ။
အပ္ပေါဿုက္ကော ဘုဉ္ဇ တုဏ္ဍိလ၊မံသတ္ထာယ ဟိ ပေါသိတာမှသေ။ ။
(၉၃၈)ဩဂဟ ရဟဒံ အကဒ္ဒမံ၊သဗ္ဗံ သေဒမလံ ပဝါဟယ။
ဂဏှာဟိ နဝံ ဝိလေပနံ၊ယဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။
(၉၃၇-၉၃၈)တာတတုဏ္ဍိလ၊ ညီထွေးစူဠတုဏ္ဍိလ။ တွံ၊ သင်သည်။ တသသိ၊ သေဘေးမှထိတ်လန့်ဘိ၏။ ဘမသိ၊ သေဘေးမှထိတ်လန့်သည်ဖြစ်၍ မရပ်မတည်လည်၏။ လေဏံ၊ ပုန်းအောင်းရာကို။ ဣစ္ဆသိ၊ အလိုရှိ၏။ အတာဏော၊ ကိုးကွယ်ရာမရှိသည်။ အသိ၊ ဖြစ်လတ်ပြီ။ ကုဟိံ၊ အဘယ်သို့။ ဂမိဿသိ၊ သင်သွားလတ္တံနည်း။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့။ ဘုဉ္ဇ၊ စားလော့။ မံသတ္ထာယ၊ အသား၏အကျိုးငှါ။ ပေါသိတာ၊ မွေးအပ်ကုန်သည်။ မယံ၊ ငါတို့သည်။ အမှသေ၊ ဖြစ်လတ်ကုန်၏။ ။
အကဒ္ဒမံ၊ ညွန့်မရှိသော။ ရဟဒံ၊ ရေကန်သို့။ ဩဂဟ၊ သက်ဆင်းလော့။ သဗ္ဗံ၊ အလုံးစုံသော။ လေဒမလံ၊ ချွေးအညစ်အကြေးကို။ ပဝါဟယ၊ ဆေးကြော သုတ်သင်လော့။ ယဿ၊ အကြင်နံ့သာပျောင်း၏။ ဂန္ဓော၊ ရနံ့သည်။ ကဒါစိ၊ တရံတဆစ်၌။ နဆိဇ္ဇတိ၊ မပြတ်မစဲ။ နဝံ၊ အသစ်ဖြစ်သော။ တံဝိလေပနံ၊ ထိုနံ့သာပျောင်းကို။ ဂဏှာဟိ၊ ယူလော့။ ။
ဆယ်ပါးသော ပါရမီတို့ကိုဆင်ခြင်၍မေတ္တာ ပါရမီကိုရှေ့ထား၍ရှေးဦးစွာသောပဒကိုရွတ်သည်သာလျှင် ဖြစ်သောဘုရားလောင်း၏ အသံသည်အလုံးစုံသောတစ်ဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်ကိုလွှမ်း၍သွား၏။ ကြားတိုင်းကြားတိုင်းသောခဏ၌လျှင် မင်း,အိမ်ရှေ့မင်း အစရှိကုန်သောသူတို့ကိုအစပြု၍ ဗာရာဏသီပြည်၌ နေကုန်သောသူတို့သည်လာကုန်၏။ မလာကုန်သောသူတို့သည်လည်း အိမ်၌နေလျက်သာလျှင်နာကုန်၏။ မင်း၏ပရိသတ်တို့သည်ချုံတို့ကိုပယ်၍ မြေကိုညီညွတ်စွာ ပြု၍သဲတို့ကိုကြဲကုန်၏။ သေသောက်ကြူးတို့အား သုရာရစ်ခြင်းသည်ပြယ်၏။ ကြော့ကွင်းတို့ကိုစွန့်ကုန်၏။ တရားနာကုန်လျက်သာလျှင် တည်ကုန်၏။ သူအိုမအားလည်း သုရာယစ် ခြင်းသည် ပြယ်၏။ ဘုရားလောင်းသည် လူအပေါင်း၏ အလယ်၌စူဠတုဏ္ဍိလအား ဓမ္မဒေသနာကိုအားထုတ်၏။ ။
ထိုစကားကိုကြား၍ စူဠတုဏ္ဍိလသည် ငါ့အစ်ကိုယ်သည်ဤသို့ဆို၏။ ငါတို့၏အနွယ်၌ ရေကန်သို့သက်၍ ကိုယ်မှချွေးအညစ်အကြေးကိုလျှော်ခြင်းသည်၎င်း၊ နံ့သာဟောင်းကိုပယ်၍ နံ့သာသစ်ကိုယူခြင်းသည်၎င်း တစ်စုံတစ်ခုသောကာလသည်မရှိ။ အဘယ်ကိုရည်၍အစ်ကိုယ်သည်ငါ့ကို ဤသို့ဆိုသနည်းဟုမေးလိုရကား။ ။
(၉၃၉)ကတမော ရဟဒေါ အကဒ္ဒမော၊ကိံသု သေဒမလန္တိ ဝုစ္စတိ။
ကတမဉ္စ နဝံ ဝိလေပနံ၊ယဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။
ဟူသောစတုတ္ထဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ဘုရားလောင်းသည်။ ညီထွေးစူဠတုဏ္ဍိလ၊ ထိုသို့တပြီးကား၊ ချသောနားရှိသည်ဖြစ်၍နာလော့ဟု ဘုရားကဲ့သို့သော တင့်တယ်ခြင်းဖြင့် တရားဟောလိုရကား။ ။
(၉၄၀)ဓမ္မော ရဟဒေါ အကဒ္ဒမော၊ပါပံ သေဒမလန္တိ ဝုစ္စတိ။
သီလဉ္စ နဝံ ဝိလေပနံ၊တဿ ဂန္ဓေါ န ကဒါစိ ဆိဇ္ဇတိ။ ။
(၉၄၁)နန္ဒန္တိ သရီရဃာတိနော၊န စ နန္ဒန္တိ သရီရဓါရိနော။
ပုဏ္ဏာယ စ ပုဏ္ဏမာသိယာ၊ရမမာနာဝ ဇဟန္တိ ဇီဝိတံ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။
(၉၄၀-၉၄၁)တာတတုဏ္ဍိလ၊ ညီထွေးစူဠတုဏ္ဍိလ။ ဓမ္မော၊ နိဗ္ဗာန်တရားကို။ အကဒ္ဒမော၊ ရာဂဒေါသမောဟမာနဒိဋ္ဌိကိလေသာညွန်မရှိသော။ ရဟဒေါ၊ တဘက်ဆည်ကန်ကြီးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ပါပံ၊ မကောင်းမှုအကုသိုလ်တရားကို။ သေဒမလန္တိ၊ ချွေးအညစ်အကြေးဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ သီလဉ္စ၊ ပဉ္စသီလဒသသီလစတုပါရိသုဒ္ဓိသီလကိုကား။ နဝံ၊ အသစ်ဖြစ်သော။ ဝိလေပနံ၊ နံ့သာပျောင်းဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ တဿသီလဿ၊ ထိုသီလ၏။ ဂန္ဓော၊ ရနံ့သည်။ တီသုဝယေသု၊ သုံးပါးသောအရွယ်တို့၌။ ကဒါစိ၊ တရံတဆစ်၌။ နဆိဇ္ဇတိ၊ မပြတ်မစဲ။ ။
သရီရဃာတိနော၊ သတ္တဝါကိုသတ်ကုန်သောသူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ သရီရဓာရိနော၊ ကိုယ်ကိုဆောင်ကုန်သောသူတို့သည်။ နစနန္ဒန္တိ၊ မနှစ်သက်ကုန်။ ပုဏ္ဏာယ၊ ဂုဏ်ဖြင့်ပြည့်သော။ ပုဏ္ဏမာသိယာ၊ တလပြည့်သောလမင်းနှင့် ယှဉ်သော။ ဝါ၊ တလကိုပြည့်စေ၍တည်သောဥပုသ်နေ့၌။ မာဒိသာ၊ ငါတို့ကဲ့သို့ကြောက်စရာမရှိသီလနှင့်ပြည့်စုံကုန်သောသူတို့သည်။ ရမမာနာဝ၊ နှစ်သက် ရွှင်လန်းကုန်လျက်လျှင်။ ဇီဝိတံ၊ အသက်ကို။ ဇဟန္တိ၊ စွန့်ကုန်၏။ ။
(အကာရောဧကာရဋ္ဌာနေ။ ။ နဝဆန္နကေဒေါဏိဒိယျတိ။ ဟုသဒ္ဒနီတိရှိရကား။ နဝဆန္နကေဒေါဏိကိုနဝဆန္နကဒေါဏိဖြတ်။ ဒေါဏိ၌လည်း နိဂ္ဂဟိတ်ကျေသည်။ ဝေတာလီဖြစ်လျက်ဝိသမနှစ်ပါဒ၌ပင် ခုနှစ်မတြာရှိသည်၊ သတိထား။ ဆန္နကားနစ္ဆန္နံနပတိရူပံ၌ဆန္နကဲ့သို့ပတိရူပတ္ထ နဝဆန္နကေဒေါဏိဒိယျတီတိဧတ္ထ အကာရဿ ဧကာရာပဇ္ဇနတာဝိယ အညက္ခရဿအညက္ခရတာပဇ္ဇနတာဝဏ္ဏဝိကာရောနာမ။ ဟု-လာသောမဟာနိဒ္ဒေသအဋ္ဌကထာကိုရှု၍ သဒ္ဒနီတိဆရာသုတ်ကိုစုသည်။ ။ ပေါသိတာမှသေပေါသိတာအမှ,သေဖြတ်။ အမှ,ကားအာချာတ်။ သေ,ကား နိပါတ်။ ။
ပုဏ္ဏာယာတိဂုဏပုဏ္ဏာယ။ ပုဏ္ဏမာသိယာတိပုဏ္ဏစန္ဒဿယုတ္တာယမာသံဝါပူရေတွာ ဌိတာယ၊တဒါကိရပုဏ္ဏမာသိဥပေါသထဒိဝသေါဟောတိ။(အဋ္ဌကထာ)။ ။
တုဏ္ဍိလဇာတကံ တတိယံ။၃၈၈။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သိင်္ဂီမိဂေါ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသုဝဏ္ဏကက္ကဋဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ အရှင်အာနန္ဒာမထေရ်သည် သဗ္ဗညုမြတ်စွာဘုရား၏ အကျိုးငှါအသက်ကိုစွန့်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ကျီးသည်၊ အဆွေမြွေ၊ ငါ့ကိုစွန့်၍ အဘယ့်ကြောင့်ပြေးသနည်း။ တစ်ခုသောပုဇွန်သည် ငါ့ကိုလွန်စွာညှဉ်းဆဲ၏။ အကြင်မျှလောက်မသေသေး၊ ထိုမျှလောက်လျှင်လာလော့ဟုမြွေကိုခေါ်လိုရကား။ ။
(၉၄၂)သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊အဋ္ဌိတ္တစော ဝါရိသယော အလောမော။
တေနာဘိဘူတော ကပဏံ ရုဒါမိ၊ဟရေ သခါ ကိဿ နု မံ ဇဟာသိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
မြွေသည် ထိုစကားကိုကြား၍ ကြီးစွာသောပါးပျဉ်းကိုပြု၍ ကျီးကိုသက်သာရာရစေ၍လာ၏။ ထိုအကြောင်းကိုပြတော်မူလိုသော သဗ္ဗညုမြတ်စွာဘုရားသည်ဘုရားဖြစ်ပြီး၍။ ။
(၉၄၃)သော ပဿသန္တော မဟတာ ဖဏေန၊ဘုဇင်္ဂမော ကက္ကဋမဇ္ဈပတ္တော။
သခါ သခါရံ ပရိတာယမာနော၊ဘုဇင်္ဂမံ ကက္ကဋကော ဂဟေသိ။ ။
ဟူသောနှစ်ခုမြောက်သောဂါထာကိုဟောတော်မူ၏။ ။
ထိုအခါ ပုဇွန်ကိုမြွေသည်ပုဇွန်တို့မည်သည်ကား ကျီးသားကိုမစားကုန်သလျှင်ကတည်း။ မြွေသားကိုမစားကုန်သလျှင်ကတည်း။ ထိုသို့ဖြစ်လျက်အဘယ့်ကြောင့်ငါတို့ကို ဤပုဇွန်သည်ဖမ်းသနည်းဟုကြံ၏။ ကြံပြီး၍ ပုဇွန်ကိုမေးလိုရကား။ ။
(၉၄၄)န ဝါယသံ နော ပန ကဏှသပ္ပံ၊ဃာသတ္ထိကော ကက္ကဋကော အဒေယျ။
ပုစ္ဆာမိ တံ အာယတစက္ခုနေတ္တ၊အထ ကိဿ ဟေတုမှ ဥဘော ဂဟီတာ။ ။
ဟူသောသုံးခုမြောက်သောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဇွန်သည်ဖမ်းသောအကြောင်းကိုဆိုလို၍။ ။
(၉၄၅)အယံ ပုရိသော မမ အတ္ထကာမော၊ယော မံ ဂဟေတွာန ဒကာယ နေတိ။
တသ္မိံ မတေ ဒုက္ခမနပ္ပကံ မေ၊အဟဉ္စ ဧသော စ ဥဘော န ဟောမ။ ။
(၉၄၆)မမဉ္စ ဒိသွာန ပဝဒ္ဓကာယံ၊သဗ္ဗော ဇနော ဟိံသိတုမေဝ မိစ္ဆေ။
သာဒုဉ္စ ထူလဉ္စ မုဒုဉ္စ မံသံ၊ကာကာပိ မံ ဒိသွာန ဝိဟေဌယေယျုံ။ ။
ဟူသောနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၄၅-၉၄၆)ကဏှသပ္ပ၊ မြွေဟောက်။ ယောပုရိသော၊ အကြင်ယောကျ်ားသည်။ မံ၊ ငါ့ကို။ ဂဟေတွာန၊ ယူ၍။ ဒကာယ၊ ရေအိုင်သို့။ နေတိ၊ ဆောင်၏။ အယံပုရိသော၊ ဤယောက်ျားသည်။ မမ၊ ငါ၏။ အတ္ထကာမော၊ အကျိုးစီးပွါးကိုအလိုရှိ၏။ တသ္မိံ၊ ထိုယောက်ျားသည်။ မတေ၊ သေသည်ရှိသော်။ မေ၊ ငါအား။ အနပ္ပကံ၊ များစွာသော။ ဒုက္ခံ၊ ဆင်းရဲသည်။ ဟောတိ၊ ဖြစ်၏။ အဟဉ္စ၊ ငါသည်၎င်း။ ဧသောစ၊ ဤယောက်ျားသည်၎င်း။ ဥဘော၊ နှစ်ယောက်ကုန်သောငါတို့သည်။ နဟောမ၊ မဖြစ်ကုန်အံ့။ ။
ပဝဒ္ဓကာယံ၊ ကြီးသောကိုယ်ရှိသော။ မမဉ္စ၊ ငါ့ကိုလည်း။ ဒိသွာန၊ မြင်၍။ သဗ္ဗော၊ ခပ်သိမ်းသော။ ဇနော၊ လူသည်။ ဟိံသိတုမေဝ၊ ညှဉ်းဆဲခြင်းငှာသာလျှင်။ ဣစ္ဆေ၊ အလိုရှိရာ၏။ သာဒုဉ္စမံသံ၊ ကောင်းသောအသားရှိသည်လည်းဖြစ်ထသော။ ထူလဉ္စမံသံ၊ ဆူသောအသားရှိသည်လည်းဖြစ်ထသော။ မုဒုဉ္စမံသံ၊ နူးညံ့သောအသားရှိသည်လည်းဖြစ်ထသော။ မံ၊ ငါ့ကို။ ကာကာပိ၊ ကျီးတို့သည်လည်း။ ဒိသွာန၊ မြင်၍။ ဝိဟေဌယေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ ။
ထိုစကားကိုကြား၍ မြွေသည် တစ်ခုသော ဥပါယ်ဖြင့် ဤပုဇွန်ကို လှည့်စား၍ကျီးကို၎င်း၊ ငါ့ကို၎င်းလွှတ်စေအံ့ဟုကြံ၏။ ကြံပြီး၍ပုဇွန်ကိုလှည့်စားအံ့သောငှါ။
(၉၄၇)သစေတဿ ဟေတုမှ ဥဘော ဂဟီတာ၊ဥဋ္ဌာတု ပေါသော ဝိသမာဝမာမိ။
မမဉ္စ ကာကဉ္စ ပမုဉ္စ ခိပ္ပံ၊ပုရေ ဝိသံ ဂါဠှမုပေတိ မစ္စံ။ ။
ဟူသောခြောက်ခုမြောက်သောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ပုဇွန်သည်၊ ဤမြွေသည်တစ်ခုသော အကြောင်းဖြင့်နှစ်ခုသောသတ္တဝါတို့ကို လွှတ်စေ၍ပြေးလို၏။ ငါ၏ဥပါယ်၌ လိမ္မာသောအဖြစ်ကိုမသိ။ ယခုဤမြွေသည် အကြင်သို့သောအခြင်းအရာအားဖြင့် ပြုသည်ရှိသော် ငင်ခြင်းငှါ စွမ်းနိုင်၏။ ထိုသို့သောအခြင်းအရာအားဖြင့် တက်မကိုလျှော့အံ့၊ ကျီးကိုကားမလွှတ်အံ့ဟုကြံ၏။ ကြံပြီး၍။ ။
(၉၄၈)သပ္ပံ ပမောက္ခာမိ န တာဝ ကာကံ၊ပဋိဗန္ဓကော ဟောဟိတိ တာဝ ကာကော။
(၉၄၉)ပုရိသဉ္စ ဒိသွာန သုခိံ အရောဂံ၊ကာကံ ပမောက္ခာမိ ယထေဝ သပ္ပံ။ ။
ဟူသောဤခုနှစ်ခုမြောက်သောဂါထာကိုဆို၏။ ။
သဗ္ဗညုမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ဇာတ်ကိုပေါင်းတော်မူလိုရကား။ ။
(၉၅၀)ကာကော တဒါ ဒေဝဒတ္တော အဟောသိ၊မာရော ပန ကဏှသပ္ပေါ အဟောသိ။
(၉၅၁)အာနန္ဒဘဒ္ဒေါ ကက္ကဋကော အဟောသိ၊အဟံ တဒါ ဗြာဟ္မဏော ဟောမိ သတ္ထာ။ ။
ဟူသောအဆုံးဖြစ်သောဂါထာကိုဟောတော်မူ၏။ ။
(၉၅၀-၉၅၁)ဘိက္ခဝေ၊ ရဟန်းတို့။ ဧတရဟိ၊ ယခုအခါ၌။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ တဒါ၊ ထိုအခါ၌။ ကာကော၊ ကျီးသည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ မာရော၊ မာရ်သည်။ တဒါ၊ ထိုအခါ၌။ ကဏှသပ္ပေါ၊ မြွေဟောက်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ အာနန္ဒော၊ အာနန္ဒာသည်။ ဘဒ္ဒေါ၊ ကောင်းသော။ ကက္ကဋကော၊ ပုဇွန်သည်။ အဟောသိ၊ ဖြစ်ပြီ။ ဧတရဟိ၊ ယခုအခါ၌။ သတ္ထာ၊ နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော။ အဟံ၊ ငါဘုရားသည်။ တဒါ၊ ထိုအခါ၌။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဟောမိ၊ ဖြစ်ပြီ။ ။
သုဝဏ္ဏကက္ကဋဇာတကံ စတုတ္ထံ။၃၈၉။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သကုဏောမယှကောနာမ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤမယှကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်၊ အာဂန္တုကသူဋ္ဌေးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ဆွမ်းစားပြီးသော ကိစ္စအဆုံး၌ ချမ်းသာစွာသော စကားဖြင့်နေလျက်၊ သူငယ်သည်မထင်၊ သူငယ်သည်အဘယ်သို့သွားသနည်းဟုမေး၏။ အရှင်ဘုရားသေ၏ဟုဆိုသည်ရှိသော်။ အဘယ်အကြောင်းကြောင့်သေသနည်းဟုမေး၏။ ရေကစားရာ၌ဤမည်သော အကြောင်းဖြင့်သေသည် မသိဟူ၍ဆို၏။ ယုတ်မာသောယောက်ျား၊ သင်သည်အဘယ်မှာသိလတ္တံ့နည်း။ သင်ပြုအပ်သောအမှုသည် ငါ့အားထင်သည်မဟုတ်လော၊ သင်သည်ဤမည်သော အကြောင်းကြောင့် ထိုသူငယ်ကိုသတ်သည်မဟုတ်လော၊ သင်သည်မင်းအစရှိသည်တို့၏ အစွမ်းအားဖြင့် ဆောင်အပ်သောဥစ္စာကိုစောင့်ရှောက်ခြင်းငှါတတ်နိုင်လတ္တံ့လေါ၊ မယှငှက်၏၎င်း၊ သင်၏၎င်း ထူးသောအကြောင်းသည်အသို့ရှိသနည်းဟုဆို၍။ ထို့နောင်မှဘုရားလောင်းသည် ဘုရားကဲ့သို့သောတင့်တယ်ခြင်းဖြင့် ထိုသူဋ္ဌေးအားတရားဟောလိုသည်ဖြစ်၍။ ။
(၉၅၂)သကုဏော မယှကော နာမ၊ဂိရိသာနုဒရီစရော။
ပက္ကံ ပိပ္ဖလိမာရုယှ၊မယှံ မယှန္တိ ကန္ဒတိ။ ။
(၉၅၃)တဿေဝံ ဝိလပန္တဿ၊ဒိဇသင်္ဃာ သမာဂတာ။
ဘုတွာန ပိပ္ဖလိံ ယန္တိ၊ဝိလပတွေဝ သော ဒိဇော။ ။
(၉၅၄)ဧဝမေဝ ဣဓေကစ္စော၊သင်္ဃရိတွာ ဗဟုံ ဓနံ။
နေဝတ္တနော န ဉာတီနံ၊ယထောဓိံ ပဋိပဇ္ဇတိ။ ။
(၉၅၅)န သော အစ္ဆာဒနံ ဘတ္တံ၊န မာလံ န ဝိလေပနံ။
နာနုဘောတိ သကိံ ကိဉ္စိ၊န သင်္ဂဏှာတိ ဉာတကေ။ ။
(၉၅၆)တဿေဝံ ဝိလပန္တဿ၊မယှံ မယှန္တိ ရက္ခတော။
ရာဇာနော အထ ဝါ စောရာ၊ဒါယဒါ ယေ စ အပ္ပိယာ။
ဓနမာဒါယ ဂစ္ဆန္တိ၊ဝိလပတွေဝ သော နရော။ ။
(၉၅၇)ဓီရော ဘောဂေ အဓိဂမ္မ၊သင်္ဂဏှာတိ စ ဉာတကေ။
တေန သော ကိတ္တိံ ပပ္ပေါတိ၊ပေစ္စ သဂ္ဂေ ပမောဒတိ။ ။
ဟူသောဤခြောက်ဂါထာတို့ကိုရွတ်၏။ ။
(၉၅၂-၉၅၇)ဂိရိသာနုဒရီစရော၊ တောင်လျဉ်တောင်ဝှမ်းချောက်ကြား၌ကျက်စားသော။ မယှကောနာမ၊ မယှကအမည်ရှိသော။ သကုဏော၊ ငှက်သည်။ ပက္ကံ၊ မှည့်သောအသီးရှိသော။ ပိပ္ဖလိံ၊ ညောင်ကြတ်ပင်သို့။ အာယှ၊ တက်၍။ ရုက္ခံ၊ သစ်ပင်ကို။ ပရိဝါရေတွာ၊ ဝန်းရံ၍။ ပက္ကာနိ၊ မှည့်သောအသီးတို့ကို။ ခါဒန္တေ၊ စားကုန်သော။ ဒိဇဂဏေ၊ ငှက်အပေါင်းတို့ကို။ ဝါရေတုံ၊ မြစ်ခြင်းငှါ။ မယှံမယှန္တိ၊ ငါ့ဥစ္စာငါ့ဥစ္စာဟူ၍။ ကန္ဒတိ၊ ပြေးခုန်လှည့်ပတ်မြည်တမ်းရွတ်၏။ တဿ၊ ထိုငှက်၏။ ဝိလပန္တဿေဝ၊ မြည်တမ်းစဉ်လျှင်။ ဒိဇသံဃာ၊ ငှက်အပေါင်းတို့သည်။ သမာဂတာ၊ စည်းဝေး၍။ ပိပ္ဖလိံ၊ ညောင်ကြတ်သီးကို။ ဘုတွာန၊ စား၍။ ယန္တိ၊ တစ်ပါးသောသစ်ပင်သို့ပျံသွားကုန်၏။ သောဒိဇော၊ ထိုမယှငှက်မူကား။ ဝိလပေတွေဝဝိလပတိဧဝ၊ မစားနိုင်လစ်တဖျစ်ဖျစ်မည်သည်သာတည်း။ ဧဝမေဝ၊ ဤအတူလျှင်။ ဣဓ၊ ဤလူ့ရွာ၌။ ဧကစ္စော၊ အချို့သောသူသည်။ ဗဟုံ၊ များစွာသော။ ဓနံ၊ ဥစ္စာကို။ သင်္ဃရိတွာ၊ ရုံးစု၍။ တံဓနံ၊ ထိုများစွာသောဥစ္စာသည်။ အတ္တနော၊ မိမိ၏။ ပရိဘောဂါယ၊ သုံးဆောင်ခြင်းငှါ။ နေဝဟောတိ၊ မဖြစ်။ ဉာတီနံ၊ မိဘအစ်မနှမအစ်ကိုယ်ညီပွါးသားသ္မီးစသော ဆွေမျိုးတို့အား။ ယထောဓိံ ယထာကောဋ္ဌာသံ၊ ဥပဘောဂ,ပရိဘောဂ၏ အစွမ်းဖြင့်ရထိုက်သောအကြင်အကြင်အဖို့အစုကို။ ဝါ၊ ရထိုက်သောအဖို့အစုအားလျော်စွာ။ နပဋိပဇ္ဇတိ၊ မကျင့်။ ဝါ၊ မပေးမဝေဘန်။ သော၊ ထိုသူသည်။ အစ္ဆာဒနံ၊ အဝတ်အရုံကို။ ဘတ္တံ၊ ထမင်းအစာကို။ နာနုဘောတိ၊ မသုံးဆောင်။ မာလံ၊ ပန်းကို။ နာနုဘောတိ၊ မသုံးဆောင်။ ဝိလေပနံ၊ နံ့သာပျောင်းကို။ နာနုဘောတိ၊ မသုံးဆောင်။ ကိဉ္စိ၊ တစ်စုံတစ်ခုသောမိမိဥစ္စာကို။ သကိံ၊ တစ်ကြိမ်မျှလည်း။ နာနုဘောတိ၊ မသုံးဆောင်။ ဉာတကေ၊ ဆွေမျိုးတို့ကို။ နသင်္ဂဏှာတိ၊ အစားအဝတ်မျိုး ပဲစသည်ပေးစေသောအားဖြင့် မသင်္ဂြိုဟ်။ ။
မယှံမယှန္တိ၊ ငါ့ဥစ္စာငါ့ဥစ္စာဟူ၍။ ဝိလပန္တဿ၊ မြည်တမ်းလျက်။ ရက္ခတောဧဝ၊ စောင့်ရှောက်စဉ်သာလျှင်။ တဿ၊ ထိုသူ၏။ ဓနံ၊ ဥစ္စာကို။ ရာဇာနောဝါ၊ မင်းတို့သည်၎င်း။ အထ၊ ထိုမြို့။ စောရာဝါ၊ ခိုးသူတို့သည်၎င်း။ အပ္ပိယာ၊ မချစ်မနှစ်သက်အပ်ကုန်သော။ ယေဒါယာဒါ၊ အကြင်အမွေခံတို့သည်။ သန္တိ၊ ရှိကုန်၏။ တေဒါယာဒါစ၊ ထိုအမွေခံတို့သည်၎င်း။ အာဒါယ၊ ယူ၍။ ဂစ္ဆန္တိ၊ သွားကြကုန်၏။ တေသု၊ ထိုမင်းစသောသူတို့သည်။ ဓနံ၊ ဥစ္စာကို။ အာဒါယ၊ ယူ၍။ ဂစ္ဆန္တေသု၊ သွားကုန်သည်ရှိသော်။ သောနရော၊ ထိုသူသည်။ ကေဝလံ၊ သက်သက်။ ဝိလပတွေဝ၊ မြည်တမ်းရုံသာတည်း။ ဓီရော၊ ပညာရှိမူကား။ ဘောဂေ၊ စည်းစိမ်တို့ကို။ အဓိဂမ္မ၊ ရ၍။ ဉာတကေ၊ ဆွေမျိုးတို့ကိုလည်း။ သင်္ဂဏှာတိ၊ အစားအဝတ်စသည် ပေးသောအားဖြင့် ချီးမြှင့်၏။ တေနဉာတိသင်္ဂဟေန၊ ထိုဆွေမျိုးတို့အား သင်္ဂြိုဟ်ချီးမြှင့်ခြင်းကြောင့်။ သောဓိရော၊ ထိုပညာရှိသည်။ ကိတ္တိဉ္စ၊ မျက်မှောက်ကျော်စောခြင်းသို့လည်း။ ပပ္ပေါတိ၊ ရောက်၏။ ပေစ္စ၊ တမလွန်၌။ သဂ္ဂေ၊ နတ်ပြည်၌။ ပမောဒတိ၊ မွေ့လျော်၏။ ။ (မယှံမယှန္တိ ကန္ဒတီတိမယှကော၊ဟူသောဝစနတ်ကို။ မယှံမယှန္တိကန္ဒတိ၊ဟူသောပါဌ်ဖြင့် သိအပ်၏။ မယှံအနီးရှိသောကဒိဓာတ်။ ကွိပစ္စည်း။ ယှထက်နိဂ္ဂဟိတ်ကျေသည်)။ ။
မယှကဇာတကံ ပဉ္စမံ။၃၉၀။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဒုဗ္ဗဏ္ဏရူပံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပဗ္ဗဇိတဝိဟေဌကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ လောက၏ အကျိုးငှါကျင့်ခြင်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
သိကြားမင်းသည် သံဃထေရ်ဖြစ်သော ပစ္စေကဗုဒ္ဓါကိုပင့်၍၊ ထိုပစ္စေဗုဒ္ဓါ၏ သပိတ်သင်္ကန်းကိုယူ၍ ပစ္စေကဗုဒ္ဓါကိုရှေ့မှကြွစေ၍ မိမိနောက်မှလိုက်၍ ဦးခေါင်း၌ လက်အုပ်ကိုထား၍ ပစ္စေကဗုဒ္ဓါကိုရှိခိုးလျက်၊ မြတ်သောအဆင်းကို ဆောင်သောလုလင်ငယ်ဖြစ်၍ အလုံးစုံသော မြို့၏ထိပ်ဖြင့်သုံးကြိမ်လှည့်၍မင်းအိမ်တံခါးသို့သွား၍ ကောင်းကင်၌ရပ်၏။ အမတ်တို့သည် မြတ်သောမင်းကြီး၊ အလွန်အဆင်းလှသောလုလင်ငယ်သည် ရဟန်းတစ်ပါးကိုပင့်၍ မင်းအိမ်တံခါးဝယ်ကောင်းကင်၌ရပ်၏ဟု မင်းအားကြားကုန်၏။ မင်းသည်နေရာမှထ၍ ခြင်္သေ့ခံသော လေသာပြတင်း၌ရပ်၍လုလင်သည်အလွန်အဆင်းလှသည်ဖြစ်လျက် အဘယ့်ကြောင့်အဆင်းမလှသောထိုရဟန်း၏ သပိတ်သင်္ကန်းကိုယူ၍ရှိခိုးလျက် တည်သနည်းဟု သိကြားမင်းနှင့်တကွပြောလိုရကား။ ။
(၉၅၈)ဒုဗ္ဗဏ္ဏရူပံ တုဝမရိယဝဏ္ဏီ၊ပုရက္ခိတွာ ပဉ္ဇလိကော နမဿသိ။
သေယျော နု တေ သော ဥဒါဟု သရိက္ခော၊နာမံ ပရဿတ္တနော စာပိ ဗြူဟိ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါထိုမင်းကိုသိကြားမင်းသည်၊ မြတ်သောမင်းကြီး၊ ရဟန်းမည်သည်ကားအရိုအသေပြုအပ်သောအရာ၌တည်၏ ထိုကြောင့် ခေါ်ဝေါ်ခြင်းငှါမရ။ ငါ့အားအကြင်အမည်သည်ရှိ၏။ ထိုအမည်ကိုသင်အားဆိုအံ့ဟုဆိုလို၍။ ။
(၉၅၉)န နာမ-ဂေါတ္တံ ဂဏှန္တိ ရာဇ၊သမုဂ္ဂတာနု-ဇ္ဇုဂတာန ဒေဝါ။
အဟဉ္စ တေ နာမဓေယျံ ဝဒါမိ၊သက္ကောဟမသ္မီ တိဒသာနမိန္ဒော။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။ ။
(၉၆၀)ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ပုစ္ဆာမိ တံ ဒေဝရာဇေတမတ္ထံ၊ဣတော စုတော ကိံ လဘတေ သုခံ သော။ ။
ဟူသောသုံးခုမြောက်သောဂါထာဖြင့် ရဟန်းတို့အားရှိခိုးခြင်း၏အကျိုးကိုမေး၏။ ။
သိကြားမင်းသည်။ ။
(၉၆၁)ယော ဒိသွာ ဘိက္ခုံ စရဏူပပန္နံ၊ပုရက္ခတွာ ပဉ္ဇလိကော နမဿတိ။
ဒိဋ္ဌေဝ ဓမ္မေ လဘတေ ပသံသံ၊သဂ္ဂဉ္စ သော ယာတိ သရီရဘေဒါ။ ။
ဟူသောလေးခုမြောက်သောဂါထာဖြင့်ရှိခိုးခြင်း၏အကျိုးကိုဆို၏။ ။
မင်းသည် သိကြားမင်း၏စကားကိုကြား၍ မိမိမှားသော အယူကိုဖျက်၍နှစ်သက်သောစိတ်ရှိရကား။ ။
(၉၆၂)လက္ခီ ဝတ မေ ဥဒပါဒိ အဇ္ဇ၊ယံ ဝါသဝံ ဘူတပတိဒ္ဒသာမ။
ဘိက္ခုဉ္စ ဒိသွာန တုဝဉ္စ သက္က၊ကာဟာမိ ပုညာနိ အနပ္ပကာနိ။ ။
ဟူသောငါးခုမြောက်သောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ သိကြာမင်းသည်လည်း ပညာရှိသောမင်းအားချီးမွမ်းလိုရကား။ ။
(၉၆၃)အဒ္ဓါ ဟဝေ သေဝိတဗ္ဗာ သပညာ၊ဗဟုဿုတာ ယေ ဗဟုဌာနစိန္တိနော။
ဘိက္ခုဉ္စ ဒိသွာန မမဉ္စ ရာဇ၊ကရောဟိ ပုညာနိ အနပ္ပကာနိ။ ။
ဟူသောခြောက်ခုမြောက်သောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍မင်းသည်။
(၉၆၄)အက္ကောဓနော နိစ္စပသန္နစိတ္တော၊သဗ္ဗာတိထီယာစယောဂေါ ဘဝိတွာ။
နိဟစ္စ မာနံ အဘိဝါဒယိဿံ၊သုတွာန ဒေဝိန္ဒ သုဘာသိတာနိ။ ။
ဟူသောအဆုံးဖြစ်သောဂါထာကိုဆို၏။ ။
(၉၆၄)ဒေဝိန္ဒ၊ သိကြားမင်း။ သုဘာသိတာနိ၊ ကောင်းစွာ ဆိုအပ်ကုန်သောသိကြားမင်း၏ စကားတို့ကို။ သုတွာန၊ နာရ၍။ အက္ကောဓနော၊ အမျက်မထွက်သည်ဖြစ်၍။ နိစ္စံ၊ အမြဲ။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍။ သဗ္ဗာတိထီယာစယောဂေါ၊ ခပ်သိမ်းကုန်သော ဧည့်သည် အာဂန္တုတို့၏တောင်းခြင်းငှါလျောက်ပတ်သည်။ ဘဝိတွာ၊ ဖြစ်၍။ မာနံ၊ မာနကို။ နိဟစ္စ၊ ချ၍။ အဘိဝါဒယိဿံ၊ ရှိခိုးအံ့။ ။
ဝိဇ္ဇာဓရဇာတကံ ဆဋ္ဌံ။၃၉၁။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယမေတံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသိင်္ဃပုပ္ဖဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် တစ်ခုသောကာသိကရွာဝယ်ပုဏ္ဏားမျိုး၌ဖြစ်၍အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ နောက်အဘို့၌ရသေ့ရဟန်းပြု၍ တစ်ခုသောပဒုမာအိုင်ကိုမှီ၍နေသည်ရှိသော် တစ်နေ့သ၌ရေအိုင်၌ကောင်းစွာပွင့်သောပဒုမာကိုနမ်းလျက်ရပ်၏။ ထိုအခါဘုရားလောင်းကို တစ်ယောက်သောနတ်သ္မီးသည် သစ်ပင်စဉ်တို့ကိုဖွင့်လျက်ထိတ်လန့်စေလိုသည်ဖြစ်၍။ ။
(၉၆၅)ယမေတံ ဝါရိဇံ ပုပ္ဖံ၊အဒိန္နံ ဥပသိင်္ဃသိ။
ဧကင်္ဂမေတံ ထေယျာနံ၊ဂန္ဓထေနောသိ မာရိသ။ ။
ဟူသောပဌမဂါထာကိုဆို၏။ ။
ထိုနောင်မှဘုရားလောင်းသည်။ ။
(၉၆၆)န ဟရာမိ န ဘဉ္ဇာမိ၊အာရာ သိင်္ဃာမိ ဝါရိဇံ။
အထ ကေန နု ဝဏ္ဏေန၊ဂန္ဓထေနောတိ ဝုစ္စတိ။ ။
ဟူသောဒုတိယဂါထာကိုဆို၏။ ။
ထိုခဏ၌ တစ်ယောက်သော ယောက်ျားသည်ထိုအိုင်၌ ကြာစွယ်တို့ကိုလည်းတူး၏။ ပုဏ္ဍရိက်တို့ကိုလည်းချိုး၏။ ဘုရားလောင်းသည် ထိုယောက်ျားကိုမြင်၍ မယူမူ၍နမ်းသောငါ့ကို ခိုးသူဟူ၍ သင်သည်ဆို၏။ ထိုယောက်ျားကိုအဘယ့်ကြောင့်မဆိုသနည်းဟု ထိုနတ်သ္မီးနှင့်တကွပြောဆိုလိုသည်ဖြစ်၍။ ။
(၉၆၇)ယောယံ ဘိသာနိ ခဏတိ၊ပုဏ္ဍရီကာနိ ဘဉ္ဇတိ။
ဧဝံ အာကိဏ္ဏကမ္မန္တော၊ကသ္မာ ဧသော န ဝုစ္စတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုအခါ ထိုယောက်ျားအားမဆိုခြင်း၏အကြောင်းကိုကြားလိုသော နတ်သ္မီးသည်။ ။
(၉၆၈)အာကိဏ္ဏလုဒ္ဒေါ ပုရိသော၊ဓါတိစေလံဝ မက္ခိတော။
တသ္မိံ မေ ဝစနံ နတ္ထိ၊တဉ္စာရဟာမိ ဝတ္တဝေ။ ။
(၉၆၉)အနင်္ဂဏဿ ပေါသဿ၊နိစ္စံ သုစိဂဝေသိနော။
ဝါလဂ္ဂမတ္တံ ပါပဿ၊အဗ္ဘာမတ္တံဝ ခါယတိ။ ။
ဟူကုန်သောဤစတုတ္ထဂါထာပဉ္စမဂါထာတို့ကိုဆို၏။ ။
(၉၆၈-၉၆၉)မာရိသ၊ ရှင်ရဟန်း။ အာကိဏ္ဏလုဒ္ဒေါ၊ အကုသိုလ်ရောပြွမ်း၍ကြမ်းကြုတ်သောအမှုရှိသော။ ပုရိသော၊ ယောက်ျားသည်။ ခေဠသိင်္ဃာဏိကမုတ္တဂူထမက္ခိတံ၊ တံတွေး, နှပ်, ကျင်ငယ်, ကျင်ကြီး, ဖြင့်လိမ်းကျံသော။ ဓာတိစေလံဝ၊ နို့ထိန်းကျွန်မဝတ်သေါအဝတ်ကဲ့သို့။ မက္ခိတော၊ အကုသိုလ်ဖြင့်လိမ်းကျံအပ်၏။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ တသ္မိံ၊ ထိုအကုသိုလ်ရောပြွမ်း၍ ကြမ်းကြုတ်သောယောက်ျား၌။ မေ၊ ငါ၏။ ဝစနံ၊ ဆိုဖွယ်သောစကားသည်။ နတ္ထိ၊ မရှိ။ သမဏာစ၊ ရဟန်းတို့မူကား။ ဩဝါဒက္ခဏာ၊ ဆုံးမခြင်းငှါခံ့ကုန်၏။ ပိယသီလာ၊ ချစ်အပ်သောသီလရှိကုန်၏။ တသ္မာ၊ ထိုကြောင့်။ အပ္ပမတ္တကံ၊ အနည်းငယ်ဖြစ်သော်လည်း။ အယုတ္တံ၊ မသင့်သောအမှုကို။ ကရောန္တံ၊ ပြုသော။ တံ၊ သင့်ကို။ အဟံ၊ ငါသည်။ ဝတ္တဝေဝတ္တုံ၊ ဆိုခြင်းငှါ။ အရဟာမိ၊ ထိုက်၏။ ။
အနင်္ဂဏဿ၊ အပြစ်ကင်းသော။ နိစ္စံ၊ အမြဲ။ သုစိဂဝေသိနော၊ စင်ကြယ်ခြင်းကို ရှာလေ့ရှိသော။ ပေါသဿ၊ သင်ကဲ့သို့ ရဟန်းဖြစ်သော ယောက်ျားကောင်းအား။ ပါပဿ၊ မကောင်းမှု၏။ ဝါလဂ္ဂမတ္တံ၊ သားမြီးဖျားမျှသည်လည်း။ (နိဂ္ဂဟိတ်ကျေ)။ အဗ္ဘာမတ္တံဝ၊ တိမ်တိုက်ကြီးပမာဏကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ ခါယတိ၊ ထင်၏။ ဣဒါနိ၊ ယခုအခါ၌။ ကသ္မာ၊ အဘယ့်ကြောင့်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ဒေါသံ၊ အပြစ်ကို။ အဗ္ဗောဟာရိကံ၊ ဆိုခြင်းငှါမလောက်လားသည်ကို။ ကရောသိ၊ ပြုဘိသနည်း။ ။
နတ်သ္မီးသည်၊ ထိတ်လန့်စေအပ်သည်ရှိသော်၊ ဘုရားလောင်းသည်ထိတ်လန့်ခြင်းသို့ရောက်သည်ဖြစ်၍။ ။
(၉၇၀)အဒ္ဓါ မံ ယက္ခ ဇာနာသိ၊အထော မံ အနုကမ္ပသိ။
ပုနပိ ယက္ခ ဝဇ္ဇာသိ၊ယဒါ ပဿသိ ဧဒိသံ။ ။
ဟူသောဆဋ္ဌဂါထာကိုဆို၏။ ။
ထိုနောင်မှ ဘုရားလောင်းအားနတ်သ္မီးသည်။
(၉၇၁)နေဝတံ ဥပဇီဝါမိ၊နပိ တေ ဘတကာမှသေ။
တွမေဝ ဘိက္ခု ဇာနေယျ၊ယေန ဂစ္ဆေယျ သုဂ္ဂတိံ။ ။
ဟူသောဤသတ္တမဂါထာကိုဆို၏။ ။
(၉၇၁)မာရိသ၊ ရှင်ရဟန်း။ အဟံ၊ ငါသည်။ တံ၊ သင့်ကို။ နေဝဥပဇီဝါမိ၊ မှီ၍အသက်မမွေး။ တေ၊ သင်၏။ နာပိဘတိကမ္မသေ၊ အခစား၍အမှုလုပ်သောသူလည်းမဟုတ်ခဲ့။ ယေန၊ အကြင်အကြောင်းဖြင့်။ သုဂ္ဂတိံ၊ သုဂတိသို့။ ဂစ္ဆေယျ၊ လားရာ၏။ ဘိက္ခု၊ ရှင်ရဟန်း။ တံ၊ ထိုသုဂတိသို့လားကြောင်းကောင်းမှုကို။ တွမေဝ၊ သင်သည်ပင်လျှင်။ ဇာနေယျဇာနေယျာသိ၊ သိလေလော့။ ။
သိင်္ဃပုပ္ဖဇာတကံ သတ္တမံ။၃၉၂။
နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သုသုခံဝတဇီဝန္တိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝိဃာသာဒဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ ကစားလေ့ရှိသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည်သိကြားမင်းဖြစ်၏။ မထင်မရှားသော ကာသိကရွာ၌ ခုနှစ်ယောက်ကုန်သောညီနောင်တို့သည် ကာမဂုဏ်တို့၌ အပြစ်ကိုမြင်၍ တောထွက်၍ ရသေ့ရဟန်းပြု၍ တော၏အလယ်၌နေလျက် ကမ္မဋ္ဌာန်းစီးဖြန်းခြင်းလုံ့လကိုမပြုမူ၍၊ ကိုယ်ဆူဖြိုးခြင်းကိုပြုခြင်း များကုန်သည်ဖြစ်၍၊ အထူးထူးအပြားပြားသော ကစားခြင်းတို့ကို ကစားလျက် သွားကုန်၏။ သိကြားမင်းသည် ဤရသေ့တို့ကို ထိတ်လန့်စေအံ့ဟု ကျေးသားဖြစ်၍။ ထိုသူ၏နေရာအရပ်သို့သွား၍ တစ်ခုသောသစ်ပင်၌နား၍ ရသေ့တို့ကိုထိတ်လန့်စေလိုရကား။ ။
(၉၇၂)သုသုခံ ဝတ ဇီဝန္တိ၊ယေ ဇနာ ဝိဃာသာဒိနော။
ဒိဋ္ဌေဝ ဓမ္မေ ပါသံသာ၊သမ္ပရာယေ စ သုဂ္ဂတိံ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုအခါရသေ့တို့တွင် တစ်ယောက်သောရသေ့သည် ကျေးသား၏စကားကိုကြား၍ ကြွင်းသောရသေ့တို့ကိုခေါ်၍။ ။
(၉၇၃)သုကဿ ဘာသမာနဿ၊န နိသာမေထ ပဏ္ဍိတာ။
ဣဒံ သုဏာထ သောဒရိယာ၊အမှေဝါယံ ပသံသတိ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုအခါ ရသေ့တို့ကိုပယ်လိုသည်ဖြစ်၍ကျေးသားသည်။ ။
(၉၇၄)နာဟံ တုမှေ ပသံသာမိ၊ကုဏပါဒါ သုဏာထ မေ။
ဥစ္ဆိဋ္ဌဘောဇနာ တုမှေ၊န တုမှေ ဝိဃာသာဒိနော။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
အလုံးစုံလည်းဖြစ်ကုန်သော ထိုရသေ့တို့သည် ကျေးသား၏စကားကိုကြားကုန်၍။ ။
(၉၇၅)သတ္တဝဿာ ပဗ္ဗဇိတာ၊မဇ္ဈေရညေ သိခဏ္ဍိနော။
ဝိဃာသေနေဝ ယာပေန္တာ၊မယံ စေ ဘောတော ဂါရယှာ။
ကေ နု ဘောတော ပသံသိယာ။ ။
ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။
ထိုရသေ့တို့ကိုရှက်စေလိုသည်ဖြစ်၍ဘုရားလောင်းသည်။ ။
(၉၇၆)တုမှေ သီဟာနံ ဗျဂ္ဃါနံ၊ဝါဠာနဉ္စာဝသိဋ္ဌကံ။
ဥစ္ဆိဋ္ဌေနေဝ ယာပေန္တာ၊မညိဝှော ဝိဃာသာဒိနော။ ။
ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ရသေ့တို့သည် ငါတို့သည်။ ဝိဃာသာဒိမမည်ကုန်အံ့၊ ထိုသို့ဖြစ်သော်လည်းအဘယ်သူသည် ဝိဃာသာဒိမည်သနည်း ဟုမေးကြကုန်၏။ ထိုအခါ ဘုရားလောင်းကျေးသားသည်ထိုအကြောင်းကိုကြားလို၍။ ။
(၉၇၇)ယေ ဗြာဟ္မဏဿ သမဏဿ၊အညဿ ဝါဝနိဗ္ဗိနော။
ဒတွာဝ သေသံ ဘုဉ္ဇန္တိ၊တေ ဇနာ ဝိဃာသာဒိနော။ ။
ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။
(၉၇၇)ယေဇနာ၊ အကြင်သူတို့သည်။ ဗြာဟ္မဏဿ၊ ပုဏ္ဏားအား၎င်း။ သမဏဿ၊ ရဟန်းအား၎င်း။ အညဿ၊ ရဟန်းပုဏ္ဏားမှတစ်ပါးသော။ ဝနိဗ္ဗိနောဝါ၊ တောင်းစားတတ်သောသူအား၎င်း။ ဒတွာ၊ ပေးလှူ၍။ အဝသေသံ၊ အကြွင်းကို။ ဘုဉ္ဇန္တိ၊ စားကုန်၏။ တေဇနာ၊ ထိုသူတို့သည်။ ဝိဃာသာဒိနော၊ ဝိဃာသာဒိမည်ကုန်၏။ ။
(ဥစ္ဆိဋ္ဌန္တိပရေဟိအက္ခာယိတသေသံ။(ဋီကာ)။ ။ မညိဝှေါ၌ဝှေါဝိဘတ်။ ဝနိဗ္ဗိနောတိတံတံဘဏ္ဍံယာစကဿ။(အဋ္ဌကထာ)။ ။
ဝိဃာသာဒဇာတကံ အဋ္ဌမံ။၃၉၃။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ပဏီတံ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဝဋ္ဋကဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လျှပ်ပေါ်သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ထိုကျီးနှင့်တကွပဋိသန္ဓာရကိုပြုလိုရကား။ ။
(၉၇၈)ပဏီတံ ဘုဉ္ဇသေ ဘတ္တံ၊သပ္ပိတေလဉ္စ မာတုလ။
အထ ကေန နု ဝဏ္ဏေန၊ကိသော တွမသိ ဝါယသ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ဘုရားလောင်းစကားကိုကြား၍ကျီးသည်။ ။
(၉၇၉)အမိတ္တမဇ္ဈေ ဝသတော၊တေသု အာမိသမေသတော။
နိစ္စံ ဥဗ္ဗိဂ္ဂဟဒယဿ၊ကုတော ကာကဿ ဒဠှိယံ။ ။
(၉၈၀)နိစ္စံ ဥဗ္ဗိဂ္ဂိနော ကာကာ၊ဓင်္ကာ ပါပေန ကမ္မုနာ။
လဒ္ဓေါ ပိဏ္ဍော န ပီဏေတိ၊ကိသော တေနသ္မိ ဝဋ္ဋက။ ။
(၉၈၁)လူခါနိ တိဏဗီဇာနိ၊အပ္ပသ္နေဟာနိ ဘုဉ္ဇသိ။
အထ ကေန နု ဝဏ္ဏေန၊ထူလော တွမသိ ဝဋ္ဋက။ ။
ဟူသောဤသုံးဂါထာတို့ကိုဆို၏။ ။
(၉၇၉-၉၈၁)ဝဋ္ဋက၊ ငုံး။ အမိတ္တမဇ္ဈေ၊ ရန်သူတို့အလယ်၌။ ဝသတော၊ နေရသော။ တေသု၊ ထိုရန်သူတို့၌၊ရန်သူတို့၏။ အာမိသံ၊ အစာအာမိသကို။ ဧသတော၊ ရှာသော။ နိစ္စံ၊ အမြဲ။ ဥဗ္ဗိဂ္ဂဟဒယဿ၊ ထိတ်လန့်သောနှလုံးရှိသော။ ကာကဿ၊ ကျီးမျိုး၌ဖြစ်သော။ မယှံ၊ ငါအား။ (ထည့်)။ ဒဠှိယံ၊ ဆူဖြိုးသောအဖြစ်သည်။ ကုတောအတ္ထိ၊ အတီမှာရှိအံ့နည်း။ ။
ဝဋ္ဋက၊ ငုံး။ ဓင်္ကာ၊ ဓင်္ကမည်ကုန်သော။ ကာကာ၊ ကျီးတို့သည်။ နိစ္စံ၊ အမြဲ။ ဥဗ္ဗိဂ္ဂိနော၊ ထိတ်လန့်သောနှလုံးရှိကုန်၏။ ပါပေနကမ္မုနာ၊ လူတို့အစာသူ့ဥစ္စာကိုလုယက်ထိုးနှိုက်ခြင်းဟုဆိုအပ်သော ယုတ်မာသောအမှုဖြင့်။ လဒ္ဓေါ၊ ရအပ်သော။ ပိဏ္ဍော၊ အစာသည်။ နပီဏေတိနတပ္ပေတိ၊ မနှစ်သက်မရောင့်ရဲစေ။ တေနကာရဏေန၊ ထိုအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ကိသော၊ အသွေးအသားနည်းပါးကြုံလှီသည်။ အသ္မိ၊ ဖြစ်၏။ ။
ဝဋ္ဋက၊ ငုံး။ တွံ၊ သင်သည်။ လူခါနိ၊ ခြောက်ကုန်သော။ အပ္ပသ္နေဟာနိ၊ နည်းသောအဆီအရသာရှိကုန်သော။ တိဏဗီဇာနိ၊ မြက်သီးတို့ကို။ ဘုဉ္ဇသိ၊ စား၏။ အထ၊ ထိုသို့ဖြစ်လျက်။ ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်သည်။ ထူလော၊ ဆူဖြိုးသောကိုယ်ရှိသည်။ အသိနု၊ ဖြစ်သနည်း။ ။
ထိုစကားကို ကြား၍ ဘုရားလောင်းသည် မိမိ၏ဆူဖြိုးသော အကြောင်းကိုဆိုလို၍။ ။
(၉၈၂)အပ္ပိစ္ဆာ အပ္ပစိန္တာယ၊အဒူရဂမနေန စ။
လဒ္ဓါလဒ္ဓေန ယာပေန္တော၊ထူလော တေနသ္မိ ဝါယသ။ ။
(၉၈၃)အပ္ပိစ္ဆဿ ဟိ ပေါသဿ၊အပ္ပစိန္တသုခဿ စ။
သုသင်္ဂဟိတမာနဿ ၊ဝုတ္တီ သုသမုဒါနယာ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၈၂-၉၈၃)ဝါယသ၊ ကျီး။ အပ္ပိစ္ဆာအပ္ပိစ္ဆာယ၊ အာဟာရတို့၌ အလိုရမက်နည်းသည်အဖြစ်ဖြင့်၎င်း။ အပ္ပစိန္တာယ၊ ယနေ့ငါသည်အဘယ်၌ အာဟာရကိုရပါအံ့နည်း နက်ဖြန်အဘယ်၌အာဟာရကိုရပါအံ့နည်း ဤသို့စသည်အာဟာရ၌အကြံနည်းသည်အဖြစ်ဖြင့်၎င်း။ အဒူရဂမနေနစ၊ ဤမည်သောအရပ်၌မွန်မြတ်သောအာဟာရကိုရလတ္တံ့ဟုမကြံမူ၍အဝေးသို့မသွားခြင်းဖြင့်၎င်း။ လဒ္ဓါလဒ္ဓေန၊ လူခပဏီတ,ရရသရွေ့သော အာဟာရဖြင့်။ တုဋ္ဌော၊ ရောင့်ရဲသည်ဖြစ်၍။ (ထည့်)။ ယာပေန္တော၊ ကိုယ်ခန္ဓာကိုမျှစေ၏။ တေန၊ ထိုသုံးပါးသောအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ထူလော၊ ဆူဖြိုးသည်။ အသ္မိ၊ ဖြစ်၏။ ဟိသစ္စံ၊ မှန်၏။ အပ္ပိစ္ဆဿ၊ အလိုရမက်နည်းသော။ အပ္ပစိန္တသုခဿစ၊ အာဟာရ၌အကြံနည်းကုန်သော အရိယာသူတော်ကောင်းတို့၏သုခရှိသည်လည်းဖြစ်ထသော။ သုသင်္ဂဟိတမာနဿ၊ ဤမျှသာစား၍ကြေစေခြင်းငှါ၊ တတ်နိုင်လေအံ့ဟု ကောင်းစွာသိမ်းဆည်းဆင်ခြင်အပ်သော အစာအာဟာရ အတိုင်းအရှည်ရှိထသော။ ပေါသဿ၊ သတ္တဝါ၏။ ဝုတ္တိ၊ အသက်မွေးခြင်းသည်။ သုသမုဒါနယာ၊ ချမ်းသာသဖြင့်ဖြစ်လွယ်၏။ ။
(ပီဏေတိ၌ မုဒ္ဓဇဏနှင့်ရှိမူသွာဒိဂိုဏ်း။ ဒန္တဇနနှင့်ရှိမူ ကီယာဒိဂိုဏ်းနှစ်ချက်သင့်။ အပ္ပိစ္ဆာ၌ယကျေသည်။ အပ္ပစိန္တသုခဿာတိအပ္ပါဟာရစိန္တာရဟိတာနံအပ္ပစိန္တာနံအရိယာနံ။ သုခံအဿတ္ထီတိအပ္ပစိန္တသုခေါ၊တဿ။ ။ သုသင်္ဂဟိတမာနဿာတိဧတ္တ ကံဘုဉ္ဇိတွာ ဇီရာပေတုံသက္ခိဿာမီတိဧဝံ သုဋ္ဌုသင်္ဂဟိတာဟာရမာနဿ။ အဋ္ဌကထာမှာသည်ကား ဤနှစ်ပုဒ်အနက်မှားတတ်သည်။ မာနကားအာဟာရအတိုင်းအရှည်ကိုဟောသည်၊စိတ်ကိုမဟော)။ ။
ဝဋ္ဋကဇာတကံ နဝမံ။၃၉၄။
နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ စိရဿံဝတ ပဿာမိ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤပါရာဝတဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ လျှပ်ပေါ်သောရဟန်းကိုလျှင် အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် တောမှလာသည်ရှိသော်ကျီးကိုမြင်၍ပြက်ရယ်ပြုလိုရကား။ ။
(၉၈၄)စိရဿံ ဝတ ပဿာမိ၊သဟာယံ မဏိဓါရိနံ။
သုကတာ မဿု-ကုတ္တိယာ၊သောဘတေ ဝတ မေ သခါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုစကားကိုကြား၍ကျီးသည်။ ။
(၉၈၅)ပရူဠှကစ္ဆနခလောမော၊အဟံ ကမ္မေသု ဗျာဝဋော။
စိရဿံ နှာပိတံ လဒ္ဓါ၊လောမံ တံ အဇ္ဇံ ဟာရယိံ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုနောင်ဘုရားလောင်းသည်။ ။
(၉၈၆)ယံ နု လောမံ အဟာရေသိ၊ဒုလ္လဘံ လဒ္ဓ ကပ္ပကံ။
အထ ကိဉ္စရဟိ တေ သမ္မ၊ဣဒံ ကဏ္ဌေ ကိဏာယတိ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
ထိုနောင်မှကျီးသည်။ ။
(၉၈၇)မနုဿသုခုမာလာနံ၊မဏိ ကဏ္ဌေသု လမ္ဗတိ။
တေသာဟံ အနုသိက္ခာမိ၊မာ တွံ မညိ ဒဝါ ကတံ။ ။
(၉၈၈)သစေပိမံ ပိဟယသိ၊မဿုကုတ္တိံ သုကာရိတံ။
ကာရယိဿာမိ တေ သမ္မ၊မဏိဉ္စာပိ ဒဒါမိ တေ။ ။
ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။
(၉၈၇-၉၈၈)သမ္မပါရာဝတ၊ အဆွေခို။ မနုဿသုခုမာလာနံ၊ ဥစ္စာကြွယ်ဝ၍သိမ်မွေ့နူးညံ့ကုန်သောလူတို့၏။ ကဏ္ဌေသု၊ လည်တို့၌။ မဏိံ၊ ဤကဲ့သို့သောပတ္တမြားရတနာကို။ လမ္ဗတိ၊ ဆွဲဆင်၏။ အဟံ၊ ငါသည်။ တေသံ၊ ထိုလူကုံတံလူကြွယ်ဝတို့၏။ အနုသိက္ခာမိ၊ အတုကျင့်၏။ တွံပန၊ သင်မူကား။ ဧတံ၊ ဤသို့လူတို့အတုကျင့်သည်ကို။ မယှံ၊ ငါသည်။ ဝါ၊ ငါအား။ ဒဝါကတံ၊ ရယ်မြူးလို၍ပြု၏ဟု။ မာမညိ၊ မအောက်မေ့လင့်။ တနည်း။ အဟံ၊ ငါသည်။ တေသံ၊ ထိုလူကုံတံလူကြွယ်ဝတို့၏။ အနုသိက္ခာမိ၊ အတုမြင်၍ အတတ်သင်၏။ ဣတိ၊ ဤသို့။ မာမညိ၊ မအောက်မေ့လင့်။ မနုဿေဟိ၊ လူသရော်တို့သည်။ ဒဝါ၊ ရယ်မြူးလိုသဖြင့်။ ကတံ၊ ပြုအပ်၏။ ။
သမ္မပါရာဝတ၊ အဆွေခို။ တွံ၊ သင်သည်။ ဣမံမဿုကုတ္တိံ၊ ဤမုတ်ဆိတ်ဆံပြုပြင်ခြင်းကို။ သုကာရိတံ၊ ကောင်းစွာပြုအပ်၏ဟူ၍။ သစေပိဝိယာယသိ၊ အကယ်၍မူလည်းချစ်မြတ်နိုးသည်ဖြစ်အံ့။ တေ၊ သင်အား။ ကာရယိဿာမိ၊ ပြုပြင်စေအံ့။ တေ၊ သင့်အား။ မဏိဉ္စာပိ၊ ပတ္တမြားကိုလည်း။ ဒဒါမိ၊ ငါပေးအံ့။ ။
ထိုစကားကိုကြား၍ ဘုရားလောင်းသည်။ ။
(၉၈၉)တွညေဝ မဏိနာ ဆန္နော၊သုကတာယ စ မဿုယာ။
အာမန္တ ခေါ တံ ဂစ္ဆာမိ၊ပိယံ မေ တဝ ဒဿနံ။ ။
ဟူသောဆဋ္ဌဂါထာကိုဆို၏။ ။
(၉၈၉)သမ္မဝါယသ၊ အဆွေကျီး။ တွညေဝ၊ သင်သည်သာလျှင်။ မဏိနာမဏိနော၊ ပတ္တမြားအား။ ဆန္နောအနုစ္ဆဝိကော၊ လျောက်ပတ်လှပေ၏ဟု။ ကတာယသုကတဿ၊ ကောင်းစွာပြုပြင်အပ်သော။ မဿုယာမဿုဿ၊ ဤမုတ်ဆိတ်မုတ်နားအားလည်း။ ဆန္နော၊ လျောက်ပတ်လှပေ၏။ မမ၊ ငါအားမူကား။ တံ၊ သင့်အားသင့်ကို။ ဒဿနံ ဒဿနမေဝ၊ မြင်ရခြင်းသည်သာလျှင်။ ပိယံ၊ ချစ်မြတ်နိုးအပ်လှပေပြီ။ ။
(ဘုန်းစက်နည်းပါးငါတို့အားကား။ မျက်ဝါးထင်ထင်မြင်ရမည်မျှကြံစည်ခဲတို့စွဖြစ်၍ မြင်ရလျှင်ပင်ကောင်းလှပေပြီဟူလိုသည်)။ ။
တသ္မာ၊ ထို့ကြောင့်။ တံ၊ သင့်ကို။ အာမန္တခေါ၊ ပန်ကြား၍လျှင်။ ဂစ္ဆာမိ၊ ငါသွားပါအံ့။ ။
(ကိဉ္စရဟိကိုကိံဧတံဟုဘော်သည်ကား။ ကိဉ္စရဟီတိကိံ ဧတံ။ ကိဏာယတီတိကိဏိကိဏိဣတိသဒ္ဒံကရောတိ။ ဟူသောဋီကာကိုမြော်သည်။ ကိဏာယတိကား နာမဓာတ်ကိဏိပုဒ်၊အာယပစ္စည်း၊ တိဝိဘတ်။ မာတွံမညီတိတွံပနဧတံ မယှံဒဝါကတန္တိ မာမညသိ။ ဟူသောအဋ္ဌကထာကိုမြော်၍ ရှေးနည်းယောဇနာသည်။ မဏိနာကားမဏိနောဆိုလိုလျက် တတိယာသက်သည်။ မဏိနာတိမဏိနော၊အယမေဝဝါပါဌော။(အဋ္ဌကထာ)။ ။
ဆန္နောကိုအနုစ္ဆဝိကောဖွင့်သည်။ ဣမဿသုကတဿမဿုဿ,ဟု-အဋ္ဌကထာဖွင့်ရကား။ သုကတာယစမဿုယာကားလိင်္ဂဝိပလ္လာသ)။ ။
ပါရာဝတဇာတကံဒသမံ။၃၉၅။ သူစိဝဂ္ဂေါဒုတိယော။ ။
(အဋ္ဌကထာ၌ခရပုတ္တဝဂ္ဂေါရှိ၏)။ ။ တဿုဒ္ဒါနံ။ ။
အဝါရိယံသေတကေတု၊ဒရီမုခဉ္စနေရုစ။
အာသင်္ကံမိဂလောပဉ္စ၊ကာဠကဏ္ဏီစကုက္ကုဋံ။ ။
ဓမ္မဓဇဉ္စနန္ဒိယံ၊ခရပုတ္တံသူစိစေဝ။
တုဏ္ဍိလံသောဏ္ဏကက္ကဋံ၊မယှကံဝိဇ္ဇာဓရဉ္စ။ ။
သိင်္ဃပုပ္ဖံဝိဃာသာဒံ၊ဝဋ္ဋကဉ္စပါရာဝတံ။
သင်္ဂါယိံသုမဟာထေရာ၊ဆက္ကေဝီသတိဇာတကေ။ ။
ဆက္ကနိပါတံ နိဋ္ဌိတံ။၂၀။၃၉၅။