Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

40. Khadiraṅgārajātakaṃ

Author: နိဿယ-1 @ IAPT

(၄ဝ)နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာမံပတာမိနိရယံ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤခဒိရင်္ဂါရဇာတ်ကို၊ ဇေတဝန်ကျောင်း၌နေတော်မူစဉ်၊ အနာထပိဏ်သူဋ္ဌေး၏အလှူကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘန္တေ၊ အသျှင်ဘုရား။ နိရယံ၊ မီးကျီးတွင်းဟုဆိုအပ်သောငရဲသို့။ ဥဒ္ဓံပါဒေါ၊ အထက်၌ ခြေရှိသည်ဖြစ်၍။ အဝံ-သိရော၊ ဦးစောက်။ ကာမံ၊ စင်စစ်။ အဟံ၊ အကျွန်ုပ်သည်။ ပတာမိ၊ ကျငြားအံ့။ တထာပိ၊ ထိုသို့ကျသော်လည်း။ အန-ရိယံ၊ မသူတော်တို့သည်ပြုအပ်သောအလှူမပေးခြင်းသီလမစောင့်ခြင်းကို။ အဟံ၊ အကျွန်ုပ်သည်။ နကရိဿာမိ၊ မပြုအံ့။ တုမှေ၊ အသျှင်ဘုရားတို့သည်။ ဟန္ဒ၊ လွတ်လွတ်။ ပိဏ္ဍံ၊ ဆွမ်းကို။ ပဋိဂ္ဂဟ၊ ခံတော်မူပါလော့။ (ဤသို့ဆို၍ဘုရားလောင်းသည်မြဲမြံစွာသောဆောက်တည်ခြင်းဖြင့်ဆွမ်းခွက်ကိုကိုင်၍ မီးကျီးတွင်း၏အထက်ဖြင့်သွားသည်ရှိသော်၊ ထိုခဏ၌လျှင်အတောင်ရှစ်ဆယ်နက် သောမီးကျီးတွင်း၏ အပြင်မှ အဆင့်ဆင့်ရောက်သော ပွင့်ချပ်တစ်ရာတို့ဖြင့် တန်းဆာဆင်အပ်သောအပွင့်ရှိသောတစ်ခုသောပဒုမာပင်သည်ပေါက်၍ ဘုရားလောင်း၏ခြေတို့ကိုခံ၏။ ထိုပဒုမာပွင့်မှပြည်တောင်းကြီးအတိုင်းအရှည်ရှိသောဝတ်မှုံသည်တက်၍ဘုရားလောင်း၏ ထိပ်ထက်၌တည်၍ အလုံးစုံသော ကိုယ်ကိုရွှေမှုန်ဖြင့်သွန်းကြဲဘိသကဲ့သို့ဖြစ်၏။ ဘုရားလောင်းသည်ပဒုမာ၏အချက်၌ရပ်၍ အထူးထူးသောမြတ်သော အရသာရှိသောဘောဇဉ်ကိုပစ္စေကဗုဒ္ဓါ၏ သပိတ်၌ တည်စေ၏။ ပစ္စေကဗုဒ္ဓါသည်ထိုဆွမ်းကိုခံ၍ အနုမောဒနာပြု၍ သပိတ်ကိုကောင်းကင်သို့ပစ်၍ လူများ၏မြင်စဉ်လျှင်မိမိသည် ကောင်းကင်သို့တက်၍ အထူးထူးအပြားပြားရှိသောတိမ်လွှာအစဉ်ကိုနင်းဘိသကဲ့သို့ဖြစ်၍ဟိမဝန္တာသို့သာလျှင်ကြွတော်မူ၏။ မာရ်နတ်သားသည်လည်းစစ်ရှုံး၍ နှလုံးမသာယာခြင်းသို့ရောက်၍မိမိနေရာသို့သာလျှင်သွားလေ၏။ ဘုရားလောင်းသည်လည်းပဒုမာကြာ၏ အချက်၌ရပ်လျက် လူများအားဒါနသီလကိုချီးမွမ်းသဖြင့်တရားဟော၍ လူများသည်ခြံရံလျက် မိမိအိမ်သို့သာလျှင်ဝင်၍ အသက်ထက်ဆုံးဒါန အစရှိသောကောင်းမှုတို့ကိုပြု၍ကံအားလျော်စွာလား၏)။

ခဒိရင်္ဂါရဇာတကံဒသမံ။၄၀။ ကုလာဝကဝဂ္ဂေါစတုတ္ထော။ တဿုဒါနံ။ ။

ကုလာဝကဉ္စ နစ္စဉ္စ၊သမ္မောဒ-မစ္ဆ-ဝဋ္ဋကံ။

သကုဏံ တိတ္တိရံ ဗကံ၊နန္ဒဉ္စ ခဒိရင်္ဂါရံ။ ။