ဇနာဓိပ၊ လူတို့ကိုအစိုးရသော။ မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ တေ၊ အသျှင်မင်းမြတ်၏။ ပုတ္တော၊ သားတော်တည်း။ တွံ၊ အသျှင်မင်းမြတ်သည်။ မံ၊ အကျွန်ုပ်ကို။ ပေါသ၊ မွေးမြူတော်မူပါလော့။ ဒေဝေါ၊ အသျှင်မင်းမြတ်သည်။ အညေပိ၊ သွေးစပ်သည်မှတပါးသောမှူးမတ်ကျေးကျွန်စသောသူတို့ကိုသော်လည်း။ ပေါသေတိ၊ မွေးမြူတုံသေး၏။ ဒေဝေါ၊ အသျှင်မင်းမြတ်သည်။ သကံပဇံ၊ မိမိရင်သွေးတော်စစ်ဖြစ်သောအကျွန်ုပ်ကို။ ကိဉ္စိ၊ အသို့မူ၍။ နပေါသေတိ၊ မွေးမြူတော်မမူလှည့်အံ့နည်း။
(သားမည်သည်ကား၊ အတြဇသား၊ခေတြဇသား၊အန္တေဝါသိကသား၊ဒိန္နကသားဟူ၍ လေးပါးအပြားရှိ၏။ ထိုလေးပါးတို့တွင် မိမိကိုယ်ကိုစွဲ၍ဖြစ်သောသားသည်အတြဇသားမည်၏။ အိပ်ရာအပြင်ပလ္လင်အစရှိသည်တို့၌ဖြစ်သောသားသည် ခေတြဇသားမည်၏။ အထံ၌အတတ်သင်သောသားသည်အန္တေဝါသိကသားမည်၏။ မွေးစားစိမ့်သောငှါပေးအပ်သောသားသည်ဒိန္နကသားမည်၏။ ထိုလေးပါးတိုတွင်ဤအရာ၌အတြဇသားကိုရည်၍၊ပုတ္တော,ဟုဆိုသတည်း။ ကိဉ္စိ,ကစ္စိ,နှစ်ထွေရှိသည်ကားသင့်သည်ချည်း၊ဂရဟာအ္နံရှိသောကိဉ္စိ,ကစ္စိ,သဒ္ဒါဖြင့်နပေါသေတိ,ဟူသောအတ္ထကိုသိရသတည်း။ ကိဉ္စိ,ဟုအချို့စာရှိသည်ကားမသင့်)။
ကဋ္ဌဝါဟနဇာတကံသတ္တမံ။ ။