ဘဝန္တောအမစ္စာ၊ အိုအမတ်တို့။ မယှံ၊ ငါ၏။ ဣမေဥတ္တမင်္ဂရုဟာ၊ ဤမြတ်သောအင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌ရောက်သောဆံတို့သည်။ ဝယော-ဟရာ၊ တတိယအရွယ်သို့ဆောင်ကုန်သည်ဖြစ်၍။ ပလိတာ၊ (ထည့်)ဗြိုင်းဖြူအမွေးဖွေးဖွေးဖြူကုန်သည်။ ဇာတာ၊ ဖြစ်ကုန်လတ်ပြီ။ ဒေဝ-ဒူတာ၊ သေမင်း၏တမန်တို့သည်၊နတ်နှင့်တူသောတမန်တို့သည်၊ဝိသုဒ္ဓိနတ်ဖြစ်သောဘုရားလောင်း၏တမန်တို့သည်။ ပါတု-ဘူတာ၊ လှံဒဏ်စိုက်သကဲ့သို့ဦးခေါင်း၌ထင်ရှားဖြစ်ကုန်ပြီ။ မမ၊ ငါ၏။ ပဗ္ဗဇ္ဇာသမယော၊ ရဟန်းပြုကာတန်လတ်ပြီ။ ။
(မဂ္ဃဒေဝမင်းသည်ဤသို့ဆို၍ထိုနေ့၌လျှင်မင်းအဖြစ်ကိုစွန့်၍ရသေ့ရဟန်းပြု၍ထိုမဂ္ဃဒေဝသရက် ဥယျာဉ်၌လျှင်နေလျက်၊အနှစ်ရှစ်သောင်းလေးထောင်ပတ်လုံးဗြဟ္မဝိဟာရတရားလေးပါးတို့ကိုပွါးစေ၍မယုတ်သောဈာန်၌တည်လျက်၊ ထိုဘဝမှစုတေ၍ဗြဟ္မာ့ပြည်၌ဖြစ်၍တဘန်ဗြဟ္မာ့ပြည်မှစုတေ့၍မိဓိလာပြည်၌လျှင်နိမ်မည်သောမင်းဖြစ်၍ ဆုတ်နစ်သောမိမိအနွယ်ကိုစွန့်၍၊ ထိုသရက်ဥယျာဉ်၌ လျှင်ရဟန်းပြု၍ဗြဟ္မဝိဟာရတရားတို့ကိုပွါးစေ၍တဖန်ဗြဟ္မာ့ပြည်သို့လား၏)။
ဒေဝဒူတဇာတကံနဝမံ။ ။