Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

194. Maṇicorajātakaṃ (2-5-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နသန္တိဒေဝါ ပဝသန္တိ နူန,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤမဏိစောရဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊မြတ်စွာဘုရားကို သတ်အံ့သောငှါလုံ့လပြုသော ဒေဝဒတ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါသုဇာတာသည် မိမိ၏သီလကျေးဇူးကိုဆင်ခြင်၍၊ ဤလောက၌သီလရှိကုန်သောသူတို့ကို ညှဉ်းဆဲတတ်ကုန်သော ယုတ်မာကုန်သောနိုင်ထက်ကလူမူတတ်သောသူတို့ကိုမြင်အံ့သောငှါ စွမ်းနိုင်ကုန်သောနတ်တို့မည်သည်ကားမရှိကုန်ယောင်တကားဟုဆိုလို၍။ ။

(၂၃၉)နသန္တိ ဒေဝါ ပဝသန္တိ နူန၊နဟိ နူန သန္တိ ဣဓ လောက-ပါလာ။

သဟသာ ကရောန္တာနံ အ-သညတာနံ၊နဟိနူန သန္တီ ပဋိသေဓိတာရော။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၂၃၉)ဣဓလောကေ၊ ဤလူ့ရွာ၌။ ဒေဝါ၊ သီလရှိသောသူတို့ကိုကြည့်ရှုတတ်ယုတ်မာသောသူကိုတားမြစ်တတ်ကုန်သောနတ်တို့သည်။ နသန္တိနူန၊ မရှိကုန်ယောင်တကား။ ဧဝရူပေသု၊ ဤသို့သဘောရှိကုန်သော။ ကိစ္စေသု၊ ကိစ္စတို့သည်။ ဥပ္ပန္နေသု၊ ဖြစ်ကုန်လတ်သော်။ ဒေဝါ၊ သီလရှိသောသူတို့ကိုကြည့်ရှုတတ်,ယုတ်မာသောသူတို့ကိုတားမြစ်တတ်ကုန်သော နတ်တို့သည်။ ပဝသန္တိနူန၊ အရပ်တစ်ပါး ရှောင်သွားကုန်ယောင်တကား။ ဣဓလောကေ၊ ဤလူ့ရွာ၌။ လောက-ပါလာ၊ လူကိုစောင့်တတ်၏ဟု သမုတ်အပ်ကုန်သောသီလရှိသောသူတို့ကို ချီးမြှောက်တတ်ကုန်သောရဟန်း ပုဏ္ဏားတို့သည်လည်း။ နဟိသန္တိနူန၊ အလျှင်းပင်မရှိကုန်ယောင်တကား။ သဟသာ၊ မဆင်မခြင်အဆောတလျင်အားဖြင့်။ ကရောန္တာနံ၊ ရုန့်ရင်းကြမ်းထမ်းသောအမှုကိုပြုတတ်ကုန်သော။ အ-သညတာနံ၊ ကိုယ်နှုတ်နှလုံးကိုမစောင့်ကုန်သောသူတို့ကို။ ပဋိသေဓိတာရော၊ ဤကဲ့သို့အမှုကိုမပြုကြကုန်လင့်၊ဤအမှုကို သင်တို့ပြုခြင်းငှါ ခွင့်မရဟုတားမြစ်တတ်ကုန်သောနတ်တို့သည်။ နဟိသန္တိနူန၊ အလျှင်းပင်မရှိကုန်ယောင်တကား။ ။

သိကြားမင်းသည်ကောင်းကင်၌ရပ်၍၊ သိကြားမင်းပေးအပ်သောဤမင်းသည် ဤနေ့မှစ၍ တရားသဖြင့်မင်းအဖြစ်ကိုပြုလတ္တံ့၊ မင်းတရားမစောင့်ရာ၌အပြစ်ကိုထင်စွာပြအံ့။မင်းသည်တရားမစောင့်သည်အကယ် ၍ဖြစ်အံ့၊မရွာသင့်သောကာလ၌မိုဃ်းသည်ရွာ၏။ရွာသင့်သောကာလ၌မရွာ။ငတ်မွတ်ခြင်းဘေး,အနာနှိပ်စက်ခြင်းဘေး,ဓားလက်နက်ဘေး, ဤဘေးသုံးပါးတို့သည် ရောက်လာကုန်သည်သာလျှင်ဖြစ်ကုန်၏။ ဤသို့ ဆုံးမလိုသည်ဖြစ်၍။ ။

(၂၄၀)အ-ကာလေဝဿတိ တဿ၊ကာလေ တဿ န ဝဿတိ။

သဂ္ဂါစ စဝတိ ဌာနာ၊နနု သော တာဝတာ ဟတော။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၂၄၀)တဿ၊ ထိုတရားမစောင့်မဖြောင့်ကျင့်သောမင်း၏။ ရဇ္ဇေ၊ တိုင်းနိုင်ငံ၌။ ဒေဝေါ၊ မိုဃ်းသည်။ ဝဿန္တော၊ ရွာသည်ရှိသော်။ အ-ကာလေ၊ ကောက်တို့မှည့်ရာကာလ,ရိပ်ရာကာလ,နယ်ရာကာလ,စသောမလျောက်ပတ်သောကာလ၌။ ဝဿတိ၊ ရွာ၏။ တဿ၊ ထိုတရားမစောင့်မဖြောင့်ကျင့်သောမင်း၏။ ရဇ္ဇေ၊ တိုင်းနိုင်ငံ၌။ ကာလေ၊ စိုက်ပျိုးသောကာလ,ကောက်နုသောကာလ,အဖုံးကိုယူသောကာလ,ဟူသောလျောက်ပတ်သောကာလ၌။ နဝဿတိ၊ မရွာ။ အဓမ္မိက-ရာဇာ၊ ဂတိတိမ်းပါး တရားမစောင့်သော မင်းသည်။ သဂ္ဂါစဌာနာ၊ နတ်ပြည်ကိုရခြင်းမှလည်း။ စဝတိ၊ လွတ်ကင်းတတ်၏။ (တနည်း)။ အဓမ္မိကရာဇာ၊ ဂတိတိမ်းပါးတရားမစောင့်သောမင်းသည်။ သဂ္ဂေ၊ နတ်ပြည်၌။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ကရောန္တောပိ၊ ပြုသော်လည်း။ သဂ္ဂါစဌာနာ၊ နတ်ပြည်မှသော်လည်း။ စဝတိ၊ ရွေ့လျှောရ၏။ သော၊ ထိုတရားမစောင့်သောမင်းသည်။ တာဝတာဧတ္တကေန၊ ဤမျှအတိုင်းအရှည်ဖြင့်။ ဟတောနနူ၊ ပျက်စီးသည်မဟုတ်လော။ ။ (တနည်း)။ သော၊ ထိုတရားမစောင့်သောမင်းသည်။ နု၊ စင်စစ်။ တာဝတာ၊ ထိုမျှသာ။ နဟတော၊ ဆင်းရဲပျက်စီးရာသည်မဟုတ်သေး။ ပန၊ စင်စစ်သော်ကား။ အဋ္ဌသုမဟာနိရယေသု၊ ငရဲကြီးရှစ်ထပ်တို့၌၎င်း။ သောဠသဠဿဒ္ဒနိရယေသု၊ တစ်ဆယ့်ခြောက်ထပ်သော ဥဿဒ္ဒငရဲတို့၌၎င်း။ သော၊ ထိုတရားမစောင့်သောမင်းသည်။ ဟညိဿတိ၊ ဆင်းရဲပင်ပန်းလတ္တံ့။ ။ (ဤနောက်နည်း၌နု,ကားဧကံသဝါစီ၊ န,ကားပဋိသေဓဝါစီ)။

မဏိစောရဇာတကံစတုတ္ထံ။၁၉၄။