Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

374. Cūḷadhanuggahajātakaṃ (5-3-4)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ သဗ္ဗံဘဏ္ဍံ, အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤစူဠဓနုဂ္ဂဟဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ မယားဟောင်းသည် ဖြားရောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုမိန်းမသည် ထိုခိုးသူကြီးမိမိကိုစွန့်သွားသည်ကိုမြင်၍၊ အရှင်၊ အဘယ့်ကြောင့်ငါ့ကိုစွန့်ပစ်၍သွားသနည်း။ အဘယ့်ကြောင့်ဤသို့ပြုသနည်း၊ လာလော၊ ငါ့ကိုလည်းယူ၍သွားလော့ဟု ထိုခိုးသူကြီးနှင့်တကွစကားပြောလိုရကား။ ။

(၈၃၄)သဗ္ဗံ ဘဏ္ဍံ သမာဒါယ၊ပါရံ တိဏ္ဏောသိ ဗြာဟ္မဏ။

ပစ္စာဂစ္ဆ လဟုံ ခိပ္ပံ၊မမ္ပိ တာရေဟိ ဒါနိတော။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၈၃၄)ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သဗ္ဗံ၊ အလုံးစုံသော။ ဘဏ္ဍံ၊ ဥစ္စာကို။ သမာဒါယ၊ ယူ၍။ ပါရံ၊ ကမ်းတစ်ဘက်သို့။ တိဏ္ဏော၊ ကူးသည်။ အသိ၊ ဖြစ်၏။ လဟုံ၊ လျင်စွာ။ ပစ္စာဂစ္ဆ၊ တဘန်ပြန်လော့။ ဣဒါနိ၊ ယခု။ ဣတော၊ ဤမှာဘက်မှ။ ခိပ္ပံ၊ လျင်စွာ။ မံပိ၊ ငါ့ကိုလည်း။ တာရေဟိ၊ ဆောင်လော့။ ။

ခိုးသူသည် ထိုစကားကိုကြား၍ တဘန်ကမ်းနား၌ရပ်လျက်လျှင်။ ။

(၈၃၅)အသန္ထုတံ မံ စိရ-သန္ထုတေန၊နိမီနိ ဘောတီ အဒ္ဓုဝံ ဓုဝေန။

မယာပိ ဘောတီ နိမိနေယျ အညံ၊ဣတော အဟံ ဒူရတရံ ဂမိဿံ။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၈၃၅)ဘောတိ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ စိရသန္ထတေန၊ ကြာမြင့်စွာပေါင်းသောလင်ဖြင့်။ အသန္ထတံ၊ မပေါင်းဘော်ဘူးသော။ မံ၊ ငါ့ကို။ နိမိနိ၊ လဲလှယ်၍ယူ၏။ ဓုဝေန၊ အမြဲဖြစ်သောလင်ဖြင့်။ အဓုဝံ၊ မမြဲသောငါ့ကို။ နိမိနိ၊ လဲလှယ်၍ယူ၏။ ဘောတိ၊ ပုဏ္ဏေးမ။ တွံ၊ သင်သည်။ မယာပိ၊ ငါဖြင့်လည်း။ အညံ၊ တစ်ပါးသောလင်ကို။ နိမိနေယျ၊ လဲလှယ်၍ယူရာ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဒူရတရံ၊ အလွန်ဝေးသောအရပ်သို့။ ဂမိဿံ၊ ပြေးတော့အံ့။ ။

ထိုမြေခွေးကို မြင်၍လွန်စွာသောအလိုရမက်သည်နှိပ်စက်အပ်သော ဤမြေခွေးသည် အမဲကိုလည်းမရ၊ငါးကိုလည်းမရ၊ အိုးကိုခွဲဘိသကဲ့သို့ ထိုမိန်းမသည်သည်းစွာသောရယ်ခြင်းကိုရယ်၏။ ။

ထိုရယ်သံကိုကြား၍မြေခွေးသည်။ ။

(၈၃၆)ကာ-ယံ ဧဠဂလာဂုမ္ဗေ၊ကရောတိ အဟုဟာသိယံ။

နယီဓ နစ္စဂီတံ ဝါ၊တာဠံ ဝါ သုသမာဟိတံ။

အနမှိ-ကာလေ သုသောဏိ၊ကိံ နု ဇဂ္ဃသိ သောဘဏေ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၈၃၆)ဧဠဂဏဂုမ္ဗေ၊ သမန်းမြက်ချုံ၌။ အယံ၊ ဤမိန်းမသည်။ ဟာသိယံ၊ သည်းစွာသောရယ်ခြင်းကို။ ကရောတိ၊ ပြု၏။ ကာ၊ အဘယ်မိန်းမသည်။ အဟု၊ ဖြစ်သနည်း။ ဣဓ၊ ဤအရပ်၌။ နစ္စဂီတံဝါ၊ ကခြင်းသီခြင်းသည်၎င်း။ သုသမာဟိတံ၊ ကောင်းစွာပြုအပ်သော။ တာလံဝါဟတ္ထတာလံဝါ၊ လက်ချပ် လက်ခုပ် စည်ပုတ် လင်းကွင်း တီးမှုတ်ခြင်းသည်၎င်း။ နတ္ထိ၊ မရှိပါခဲ့။ သုသောဏိ၊ ကောင်းသောခါးရှိသော။ သောဘဏေ၊ တင့်တယ်သောရှင်မ။ တွံ၊ ရှင်မသည်။ အနမှိကာလေ၊ ငိုသင့်သောကာလ၌။ ကိံနု၊ အဘယ့်ကြောင့်။ ဇဂ္ဃသိ၊ သည်းစွာရယ်ဘိသနည်း။ ။

ထိုစကားကိုကြား၍၊ ထိုမိန်းမသည်။ ။

(၈၃၇)သိင်္ဂါလ ဗာလ ဒုမ္မေဓ၊အပ္ပပညောသိ ဇမ္ဗုက။

ဇီနော မစ္ဆဉ္စ ပေသိဉ္စ၊ကပဏော ဝိယ ဈာယသိ။ ။

ဟူသောဤစတုတ္ထဂါထာကိုဆို၏။ ။

(၈၃၇)ဗာလ၊ မိုက်သော။ ဒုမ္မေဓ၊ ပညာမရှိသော။ ဇမ္ဗုက၊ ဇမ္ဗုကဟုဆိုအပ်သော။ သိင်္ဂါလ၊ မြေခွေး။ တွံ၊ သင်သည်။ အပ္ပပညော၊ ပညာမရှိသည်။ အသိ၊ ဖြစ်၏။ မစ္ဆဉ္စ၊ ငါးကို၎င်း။ ပေသိဉ္စ၊ အမဲတုံးကို၎င်း။ ဇီနော၊ ရှုံးခြင်းသို့ရောက်သည်ဖြစ်၍။ ဝါ၊ စွန့်ရသည်ဖြစ်၍။ ကပဏောဝိယ၊ ဥစ္စာတစ်ထောင်ရှုံး၍အထီးကျန်သောသူကဲ့သို့။ ဈာယသိ၊ စိုးရိမ်ကြံမှိုင်၏။ ။

ထိုနောင်မှမြေခွေးသည်။ ။

(၈၃၈)သုဒဿံ ဝဇ္ဇမညေသံ၊အတ္တနော ပန ဒုဒ္ဒသံ။

ဇီနာ ပတိဉ္စ ဇာရဉ္စ၊မညေ တွညေဝ ဈာယသိ။ ။

ဟူသောဤပဉ္စမဂါထာကိုဆို၏။ ။

(၈၃၈)ပါပဓမ္မေ၊ ယုတ်မာသောအကျင့်ရှိသော။ ဒုဿီလေ၊ သီလမရှိသောမိန်းမ။ အညေသံ၊ သူတစ်ပါးတို့၏။ ဝဇ္ဇံ၊ အပြစ်ကို။ သုဒဿံ၊ မြင်လွယ်၏။ အတ္တနော၊ မိမိ၏။ ဝဇ္ဇံပန၊ အပြစ်ကိုမူကား။ ဒုဒ္ဒသံ၊ မြင်ခဲ၏။ တွညေဝ၊ သင်သည်သာလျှင်။ ပတိဉ္စ၊ အဘပေးစားသောလင်ကို၎င်း။ ဇာရဉ္စ၊ လမ်းတွင်ကောက်၍ရသောသယောက်လင်ကို၎င်း။ ဇီနာ၊ စွန့်ရသည်ဖြစ်၍။ ဝါ၊ ရှုံးသည်ဖြစ်၍။ ဈာယသိမညေ၊ ငါ့ထက်အဆအရာ စိုးရိမ်ကြံမှိုင်ရ၏ဟုငါအောက်မေ့၏။ ။

ထိုမိန်းမသည် မြေခွေးစကားကိုကြား၍။ ။

(၈၃၉)ဧဝမေတံ မိဂရာဇ၊ယထာ ဘာသသိ ဇမ္ဗုက။

သာ နူနာဟံ ဣတော ဂန္တွာ၊ဘတ္တု ဟေဿံ ဝသာ-နုဂါ။ ။

ဟူသောဤဆဋ္ဌဂါထာကိုဆို၏။ ။

(၈၃၉)မိဂရာဇ၊ သားမင်းဖြစ်သော။ ဇမ္ဗုက၊ မြေခွေး။ တွံ၊ သင်သည်။ ယထာ၊ အကြင်အခြင်းဖြင့်။ ဘာသသိ၊ ဆို၏။ ဧဝမေဝ၊ ဤသင်ဆိုသောအခြင်းအရာဖြင့်လျှင်။ ဟောမိ၊ ဖြစ်ရချေ၏။ အဟံ၊ ငါသည်။ ဣတော၊ ဤအရပ်မှ။ ဂန္တွာ၊ သွား၍။ ပုန၊ တဘန်။ ယံဘတ္တာရံ၊ အကြင်လင်ကို။ လဘိတွာ၊ ရ၍။ နူနဧကန္တေနေဝ၊ စင်စစ်သဖြင့်လျှင်။ တဿဘတ္တု၊ ထိုလင်၏။ ဝသာနုဂါ၊ အလိုသို့လိုက်၍ကျင့်သည်။ ဟေဿံ၊ ဖြစ်အံ့။ ။

ထိုအခါသီလမရှိသောမိန်းမ၏စကားကို ကြား၍သိကြားမင်းသည်။ ။

(၈၄ဝ)ယော ဟရေ မတ္တိကံ ထာလံ၊ကံသထာလမ္ပိ သော ဟရေ။

ကတဉ္စေဝ တယာ ပါပံ၊ပုနပေဝံ ကရိဿသိ။ ။

ဟူသောဤဩသာနဂါထာကိုဆို၏။ ။

(၈၄၀)အနာစရေ၊ စက်ဆုပ်စရာယုတ်မာသောအကျင့်ရှိသော မိန်းမ။ တွံ၊ သင်သည်။ ကိံ ကထေသိ၊ အသို့ဆိုသနည်း။ ယော၊ အကြင်သူသည်။ မတ္တိကံထာလံ၊ မြေခွက်ကို။ ဟရေ၊ ခိုး၏။ သော၊ ထိုမြေခွက်ကိုမျှခိုးတတ်သောသူသည်။ ကံသထာလံပိ၊ ရွှေခွက်ငွေခွက်စသောခွက်ကိုလည်း။ ဟရေ၊ ခိုးအံ့စင်းစင်းတည်း။ တယာ၊ သင်သည်။ ဣဒံပါပံ၊ ဤယုတ်မာသောမကောင်းမှုကို။ ကတဉ္စေဝ၊ ပြုပြီးသည်သာတည်း။ တဝ၊ သင်အား။ သန္ဓာတုံ၊ ယုံကြည်ခြင်းငှာ။ နသက္ကာ၊ မတတ်ကောင်း။ တွံ၊ သင်သည်။ ပုနပိ၊ တစ်ဘန်လည်း။ ဧဝံ၊ ဤကဲ့သို့သောမကောင်းမှုကို။ ကရိဿသိ၊ ပြုပြန်လတ္တံ့စင်းစင်းတည်း။ ။ (ဧဠဂဏဂုမ္ဗေတိဒဗ္ဗဂုမ္ဗေ။ အနမှိကာလေတိယောဇနကာလေရောဒိတုံယုတ္တကာလေ,ဖွင့်သည်ကားအဓိပ္ပါယတ္ထ။ မှီ ဤသံဟသနေ။ မှယတေ။ ဝိမှယတေ။ ဓာတုမာလာလာရှိ၍မှိဓာတ်သည်အနည်းငယ်ရယ်ခြင်း ရွှင်ပြုံးခြင်းကိုဟောသည်ဖြစ်၍ အနမှီကာလေအနုမှယကာလေ၊ မပြုံးမရွှင်သင့်သောကာလ၌,ဟုပေးသော်သဒ္ဒတ္ထ။ တနည်းသော်တုံ။ အကုသလာ၌အသည်ဝိရုဒ္ဓအနက်ကိုဟောသကဲ့သို့ငိုကြွေးရာကာလဟူသော ဝိရုဒ္ဓအနက်ကိုဟောသည်။ မှိကာလံဧဝအမှိကာလံ။ အဝဇ္ဇ၌အကဲ့သို့တဗ္ဘော။ နအမှိကာလံအနမှိကာလံ၊ တသ္မိံ အနမှိကာလေ,ဟု-ပြု)။ ။

စူဠဓနုဂ္ဂဟဇာတကံ စတုတ္ထံ။၃၇၄။