ဥက္ကဋ္ဌေဥဘတောဗျူဠှေသင်္ဂါမေ၊ စစ်ကြီးနှစ်ဘက်ဆိုင်ပြိုင်တက်သော စစ်ပွဲသည်။ ဝတ္တမာနေ၊ ဖြစ်လတ်သည်ရှိသော်။ သူရံ၊ ထိပ်ထက်မိုးကြိုးလစ်သော်လည်းမနစ်မဆုတ်စုတ်စုတ်ရဲသောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
(တသ္မိဉှိခဏေဧဝရူပေါသင်္ဂါမယောဓောပတ္ထေ တဗ္ဗောဣစ္ဆိတဗ္ဗောဟောတိ)။ မန္တီသု၊ ရေးကြီးခွင့်ကျယ်ပြုဖွယ်ကိစ္စကို တိုင်ပင်ကုန်လတ်သော်။ အကုတူဟလံ၊ ဖရိုဖရဲသောစကားကိုမဆို နှုတ်စောင့်သသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ အန္န-ပါနမှိစ၊ ထမင်းအဖျော်စားကောင်းသောက်ဖွယ်ဖြစ်လတ်သော်ကား။ ပိယံ၊ စားဖော်သောက်ဖက်ဖြစ်၍ ချစ်မြတ်နိုးသောသူကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ အတ္ထေ၊ လျှို့ဝှက် နက်နဲသော တစ်စုံတစ်ခုသောအကြောင်းတစ်စုံတစ်ခုသော ပြဿနာသည်။ ဇာတေစ၊ ဖြစ်လတ်သော်ကား။ ပဏ္ဍိတံ၊ မဟော်,သေနက,ဝိဓုရ,သို့ စူးရှဉာဏ်ပိုင် ထိုးထွင်းနိုင်သောပညာရှိကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
မဟာသာရဇာတကံဒုတိယံ။ ၉၂။