သောတတ္တောသုတတ္တော၊ နေပူ၌အလွန်အပူခံနိုင်သည်၎င်း။ သောဘိနောစေဝ၊ အလွန်အချမ်းခံနိုင်သည်၎င်း။ ဧကော၊ တစ်ယောက်ထီးတည်း။ ဘီသနကေ၊ ကြောက်မက်ဖွယ်သော။ ဝနေ၊ တောအုပ်၌။ နဂ္ဂေါ၊ ချမ်းသော်လည်းအဝတ်မဝတ်သည်၎င်း။ နစအဂ္ဂိမာသိနော၊ ချမ်းသော်လည်းမီးမလှုံသည်၎င်း။ ဟုတွာ၊ ဖြစ်၍။ ဧသနာ-ပသုတော၊ မြတ်သောအကျင့်ကိုရှာခြင်း၌လုံ့လပြုသော။ မုနိ၊ မောနဟုဆိုအပ်သောပညာအကျိုးငှါကျင့်သောရဟန်းဟူ၍ လောကသည်ချီးမွမ်းအပ်သောရဟန်းသည်။ အဟောသိ၊ ဖြစ်ပြီ။
(ဤသို့လျှင်မမြတ်သောအကျင့်ဖြစ်လျက် မြတ်သောအကျင့်ဟုအမှတ်ရှိသည်ဖြစ်၍ အင်္ဂါလေးပါးနှင့်ပြည့်စုံသောကိုယ်ကို ပူပန်စေတတ်သောအကျင့်ကိုကျင့်၍ဘုရားလောင်းသည်သေခါနီးကာလ၌ထင်လာသောငရဲနိမိတ်ကိုမြင်၍ ဤကိုယ်ကိုပူပန်စေတတ်သောအကျင့်သည်ကားစင်စစ်လျှင်အကျိုးမရှိဟုသိ၍ထိုခဏ၌ပင်လျှင်ထိုမိစ္ဆာအယူကိုဖျက်၍သမ္မာအယူကိုယူ၍နတ်ပြည်၌ဖြစ်၏။ ။
လောမဟံသဇာတကံစတုတ္ထံ။၉၄။