Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

61. Asātamantajātakaṃ

Author: နိဿယ-1 @ IAPT

(၆၁)နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ အသာလောကိတ္ထိယော, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤအသာတမန္တဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ သာသနာတော်၌ ငြီးငွေ့သောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။

လောကေ၊ လူ့ရွာ၌။ ဣတ္ထိယောနာမ၊ မိန်းမတို့မည်သည်။ အသာအသတိယော၊ သူတော်မဟုတ်ယုတ်မာစွာကုန်၏။ ဝါ၊ မိမိ၌တပ်သော စိတ်ရှိကုန်သောသူတို့အား ဆင်းရဲကိုသာပေးတတ်ကုန်၏။ ဝါ၊ ဆင်းရဲ၏တည်ရာဝတ္ထုအကြောင်းဖြစ်ကုန်၏။ တာသံ၊ ထိုမိန်းမတို့အား။ ဝေလာ၊ ကမ်းသည်။ ဝါ၊ စောင့်ရှောက်ခြင်းဟုဆိုအပ်သောအပိုင်းအခြားသည်။ နဝိဇ္ဇံတိ၊ မရှိ။ သာရတ္တာစ၊ ငါးပါးသောကာမဂုဏ်တို့၌ လွန်စွာတပ်မက်ကပ်ငြိတတ်ကုန်သည်၎င်း။ ပဂဗ္ဘာစ၊ ကိုယ်နှုတ်နှလုံးသုံးဖြာလွန်စွာကြမ်းကြုတ်ကုန်သည်၎င်း။ သိခီ၊ မီးသည်။ သဗ္ဗဂ္ဃသောယထာ၊ စင်ကြယ်သည်မစင်ကြယ်သည်မဟူ၊အလုံးစုံကိုစားတတ်၏သို့။ သဗ္ဗဂ္ဃသာ၊ဟီနုက္ကဋ္ဌ၊ တွေ့တွေ့သမျှကို၊ဇိဂုစ္ဆမရှိ၊ကိလေသာ၏အစွမ်းအားဖြင့်သုံးဆောင်မှီဝဲတတ်ကုန်၏။ အမ္မ၊ မိခင်။ အဟံ၊ အကျွန်ုပ်သည်။ တာ၊ ထိုယုတ်မာလှစွာဆင်းရဲကိုသာပေးတတ်ကုန်သော မိန်းမတို့ကို။ ဟိတွာ၊ စွန့်၍။ ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။ ဝိဝေကံ၊ ကာယဝိဝေက,စိတ္တဝိဝေကကို။ အနုဗြူဟယံအနုဗြူဟယန္တော၊ ပွါးစေလျက်။ ဗြဟ္မလောကပရာယဏော၊ ဗြဟ္မာ့ပြည်သို့လားသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။

အသာတမန္တဇာတကံပဌမံ။၆၁။