နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဝိရူပက္ခေဟိမေ မေတ္တံ,အစရှိသော ဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤခန္ဓဇာတ်ကိုဇေတဝန်ကျောင်းတော်၌သီတင်း သုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ဟောတော်မူ၏။
ဘုရားလောင်းသည် ခပ်သိမ်းကုန်သော ရသေ့တို့ကို စည်းဝေးစေ၍၊ ရသေ့တို့၊ သင်တို့သည် လေးပါးကုန်သော မြွေမင်းမျိုးတို့၌ မေတ္တာကို အကယ်၍ပွါးစေငြားအံ့၊ သင်တို့ကိုမြွေတို့သည်မခဲကုန်ရာ၊ ထို့ကြောင့်ယနေ့မှ စ၍လေးပါးကုန်သောမြွေမင်းမျိုးတို့၌၊ ဤသို့မေတ္တာကိုပွါးစေကုန်လော့ဟုဆို၍။ ။
(၂၅၇)ဝိရူပက္ခေဟိ မေ မေတ္တံ၊မေတ္တံဧရာပထေဟိမေ။
ဆဗျာပုတ္တေဟိ မေ မေတ္တံ၊မေတ္တံ ကဏှာဂေါတမကေဟိစ။ ။
(၂၅၈)အပါဒကေဟိ မေ မေတ္တံ၊မေတ္တံ ဒွိပါဒကေဟိ မေ။
စတုပ္ပဒေဟိ မေ မေတ္တံ၊မေတ္တံ ဗဟုပ္ပဒေဟိ မေ။ ။
(၂၅၉)မာ မံ အပါဒကော ဟိံသိ၊မာ မံ ဟိံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိံသိ၊မာ မံ ဟိံသိ ဗဟုပ္ပဒေါ။ ။
(၂၆၀)သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊သဗ္ဗေ ဘူတာ စ ကေဝလာ။
သဗ္ဗေ ဘဒြာနိ ပဿန္တု၊မာ ကဉ္စိပါပ-မာဂမာ။ ။
(၂၆၁)အပ္ပမာဏော ဗုဒ္ဓေါ၊အပ္ပမာဏော ဓမ္မော။
အပ္ပမာဏော သံဃော၊ပမာဏဝန္တာနိ သရီသပါနိ။
အဟိဝိစ္ဆိကသတပဒီ၊ဥဏ္ဏနာဘိ သရဗူမူသိကာ။ ။
(၂၆၂)ကတာ မေ ရက္ခာ ကတာ မေ ပရိတ္တာ၊ပဋိက္ကမန္တု ဘူတာနိ။
သောဟံ နမော ဘဂဝတော၊နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။ ။
ဟူသောဤဂါထာတို့ကိုဆို၏။ ။
(၂၆၁)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ ဗုဒ္ဓေါ၊ သဗ္ဗညု သျှင်တော်ဘုရားသည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးတော် ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဓမ္မော၊ ဆယ်ပါးသော တရားတော်သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးဂုဏ်နှင့် ပြည့်စုံတော်မူ၏။ သံဃော၊ ရှစ်ယောက်သော ပရမတ္ထသင်္ဃာတော်သည်။ အပ္ပမာဏော၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာမရှိ။ ဝါ၊ မနှိုင်းယှဉ်နိုင် မပိုင်းခြားနိုင်သော ကျေးဇူးတော်ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဣတိ၊ ဤသို့။ တုမှေ၊ သင်တို့သည်။ တိဏ္ဏံရတနာနံ၊ ရတနာသုံးပါးတို့၏။ ဂုဏေ၊ ကျေးဇူးတို့ကို။ အနုဿာရေထ၊ အောက်မေ့ကြကုန်လော့။
ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ သရိံသပါနိ၊ ကောက်တကျစ်ဖြစ်၍ သွားတတ်ကုန်သော။ ဝါ၊ ရွရွတွား၍ သွားတတ်ကုန်သော။ ဝါ၊ ကိုယ်ဖြင့် သွားတတ်ကုန်သော။ ဒီဃဇာသိကာနိ၊ ကြောက်ရှည်မျိုးဖြစ်သော သတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာရှိကုန်၏။ အဟိဝိစ္ဆိကသတပဒီ၊ မြွေ,ကင်းမြီးကောက်, ကင်းခြေများတို့၎င်း။ ဥဏ္ဏနာဘိ၊ ချက်မှပိုးမွေးကဲ့သို့ ထွက်သောအမျှင်ရှိသော ပင့်ခူ၎င်း။ သရဗူ၊ တက်တူတို့၎င်း။ မူသိကာ၊ ကြွက်တို့၎င်း။ ဣမာနိဘူတာနိ၊ ဤသတ္တဝါတို့သည်။ ပမာဏဝန္တာနိ၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာရှိကုန်၏။ ဣမေသတ္တာ၊ ဤကိလေသာရှိသော သတ္တဝါတို့သည်။ အပ္ပမာဏာနံ၊ နှိုင်းယှဉ်ခြင်းကိုပြုတတ်သော ကိလေသာမရှိကုန်သော။ တိဏ္ဏံရတနာနံ၊ ရတနာသုံးပါးတို့၏။ အာနုဘာဝေန၊ အာနုဘော်တော်ဖြင့်။ ရတ္တိဒိဝံ၊ နေ့ညဉ့်ပတ်လုံး။ ပရိတ္တကမ္မံ၊ စောင့်ရှောက်သော အမှုကို။ ကရောန္တု၊ ပြုစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ ။
(၂၆၂)ဘဝန္တောတာပသာ၊ အိုရသေ့တို့။ တုမှေ၊ သင်တို့သည်။ ရတနတ္တယဂုဏေ၊ ရတနာသုံးပါးတို့၏ ကျေးဇူးတော်တို့ကို။ အနုဿရန္တေန၊ အဖန်တလဲလဲအောက်မေ့သော။ မေ၊ အကျွန်ုပ်သည်။ ရက္ခံ၊ အစောင့်အရှောက်ကို။ ကတာ၊ ပြုအပ်ပြီ။ မေ၊ အကျွန်ုပ်သည်။ ပရိတ္တံ၊ ထက်ဝန်းကျင်မှ အရံအတား အကွယ်အကာကို။ ကတာ၊ ပြုအပ်ပြီ။ ဘူတာနိ၊ ငါ၏အကျိုးမဲ့ကိုအလိုရှိသောသတ္တဝါတို့သည်။ ပဋိမက္ကန္တု၊ ဖဲစေကုန်သတည်း။ ဣတိ၊ ဤသို့။ အာသိသထ၊ တောင့်တကုန်လော့။ သောဟံ၊ ထိုငါသည်။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော ပရိနိဗ္ဗာန်လွန်လေပြီးအတီးဖြစ်သောသျှင်တော် ဘုရားအား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြု၏။ သတ္တန္နံ၊ ခုနှစ်ဆူကုန်သော။ သမ္မာသမ္ဗုဒ္ဓါနံ၊ ဝိပဿီ,သိခီ,စသော သျှင်တော်ဘုရားတို့အား။ နမော၊ ရှိခိုးခြင်းကို။ ကရောမိ၊ ပြု၏။ ဣတိ၊ ဤသို့။ နမက္ကာရံ၊ ရှိခိုးခြင်းကို။ ကရောထ၊ ပြုကုန်လော့။ ။
ဝိရူပက္ခေဟိ, စသော ပဌမဂါထာဖြင့် သင်တို့သည်လေးပါးကုန်သော မြွေမင်းမျိုးတို့၌ မေတ္တာကိုပွါးစေကုန်ငြားအံ့၊ သင်တို့ကို မြွေမကိုက်ရာဟု, အဆုံးအမပေးသော အနုသန္ဓေအားလျော်စွာ၊ လေးပါးသော မြွေမင်းတို့ကိုပြပြီး၍၊ သင်တို့သည်ကား ထိုလေးပါးသောမြွေမင်းမျိုးတို့၌ မေတ္တာကိုပွါးစေခြင်းငှါ တတ်နိုင်ကုန်ငြားအံ့။ ဒီဃဇာထိကဖြစ်သော မြွေမျိုးတို့သည်သင်တို့ကို မကိုက်ကုန် မညှဉ်းဆဲကုန်လတ္တံ့ဟု အဆုံးအမဩဝါဒပေးပြီး၍၊ တဖန် အပါဒကေဟိ, စသော ဒုတိယဂါထာကို ဟောပြန်၏။ ထိုဒုတိယဂါထာ၌၊ အပါဒကေဟိ မေမေတ္တံ, ဟူသော ပဌမပါဒဖြင့် ဩဒိဿကပြု၍ ခပ်သိမ်းသော အပါဒက ဒီဃဇာတိကအမျိုးတို့၌၎င်း၊ခရု, ယောက်သွား,ငါး, အစရှိသည်တို့၌၎င်း မေတ္တာဘာဝနာကိုပြ၏။ မေတ္တံ ဒွိပါဒကေဟိမေ,ဟူသော ဒုတိယပါဒဖြင့် အခြေနှစ်ချောင်းရှိသော သတ္တဝါလူ,ဘီလူး, ပြိတ္တာ, ငှက်, စသည်တို့၌ မေတ္တာဘာဝနာကိုပြ၏။ စတုပ္ပဒေဟိ မေမေတ္တံ, ဟူသောတတိယ ပါဒဖြင့်၊ ဆင်,မြင်း,အစရှိသောခပ်သိမ်းသော အခြေလေးချောင်းရှိသော သတ္တဝါတို့၌ မေတ္တာဘာဝနာကိုပြ၏။ မေတ္တံဗဟုပ္ပဒေဟိမေ, ဟူသောစတုတ္ထပါဒဖြင့်၊ ဝိစ္ဆိကာသတပဒီ ဥဏ္ဏနာဘီဥစ္စာလိင်္ဂပါဏက, ပင့်ခူ,အစရှိသောအခြေများသော သတ္တဝါတို့၌ မေတ္တာဘာဝနာကိုပြ၏။ ဥစ္စာလိင်္ဂါတိသသောဓာဗဟုပါဒါပါဏကာ၊ဋီကာဟူရကား၊ အမွေးထူ၍ အခြေသည်းများ ယားယံစေတတ်သောခူ, စသောသတ္တဝါကို ဆိုလိုသည်။ ။ ဤသို့လျှင် သရုပ်အားဖြင့် မေတ္တာဘာဝနာကို ပြပြီး၍၊ ယခုအခါတောင်းပန်သည်၏ အစွမ်းအားဖြင့် မေတ္တာ ဘာဝနာကိုပြလိုရကား။ မာမံအပါဒကောဟိံသိ, စသော တတိယဂါထာကို ဟောပြန်သည်။ ဤတတိယဂါထာဖြင့် တောင်းပန် ခယ၍မေတ္တာကို ပွါးစေကုန်ကြဟု၊ ဩဝါဒပေးသည်။ ။ ယခုအခါမရည်မှတ်မူ၍ အနောဒိဿ အစွမ်းဖြင့်မေတ္တာဘာဝနာကို ပြလိုရကား။ သဗ္ဗေသတ္တာ, စသော စတုတ္ထဂါထာကိုဟောပြန်သည်။ သတ္တာ,ပါဏာ,ဘူတာ,တို့သည်ကား သဒ္ဒါမျှသာ ထူးသည်ဖြစ်၍သာမညအားဖြင့် အလုံးစုံသော သုံးပုဒ်တို့သည်လည်း ကုန်အောင်စုံသော သတ္တဝါကိုသိမ်းယူနိုင် ကုန်သည်သာတည်း။ သဗ္ဗေသတ္တာ သဗ္ဗေပါဏာ သဗ္ဗေဘူတာဟု သုံးပုဒ်တို့ဖြင့် ယူအပ်သော အနက်ကိုပင်သိမ်းယူ၍ကေဝလာဟူသောပုဒ်ဖြင့် ချုပ်ပြန်ရသည်။ ။
မာကိဉ္စိပါပမာဂမာတိ ဧတေသုကိဉ္စ ဧကံသတ္တံပိ ပါပံသာမကံဒုက္ခံ မာအဂမာ မာဂစ္ဆတု မာပါပုဏာတု။ ။ ဟု-အဋ္ဌကထာ ဖွဲ့ရကား၊ ကိဉ္စိဧကံသတ္တံပိ,ဟု ကံအ္နံကိုမှတ်ရသည်။ ပါပကံ,၌လည်း ယုတ်မာသော ဆင်းရဲသည်,ဟူသော ကတ္တားအ္နံကိုမှတ်ရသည်။ ဤဂါထာဖြင့် ကုန်အောင်စုံသော သတ္တဝါတို့၌ အနောဒိဿ၏ အစွမ်းအားဖြင့် မေတ္တာကိုပွါးစေကုန်ကြဟု အဆုံးအမပေးပြီး၍၊ တဖန်သုံးပါးသော ရတနာတို့၏ကျေးဇူးတော် ဂုဏ်တော်တို့ကို တလုံလဲလဲအောက်မေ့စေခြင်းငှါ၊ အပ္ပမာဏောဗုဒ္ဓေါ၊အပ္ပမာဏောဓမ္မော၊ အပ္ပမာဏောသံဃော, ဟူသောသုံးပါဒကို ဟောပြန်သည်။ ။
တတ္ထပမာဏကရာနံ ကိလေသာနံ အဘာဝေန ဂုဏာနဉ္စ ပမာဏာဘာဝေန ဗုဒ္ဓရတနံအပ္ပမာဏံ။ ။ အဋ္ဌကထာလာရကား၊ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာသည် ပမာဏမည်၏။ ထိုနှိုင်းယှဉ်ခြင်းကို ပြုတတ်သောကိလေသာ မရှိခြင်းကြောင့် ဘုရားရတနာသည် အပ္ပမာဏမည်၏။ ။ ကိလေသာသည် အဘယ်သို့ နှိုင်းယှဉ်ခြင်းကို ပြုတတ်သနည်း ဟူမူ။ တစ်စုံတစ်ယောက်သော သတ္တဝါကို ကိုယ်အမူ, နှုတ်အမူ ငြိမ်သက်သည်ဖြစ်၍၊ ကိုယ်အမူနှုတ်အမူမငြိမ်မသက် မပေါ်မထွက် သေးသည်ဖြစ်၍၊ သီလဝန္တ ပုဂ္ဂိုလ်လော၊ သောတာပန်, သကဒါဂံ, စသောအရိယာပုဂ္ဂိုလ်လောဟု တွေးတောဆင်ခြင်လတ်သော်။ အကြင်ရောအခါ အစေးထန်သော သစ်ပင်ကိုပဲခွပ်စသည်ဖြင့် ခုတ်ဖြတ်ကပြွမ်းပြွမ်းအစေးကျလာ၏သို့ ရာဂ ဒေါသ မာန စသည်တို့၏ အာရုံတွေ့ကြုံလတ်သော် အဆိပ်ထန်သောမြွေဟောက်ကိုတုတ်ဖြင့်ခြောက်က ငေါက်ငေါက်ပါးပျဉ်းထ၏သို့။ ရာဂဒေါသမာနစသည် ငေါငေါပေါ်လာသည်ရှိသော် ဤသူသည် သီလဝန္တမဟုတ်၊ ဒုဿီလတကား။ ဤသူသည် အရိယာ သောတာပန်, စသည် မဟုတ်ဟုသိရသောကြောင့်၊ ရာဂစသောကိလေသာကိုပမာဏကို ပြုတတ်သည်ဆိုရသည်။ ။ တနည်းသော်တုံ၊ ကောင်းကင်ကို တက်ပြု၍ ခြင့်တွက်သော်လည်းမကုန်။ ဘုရားတစ်ဆူ့ဂုဏ်ကို ဘုရားတစ်ဆူသည် အသက်ထက်ဆုံးဟောငြားသော်လည်းမကုန်။ အသင်္ချေယျ အပ္ပမေယျ ဂုဏ်နှင့်ပြည့်စုံသောကြောင့် ဘုရားရတနာကို အပ္ပမာဏ,ဟုဆိုရလေသည်။ ။ ဤနည်းကိုမှီသဖြင့် အပ္ပမာဏောဓမ္မော, အပ္ပမာဏောသံဃော, ဟူသောနှစ်ပါဒ၌လည်း အဓိပ္ပါယတ္ထကိုသိအပ်၏။ ။ ဤသို့လျှင် ဘုရားလောင်းရသေ့သည် ဤသုံးပါးကုန်သော ရတနာတို့၏ကျေးဇူးဂုဏ်တော်ကို အဖန်တလဲလဲအောက်မေ့ကြကုန်ဟုဆုံးမ၍၊ သုံးပါးကုန်သောရတနာတို့၏ အပ္ပမာဏဂုဏ်နှင့် ပြည့်စုံသည်၏ အဖြစ်ကိုပြပြီး၍၊ ယခုအခါ နှိုင်းယှဉ်ခြင်းကို ပြုတတ်သော ကိလေသာများစွာရှိသော သတ္တဝါတို့ကို ပြခြင်းငှါ။ ပမာဏဝန္တာနိ။ပ။မူသိကာ, ဟူသော သုံးပါဒတို့ကို ဟောပြန်သည်။ ။ သရိံသပါနီတိသဗ္ဗဒီဃ ဇာတိကာနံနာမံ, ဟူရကား။ သရိံသပ, ဟူသောအမည်သည် အလုံးစုံသောကြောက်ရှည်မျိုးတို့၏အမည်တည်း။ ။ သရန္တာ ဂစ္ဆန္တိသရီရေနဝါသပန္တိတိ သရိံသပါ,ပြု။ သရန္တာတိကုဋိသာဟုတွာ, ဋီကာဆိုရကား။ သရန္တာ၊ ကောက်ကောက်ကျစ်ကျစ်ဖြစ်ကုန်၍။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏၊ပေး။ ။ သရန္တောသပ္ပတီတိသရိံသပေါ၊အဿိ၊သံယောဂလောပေါ၊ အလုတ္တသမာသောယံ။ ။ ဤအဘိဓာန်ဋီကာ အလို၊ သရံသပ္ပတီတိံသရံသပ္ပေါ,ဆိုလိုလျက်၊ ရ,အစိတ်အ,ကို ဣ,ပြု၍ သရိ ၊ ပသံယုဂ်ကိုချေ၍ သပေါ၊ သရိံသပေါ, နေရမည်ဟူလို။ ။ စာအများ၌ သရိသပ္ပါနိ,ဟု၊ နိဂ္ဂဟိတ်ကင်းလျက် သံယုဂ်နှင့်ချည်းရှိကြရကား သတိထားရာသည်။ ။ အဟီတိအာဒိ တေသံသရူပနိဒဿနံ, ဟူရကား ဝိစ္ဆိကသတပဒိ စသည်ကိုလည်း သရိံသပ,၏ သရုပ်ပင် ဟူလိုသည်။ ယင်းသို့သော် သရိံသပါနီတိ သဗ္ဗဒီဃဇာတိကာနံ, ဟူသောရှေးစကားနှင့် မဆန့်ကျင်လောဟူမူ၊ ရှေးစကားဖြင့်မုချသရိံသပမည်သည်ကိုပြသည်။ နောက်စကားဖြင့် ကိုက်ခဲညှဉ်းဆဲတတ်သည်ဖြစ်၍ အနုလောမ အဖျော်ကဲ့သို့ အလျော်ယူရမည်ကို ပြသည်ဖြစ်၍ မဆန့်။ ။ ဥဏ္ဏနာဘီတိ မက္ကဋကော၊ တဿဟိနာဘိတော ဥဏ္ဏာသဒိသံ သုတ္တံ နိက္ခမတိ။ တသ္မာ ဥဏ္ဏနာဘီတိ ဝုစ္စတိ။ ။ ဟု အဋ္ဌကထာကို မြော်၍ အ္နံဆိုခဲ့သည်။ ။ ဤသို့လျှင် ဘုရားလောင်းရသေ့သည် အကြင်ကြောင့် ထိုသရိံသပတို့၏ကိုယ်တွင်း၌ ရာဂစသော နှိုင်းယှဉ်အပ်သော ကိလေသာတို့သည် ရှိကုန်၏။ ထိုသို့ရှိသောကြောင့် ထိုသရိံသပတို့သည် ပမာဏဝန္တ, မည်ကုန်၏ဟုပြ၍ အပ္ပမာဏ,ဖြစ်ကုန်သော သုံးပါးကုန်သော ရတနာတို့၏ အာနုဘော်ဖြင့် ဤပမာဏဝန္တ,ဖြစ်သောသတ္တဝါတို့သည် နေ့ညဉ့်ပတ်လုံး စောင့်ရှောက်သောအမှုကို ပြုကြစေကုန်သတည်းဟု၊ ဤသို့သုံးပါးကုန်သော ရတနာတို့၏ဂုဏ်ကို အောက်မေ့ကြကုန်ဟုဆိုပြီး၍၊ ထိုဆိုအပ်ပြီးသည်ထက်အလွန်ပြုအပ်သော အမှုကိုပြခြင်းငှါ။ ကတာမေ ရက္ခာ, စသောဆဋ္ဌဩသာန ဂါထာကိုဟောသည်။ ထိုဂါထာ၌။ နမောဘဂဝတော, ဟူသောပါဌ်ဖြင့် လွန်လေပြီး ပရိနိဗ္ဗာန် စံလေပြီးသော သဗ္ဗညုဘုရား ကုန်အောင်စုံက အကျဉ်း ချုံး၍ ပြသည်။ နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ, ဟူသောပါဌ်ဖြင့်၊ ဝိပဿီ,စသည်အစဉ်အတိုင်း ပရိနိဗ္ဗာန်ယူတော်မူကုန်ပြီးသော သဗ္ဗညုဘုရားဝိသေသ,ကိုပြသည်။ ။ ဤဇာတ်ကို ဘုရားလောင်းရသေ့ဟောစဉ် ကာလ၊ ကိုယ်တော်မြတ်မရှိသေးရကား။ ဆန္နံသမ္မာ သမ္ဗုဒ္ဓါနံ, ဟောသင့်သည် တကားဟူမူ၊ ငါတို့သဗ္ဗညု သျှင်တော်ဘုရားသည် ကိုယ်တော်မြတ်တပည့်သင်္ဃာတော်တို့အား မန္တရားပြု၍ဆောင်ရွက်စိမ့်သောငှါ၊ ဇေတဝန်ကျောင်းတော်၌ ဟောတော်မူသော ကာလ၊ ကိုယ်တော်မြတ်နှင့် တကွ၊ သတ္တန္နံ,ဟု ဟောတော်မူသည်။ အလောင်းတော်ရသေ့ဟောတော်မူသောကာလ၌ကား။ ကိုယ်တော်မြတ်မရှိသေးဖြစ်၍၊ ဆန္နံ,ပင်ဟောတော် မူရာသည်ဟုမှတ်ရာသည်)။ ။
ခန္ဓဇာတကံတတိယံ။၂၀၃။
ဤဇာတ်ကိုခန္ဓဇာတ်ဟု အဘယ့်ကြောင့် ဆိုသနည်းဟူမူ၊ ခန္ဓသဒ္ဒါသည် ရူပက္ခန္ဓော, ဝေဒနာက္ခန္ဓော, စသည်၌ တို့ကဲ့သို့ အပေါင်းအစုကို ဟောသည်။ ဣန္ဒသမာနဂေါတ္တဇာတ်, စသည်တို့ကဲ့သို့ တစ်ဦးသော သူကိုသာ အကြောင်းပြု၍ဟောသည်မဟုတ်။ ကုန်အောင်စုံသော တပည့်အပေါင်းအစုတို့အား မန္တရားပြု၍ ဆောင်စိမ့်သောငှါ ဟောတော်မူသောကြောင့် ပရိတ်ကိုခန္ဓပရိတ် ဆိုသတည်း။ ထိုပရိတ် ပါသောဇာတ်ကိုလည်း ခန္ဓဇာတ်ဆိုသတည်း။ တနည်း သော်တုံ၊ သိက္ခာပုဒ်အစု အပေါင်းကို ခန္ဓ,ဆိုသည်။ ထိုသိက္ခာပုဒ် အစုအပေါင်းကို ဟောရာ မဟာဝါ,စူဠဝါ,ကျမ်းကို ခန္ဓက, ဆိုသည်။ ထိုခန္ဓက ကျမ်း၌လာသော ပရိတ်ကိုကား၊ က,ကိုသိမ်း၍ ခန္ဓ,ဟုဆိုသည်။ ထိုခန္ဓပရိတ် ပါသောဇာတ်ကိုလည်း ရှေးနည်းအတူပင် ခန္ဓဇာတ်ဆိုသည်။ ။ ဤဇာတ်သည် ခြောက်ဂါထာရှိသောကြောင့်၊ ဆတ္တနိပါတ်၌ လာသင့်သည် မဟုတ်လောဟူမူ၊ သို့သော်လည်း၊ အစ၌ ဝိရူပက္ခေဟိ, အစရှိသောနှစ်ဂါထာတို့ဖြင့် လေးဦးကုန်သောမြွေမင်းအမျိုးတို့၌ မေတ္တာကိုပြုအပ်သည်၏ အဖြစ်ကြောင့် ပဋ္ဌာနဖြစ်သော နှစ်ဂါထာကိုစွဲ၍ ဤဒုကနိပါတ်၌ ဆိုသည်။ တနည်းသော်တုံ၊ ဩဒိဿက,အနောဒိဿက, အစွမ်းအားဖြင့် နှစ်ပါးကုန်သော မေတ္တာဘာဝနာတို့ကို ပြုအပ်သည်၏ အဖြစ်ကြောင့် သဒ္ဒါပင်များသော်လည်းအ္နံနှစ်ပါးကိုစွဲ၍ ဤဒုကနိပါတ်၌ ဆိုသည်ဟု ဖြေရာသည်။ ။ ဤမှတစ်ပါးသော အပြားအားလည်းအကြောင်း ပဝတ္တိနိမိတ်ကို ပညာရှိတို့ရှာသင့်သေး၏)။ ။