Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

298. Udumbarajātakaṃ (3-5-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ဥဒုမ္ဗရာစိမေ ပက္ကာ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤ ဥဒုမ္ဗရဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ မထင်ရှားသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ။

ထိုအခါတစ်ခုသောနီသော မျက်နှာရှိသော မျောက်ငယ်သည် တစ်ခုသောမိုဃ်းမစွတ်သော ကျောက်ဂူ၌နေလတ်သော်၊တစ်နေ့သ၌တောင်တံခါးမိုဃ်းစွတ်ရာအရပ်၌ချမ်းသာသဖြင့်နေ၏။ ထိုအရပ်၌တစ်ခုသောမည်းသောမျက်နှာရှိသောမျောက်ကြီးသည်မိုဃ်းစွတ်၍အချင်းနှိပ်စက်လျက် လှည့်လည်လတ်သော်၊ ထိုသို့နေသောထိုမျောက်ငယ်ကိုမြင်၍ ထိုမျောက်ကိုထုတ်၍ထိုအရပ်၌ငါနေအံ့ဟုကြံ၍ ဝမ်းကိုတွဲလျားကျစေ၍ ဝသောအခြင်းအရာကိုပြ၍ထိုမျောက်ငယ်၏ရှေ့၌ရပ်၍။ ။

(၄၉၉)ဥဒုမ္ဗရာ စိ-မေ ပက္ကာ၊နိဂြောဓါ စ ကပိတ္ထနာ။

ဧဟိ နိက္ခမ ဘုဉ္ဇဿု၊ကိံ ဇိဃစ္ဆာယ မိယျသိ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၄၉၉)ခုဒ္ဒကမက္ကဋ၊ အိုမျောက်ငယ်။ ဣမေဥဒုမ္ဗရာစ၊ ဤရေသဖန်းပင်တို့သည်၎င်း။ ဣမေနိဂြောဓာစ၊ ဤပညောင်ပင်တို့သည်၎င်း။ ဣမေကပီတနာစ၊ ဤညောင်ကြတ်ပင်တို့သည်၎င်း။ ပက္ကာ၊ မှည့်ကုန်၏။ ဧဟိ၊ လာလော့။ နိက္ခမ၊ ထွက်လော့။ ဘုဉ္ဇဿု၊ စားလှည့်လော့။ ဇိဃစ္ဆာယ၊ ငတ်မွတ်သဖြင့်။ ကိံမိယျသိ၊ အဘယ့်ကြောင့်သေလိုဘိသနည်း။ ။

ထိုမျောက်ငယ်သည်လည်း ထိုမျောက်ကြီး၏စကားကိုကြား၍ယုံကြည်၍အသီးတို့ကို စားလိုရကားထွက်၍ ထိုထိုအရပ်သို့လှည့်လည်၍ တစ်စုံတစ်ခုသောသစ်သီးကိုမရ၍ တစ်ဖန်ပြန်၍ကျောက်ဂူ၏ အတွင်း သို့ဝင်၍နေသောမျောက်ကြီးကိုမြင်၍ထိုမျောက်ကြီးကို ငါလှည့်စားအံ့ဟုထိုမျောက်ကြီး၏ရှေ့၌ရပ်၍။ ။

(၅ဝဝ)ဧဝံ သော သုဟိတော ဟောတိ၊ယော ဝုဍ္ဎ-မပစာယတိ။

ယထာ-ဟ-မဇ္ဇ သုဟိတော၊ဒုမ-ပက္ကာနိ-မာသိတော။ ။

ဟူသောဤဒုတိယဂါထာကိုဆို၏။ ။

(၅၀၀)အဟံ၊ ငါသည်။ အဇ္ဇ၊ ယနေ့။ ဒုမ-ပက္ကာနိ၊ ရေသဖန်းသီးအစရှိသောသစ်သီးမှည့်တို့ကို။ အသိတော၊ စားရ၏။ သုဟိတောယထာ ဒါတောယထာ၊ ဝသကဲ့သို့။ ဧဝံတထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ ဝုဍ္ဎံ၊ သက်ကြီးရွယ်ရင့်ကို။ အပစာယတိ၊ ရိုသေကော်ရော် ပူဇော်၏။ သော၊ ထိုသူသည်။ အသိတော၊ စားသောက်ရသည်ဖြစ်၍။ သုဟိတော၊ ဝသည်။ ဟောတိ၊ ဖြစ်၏။ ။

ထိုစကားကိုကြား၍မျောက်ကြီးသည်။ ။

(၅၀၁)ယံ ဝနေဇော ဝနေဇဿ၊ဝဉ္စေယျ ကပိနော ကပိ။

ဒဟရော ကပိ သဒ္ဓေယျ၊န ဟိ ဇိဏ္ဏော ဇရာ-ကပိ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၅၀၁)ဝနေဇော၊ တော၌ဖြစ်သော။ ကပိ၊ မျောက်သည်။ ဝနေဇဿ၊ တော၌ဖြစ်သော။ ကပိနော၊ မျောက်အား။ ယံဝဉ္စေယျဝဉ္စနံကရေယျ၊ အကြင်လှည့်ပတ်ခြင်းကိုပြုရာ၏။ တံ၊ ထိုသို့လှည့်ပတ်ခြင်းကို။ တုမှာဒိသော၊ သင်ကဲ့သို့သဘောရှိသော။ ဒဟရောကပိ၊ မျောက်ငယ်သည်။ သဒ္ဓေယျ၊ ယုံကြည်ရာ၏။ မာဒိသော၊ ငါကဲ့သို့သော။ ဇိဏ္ဏော၊ အရိုးရင့်ပြီးသော။ ဇရာ-ကပိ၊ မျောက်အိုသည်။ နဟိသဒ္ဓေယျ၊ အလျှင်းပင်မယုံရာ။ သတက္ခတ္တုံပိ၊ အကြိမ်တစ်ရာလည်း။ ဘဏန္တဿ၊ ဆိုသော။ တုမှာဒိသဿ၊ သင်ကဲ့သို့သောသူ၏။ ဝဉ္စနံ၊ လှည့်ပတ်ခြင်းကို။ နသဒ္ဒဟိဿတိ၊ မယုံကြည်လတ္တံ့။ ။

ဥဒုမ္ဗရဇာတကံ အဋ္ဌမံ။၂၉၈။