Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

201. Bandhanāgārajātakaṃ (2-6-1)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နတံဒဠှံဗန္ဓနမာဟုဓီရာ,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗန္ဓနာဂါရဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ်၊ နှောင်အိမ်ကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါဘုရားလောင်းသည်ထိုဟိမဝန္တာ၌နေလျက်ငါသည်ဖြတ်နိုင်ခဲသော ဤသို့သဘောရှိသည်ဖြစ်သော သားမယားတို့၌ ချစ်ခြင်းအနှောင်အဖွဲ့ဟုဆိုအပ်သော ကိလေသာအနှောင်အဖွဲ့ကိုဖြတ်နိုင်၏ဟု ဥဒါန်းကိုကျူးရင့်လိုရကား။ ။

(၂၅၃)နတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ယဒါယသံ ဒါရုဇပဗ္ဗဇဉ္စ။

သာရတ္တ-ရတ္တာ မဏိကုဏ္ဍလေသု၊ပုတ္တေသု ဒါရေသု စ ယာ အပေက္ခာ။ ။

(၂၅၄)ဧတံ ဒဠှံ ဗန္ဓနမာဟု ဓီရာ၊ဩဟာရိနံ သိထိလံ ဒုပ္ပမုဉ္စံ။

ဧတမ္ပိ ဆေတွာန ဝဇန္တိ ဓီရာ၊အနပေက္ခိနော ကာမ-သုခံ ပဟာယ။ ။

ဟူသောဂါထာနှစ်ခုတို့ကိုဆို၏။ ။

(၂၅၃-၂၅၄)အာယသံ၊ သံဖြင့်ပြုအပ်သော။ ယံဗန္ဓနံ၊ အကြင်သံခြေခြင်း အစရှိသောအနှောင်အဖွဲ့သည်၎င်း။ ဒါရုဇံ၊ သစ်သားဖြင့်ဖြစ်သော။ ယံဗန္ဓနဉ္စ၊ အကြင်ထိပ်ကျဉ်းအစရှိသော အနှောင်အဖွဲ့သည်၎င်း။ ပဗ္ဗဇံ၊ ဖြူဆံမျက်လျှော်အစရှိသည်တို့ဖြင့်ပြုအပ်သော။ ယံဗန္ဓနဉ္စ၊ အကြင်ကြိုးအနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။ တံဗန္ဓနံ၊ ထိုဆိုအပ်ခဲ့ပြီးသော အနှောင်အဖွဲ့ကို။ ဒဠှံ၊ မြဲ၏ဟူ၍။ ဓီရာဓိက္ကတပါပါ၊ စက်ဆုပ်အပ်သော အကုသိုလ်ရှိကုန်သော။ ဝါ၊ ပညာရှိကုန်သော ဘုရားပစ္စေကဗုဒ္ဓါသာဝကဗောဓိသတ္တသူမြတ်တို့သည်။ နအာဟု၊ မဆိုကုန်။ မဏိကုဏ္ဍလေသု၊ ပတ္တမြားနားဍောင်းတို့၌။ ဝါ၊ ပတ္တမြားစီအပ်သော ရွှေနားဍောင်းတို့၌။ ယေ၊ အကြင်သူတို့သည်။ သာရတ္တ-ရတ္တာ၊ လွန်စွာတပ်သောရာဂဖြင့် တပ်စွန်းတတ်ကုန်၏။ တေသံ၊ ထိုသူတို့၏။ ယောသာရာဂေါစ၊ အကြင်လွန်စွာတပ်စွန်းခြင်းဟူသော အနှောင်အဖွဲ့သည်၎င်း။ တေသံ၊ ထိုသူတို့၏။ ပုတ္တ-ဒါရေသု၊ သားမယားတို့၌။ ယာအပေက္ခာစ၊ အကြင်တဏှာဟူသောငဲ့ကွက်ခြင်း အနှောင်အဖွဲ့သည်၎င်း။ အတ္ထိ၊ ရှိ၏။

တံဗန္ဓနံ၊ ထိုရာဂတဏှာဟူသော အနှောင်အဖွဲ့ကို။ ဒဗျံ၊ မြဲစွာဟူ၍။ ဓီရာဓိက္ကတပါပါ၊ စက်ဆုပ်အပ်သော အကုသိုလ်ရှိကုန်သော။ ဝါ၊ ပညာရှိကုန်သော ဘုရားပစ္စေကဗုဒ္ဓါ သာဝကဗောဓိသတ္တသူမြတ်တို့သည်။ အာဟု၊ ဆိုတော်မူကုန်၏။ ဩဟာရိနံ၊ အောက်အပါယ်လေးဘုံသို့ ဆောင်တတ်ထသော။ သိထိလံ၊ နှောင်ဖွဲ့ရာအရပ်တို့၌ အပေါ်ရေအတွင်းရေ အသားတို့ကိုလည်း မဖြတ်တတ်,သွေးကိုလည်း မထွက်စေတတ်, နှောင်ဖွဲ့သည်၏အဖြစ်ကိုလည်း မသိစေတတ် ကြည်းကြောင်းခရီး ရေကြောင်း ခရီးအစရှိသည်တို့၌ အမှုတို့ကိုပြုစိမ့်သောငှါ ပေးတတ်သည်၏အဖြစ်ကြောင့် လျော့သောအနှောင်အဖွဲ့ရှိထသော။ ဒုပ္ပမုဉ္စံ၊ တစ်ကြိမ်မျှလည်းဖြစ်သော ကိလေသာ၊ရာဂတဏှာ အနှောင်အဖွဲ့စွဲမိကလိပ်ခဲသကဲ့သို့လွတ်စေနိုင်ခဲ ပြေနိုင်ခဲထသော။ ဧတမ္ပိ၊ ထိုသို့ပြေနိုင်ခဲ၍ မြဲလှစွာသောတဏှာအနှောင်အဖွဲ့ကိုစဉ်လည်း။ ဉာဏ-ခဂ္ဂေန၊ ဉာဏ်ဟူသောသန်လျက်ဖြင့်။ ဓီရာ၊ ပညာရှိတို့သည်။ ဆေတွာန၊ ဖြတ်၍။ ကာမ-သုခံ၊ ကာမဂုဏ်ချမ်းသာကို။ အနပေက္ခိနော၊ ငဲ့ကွက်ခြင်းမရှိကုန်ဘဲ။ ပဟာယ၊ စွန့်၍။ ဝဇန္တိ၊ သွားနိုင်ကုန်၏။ (ဓီရာတိဓိမာဓိက္ကတပါပါတိဓီရာ)။ (အဋ္ဌကထာ)။ ။ ဓီသဒ္ဒါသည်ဂရဟာအနက်ကိုဟောသည်။ ဓီဓိက္ကတပါပါယေသံ အတ္ထီတိဓီရာ, ပြု။ ယေသံ၊ အကြင်သူမြတ်တို့အား။ ဓီဓိက္ကတပါပါ၊ ကဲ့ရဲ့စက်ဆုပ်အပ်သောအကုသိုလ်တို့သည်။ ဝါ၊ ထွီထွီပြုအပ်သော အကုသိုလ်တို့သည်။ သန္တိ၊ ရှိကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေ၊ ထိုသူမြတ်တို့သည်။ ဓီရာ၊ ဓီရမည်ကုန်၏။ ဓီ,ပုဒ်၊ မ္ဗောဒိတောရော,ဟူသောသုတ်ဖြင့်ရပစ္စည်းသက်။ ။ ဓိက္ကတပါပါတိဂရဟိတပါပါ။ (ဋီကာ)။ ။ ဤအ္နံကား ဒုလ္လဘတ္ထရခဲသောအနက်တည်း။ ။ တနည်းကား။ ဓီပညာယေသံအတ္ထီတိဓီရာ,ပြု။ ။ အထဝါဓီဝုစ္စတိပညာ။ တာယပညာယသမန္နာဂတာဓီရာ။ ဗုဒ္ဓါပစ္စေက ဗုဒ္ဓါသာဝကာ ဗောဓိသတ္တာစ ဣမေဓီရာနာမ။ (၎င်းအဋ္ဌကထာ)။ အယသာ နိဗ္ဗတ္တံအာယသံ,ပြု။ သံခြေခြင်းလည်၌စွပ်သော သံကွင်းစသည်ရ၏)။ ။

ဗန္ဓနာဂါရဇာတကံပဌမံ။၂၀၁။