နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အာသီဝိသံမိမံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤဟရိတမဏ္ဍူကဇာတ်ကို၊ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အဇာတသတ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ရေမြွေသည်ဆုံးဖြတ်ရာ အရပ်ကို မရသည်ဖြစ်၍ ထိုမြှုံးတံ ထိပ်၌ဝပ်သောဖားညိုကိုမြင်၍၊ အဆွေဖားညို၊ ဤငါတို့၏အမူအရာကို သင်သည်နှစ်သက်၏လောဟုမေးလိုသည်ဖြစ်၍။ ။
(၃၃၃)အာသီဝိသံ ပိ မံ သန္တံ၊ပဝိဋ္ဌံ ကုမိနာမုခံ။
ရုစ္စတေ ဟရိတာမာတာ၊ယံ မံ ခါဒန္တိ မစ္ဆကာ။ ။
ဟူသောဤပဌမဂါထာကိုဆို၏။ ။
ထိုအခါရေမြွေကိုဖားညိုသည်၊ အချင်းရေမြွေ၊ ငါသည်နှစ်သက်၏။ အဘယ်ကြောင့်နည်းဟူမူကား။သင်သည်သင်၏နေရာအရပ်သို့လာကုန်သောငါးတို့ကိုစား၏။ ငါးတို့သည်လည်း မိမိ၏အရပ်သို့လာသောသင့်ကိုခဲကုန်၏။ မိမိ၏အရာဖြစ်သောအရပ်၌ မိမိကျက်စားရာမြေ၌အားမရှိ သောသူမည်သည်ကားမရှိ။ ထို့ကြောင့်ငါသည်နှစ်သက်၏ဟုဆို၍။ ။
(၃၃၄)ဝိလုမ္ပတေ-ဝ ပုရိသော၊ယာဝ-ဿ ဥပကပ္ပတိ။
ယဒါ စ-ညေ ဝိလုမ္ပန္တိ၊သော ဝိလုတ္တော ဝိလုပ္ပတိ။
ဟူသောဤဒုတိယဂါထာကိုရွတ်ဆို၏။ ။
(၃၃၄)သမ္မ၊ အချင်းရေမြွေ။ ယာဝ၊ အကြင်ရွေ့လောက်သော ကာလပတ်လုံး။ ဝိလုပ္ပတော၊ သူတစ်ပါးကိုလုယက်တတ်သော။ အဿ၊ ထိုယောက်ျားအား။ ဣဿရိယံ၊ အစိုးရသောအဖြစ်,အာဏာရှိသောအဖြစ်သည်။ ဥပကပ္ပတိဣဇ္ဈတိ၊ ပြည့်စုံ၏။ တာဝ၊ ထိုရွေ့လောက်သောကာလပတ်လုံး။ သောပုရိသော၊ ဣဿရိယပြည့်စုံသား ထိုယောက်ျားသည်။ အညံ့၊ မိမိနိုင်လောက်သား တစ်ပါးသောသူကို။ ဝိလုမ္ပတေ-ဝ၊ နှိပ်စက်လုယက် ဖျက်ဆီးသည်သာတည်း။ ယဒါစ၊ အကြင်အခါ၌ကား။ အညေ၊ တစ်ပါးကုန်သောသူတို့သည်။ ဣဿရာ၊ အခွင့်သာ၍အစိုးရပြန်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဝိလုမ္ပန္တိ၊ နှိပ်စက်လုယက် ဖျက်ဆီးကုန်၏။ အထ၊ ထိုအခါ၌။ သောဝိလုတ္တော၊ ထိုမိမိအစိုးရသောကာလသူတစ်ပါးကို နှိပ်စက်လုယက်ဖျက်ဆီးတတ်သောသူကို။ အညေဟိ၊ မိမိတို့အခွင့်သာ၍အစိုးရအာဏာရပြန်သောတစ်ပါးသောသူတို့သည်။ ဝိလုပ္ပတိ၊ လက်တုံ့ ပြန်၍ နှိပ်စက်လုယက်ဖျက်ဆီးအပ်၏။ ။
(ဟရိတာမာတာအဿာတိ,ဟု၊ဗဟုဗ္ဗီဟိသမာသ်ပြု၍။ ကလျာဏဘရိယော, တို့ကဲ့သို့။ ဟရိတမာတာ, နေအပ်လျက်၊ဣတ္ထိယံဘာသိတပုမိတ္ထီပုမာဝစေ၊ဟူသောသုတ်သည် အနိစ္စဖြစ်၍၊ဟရိတာမာတာ,နေသည်။ ညိုသောအမိရှိသောဖားဖြစ်၍ ဖားညိုမ၏သားအ္နံဆိုသည်။ ။ လုပအစ္ဆေဒနေ။ လုမ္ပတိ,ဟု၊ ရုဓာ ဒိဂိုဏ်း၌လာရကား၊ လုပဓာတ်နောင် နိဂ္ဂဟိတ်လာ၍၊ ဝိလုမ္ပတေ၊ ဝိလုမ္ပန္တိ,ဟု၊ ရုပ်ရှိစေ။ သောဝိလုတ္တော၊ဝိလုပ္ပတိ,၌ကားကံဟောဖြစ်၍ယပစ္စည်းသက်ရကား၊ဝိလုပ္ပတိ, ဟူ၊ သဒိသဒွေးဖော်နှင့်ရှိစေ)။ ။
ဟရိတမဏ္ဍူကဇာတကံ နဝမံ။၂၃၉။