Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

272. Byagghajātakaṃ (3-3-2)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ယေနမိတ္တေနသံသဂ္ဂေါ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤဗျဂ္ဃဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ ကောကာလိကကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါဘုရားလောင်းသည်၊ အဆွေ၊ ဤခြင်္သေ့ကျားတို့ကိုမှီ၍ငါတို့၏ဗိမာန်တို့သည်တည်ကုန်၏။ ခြင်္သေ့ ကျားတို့သည် ပြေးသွားကုန်သော်ဗိမာန်တို့သည် ပျက်စီးကုန်လတ္တံ့။ ခြင်္သေ့ ကျားတို့၏ ခြေရာကိုမမြင်ကုန်သည်ရှိသော်လူတို့သည် အလုံးစုံသောတောကိုခုတ်ဖြတ်၍ တစ်ခုထည်းသောအပြင်ကိုပြု၍ လယ်တို့ကိုထွန်ကုန်လတ္တံ့။ သင်တို့သည် ခြင်္သေ့ ကျားတို့၏ပြေးခြင်းကိုမနှစ်သက်လင့်ဟုဆို၍။ ။

(၄၂၁)ယေန မိတ္တေန သံသဂ္ဂါ၊ယောဂက္ခေမော ဝိဟိယျတိ။ဟ

ပုဗ္ဗေ-ဝ-ဇ္ဈဘဝ- န္တဿ၊ရုက္ခေ အက္ခီဝ ပဏ္ဍိတော။ ။

(၄၂၂)ယေန မိတ္တေန သံသဂ္ဂါ၊ယောဂ-က္ခေမော ပဝဍ္ဎတိ။

ကရေယျတ္တ-သမံ ဝုတ္တိံ၊သဗ္ဗ-ကိစ္စေသု ပဏ္ဍိတော။

ဟူသောဤနှစ်ဂါထာတို့ကိုရွတ်၏။ ။

(၄၂၁-၄၂၂)သမ္မ၊ အဆွေ။ ယေနမိတ္တေန၊ အကြင်အဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဖက်နှီးနှောခြင်းဟူသော အကြောင်းကြောင့်။ ဝါ၊ ဒဿနသံသဂ္ဂစသောအကြောင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာခြင်းသည်။ ဝိဟိယျတိပရိဟာယတိ၊ ဆုတ်ယုတ်၏။ ပဏ္ဍိတော၊ အရေးအရာမြော်မြင်သောပညာရှိသည်။ တဿပါပမိတ္တဿ၊ ထိုယုတ်မာသောအဆွေခင်ပွန်း၏၊ ထိုယုတ်မာသောအဆွေခင်ပွန်းသည်။ အဇ္ဈဘဝံအဘိဘဝိတဗ္ဗံ၊ လွှမ်းမိုးဖိစီးဖျက်ဆီးအပ်လတ္တံ့သောမိမိ၏လာဘယသဇီဝိတကို။ ယထာ၊ အကြင်အခြင်းဖြင့်။ သောပါပမိတ္တော၊ ထိုယုတ်မာသောအဆွေခင်ပွန်းသည်။ နအဇ္ဈဘဝတိ၊ လွှမ်းမိုးဖိစီးမဖျက်ဆီးနိုင်။ တထာ၊ ထိုမဖျက်ဆီးနိုင်သောအခြင်းအရာဖြင့်။ ပုဗ္ဗေဝ၊ လက်ဦးမဆွကလျှင်။ အတ္တနော၊ မိမိ၏။ အက္ခီ၊ မျက်စိတို့ကို။ ရက္ခတိဣဝ၊ စောင့်သကဲ့သို့။ ရက္ခေရက္ခေယျ၊ သတိပညာသမ္မာဝါယာမဖြင့်နှလုံးမချစောင့်ရာ၏။ ။

သမ္မ၊ အဆွေ။ ယေနမိတ္တေန၊ အကြင်အတ္ထက္ခာယီဝိယသဟာယဖြစ်သောအဆွေခင်ပွန်းနှင့်။ သံသဂ္ဂါ၊ ပေါင်းဖက်နှီးနှောခြင်းဟူသောအကြောင်းကြောင့်။ ယောဂက္ခေမော၊ ကိုယ်စိတ်ချမ်းသာခြင်းသည်။ ပဝဍ္ဎတိ၊ ပွါးများတိုးတက်၏။ ပဏ္ဍိတော၊ ပညာရှိသည်။ တဿကလျာဏ မိတ္တဿ၊ ထိုကောင်းသောအဆွေခင်ပွန်း၏။ သဗ္ဗကိစ္စေသု၊ ကြီးကြီးငယ်ငယ် ကုန်အောင်စုံသောအမှုကိစ္စတို့၌။ အတ္တသမံ၊ မိမိကိစ္စနှင့်အတူအမျှ။ ဝုတ္တိံ၊ မချွတ်မယွင်း ကောင်းသောအကျင့်ကို။ ကရေယျ၊ မျက်မှောက် မျက်ကွယ်မလွှဲမဘယ်ပြုရာ၏။ ဟီနံပန၊ ဆုတ်ယုတ်ပျက်စီးခြင်းကိုကား။ နကရေယျ၊ မပြုပေရာ။ ။

တနည်း။ အတ္တသမဝုတ္တိံအတ္တနောဝုတ္တိသမံ၊ မိမိ၏အသက်မွေးသောအကျင့်, အတွင်းအသုံးအဆောင်, အပအသုံးအဆောင်၌ ကျင့်သော အကျင့်နှင့်တူစွာ။ ကရေယျ၊ ပြုရာ၏။ ဟီနံ၊ ထိုအမှုကိစ္စကိုပြုသည့်အောက်အယုတ်။ နကရေယျ၊ မပြုရာ။ ။

ဤသို့ဘုရားလောင်းသည် အကြောင်းကို ဆိုသော်လည်း၊ ထိုမိုက်သောနတ်သည်မဆင်ခြင်မူ၍ တစ်နေ့သ၌ကြောက်မက်ဖွယ်သောအာရုံကိုပြု၍ ခြင်္သေ့ ကျားတို့ကိုပြေးစေ၏။ လူတို့သည်ခြင်္သေ့ ကျားတို့၏ခြေရာကိုမမြင်၍ ခြင်္သေ့ ကျားတို့သည် တစ်ပါးသောတောသို့သွားပြီဟုသိ၍ တောအုပ်၏ နံပါး တစ်ဖက်ကို ဖြတ်ကုန်၏။ ရုက္ခစိုးနတ်သည် ဘုရားလောင်းသို့ဆည်းကပ်၏။ အဆွေ၊ အကျွန်ုပ်သည် အဆွေ့စကားကိုမယူမူ၍ ထိုခြင်္သေ့ ကျားတို့ကိုပြေးစေ၏။ ယခုခြင်္သေ့ ကျားတို့၏သွားသော အဖြစ်ကိုသိ၍ လူတို့သည်တောကိုဖြတ်ကုန်၏။ အဘယ်သို့ပြုရအံ့နည်း ဟုဆို၍၊ ယခုထိုခြင်္သေ့ ကျားတို့သည်နေသောတောသို့သွား၍ထိုခြင်္သေ့ ကျားတို့ကိုပင့်ချေလော့ဟုစေသည်ရှိသော်၊ ထိုတောသို့သွား၍ ခြင်္သေ့ ကျားတို့၏ရှေ့မှလက်အုပ်ချီ၍။ ။

(၄၂၃)ဧထ ဗျဂ္ဃါ နိဝတ္တဝှော၊ပစ္စုပေထ မဟာ-ဝနံ။

မာ ဝနံ ဆိန္ဒိ နိဗျဂ္ဃံ၊ဗျဂ္ဃါ မာ-ဟေသု နိဗ္ဗနာ။ ။

ဟူသောဤတတိယဂါထာကိုဆို၏။ ။

(၄၂၃)ဗျဂ္ဃါ၊ ခြင်္သေ့နှင့်ကျား မင်းနှစ်ပါးတို့။ တုမှေ၊ အသျှင်နှစ်ပါးတို့သည်။ ဧထ၊ ကြွလာတော်မူကြပါကုန်။ နိဝတ္တဝှေါ၊ နေဟောင်းတော သို့ပြန်လည်တော်မူကြပါကုန်။ မဟာဝနံ၊ ရှေးကနေဟောင်း,ရိပ်ကောင်း သာယာ,တောကြီးစွာသို့။ ပစ္စုပေထ၊ တဖန်ကပ်တော်မူကြပါကုန်။ ဝနံ၊ အကျွန်ုပ်တို့နေသောတောအုပ်ကို။ ဣဒါနိ၊ ယခုအခါ၌။ တုမှာကံ၊ အသျှင်မင်းနှစ်ပါးတို့၏။ အဘာဝေန၊ မရှိခြင်းကြောင့်။ နိဗျဂ္ဃံ၊ ခြင်္သေ့နှင့်ကျား မင်းနှစ်ပါးမရှိပြီဟူ၍။ မနုဿာ၊ လူတို့သည်။ မာဆိန္ဒိမာဆိန္ဒိံသု၊ မခုတ်မဖြတ်ပါစေကုန်လင့်။ ဗျဂ္ဃါ၊ ခြင်္သေ့ နှင့်ကျား အသျှင်မင်းနှစ်ပါးတို့သည်လည်း။ နိဗ္ဗနာ၊ အသျှင်တို့နေဟောင်း, ရိပ်ကောင်းခမ်းဝါ, တောသာယာမှ, ပြေးကုန်ကြ၍, နေရာဌာန, တောမှကင်းကွာ, တောနေရာမဲ့ကုန်ကြသည်။ မာအဟေသုံ၊ မဖြစ်ကြပါကုန်လင့်။ ။

ထိုကျား ခြင်္သေ့တို့သည်ရှိခိုးဦးနှိမ်အကြိမ်ကြိမ်ရုက္ခစိုးနတ်တောင်းပန်အပ်သော်လည်း ၊သင်သည် သွားလေ၊ ငါတို့မလာကုန်ဟုပယ်ကုန်သလျှင်ကတည်း။ ရုက္ခစိုးနတ်သည် တစ်ယောက်ထည်းလျှင်တောအုပ်သို့ပြန်လာ၏။ လူတို့သည်နှစ်ရက်သုံးရက်ဖြင့်လျှင်အလုံးစုံသောတောအုပ်ကိုဖြတ်၍လယ်ယာလုပ်၍ ထွန်ကုန်၏။ ။ (ဒဿနသံသဂ္ဂ, သဝနသံသဂ္ဂ, ကာယသံသဂ္ဂ, သမုလ္လပနသံသဂ္ဂ, ပရိဘောဂသံသဂ္ဂ, ဟူ၍သံသဂ္ဂအပြားငါးပါးတည်း။ ထိုငါးပါးတို့တွင်အချင်းချင်းတွေ့ဖူးမြင်ဖူးကြသည်ကား ဒဿနသံသဂ္ဂ။ အချင်းချင်းအသံကို ကြားဖူးကြသည်ကား သဝနသံသဂ္ဂ။ ကိုယ်လက်နှီးနှောဖူးသည်ကား ကာယသံသဂ္ဂ။ အချင်းချင်း ချစ်ဖွယ်စကားဆို၍ စကားရှည်တို ပြောဖူးကြသည်ကား သမုလ္လပနသံသဂ္ဂ။ အတူတကွသုံးဆောင် စားသောက်နေထိုင်ဖူးကြသည်ကား ပရိဘောဂသံသဂ္ဂ။ ကာယစိတ္တသုခသည် ဤ၌ယောဂက္ခေမ မည်၏။ ။ ယောဂက္ခေမောတိကာယစိတ္တသုခံ၊ တံဟိဒုက္ခဟောဂတောခေမတ္တာဣဓယောဂက္ခေမောတိအဓိပ္ပေတံ။ ။ အဋ္ဌကထာ။ ။ ဤဒိသေသုဌာနေသုဆဋ္ဌီကတ္တုကရဏေဒဋ္ဌဗ္ဗာ။ ဋီကာ ဟူရကား တဿကိုကတ္တားပေးသည်။ ဗျဂ္ဃေါစသီဟောစဗျဂ္ဃါ, ဟု၊ဧကသိက်ပြု။ ဆိန္ဒိ,ကားဝစနဝိပလ္လာသတည်း။ ထို့ကြောင့်အဋ္ဌကထာ၌ မနုဿာမာဆိန္ဒိံသု, ဟူသည်။ နတ္ထိဝနံဧ​တေသန္တိနိဗ္ဗနာ,ပြု)။ ။

ဗျဂ္ဃဇာတကံဒုတိယံ။၂၇၂။