Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

259. Tirīṭavacchajātakaṃ (3-1-9)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ နယိမဿဝိဇ္ဇာ, အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော တိရီဋိဝစ္ဆဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ်၊ အသျှင်အာနန္ဒာမထေရ်၏ကောသလမင်း၏ မိဖုရားငါးရာလက်မှပုဆိုးငါးရာ, ကောသလမင်း၏လက်မှပုဆိုးငါးရာ အားဖြင့်ပုဆိုးတစ်ထောင်ရခြင်းဝတ္ထုကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ဘုရားလောင်းသည်လည်း လခွဲလွန်သဖြင့် ဗာရာဏသီသို့ရောက်၍ ဥယျာဉ်သို့ဝင်၍ နက်ဖြန်ဆွမ်းခံသွားလျက် မင်းအိမ်တံခါးသို့ ရောက်၏။ မင်းသည်လေသွန်တံခါးမကိုဖွင့်၍ မင်းရင်ပြင်ကိုကြည့်လတ်သော် ဘုရားလောင်းကို မြင်သဖြင့်သိ၍ ပြာသာဒ်မှ ဆင်းလျက်ရှိခိုး၍ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေစေ၍ မိမိသို့စီရင်အပ်သောအာဟာရကိုဘုန်းပေးစေ၍ မိမိသည်လည်းစား၍ဥယျာဉ်သို့ ပင့်ဆောင်၍ဥယျာဉ်၌ ဘုရားလောင်းဖို့ကျောင်းစင်္ကြံညဉ့်သန့်စရာနေ့သန့်စရာအရပ်တို့ကိုပြုစေ၍ ခပ်သိမ်းသော ရဟန်းပရိက္ခရာတို့ကိုလှူ၍ ဥယျာဉ်စောင့်ကိုအပ်၍ ရှိခိုး၍ ဖဲလေ၏။ ထိုအခါမှစ၍ ဘုရားလောင်းသည်မင်းအိမ်၌သာလျှင်ဆွမ်းစား၏။ များစွာသောလာဘ်ပူဇော်သကာရှိ၏။ ထိုဘုရားလောင်းကို သည်းမခံနိုင်ကုန်သော အမတ်တို့သည်ဤသို့ သဘောရှိသော ပူဇော်သက္ကာရကိုရသည်ရှိသော် အဘယ်မည်သော သူရဲကောင်းသည်လည်းအဘယ်မည်သောအမှုကိုမပြုအံ့နည်းဟုဆို၍ အိမ်ရှေ့မင်းသို့ကပ်၍၊အရှင်မင်းမြတ်၊အကျွန်ုပ်တို့မင်းသည်တစ်ပါးသော ရသေ့ကိုအလွန်မြတ်နိုး၏။ ထိုရသေ့၌မင်းသည် အဘယ်မည်သောအမှုကိုမြင်သနည်း။ အရှင်မင်းတို့သည်လည်းမင်းနှင့်ပြောဆိုပါကုန်လော့ဟုဆိုကုန်၏။ အိမ်ရှေ့မင်းသည် ကောင်းပြီဟုဝန်ခံ၍ အမတ်တို့နှင့်တကွ မင်းအိမ်သို့ကပ်၍။ ။

(၃၈၂)နယိ-မဿ ဝိဇ္ဇာ-မယ-မတ္ထိ ကိဉ္စိ၊န ဗန္ဓဝေါ နော ပန တေ သဟာယော။

အထ ကေန ဝဏ္ဏေန တိရီဋိဝစ္ဆော၊တေဒဏ္ဍိကော ဘုဉ္ဇတိ အဂ္ဂ-ပိဏ္ဍံ။ ။

ဟူသောဤပဌမဂါထာကိုဆို၏။ ။

(၃၈၂)မဟာ-ရာဇ၊ မြတ်သောမင်းကြီး။ ဣမဿ၊ ဤတိရီဋိဝစ္ဆရသေ့အား။ ဝိဇ္ဇာမယံ၊ အတတ်ဖြင့်ပြီးသော။ ကိဉ္စိကမ္မံ၊ တစ်စုံတစ်ခုသောအမှုသည်။ နအတ္ထိ၊ မရှိပါခဲ့။ တေဒဏ္ဍိကော၊ ကရားတည်ထားခြင်း အကျိုးငှာသစ်သားသုံးခွကို ဆောင်ယူ၍ သွားလေ့ရှိသော။ တိရီဋိဝစ္ဆော၊ တိရီဋိဝစ္ဆရသေ့သည်။ တေ၊ အသျှင်မင်းကြီး၏။ နဗန္ဓဝေါ၊ ပုတ္တဗန္ဓဝ, သိပ္ပဗန္ဓဝ, ဂေါတ္တဗန္ဓဝ, ဉာတိဗန္ဓဝ,တို့တွင် တစ်စုံတစ်ရာစပ်လျဉ်းသော အဆွေအမျိုးလည်း မဟုတ်ခဲ့။ နောပနသဟာယော၊ တကွမြေမုန့်ကစားဖက်အဆွေခင်ပွန်းလည်းမဟုတ်ခဲ့။ အထ၊ ထိုသို့ဖြစ်လျက်။ ကေနဝဏ္ဏေန၊ အဘယ်အကြောင်းကြောင့်။ အဂ္ဂ-ပိဏ္ဍံ၊ အရသာနှင့်ပြည့်စုံသောမင်းအားထိုက်သောထမင်းဦးကို။ ဘုဉ္ဇတိ၊ စားရဘိသနည်း။ ။

ထိုစကားကိုကြား၍ မင်းသည်မင်းသားကိုခေါ်၍၊အမောင်၊ပစ္စန္တရစ်သို့သွား၍စစ်ထိုးရာမှ ရှုံးသောငါ၏နှစ်ရက်သုံးရက်မလာသော အဖြစ်ကိုအောက်မေ့မိ၏လောဟုဆို၍ အောက်မေ့မိ၏ လျှောက်လတ်သော်၊ ထိုအခါ ငါသည် ဤရသေ့ကိုမှီ၍ အသက်ရ၏ဟု အလုံးစုံသော အကြောင်းကိုကြား၍၊အမောင်၊ငါ၏အသက်ကိုပေးသောသူသည်ငါ၏အထံသို့ရောက်သည်ရှိသော်၊မင်းအဖြစ်ကိုပေးငြားသော်လည်းထိုရသေ့ ပြုသောကျေးဇူးအားလျော်စွာပေးခြင်းငှာမတတ်နိုင်သေးဆို၍။ ။

(၃၈၃)အာဝါသု မေ ယုဒ္ဓ-ပရာဇိတဿ၊ဧကဿ ကတွာ ဝိဝနသ္မိ ဃောရေ။

ပသာရယိ ကိစ္ဆ-ဂတဿ ပါဏိံ၊တေနူ-ဒ္ဓတာရိံ ဒုခ-သံပရေတော။ ။

(၃၈၄)ဧတဿ ကိစ္စေန ဣဓာ-နုပတ္တော၊ဝေသာယိနော ဝိသယာ ဇီဝ-လောကေ။

လာဘာ-ရဟော တာတ တိရီဋဝစ္ဆော၊ဒေထ-ဿ ဘောဂံ ယဇထဉ္စယညံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၃၈၃-၃၈၄)တာတ၊ ချစ်သား။ အာဝါသုအာပဒါသု၊ ဘေးရန်တို့ကြောင့်။ ယုဒ္ဓ-ပရာဇိတဿ၊ စစ်ထိုးခြင်းမှရှုံးသော။ ဧကဿ၊ အဖော်မရှိတစ်ယောက်ထည်းသာဖြစ်သော။ ကိစ္ဆ-ဂတဿ၊ ရေတွင်းသို့ကျ၍ငြိုငြင်ပင်ပန်းခြင်းသို့ရောက်သော။ မေ၊ ငါ့အား။ အယံ၊ ဤရသေ့သည်။ ဃောရေ၊ ကြမ်းကြုတ်သော။ ဝိဝနသ္မိံ၊ ရေမရှိသောတောကြီး၌။ ကတွာအနုကမ္မံကရိတွာ၊ သားကဲ့သို့ကြင်နာသနားသည်ကိုပြု၍။ ပါဏိံ၊ လှေကားကိုဖွဲ့၍တွင်းသို့တက်လတ်ပြီး၍ ဆင်းရဲရောက်သောငါ့ကိုထုတ်ဆယ် ကယ်တင်ခြင်းငှာဝီရိယနှင့်ယှဉ်သောလက်ကို။ ပသာရယိ၊ ကောင်းစွာဖြန့်ကမ်း၏။ တေနကာရဏေန၊ ထိုသျှင်ရသေ့လက်ကမ်းလှမ်းခြင်းဟူသောအကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဒုခသံပရေတောပိ၊ ဆင်းရဲ ဒုက္ခထက်ဝန်းကျင်မှဝန်းရံနှိပ်စက်အပ်သည်ဖြစ်၍လည်း။ တမှာကူပါ၊ ထိုတွင်းမှ။ ဥဒ္ဓဟာရိံ ဥတ္တိဏ္ဏော၊ အထက်သို့တက်နိုင်လေပြီ။ ။

ဧတဿ၊ ထိုတိရီဋိဝစ္ဆရသေ့၏၊ သည်။ ကိစ္စေန၊ ထုတ်ဆယ်ကယ်တင်ပေသော ကိစ္စအာနုဘော်ကြောင့်။ ဝေသာယိနော၊ ယမမင်း၏။ ဝါ၊ သေမင်း၏။ ဝိသယာ၊ နိုင်ငံမှ။ ဣဓဇီဝလောကေ၊ ဤအသက်ရှည်သောလူ့ပြည်သို့။ အနုပတ္တော၊ မသေမပျောက်တဖန်ရောက်လာပေ၏။ တာတ၊ ချစ်သား။ တိရီဋိဝစ္ဆော၊ တိရီဋိဝစ္ဆရသေ့သည်။ လာဘာ-ရဟော၊ ထိုသူပြုဖူးသောကျေးဇူးကြောင့်ငါပေးလှူပူဇော်သော ပစ္စည်းလေးပါးကို ခံထိုက်ပေ၏။ အဿ၊ ထိုတိရီဋိဝစ္ဆရသေ့အား။ ဘောဂံ၊ ရသေ့ရဟန်းတို့အသုံးအဆောင်ကို။ ဒေထ၊ လှူကြကုန်လော့။ ယညဉ္စ၊ ယဇ်ကိုလည်း။ ယဇထ၊ ပူဇော်ကြကုန်လော့။ ။

(နဗန္ဓဝေါ၌သားမယားဟူသော ပုတ္တဗန္ဓဝ၊အတတ်ပညာ သင်ကြားပေးသောဆရာ အတတ်ပညာသင်ကြားဖော်ဖြစ်သောသိပ္ပဗန္ဓဝ၊ အနွယ်တူဖြစ်သော ဂေါတ္တဗန္ဓဝ၊ အမျိုးဖြစ်သော ဉာတိဗန္ဓဝ လေးပါးတည်း။ ။

ပုတ္တဗန္ဓဝါတိပုတ္တဒါရဗန္ဓဝါ။ ။ ဋီကာ။ ။

သဟပံသုကီဠကကိုဤ၌သဟာယဆိုသည်။ ။ တိဒဏ္ဍံဂဟေတွာစရဏသီလောတေဒဏ္ဍိကော,ပြု။ ။

တိဒဏ္ဍံ၊ သစ်သားသုံးခွကို။ ဂဟေတွာ၊ ကိုင်စွဲ၍။ စရဏသီလော၊ သွားခြင်းအလေ့ရှိသည်တည်း။ တေဒဏ္ဍိသော၊ သစ်သားသုံးခွကိုကိုင်စွဲ၍သွားခြင်းအလေ့ရှိသည်။ ။ တေဒဏ္ဍိကောတိကုဏ္ဍိကဋ္ဌပနတ္ထာယ တိဒဏ္ဍကံ ဂဟေတွာ စရန္တော။ ။ အဋ္ဌကထာ။ ။

အာဝါသူတိအာပဒါသု,ဖွင့်ရကား၊အာဝါ,နှင့် အာပဒါ, ပရိယာယ်တည်း။ ။ ကရိတွာ,ဟူသောပုဗ္ဗကာလကြိယာသည်ကံကိုငဲ့ရကား၊ အနုကမ္မံထည့်သည်။ ။ ယမရာဇာစဝေသာယီ၊ဟူရကား။ ဝေသာယီ,နှင့်ယမရာဇာ,ကားပရိယာယ်တည်း။ ။

တေဓာတုကေသုပိ အာဏာပဝတ္တကတ္တာမဟန္တောပိသယော ဧတဿာတိ ဝေသယီ။ဏီ။ သောဧဝဝေသာယီ၊ဒုက္ခဇနကတ္တာဝါ ဝိသသဒိသဋ္ဌာနံ ဂစ္ဆန္တီတိ ဝေသာ၊ နေရဟိကာ၊ တေသံအဓိပတိဘာဝေနအယတိပဝတ္တတီတိဝေသာယီ။ ဤ။

အဘိဓာန်ဋီကာ။ ။

တေဓာတုကေသုပိ၊ ကာမဓာတ်ရူပဓာတ်အရူပဓာတ်ဟုဆိုအပ်သော ဓာတ်သုံးပါးတို့၌လည်း။ အာဏာပဝတ္တကတ္တာ၊ အာဏာကိုဖြစ်စေတတ်သည်၏အဖြစ်ကြောင့်။ ဧတဿ၊ ထိုယမမင်းအား။ မဟန္တော၊ ကျယ်သော။ ဝိသယော၊ တိုင်းနိုင်ငံသည်။ အတ္ထိ၊ ရှိ၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သော၊ ထိုယမမင်းသည်။ ဝေ​သယီ၊ ဝေသယီမည်၏။ ဏီ၊ ဏီပစ္စည်းသက်။ သောဧဝ၊ ထိုဝေသယီသည်ပင်လျှင်။ ဝေသာယီ၊ ဝေသာယီမည်၏။ ဝါ၊ တနည်းကား။ ဒုက္ခဇနကတ္တာ၊ ဆင်းရဲကိုဖြစ်စေတတ်သည်၏အဖြစ်ကြောင့်။ ယေသတ္တာ၊ အကြင်သတ္တဝါတို့သည်။ ဝိသသဒိသဋ္ဌာနံ၊ အဆိပ်နှင့် တူသောအရပ်သို့။ ဂစ္ဆန္တိ၊ သွားတတ်ကုန်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ တေသတ္တာ၊ ထိုသတ္တဝါတို့သည်။ ဝေသာ၊ မည်ကုန်၏။ နေရယိကာ၊ ငရဲသူတို့ကိုရ၏။ ယောရာဇာ၊ အကြင်ယမမင်းသည်။ တေသံဝေသာနံ၊ ထိုငရဲသူတို့၏။ အဓိပတိဘာဝေန၊ အကြီးအကဲ၏အဖြစ်ဖြင့်။ အယတိပဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ သောရာဇာ၊ ထိုယမမင်းသည်။ ဝေသာယီ၊ မည်၏။ ဤ၊ ဤပစ္စည်းသက်။ ။၎င်းအနက်)။ ။

တိရီဋဝစ္ဆဇာတကံ နဝမံ။၂၅၉။