Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

158. Suhanujātakaṃ (2-1-8)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ **နယိဒံဝိသမသီလေန,အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤသုဟနုဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌သီတင်း သုံးနေတော်မူစဉ်၊ ကြမ်းကြုတ်ကုန်သောနှစ်ယောက်ကုန်သော ရဟန်းတို့ကိုအကြောင်းပြု၍ဟောတော်မူ၏။

ထိုအခါဗြဟ္မဒတ်မင်းသည်၊ အဆွေအမတ်ကြီး၊ဤမြင်းစဉ်းလဲနှစ်စီးတို့သည်တစ်ပါးကုန်သောမြင်းတို့ ၏အပေါ်၌သာ ကြမ်းကြုတ်ရုန့်ရင်းကုန်၏။ နိုင်ထက်ကလူမူတတ်ကုန်၏။ တစ်ပါးကုန်သောမြင်းတို့ကို ကိုက်ကုန်၏။ နာသည်၏အဖြစ်သို့ ရောက်စေတတ်ကုန်၏။ ယခုအခါ၌အချင်းချင်းသည်တမူကား၊ ကိုယ်ကိုလျက်ကြကုန်လျက်၊ ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်၍ရကြကုန်၏။ ထိုသို့ဖြစ်ခြင်းသည်အဘယ်မည်သောအကြောင်းကြောင့်တုန်းနည်းဟု၊ ဘုရားလောင်းကိုမေး၏။ ဘုရားလောင်းသည်၊မြတ်သောမင်းကြီး၊ဤမြင်းနှစ်စီးတို့သည် မညီမျှသောအလေ့ရှိကုန်သည်လည်းမဖြစ်ကုန်။ မညီမျှသောသဘောရှိသည်လည်းမဖြစ်ကုန်။ ထိုမြင်းနှစ်စီးတို့သည်တူမျှသော အလေ့ရှိသည်လည်းဖြစ်ကုန်၏။ တူမျှသောသဘောရှိသည်လည်းဖြစ်ကုန်၏ဟုဆို၍။

(၁၆၅)နယိဒံ ဝိသမသီလေန၊သောဏေန သုဟနူ သဟ။

သုဟနူပိ တာဒိသောယေဝ၊ယော သောဏဿ သဂေါစရော။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၆၅) မဟာရာဇ၊ မြတ်သောမင်းကြီး။ သုဟနု၊ သုဟနုမည်သောမြင်းကြမ်းကြီးသည်။ သောဏေန၊ သောဏမည်သောမြင်းကြမ်းကြီးနှင့်။ သဟ၊ တကွ။ ယိဒံယံဣဒံပေမံ၊ အကြင်သို့သဘောရှိသောဤချစ်ခြင်းကို။ ကရောတိ၊ ပြု၏။ တံဣဒံပေမံ၊ ထိုသို့သဘောရှိသော ဤချစ်ခြင်းကို။ အတ္တနော၊ မိမိ၏။ ဝိသမ-သီလေန၊ မတူမျှသောသဘောအလေ့အားဖြင့်။ နကရောတိ၊ မပြု။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သောဏော၊ သောဏသည်။ ယာဒိသော၊ အကြင်သို့သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ (ထည့်)။ သုဟနုပိ၊ သုဟနုသည်လည်း။ တာဒိသောယေဝ၊ ထိုသောဏသဘောနှင့်တူသောသဘောရှိသည်သာလျှင်တည်း။ သောဏဿ၊ သောဏ၏။ ယောသဂေါစရော၊ အကြင်မြင်းတို့ကိုကိုက်လျက် ကျက်စားခြင်းဟူသောမိမိအကျင့်သည်။ အတ္ထိ၊ ရှိ၏။ သုဟနုပိ၊ သုဟနုသည်လည်း။ တံဂေါစရောယေဝ၊ ထိုသောဏ၏မြင်းတို့ကိုကိုက်လျက်ကျက်စားခြင်းဟူသောအကျင့်နှင့်တူသောအကျင့်ရှိသည်သာလျှင်တည်း။(ထည့်)။ ။

ထိုအာစာရဂေါစရတို့ကိုကားတစ်ပေါင်းတည်းပြု၍ပြခြင်းငှါ။ ။

(၁၆၆)ပက္ခန္ဒိနာ ပဂဗ္ဘေန၊နိစ္စံ သန္ဒါနခါဒိနာ။

သမေတိ ပါပံ ပါပေန၊သမေတိ အသတာ အသံ။

ဟူသောဒုတိယဂါထာကိုဘုရားလောင်းရွတ်ပြန်သတည်း။

(၁၆၆) မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧတေသု၊ ထိုမြင်းနှစ်စီးတို့တွင်။ ပက္ခန္ဒိနာ၊ မြင်းတစ်ပါး၏ အပေါ်သို့ပြေးသွားတက်လွှားခြင်းအလေ့ရှိသော။ ပဂဗ္ဘေန၊ ကာယကံ၏ရုန့်ရင်းကြမ်းကြုတ်ခြင်းအစရှိသောဒုဿီလအကျင့်ရှိသော။ နိစ္စံ၊ အမြဲမပြတ်။ သန္ဒာနခါဒိနာ၊ မိမိကိုချည်သောကြိုးကို ကိုက်ဖြတ်တတ်သော အလေ့ရှိသော။ ပါပေန၊ ယုတ်မာစွာသော။ အညတရေန၊ တစ်စီးသောမြင်းနှင့်။ သဒ္ဓိံ၊ တကွ။ အညတရဿ၊ တစ်စီးသောမြင်း၏။ ပါပံ၊ ယုတ်မာသော အကျင့်အာစာရ ဒုဿီလသဘောသည်။ သမေတိ၊ တူကြ၏။ အသတာအနာစာရဂေါစရသမ္ပန္နေန၊ ယုတ်မာသောအကျင့် ယုတ်မာသောကျက်စားခြင်းဟူသော မသူတော်သဘောနှင့်ပြည့်စုံသော။ အညတရေန၊ တစ်ယောက်သောသူနှင့်။ သဟ၊ တကွ။ ဣတရဿ၊ တစ်ယောက်သောသူ၏။ အသံအသာဓုကမ္မံ၊ မသူတော်အမှုသည်။ သမေတိ၊ တူကြ၏။ ဂူထာဒီနိ၊ မစင်စသည်တို့သည်။ ဂူထာဒီဟိ၊ မစင်စသည်တို့နှင့်။ သဟ၊ တကွ။ သံသန္ဒန္တိဣဝ၊ နှီးနှောကုန်၏သို့။ သံသန္ဒတိ၊ နှီးနှောကြ၏။ ။

သုဟနုဇာတကံအဋ္ဌမံ။ ။