Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

165. Nakulajātakaṃ (2-2-5)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညုမြတ်စွာဘုရားသည်၊ သန္ဓိံ ကတွာအမိတ္တေန,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤနကုလဇာတ်ကို၊ဇေတဝန်ကျောင်းကြီး၌သီတင်းသုံးနေတော်မူစဉ်၊ အမတ်စစ်သူကြီးနှစ်ယောက်တို့၏ ခိုက်ရန်ဖြစ်ခြင်းကိုအကြောင်းပြု၍ဟောတော်မူ၏။

ဘုရားလောင်းသည် ထိုမြွေပါကို ထိုအခြင်းဖြင့် ဝပ်၍အိပ်သည်ကိုမြင်၍။ မြွေပါ၊ သင်အားအဘယ်ကိုလျှင်မှီ၍ ဘေးသည်ဖြစ်သနည်းဟုမေးလိုရကား။ ။

(၁၈၁)သန္ဓိံ ကတွာ အမိတ္တေန၊အဏ္ဍဇေန ဇလာဗုဇ။

ဝိဝရိယ ဒါဌံ သေသိ၊ကုတော တေ ဘယမာဂတံ။ ။

ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။

(၁၈၁)ဇလာဗုဇ၊ မြွေပါ။ တွံ၊ သင်သည်။ အမိတ္တေန၊ ရန်သူဖြစ်သော။ အဏ္ဍဇေန၊ မြွေနှင့်။ သန္ဓိံ၊ စေ့စပ်ခြင်းဟူသောမိတ်အဖြစ်ကို။ ကတွာ၊ ပြု၍။ ဒါဌံ၊ အစွယ်ကို။ ဝိဝရိယ၊ ဖော်၍။ သေသိ၊ အိပ်၏။ တေ၊ သင်အား။ ကုတော၊ အဘယ်မှ။ ဘယံ၊ ဘေးသည်။ အာဂတံ၊ လာသနည်း။ ။

ဤသို့ဘုရားလောင်းမေးအပ်သောမြွေပါသည်၊ အသျှင်ရသေ့၊ရန်သူမည်သည်ကို မထေမဲ့မြင်မပြုအပ်။ ရွံရှာအပ်သလျှင်ကတည်းဟုဆိုလိုရကား။ ။

(၁၈၂)သင်္ကေထေ-ဝ အမိတ္တသ္မိံ၊မိတ္တသ္မိံပိနဝိဿသေ။

အ-ဘယာ ဘယ-မုပ္ပန္နံ၊အပိ မူလာနိကန္တတိ။ ။

ဟူသောဒုတိယဂါထာကိုဆို၏။ ။

(၁၈၂)အယျ၊ သျှင်ရသေ့။ အမိတ္တသ္မိံ၊ ရန်သူ၌၎င်း။ မိတ္တသ္မိမ္ပိ၊ အဆွေခင်ပွန်း၌၎င်း။ သင်္ကတေ-ဝ၊ ရွံရှာအပ်သည်သာလျှင်တည်း။ နဝိဿသေ၊ အကျွမ်းတဝင်မပြုရာ။ အဘယာ၊ ဤသူမှဘေးမဖြစ်ပြီဟု ထင်မှတ်အပ်သောအဆွေခင်ပွန်းမှ။ ဥပ္ပန္နံ၊ ဖြစ်သော။ ဘယံ၊ ဘေးသည်။ မူလာနိအပိ၊ အမြစ်အရင်းတို့ကိုသော်လည်း။ ကန္တတိ၊ ဖြတ်တတ်၏။

(ဇရံဇိရဏံ ဘေဒံယာတိ ဥပေတီတိဇလာဗု။ ဇရံဇိရဏံ ဘေဒံ၊ ပျက်စီးခြင်းသို့။ ယာတိဥပေတိ၊ ရောက်တတ်၏။ ဣတိတသ္မာ၊ ထို့ကြောင့်။ ဇလာဗု၊ ဇလာဗုမည်၏။ အရကား။ အမိဝမ်း၌ကိန်းသောသတ္တဝါတို့၏ကိုယ်ကိုရစ်ပတ်ဖုံးလွှမ်းသောသူငယ်အိမ်အချင်းရ၏။ ရ,ကြီးကိုလ။ ယ,ငယ်ကိုဗ,ပြု၍ဇလာဗု,ပြီးသတည်း။ ဇလာဗုမှိဇာတောဇလာဗုဇော။ သူငယ်အိမ်အချင်း၌ဖြစ်သောသတ္တဝါရသတည်း။ နဣတောဘယံဥပ္ပန္နန္တိ အဘယော,ပြု၍ ဤသူမှဘေးမရှိပြီဟုမှတ်အပ်သောအဆွေခင်ပွန်းကိုရသတည်း။ အဆွေခင်ပွန်းမှဖြစ်သော ဘေးသည် သနစ်သနာအတွင်းပြင်သိသောကြောင့် အမြစ်အရင်းကိုသော်လည်းဖြတ်ရကား အားကြီးသည်ဟူလို)။ ။

နကုလဇာတကံပဉ္စမံ။