Issues
Select Version
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

286. Sālūkajātakaṃ (3-4-6)

Author: နိဿယ-1 @ IAPT

နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ မာသာလူကဿပိဟယိ,အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသာလူကဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ အပျိုကြီး ဖြားယောင်းသောရဟန်းကိုအကြောင်းပြု၍ဟောတော်မူ၏။ ။

ထိုအခါ မဟာလောဟိတနွားသည်၊ ညီထွေးစူဠလောဟိတ၊ သင်သည်သာလူကဝက်၏ယာဂုထမင်းကိုမတောင့်တလင့်။ ထိုသတို့သမီးကိုထိမ်းမြားသောနေ့၌ သာလူကကို လက်သုတ်ဟင်းလျာပြုလို၍ အသားပွါးများစိမ့်သောငှာ ထိုသူတို့သည်မွေးကုန်၏။ နှစ်ရက် သုံးရက် လွန်သဖြင့်သာလူကကိုညောင်စောင်းအောက်မှထုတ်၍ သတ်၍အပိုင်းအပိုင်းဖြတ်၍ဧည့်သည်တို့၏အစာလုပ်သည်ကိုမြင်ရကုန်အံ့ဟုဆို၍။ ။

(၄၆၃)မာ သာလူကဿ ပိဟယိ၊အာတုရ-န္နာနိ ဘုဉ္ဇတိ။

အပ္ပေါ-ဿုက္ကော ဘုသံ ခါဒ၊ဧတံ ဒီဃာ-ယု-လက္ခဏံ။ ။

(၄၆၄)ဣဒါနိ သော ဣဓာ-ဂန္တွာ၊အတိထိ ယုတ္တ-သေဝကော။

အထ ဒက္ခသိ သာလူကံ၊သယန္တံ မုသလု-တ္တရံ။ ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။ ။

(၄၆၃-၄၆၄)တာတ၊ ညီထွေးစူဠလောဟိတ။ တွံ၊ သင်သည်။ သာလူကဿ၊ သာလူကဝက်၏။ သူကရဘတ္တံ၊ ဝက်စာထမင်းကို။ မာပိဟယိ၊ မတောင့်တလင့်။ ဟိသစ္စံ၊ မှန်၏။ အယံ၊ ဤသာလူကသည်။ အာတုရန္နာနိ၊ သေအံ့သောအစာတို့ကို။ ဘုဉ္ဇတိ၊ စား၏။ တွံ၊ သင်သည်။ အပ္ပေါဿုက္ကော၊ ကြောင့်ကြမဲ့ဖြစ်၍။ ဘုသံ၊ ဤဖွဲကို။ ခါဒ၊ စိတ်ချချစားလော့။ ဧတံ၊ ဤအစာသည်။ ဒီဃာယုလက္ခဏံ၊ အသက်ရှည်သောအဖြစ်၏ မှတ်ကြောင်းလက္ခဏာတည်း။ ။

ဣဒါနိ၊ ယခုအခါ၌။ သော၊ ထိုထိမ်းမြားသောယောက်ျားသည်။ ဣဓ၊ ဤအိမ်သို့။ ယုတ္တ-သေဝကော၊ များစွာသောပရိသတ်ဟူသော မှီဝဲဆည်းကပ်သောအခြံအရံနှင့်ယှဉ်လတ်၍။ အတိထိ၊ ဧည့်သည်သည်။ ဟုတွာ၊ ဖြစ်၍။ အာဂန္တွာ၊ လာလတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ အထ၊ ထိုအခါ၌။ မုသလုတ္တရံ၊ သံခွေးတပ်သောကျည်ပွေ့ နှင့်တူသော။ ဝါ၊ စပါးထောင်းမောင်းချောက်နှင့်တူသောအထက်နှုတ်ခမ်းရှိသော။ သာလူကံ၊ သာလူကကို။ သယန္တံ၊ သေခြင်းငှာစင်းစင်းအိပ်သည်ကို။ ဒက္ခသိ၊ မြင်ရလတ္တံ့။ ။

ထိုသို့သောနေ့မှနှစ်ရက်လွန်လတ်၍ ထိမ်းမြားခြင်းသို့ ရောက်သည်ရှိသော် သာလူကကိုသတ်၍လက်သုတ်ဟင်းလျာ ပြုကုန်၏။ ထိုနွားနှစ်ခုတို့သည် သာလူက၏ ထိုပျက်စီးခြင်းကိုမြင်၍ ငါတို့၏ဖွဲဟူသောအစာသည်သာလျှင်ကောင်းမြတ်၏ဟုကြံကုန်၏။

သဗ္ဗညုမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍ ထိုအနက်ကိုပြအံ့သောငှာ။ ။

(၄၆၅)ဝိကန္တံ သူကရံ ဒိသွာ၊သယန္တံ မုသလု-တ္တရံ။

ဇရဂ္ဂဝါ ဝိစိန္တေသုံ၊ဝရ-မှာကံ ဘုသာ-မိဝ။ ။

ဟူသောဤတတိယဂါထာကိုဟောတော်မူ၏။ ။

(၄၆၅)မုသလုတ္တရံ၊ သံခွေးတပ်သောစပါးထောင်း မောင်းချောက်နှင့်တူသောအထက်နှုတ်ခမ်းရှိသော။ သူကရံ၊ သာလူကအမည်ရှိသောဝက်ကို။ ဝိကန္တံ၊ ငိုမြည်တမ်းလျက်။ သယန္တံ၊ သေခြင်းငှာစင်းစင်းအိပ်သည်ကို။ ဒိသွာ၊ မြင်၍။ ဇရဂ္ဂဝါ၊ နွားအိုနှစ်ကောင် ညီနောင်တို့သည်။ အမှာကံ၊ ငါတို့၏။ ဘုသာမိဝ,ဘုသံဧဝ၊ အစာဖြစ်သော ဖွဲသည်သာလျှင်။ ဝရံ၊ သေဘေးကင်းသဖြင့်မြတ်၏ဟူ၍။ ဝိစိန္တေသုံ၊ ကြံကုန်၏။ ။

(ဘုသာမိဝ၊ ဘုသံဧဝဟုဖြတ်။ နိဂ္ဂဟိတ်ကိုမ,ရေး။ ဧကိုဣဝိပရိတ်ပြု။ အ,ကိုအာ,ရေ၍ဘုသာမိဝ,ပြီးသတည်း)။ ။

သာလူကဇာတကံ ဆဋ္ဌံ။၂၈၆။