နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ ကာယံဗလာကာသိခိနီ, အစရှိသော ဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သော ဤလောလဇာတ်ကို၊ ဇေတဝန်ကျောင်းကြီး၌ သီတင်းသုံးနေတော်မူစဉ်၊ လျှပ်ပေါ်သောရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ။
ဘုရားလောင်းသည် ကျက်စားရာအရပ်မှလာ၍ ငြီးငြူသောကျီးကိုမြင်၍ပျက်ရယ်ပြုလိုရကား။ ။
(၄၂၇)ကာ-ယံ ဗလာကာ သိခိနီ၊စောရီ လင်္ဃိပိတာမဟာ။
ဩရံ ဗလာကေ အာဂစ္ဆ၊စဏ္ဍော မေ ဝါယသော သခါ။ ။
ဟူသောရှေးဦးစွာသောဂါထာကိုဆို၏။ ။
ထိုခိုစကားကိုကြား၍ကျီးသည်။ ။
(၄၂၈)နာဟံ-ဗလာကာ သိခိနီ၊အဟံ လောလ-သ္မိ ဝါယသော။
အ-ကတွာ ဝစနံ တုယှံ၊ပဿ လူန-သ္မိ အာဂတော။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
ထိုကျီးစကားကိုကြား၍ဘုရားလောင်းခိုသည်။ ။
(၄၂၉)ပုနပါ-ပဇ္ဇသီ သမ္မ၊သီလံဟိတဝ တာဒိသံ။
န ဟိ မာနုသကာ ဘောဂါ၊သုဘုဉ္ဇာ ဟောန္တိ ပက္ခိနာ။ ။
ဟူသောဤတတိယဂါထာကိုဆို၏။ ။
(၄၂၉)သမ္မ၊ အဆွေကျီး။ တွံ၊ သင်သည်။ ပုနပိ၊ တဖန်လည်း။ ဧဝရူပံ၊ ဤသို့သဘောရှိသောဆင်းရဲသို့။ အာပဇ္ဇသိ၊ ရောက်လတ္တံ့။ တေ၊ သင့်အား။ ဧတ္တကေန၊ ဤမျှဆင်းရဲဖြင့်။ သုခါ၊ ချမ်းသာသည်။ နတ္ထိ၊ ရှိမည်မဟုတ်သေး။ ဟိသစ္စံ၊ မှန်၏။ တဝ၊ သင်၏။ သီလံ၊ ကိုယ်ကျင့်သီလသည်။ တာဒိသံ၊ ထိုသို့သောဆင်းရဲသို့ရောက်ခြင်းအား လျော်သောသဘောရှိ၏။ မနုဿာနာမ၊ လူတို့မည်သည်။ မဟာပုညာ၊ ဘုန်းကြီးကုန်၏။ တိရစ္ဆာနဂတာနံ၊ တိရစ္ဆာန်တို့အား။ တထာရှုပံ၊ ထိုသို့လူတို့ဘုန်းကန်နှင့်တူသောသဘောရှိသော။ ပုညံ၊ ဘုန်းကံသည်။ နတ္ထိ၊ မရှိ။ တသ္မာ၊ ထို့ကြောင့်။ ပက္ခိနာ၊ ငှက်သည်။ မာနုသိကာ၊ လူ၏အသုံးအဆောင် ဖြစ်ကုန်သော။ ဘောဂါ၊ အသုံးအဆောင်တို့သည်။ သုဘုဉ္ဇာ၊ လွယ်သဖြင့်သုံးဆောင်အပ်ကုန်သည်။ နဟိဟောန္တိ၊ မဖြစ်ကုန်သလျှင်ကတည်း။ ။
(ဗကောတုသုက္ကကာကောထ။ ဗလာကာဝိသကဏ္ဌိကာ, ဟုဗျိုင်းဖြူဟောနှစ်ပုဒ်၊ ဗျိုင်းအောက်ဟောနှစ်ပုဒ်လာရကား။ ဗလာကာ၊ ဗျိုင်းအောက်ဟော။ ဗလာကယောနိမှိ၊ နဝိဇ္ဇတိပုမောသဒါ, ဟုကျမ်းလာရကား။ ဗျိုင်းအောက်မျိုး၌အဖိုမရှိ။ ဗျိုင်းဖြူမျိုး၌ကားအဖိုအမအစုံရ၏။ မေဃေသုဂဇ္ဇမာနေသုဂဗ္ဘ ဂဏှန္တိ တာသဒါ, ဟုကျမ်းလာရကား။ အဖိုမရှိသော်လည်း မိုဃ်းသံကြားကကိုယ်ဝန်ကိုယူကြကုန်သတည်း။ လင်္ဃီ ဝုစ္စတိအာကာသေလင်္ဃနတော မေဃော၊ကောင်းကင်၌ တက်တတ်လွှားတတ်သွားတတ်သောကြောင့် မိုဃ်းကိုလင်္ဃီ, ဆိုသတည်း။ မိုဃ်းသံဖြင့်ကိုယ်ဝန်ယူကုန်ရကား မိုဃ်းသံသည်ဗျိုင်းအောက်တို့၏အဘ၊မိုဃ်းသည်အဘိုးဖြစ်ရကား။ လင်္ဃီပိတာမဟာဟူသတည်း)။ ။
လောလဇာတကံ စတုတ္ထံ။၂၇၄။