နတ်နှင့်တကွသော လောကကိုဆုံးမတော်မူတတ်သော သဗ္ဗညုမြတ်စွာဘုရားသည်၊ အကာသိရောဂံ, အစရှိသောဂါထာပုဒ်ဖြင့် တန်းဆာဆင်အပ်သော ဤသောမဒတ္တဇာတ်ကို၊ ဇေတဝန်ကျောင်းတော်၌သီတင်းသုံးနေတော်မူစဉ်၊ လာဠုဒါယီမထေရ်ကို အကြောင်းပြု၍ဟောတော်မူ၏။ ။
ဘခင်၊သင်သည်မင်း၏အထံသို့သွား၍၊ မင်းမြတ်၊ အသျှင်သည်အောင်တော်မူစေသတည်းဟုဆို၍။
ဒွေ မေ ဂေါဏာ မဟာ-ရာဇ၊ယေထိ ခေတ္တံ ကသာမသေ။
တေသုဧကော မတော ဒေဝ၊ဒုတိယံ ဒေယိ ခတ္တိယ။ ။
ဟူသော ဤဂါထာကိုရွတ်၍နွားကိုတောင်းလော့ဟု သောမဒတ္တသည် အဘကိုဤဂါထာကိုသင်စေ၏။ ။
မဟာရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ တစ်ခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဖော်ဖြစ်သောနွားကို။ ဒေတိ၊ ပေးတော်မူပါလော့။ ။
ဤသို့ပုဏ္ဏားသည် တစ်နှစ်သည်သဖြင့်ဂါထာကို လေ့လာသည်ကိုပြု၍၊ ဘုရားလောင်းကို၊ ချစ်သား သောမဒတ်၊ ဂါထာသည် လေ့လာသည် ဖြစ်ပြီ၊ ယခုအခါငါသည် အမှတ်မရှိသောသူ၏ အထံ၌ဆိုအံ့သောငှါစွမ်းနိုင်အံ့။ ငါ့ကိုမင်း၏အထံသို့ ဆောင်လေဟုဆို၏။ ဘုရားလောင်းသည်၊ ဘခင်၊ ကောင်းပြီဟုဆို၍၊ သင့်တင့်လျောက်ပတ်သောလက်ဆောင်ကို ယူစေ၍ အဘကိုမင်း၏အထံသို့ဆောင်၏။ ပုဏ္ဏားသည်၊ မင်းမြတ်၊ အသျှင်သည်အောင်စေ သတည်းဟုဆို၍ လက်ဆောင်ကို ဆက်၏။ မင်းသည်သောမဒတ်၊ ဤပုဏ္ဏားသည်သင်နှင့် အဘယ်သို့ တော်ကြသနည်းဟုမေး၏။ မင်းမြတ်၊ အကျွန်ုပ်၏အဘတည်းဟု၊ သောမဒတ်သည်လျှောက်၏။ အဘယ်အမှုကြောင့်လာသနည်းဟုမင်းသည်မေး၏။ထိုခဏ၌ပုဏ္ဏားသည်နွားကိုတောင်းအံ့သောငှါ။ ။
ဒွေ မေ ဂေါဏာ မဟာ-ရာဇ၊ယေဟိ ခေတ္တံ ကသာမသေ။
တေသုဧကော မတော ဒေဝ၊ဒုတိယံ ဂဏှ ခတ္တိယ။ ။
ဟူသောဤဂါထာကိုဆို၏။ ။
မဟာ-ရာဇ၊ မင်းမြတ်။ မေ၊ အကျွန်ုပ်အား။ ဒွေဂေါဏာ၊ နွားနှစ်ခုတို့သည်။ သန္တိ၊ ရှိကုန်၏။ ယေဟိ၊ အကြင်နွားနှစ်ခုတို့ဖြင့်။ ခေတ္တံ၊ လယ်ကို။ ကသာမသေ၊ ထွန်ပါကုန်၏။ ဒေဝ၊ မင်းမြတ်။ တေသု၊ ထိုနွားနှစ်ခုတို့တွင်။ ဧကော၊ နွားတစ်ခုသည်။ မတော၊ သေ၏။ ခတ္တိယ၊ မင်းမြတ်။ ဒုတိယံ၊ အဖော်ဖြစ်သောနွားကို။ ဂဏှ၊ ယူတော်မှုလော့။
(ဤဆိုအပ်ပြီးသော နှစ်ဂါထာသည် လိုရင်းပဋ္ဌာန စကားမဟုတ်၊ ပုဗ္ဗကိစ္စ အနုသန္ဓေမျှဖြစ်၍ အဋ္ဌကထာ၌ သင်္ဂါယနာတင်သည်။ ။ ပါဌဇာတ် ပါဠိတော်၌လာသော ဂါထာမဟုတ်သေး)။ ။ မင်းသည်၊ ပုဏ္ဏားသည် ချွတ်ယွင်း၍ဆိုသည်၏အဖြစ်ကိုသိ၍ ရယ်ခြင်းကိုပြု၏။ သောမဒတ်သင်တို့အိမ်၌နွားတို့သည် များကုန်ယောင် တကားဟုဆိုသည်ရှိသော်၊ မင်းမြတ်၊ နွားတို့ကို အသျှင်မင်းမြတ်တို့သည်ပေးတော်မူအပ်ကုန်သည်ဖြစ်ကုန်လတ္တံ့ဟုသောမဒတ်သည် လျှောက်၏။ မင်းသည် ဘုရားလောင်းအား နှစ်သက်၍ပုဏ္ဏားအား တစ်ဆယ့်ခြောက်ခုသော နွားတို့ကို၎င်း၊ တန်းဆာဘဏ္ဍာတို့ကို၎င်း၊ ထိုပုဏ္ဏား၏ နေသောရွာကို၎င်း မြတ်သောပေးခြင်းဖြင့် ပေးလိုက်၍များစွာသောအခြံအရံဖြင့်ပုဏ္ဏားကိုလွှတ်လိုက်၏။ ပုဏ္ဏားသည်ကိုယ်လုံးဖြူသော သိန္ဓောမြင်းတို့ဖြင့် ကအပ်သောရထားကိုစီး၍ များစွာသောအခြံအရံဖြင့် ရွာသို့သွား၏။ ဘုရားလောင်းသည် အဘနှင့်တကွရထား၌စီး၍ သွားသည်ရှိသော်၊ ဘခင်၊ အကျွန်ုပ်သည်သင်တို့ကို တစ်နှစ်ပတ်လုံး လေ့ကျက်ခြင်းကိုပြုစေ၏။ ထိုသို့ပြုပါစေလျက်တောင်းခြင်းကို ပြီးစေသောကာလ၌သင်တို့၏ နွားကိုမင်းအားပေး၏ဟုဆို၍။ ။
(၂၇၇)အကာသိ ယောဂံ ဓုဝ-မပ္ပမတ္တော၊သံဝစ္ဆရံ ဗီရဏထမ္ဘကသ္မိံ။
ဗျာကာသိ အညံ ပရိသံ ဝိဂယှ၊န နိယျမော တာယတိ အပ္ပ-ပညံ။
ဟူသောရှေးဦးစွာသောဤဂါထာကိုဆို၏။ ။
ထိုအခါဘုရားလောင်း၏စကားကိုကြား၍ပုဏ္ဏားသည်။ ။
(၂၇၈)ဒွယံ ယာစကော တာတ၊သောမဒတ္တ နိဂစ္ဆတိ။
အ-လာဘံ ဓန-လာဘံ ဝါ၊ဧဝံ ဓမ္မာ ဟိ ယာစနာ။ ။
ဟူသောဤဒုတိယဂါထာကိုဆို၏။ ။
(၂၇၈)တာတသောမဒတ္တ၊ ချစ်သားသောမဒတ်။ ဓနံ၊ ဥစ္စာကို။ ယာစနကော၊ တောင်းသောသူသည်။ အ-လာဘံဝါ၊ မရခြင်းသို့၎င်း။ ဓန-လာဘံဝါ၊ ဥစ္စာရခြင်းသို့၎င်း။ ဣတိ၊ ဤသို့။ ဒွသံ၊ နှစ်ပါးအပြားသို့။ နိဂစ္ဆတိ၊ ရောက်တတ်၏။ ဟိသစ္စံ၊ မှန်၏။ ယာစနာ၊ တောင်းခြင်းသည်။ ဧဝံ-ဓမ္မာ၊ ဤသို့သဘောရှိ၏။ ။
သောမဒတ္တဇာတကံ ပဌမံ။၂၁၁။